ညီညွတ်ရေးနှင့် မျိုးဆက်သစ်ကဏ္ဍ
    Author: Unknown Genre: »
    Rating
    ညီညွတ်ရေးဆိုသော တာကပ် (Target)သည် မုံဝါးပျောက်ကွယ်နေသည်ဟု တွေးတော့ မိသည်။
    အမျိုးကိုချစ်ကြသော်လည်း အမျိုးကို ချစ်သည်ဆိုရုံလောက်နှင့် အမျိုးသားတခုလုံး
    လိုအပ်ချက်အောင်ပွဲကို သယ်ယူပံ့ပိုးနိုင်မည်က မဟုတ်ပေ။ မျိုးချစ်ကောင်း ပီသစွာ
    အမျိုးသား တခုလုံး လက်ခံနိုင်သည့် အမျိုးသားရင်ခွင်နှင့် အမျိုးသားသစ္စာကို
    ဆုပ်ကိုင်ထားသူများ ဖြစ်ကြရပါမည်။
    အတိတ်၏ တော်လှန်ရေး ဖြစ်စဉ်တလျှောက်တွင် အမျိုးကိုချစ်၍ အမျိုးသားလွတ်မြောက်ရေး
    လမ်းကြောင်းတွင် ရှိနေခဲ့ကြသော်လည်း အမှန်တကယ် မလုပ်မဖြစ်လိုအပ်နေသော အမျိုး
    သားညီညွတ်ရေးတည်ဆောက်မှုက အလှမ်းဝေးရာ ပါတီအဖွဲ့အစည်းအုပ်စုဖွဲ့ကာ၊ အင်အားစု
    စည်းမှုဟန်ဖြင့် ပြန့်ကြဲလျှက် ရန်သူ့အလိုကျ ကွဲပြားခြားနားကာ တည်ရှိနေခဲ့ကြသည်။
    ၎င်း အကျိုးဆက်နှင့်အတူ အနာဂါတ်လူငယ်များ၏ စုစည်းညီညွတ်မှုကိုလည်း အဟန့်အတား
    ပြုစေခဲ့ပြီး ပါတီဂိုဏ်းဃဏသားကောင်းများ အဖြစ်သာ ဖြူ၊ နီ၊ ကြောင်၊ ကျား
    အရောင်ဆို့ လျှက် မျှဉ်းပြိုင် လမ်းကြောင်းသို့ တွန်းပို့ခံခဲ့ကြရသည်။
    မည်သို့ပင်ဆိုစေ ဦးဆောင်ဦးရွက်ပြုခဲ့သူများ၏ ကောင်းကျိုးဆိုးကျိုးအမွေကို
    အနာဂါတ် လူငယ်များ မလွဲမသွေ ဆက်ခံကြရမည်ဆိုရာတွင် အမျိုးသားတော်လှန်ရေး
    သယ်ဆောင် လာမှုနှင့် ညီညွတ်ရေး ပြိုပျက်နေခြင်းဆိုသည့် အမွေနှစ်ရပ်ကို
    ဆက်ခံကြရမည်ဖြစ်သည်။
    လူငယ်မျိုးဆက်သစ်များ၏ အနာဂါတ်ခရီးတွင် ငြင်းဆို၍ မရနိုင်သော ပါဝင်ပတ်သက်မှု
    ရှိနေ သည့် ယနေ့ခေါင်းဆောင်များသည် စဉ်ဆက်မပြတ် တောင်းဆိုနေသော ညီညွတ်ရေး
    လိုအပ် ချက်ကို ရှာဖွေဆန်းစစ်ပြီး အဖြေရှာကြရာတွင် လောင်းသစ်ဆင်၍
    အားသစ်ဖြည့်ကြဖို့ အချိန် တန်ပြီ ဖြစ်သည်။
    တော်လှန်ရေးတရပ်တွင် ကိုယ်ကျိုးရှာသူနှင့် စွန့်လွှတ်စတေးခံသူ၊ ဂိုဏ်းဃဏ
    ပြင်းထန်သူနှင့် ဂိုဏ်းဃဏ ဆန့်ကျင်သူ၊ ပုဂ္ဂိုလ်ကိုယ် ကိုးကွယ်သူနှင့်
    ပုဂ္ဂိုလ်စွဲမရှိသူ စည်းကမ်းရှိသူနှင့် စည်းကမ်းဖေါက်ဖျက်သူတို့ ပဋိပက္ခများသည်
    ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးတွင် မဟာကြီး မားသော အဟန့်အတားတခု
    ဖြစ်ပေါ်စေခဲ့ပြီး အချိန်ကုန် လူပန်းကာ မျိုးချစ်ပြည်ချစ်များ၏ အသက်သွေးချွေး
    မြောက်များစွာကို ဆုံးရှုံးနစ်နာစေခဲ့ပြီး အနာဂါတ် ရခိုင်ပြည်သူများ၏
    ကံကြမ္မာသည်လည်း မရေရာသောလမ်းကြောင်းတွင် ကျန်ရှိနေခဲ့သည်။ တဦးကြောင့်၊ တစု
    ကြောင့်၊ တပါတီကြောင့် ရပ်တန့်စေခဲ့သော အမျိုးသားညီညွတ်ရေး အတားအဆီးများကို
    ဖယ်ရှားသုတ်သင်ကာ ရခိုင်ပြည်လွတ်လပ်ရေးသည် ရခိုင့်အမျိုးသား စည်းလုံးညီညွတ်ရေး
