မဟာတော်ဝင် ဘုရင်မျိုးနွယ်တော်များ

    Author: Unknown Genre: »
    Rating

    ဗုဒ္ဓဘာသာအတွက် အသက်နှင့်ခန္ဓာကိုယ်ကို အပ်နှံပြိး ဗုဒ္ဓဝါဒပြန့် ပွါးရေးအတွက် ဘဝကိုမြှပ်နှံဆောင်ရွက်ခဲ့သူ ဓမ္မအာဇာနည်ဆရာတော် အသျှင်စန္ဒြမဏီပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာသမိုင်းထဲတွင် မှတ်ကျောက်တင်ခံရလောက်အောင်ထိ စွမ်းဆောင်နိုင်ခဲ့ပေသည်။ အိန္ဒီယနိုင်ငံ၌ ပျောက်ကွယ်လုနိးပါးဖြစ်နေသော ဗုဒ္ဓဘာသာဝင်တို့ ၏ ရုပ်ပိုင်းဆိုင်ရာဗောဓိမဏ္ဌိုင်ကြိးကို အခက်အခဲမျိုးစုံကြားထဲမှ အသက်ကိုပဓါနမထား ကြိုးပမ်းထိမ်းသိမ်းဖော်ထုတ်နိုင်ခဲ့ပေသည်။ ကြိးကျယ်ထက်မြက်သော ဇွဲလုံလ၊ တည်ငြိမ်နက်ရှိုင်းသော သတ္တိဗျတ္တိ၊ မျိုးရိုးဗီဇ၏သွေးတို့ ကြောင့် အိန္ဒိယနိုင်ငံ၊ ဥတာပရာဒေ့ရှ်ပြည်နယ် ကုသိနာရုံဆရာတော်ကြိး စန္ဒြမုဏိဟု ကမ္ဘာသိထင်ရှားကျောကြားခဲ့ပေသည်။

