ရခိုင်ပြည်နယ် ဝန်ကြီးဌာနတိနင့် ၀န်ကြီးစာရင်း ကျေညာ

    Author: Unknown Genre:
    Rating

    စံလင်း
    ---------
    ရခိုင်ပြည်နယ်မာ ဝန်ကြီးဌာန ၉ ခုနင့် ၀န်ကြီးတိ စာရင်းကို အသစ်ဖြစ်လာရေ သမ္မတ သိန်းစိန်က ညက ကျေညာလိုက်ပါရေ။ ယင်း ၀န်ကြီးဌာနနင့် ၀န်ကြီးတိမာ ဗိုလ်မှူးကြီး ထိန်လင်း (စစ်တပ် အမတ်) လုံးခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးကျော်ခင် (ကြံ့ဖွံ့) လယ်ယာ/သစ်တောနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒေါက်တာအောင်ကျော်မင်း (ကြံ့ဖွံ့) ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန၊ ဦးမြအောင် ( ကြံ့ဖွံ့) စီးပွားရေးဝန်ကြီးဌာန၊ ဦးစိုးအေး (ကြံ့ဖွံ့) ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသာလူချေ (ရတပ) စက်မှု၊ အလုပ်သမား၊ အားကစားဝန်ကြီးဌာန၊ ဦးကျော်သိန်း (ရတပ) သားငါး၊ သတ္တုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးအောင်သန်းတင် (ရတပ) ယဉ်ကျေးမှုနှင့် လူမှုကယ်ဆယ်ဝန်ကြီးဌာန၊ ဦးလှဟန် (ကြံ့ဖွံ့) သာသနာရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တို့ဖြစ်သည်။

    ရခိုင်ပြည်နယ်မာ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးလှမောင်တင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ဦးသိန်းအောင်နှင့် ဒေါ်စီစီ၊ စာရင်းစစ်ချုပ် ဦးထွန်းစံအောင် ရို့ဖြစ်ဂတ်ပါရေ။

    တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရခိုင်ပြည်နယ်မာ ဦးကိုကိုနိုင်က ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရရှိပြီး ရန်ကုန်တိုင်းဒေသကြီးမာ ဦးဇော်အေးမောင်က ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဦးဘကြူ က ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနရို့ ရဟိဂတ်ပါရေ။
    သတင်း နိရဉ္ဇရာ