    လက်ထဲတွင် တည်ရှိသည်ဟု ဧကန်အမှန် ယုံကြည်သူများက အမျိုးသားတခုလုံး လိုအပ်ချက်
    အရှိန်အဟုန်ဖြင့် ၀ိုင်းဝန်းတည်ဆောက်ကြရမည် ဖြစ်ပါသည်။ အတိတ်၏ အမျိုးသား
    ညီညွတ်ရေး တည်ဆောက်မှု လမ်းကြောင်းတွင်လည်း ပါတီဂိုဏ်းဃဏ၊ လူပုဂ္ဂိုလ်တို့၏
    ပဋိပက္ခမှ သန္ဓေတည်ရှိနေခဲ့သော စွဲလမ်းခြင်း၊ အစာမကြေခြင်းများသည် ညီညွတ်ရေး
    တည်ဆောက်ရာတွင် ခိုင်ခံတည်ငြိမ်သော ညီညွတ်စုစည်းမှုကို မဖြစ်စေဘဲ ပြင်းထန်သော
    အဆိပ်အတောက် ဖြစ်ပေါ်စေခဲ့ကာ ပဋိပက္ခသည် ပဌမ၊ ညီညွတ်ရေးသည် ဒုတိယအဆင့်
    သို့ရောက်ရှိခဲ့ရပြီး အများစုရွေးချေတင်မြှောက်မှုထက် မိမိဆန္ဒအလျောက် ထာဝရခေါင်း
    ဆောင်လုပ်လိုမှုနှင့် ဘက်ဘောင်ခေါင်းဆောင်ရွေးချယ် တင်မြှောက်မှုကြောင်း
    ညီညွတ်ရေး ထပ်မံပြိုကွဲကာ နဂိုဒုန်ရင်းအခြေ အနေသို့ ဆိုက်ရောက်စေခဲ့သည်။
    လောင်းသစ်တည်၍ အားသစ်လောင်းရာဆိုရာတွင် ပဋိပက္ခများနှင့်ရောပြွန်းမှု
    ကင်းရှင်းသော လူမှန်မျိုးဆက်ခေါင်းဆောင်သစ်များကို ဖေါ်ထုတ်အစားထိုး
    တာဝန်ယူစေရေးနှင့် အမျိုးသား တော်လှန်ရေး တိုက်ပွဲစဉ်ဆက်မပြတ်စေရန်
    သယ်ယူခဲ့ကြသော ဇွဲလုံးလကြီးမားသည့် အမျိုး သားရင်ခွင်ကျယ်ပြန့်သောမျိုးချစ်မှန်
    လက်တွေ့အကောင်အထည်ဖေါ်ရာတွင် အတွေ့အကြုံ ရှိသူများနှင့် မျိုးဆက်သစ် ခေါင်းဆောင်
    များကိုအစားထိုး ပေါင်းစပ်ကာ အင်အားနှစ်ရပ်ကို ချိန်ခွင်လျှာသဖွယ်
    ထိမ်းညှိယူပြီး အမျိုး သားတခုလုံး လက်ခံနိုင်သည့်၊ အမျိုးသား တခုလုံး
    ပါဝင်ပတ်သက်နိုင်သော အမျိုးသား လမ်းစဉ်ဖြင့် ခေတ်မီတိုးတက်သော ညီညွတ်ရေး
    တရပ်ကို မဖြစ်မနေ ကြိုးပမ်းလားရန် လိုအပ် သည့်အပြင် အမျိုးသားညီညွတ်ရေး
    တည်ဆောက်ရာတွင် အလွှာပေါင်းစုံမှ ရခိုင်အမျိုးသား ထုတခုလုံး နေရာဒေသ အသီးသီးမှ
    ရှေ့ပြေးညီညွတ်ရေး စုရပ်များအနေဖြင့် လက်ချင်းဆက် တာဝန်ယူကာ
    စစ်မှန်ကျယ်ပြန့်သော အမျိုးသားညီလာခံ တရပ်ကိုကျင်းပ၍ တခုတည်းသော အမျိုးသားပိုင်
    နိုင်ငံရေးဦးသျှောင်အဖွဲ့နှင့် တခုတည်းသော အမိန့်ပေး ဌာနတခုအောက်တွင်
    အမျိုးသားကိုယ်စားပြု တပ်မတော်တရပ်ကို တည်ဆောက်ကြရမည်။
    သို့ရာတွင် အမျိုးသားရေး မျိုးချစ်များ၏ အင်္ဂါရပ်နှင့်အညီ
    ခေါင်းဆောင်ကောင်းများပီပီ အမျိုးသားတော်လှန်ရေး ပီပြင်လာအောင်
    အမျိုးသားတခုလုံးနှင့် ဆန့်ကျင်ထိခိုက်သော လုပ်ရပ်မှန်သမျှကို ရှောင်ကြဉ်ပြီး
    ဘုံအမျိုးသားအကျိုးစီးပွား တခုလုံးကို ဇောင်းပေးလုပ် ဆောင်ကြရန်
    ရခိုင်ပြည်တော်လှန်ရေး၏ အတိတ်၊ ပစ္စုပ္ပန်နှင့် ပကတိဖြစ်စဉ်အရ အနာဂါတ်
    လမ်းကြောင်းအတွက် တင်ပြလိုက်ရပေသည်။
    ..................
    တော်လှန်ရေးသစ္စာဖြင့် -
    မောင်အေးချမ်း
    ခေတ္တ-ဘင်္ဂလာဒေ့ခ်ျနိုင်ငံ။