ကျောင်းသားချေ တစ်ယောက်ဘားက ရလိုက်တေ အတွီးစချေတိ

    Author: Unknown Genre:
    Rating



    တစ်ရက်နိန့် လမ်းလျှောက်ဖို့လားစော်မာ လမ်းထက်မာ လားနီရေ အချေတစ်ယောက်ကို မြင်လိုက်တေ လွတ်လပ်ခြင်း အပြည့်ရှိရေ၊
    ထိုင်းနိုင်ငံက အချေတစ်ယောက်၏ ဘဝစော် ကကောင်းပျော်စရာကောင်းရေ
    အဖြစ်အပျက်က ဒေပိုင်ပါ ယင်းအချေက ကျောင်းမတက်ချင် ယင်းချင့်နင့်ပင် သူစော် ကျောင်းက ထွက်ဗြီးလာရေ ယင်းချင့်ကို ဆရာမက နောက်ကနီပြီးကေ မြင်လို့လိုက်ပါလတ်တေ ကျနော်လေ့ တစ်အောက်လောက် ငေးဗြီးကေ ကြည့်နီမိပါရေ ဆရာမက အချေကို ပြန်ခေါ်ရေ ကျောင်းတက်ဖို့အတွက် ယကေလေ့ အချေက မလိုက်လို ယင်းခါ ဆရာမစော် ယင်းအချေကို တစ်ခုလေ့ မဆဲ၊မဆူပဲနင့် အချေကို ဇာလိုချင်လေလို့ မိန်းလိုက်တေ ဗြီးမရာ အချေစားချင်ရေ ဆိုရေ မုန့်ကို ဆိုင်နှစ်ဆိုင်လောက် လိုက်ရှာဗြီးမရရေ ယင်းမုန့်ကို ကျွေးဗြီးကေ အချေကို ခေါ်ယူလားပါရေ မိဘအုပ်ထိမ်းသူကိုလေ့ အကြောင်းမကြား အချေတစ်ယောက်၏ လိုအင်ဆန္ဒကို ဖြည့်ဗြီးကေ စာကို တက်အောင်သင်တက်တေ ဆရာ/ဆရာမတိကို ငါရို့ရွာက အချေတိ မတွိရသိ တွိဖို့လေ့ အခွင့်အရီးမရှိ တွိခွင့်ရဖို့လေ့ မလွယ်ကူပါကားလို့ စိတ်ကူးမာ ထင်လာပါရေ ယင်းချင့်နင့်ပင် စိတ်ပါလက်ပါ နာရီခွဲလောက် ကြည့်မိနီရေ ကျနော်စော် ပြန်လို့ အသက်ဝင်လာရေ အော် ငါရို့ရွာမာ ဒေပိုင်ရာဆိုကေ (သို့)ငါရို့ရခိုင်ရွာတိမာ ဒေပိုင်ရာဆိုကေ ဇာလောက်ကောင်းလိုက်ဖို့လဲနန်းလို့ စိတ်ကူးယိုင် အိမ်မက်တိကို မြင်မက်လိုက်သိရေ။
    စီးပွားရီး၊ပညာရေ၊ အစရှိရေ အုပ်ချုပ်ရေ ယန္တယားကြီး တစ်ခုလုံး ပျက်စီးဗြီးကေ ကျွန်ပုန်းကိုလိုနီဘဝကို ရောက်နီရရေ ငါရို့ပြည်ကို တွီးမိယင်း ယင်းနိန့် တစ်ရက်စော် အရင်နိန့်တိထက် ပိုပိုဗျာလ် စိတ်တိ လှုပ်ရှားခရရေ ယင်းချင့်နင့်ပင် အော် ငါရို့ မဗြီးပြတ်သိရေ ရခိုင်ပြည်အရီးအတွက် ငါ့မာလေ့ တာဝန်ရှိရေ ငါလေ့ တက်နိုင်ရေဖက်က တာဝန်ထမ်းရဖို့လို့ အတွီးစတိစော် ပိုပိုဗျာလ် ဖြစ်ရင်း ရခိုင်လူမျိုးတိ/ဂေါင်းဆောင်ကြီတိ အားနည်းချက်တိကို စိတ်မာ ပေါ်လာရေ ယင်းချင့် တစ်ဆက်တည်းမာ
    ရန်ကုန်က နှာမေကြီးဗမာဆရာ တစ်ယောက်ဖြစ်တေ ဦးမြကြိုင်ပြောရေ စကားတစ်ခွန်းကို ပြန် သတိရလာမိရေ"မင်းတို့ ရခိုင်တွေဟာ တော်ပြီးတက်ကြပါတယ် ဒါပေမယ့် ညှိနှိုင်းလို့ မရဘူးကွာတဲ့ ဘာလို့လဲဆိုတော့ သူတို့ဟာ မာနအရင်းကြီးကြလို့တဲ့" ယင်းစကားချေကို သတိပြန်ရမိလိုက်တေ ယင်းနင့်လို့ အော် ငါရို့ ခေတ်ကိုရောက်ကေ ယင်းပိုင် မဖြစ်စီဖို့ ငါရို့မာ တာဝန်ရှိရေ မလားဂု လို့ သတိရလာစီရေ။ ရွီးယင်းနင့်ပင် လီက ကောင်းရှည်လားဗျာလ် တန့်လို့ မရလို့ ရှည်လားစော်ရာ ဖြစ်တေ ပြောစရာတိက အရာလေ့ တစ်ပုံကြီးရှိသိယင့် ယေဒါလေ့ ငါတောင် မပြည့်စုံသိဆိုရေ အတွီးစတိကလေ့ ဝင်လာပြီးကေ ဒေစာကို ရပ်ဖို့ စိတ်ကို တိုက်တွန်းလိုက်တေ ယင်းချင့်နင့်ပင် ရပ်လိုက်ရပါဗျာလ်။
    အားလုံးကို ကြိုးစားဗြီးကေ မာနမထားဘဲ ရခိုင်အချင်းချင်း သွီးစီးဂတ်ပါလို့ တိုက်တွန်းယင်း နိဂုံးချုပ်လိုက်ပါရေ။