    ဆရာတော်ဘုရားအတွက်ထုတ်ဝေသည့် စာအုပ်စာစောင်တို့ တွင်ကား ဆရာတော်၏မွေးရပ်ဇာတိမျှသာပါရှိကြလေသည်။ ဆရာတော်၏မျိုးရိုးဗီဇကို မဖော်ပြကြသည်မှာ အဓကအကြောင်းအရာတခု ထင်ရှားစွာပျောက်ကွယ်နေရသည်ဟု ထင်မိပါသည်။ ထို့ အတွက်ကြောင့် ဆရာတော်အသျှင်မြတ်၏ မျိုးရိုးအနွယ်တော် ဗီဇသွေးအစဉ်အလာကို စုဆောင်းရှာဖွေတင်ပြရေးသားရခြင်းဖြစ်သည်။
    ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်း၏ မျိုးရိုးရာဇဝင်စာအုပ်ရေးသားနိုင်ဖို့ ရန် ဆယ်စုနှစ်တစုကျော်အချိန်အထိ ကွင်းဆင်းလေ့လာဆည်းပူးခဲ့ပါသည်။ ယင်းကြောင့် ၄င်းနှင့်ပတ်သက်ဆက်နွယ်သော မျိုးနွယ်တော်အစဉ်အဆက်တော်ကို ရှာကြံစုဆောင်းဖော်ပြလိုက်ရပေသည်။
    ဆရာတော်အသျှင်မြတ်လောင်းလျာကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြောက်ဥိးမြို့ နယ်အတွင်း ရမ်းချောင်းကမ်းနဘေး ပေါက်ပင်ကွင်းဟုအမည်တွင်သောကျေးရွာတွင် မွေးဖွားသန့် စင်ခဲ့ပါသည်။ ခမည်းတော် ဥိးဥိးဂျအောင် (ခ) ဥိးဥိးကျော်အောင်၊ မယ်တော် ဒေါ်ဝင်းယေ* တို့ မှ ခရစ်နှစ် ၁၈၇၅-ခု၊ မေလ (၂၅)ရက်နေ့ ၊ သက္ကရာဇ် ၁၂၃၇-ခု၊ ကဆုန်လဆုပ်(၁)ရက်၊ အင်္ဂါနေ့ တွင် ဖွားမြင်ခဲ့ပါသည်။ အကြိးဆုံးဖြစ်သောသားဥိးဖြစ်၍ ရခိုင်လူမျိုးတို့ ၏ ဓလေ့ထုံးတမ်းအရ သာပန်းဥိးဟု နာမည်တွင်ထင်ရှားခဲ့ပါသည်။ သာပန်းအောင်ဟု ညီတယောက်ရှိပြိး မနှင်းညိုဟု ညီမတယောက်ရှိသည်။ စုစုပေါင်း မွေးချင်းသုံးယောက်သာရှိခဲ့သည်။
    ငယ်စဉ်အချိန်ကပင် ဗေဒင်တတ်ပုဏ္ဏားတို့ က ဤလူငယ်သည် ဘာသာတရား၌သော်၎င်း၊ မင်းမဟာဧကရာဇ်အဖြစ်သော်လည်းကောင်း ကမ္ဘာသိထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု ဟောကြားခဲ့ကြလေသည်။ ဘမျိုးဘိုးတူဆိုသကဲ့သို့  မျိုးနွယ်တော်အစဉ်သည်ကား အလွန်ပင်အရေးကြိးပေသည်။ ကြက်မှာအရိုး၊ လူမှာအမျိုးဆိုသကဲ့သို့  မျိုးရိုးသမိုင်းကို ရခိုင်လူမျိုးတို့ က အလွန်စောင့်ရှောက်ကြပေသည်။ ထို့ ကြောင့် ဆရာတော်စန္ဒြမဏိ၏မျိုးရိုးသည်လည်း ခိုင်ခိုင်မာမာပင်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပေသည်။
    ဆရာတော်စန္ဒြမဏိမျိုးရိုးသည် ရခိုင်ဘုရင်၏ မဟာတော်ဝင်မျိုးနွယ်တော်ကြိးတခုပင်ဖြစ်ပေသည်။ သက္ကရာဇ် ၁၁၄၄-ခု၊ ခရစ်နှစ် ၁၇၈၄-ခုနှစ်ထိ ရခိုင်ပြည်မြောက်ဥိးရွှေနန်းတော်၏ အသျှင်သခင် မဟာသမတရာဇာမင်း၏ “တီတော်” ဒုတိယအနွယ်တော် အမှတ်စဉ်(၁)မျိုးရိုးပင်ဖြစ်ပေသည်။
    ၁၁၄၆-ခု၊ ပြာသိုလပြည့်ကျော်(၇)ရက် စနေနေ့ တွင် ရခိုင်ပြည်သည် ဗမာဘုရင် ဘိုးတော်မင်း၏လက်အောက်သို့  ကျရောက်ခဲ့ရလေသည်။ ယင်းအချိန် ရခိုင်မင်းသည် မိမိအလွန်တရာချစ်မြတ်နိုးတော်မူသော မြသန္တာမိဖုရားနှင့်အတူ မိဖုရားမှမွေးဖွါးသည့် သမိးတော်ကြိး မောက်တော်ကြိး၊ ဒုတိယသမိးတော် မောက်တော်လတ်၊ မောက်ရဲဘော်၊ သားတော်ငယ် မောက်ရဲကျော်(ခ)ဝက်တောင်း* တို့ ကိုခေါ်ယူပြိး တိုက်လှေအစင်း(၄၀)နှင့်အတူ ညီတော်အိမ်ရှေ့မင်းချစ်လှရွှေ၊ အနောက်ဝင်းမှူးကြိးနှင့် ပါနိုင်သမျှ မိဖုရား မှူးမတ်တို့ ကိုတင်ဆောင်ယူကာ ကျွန်းသာယာ* သို့  တိမ်းရှောင်ခဲ့လေသည်။ မဟာသမတရာဇာခိုလှူံရာ ကျွန်းသာယာကို သစ္စာဖေါက်ရခိုင်သားတချို့ ၏ လမ်းပြခေါ်ယူလာမှူကြောင့် အင်းဝတပ်မှ တပ်မှူးကာမမြို့ စားသည် တပ်အင်အားအထူအထပ်ဖြင့် ၁၁၄၆-ခု၊ ပြာသိုလပြည့်ကျော်(၁၅)ရက်နေ့ တွင်ဝန်းရံတိုက်ခိုက်ရာ မဟာသမတရာဇာမင်းနှင့် မြသန္တာမိဖုရား မိသားစုအားလုံးကိုဖမ်းပြိး အင်းဝမြို့ သို့ ခေါ်ဆောင်ခဲ့လေသသည်။
    မဟာမုနိရုပ်ရှင်တော်မြတ်ကို သိမ်းမြန်းယူဆောင်နိုင်ဖို့ ရန် အခက်အခဲများစွာဖြစ်ရကား ရှင်ကျော်မုနိ၊ ပလှမုနိ၊ ပန်းဝါစားမုနိ၊ မဟာကျန်မုနိတို့ ကိုပါ ပင့်ဆောင်ခဲ့ကြလေသည်။ ၄င်းဆင်းတုတော်များထဲတွင် မဟာမုနိဟုအမည်တွင်ရသော ဆင်းထုတော်သည် ကြိးမားလှသည်ဖြစ်၍ ရခိုင်ရိုးမကို ဖြတ်ကျော်နိုင်ဖို့ ရန် အခက်အခဲများစွာဖြစ်ရလေသည်။ ထို့ ကြောင့် ၄င်းကိုယ်တော်ကြိးအား ၁။ ဥိးခေါင်းတော်ပိုင်း၊ ၂။ ကိုယ်တော်ပိုင်း၊ ၃။ တင်ပဆုံအောက်ဘက်ပိုင်းဟု အစိတ်အပိုင်းသုံးခုဖြတ်တောက်ကာ တောင်ကုတ်တောင်ကြားလမ်းအတိုင်း ခက်ခဲပင်ပန်းစွာ ပင့်ဆောင်သွားခဲ့ကြလေသည်။
    အင်းဝရောက် မဟာမုနိဘုရား၊ ရခိုင်ပြည်သူအများ နှစ်သိန်းကျော်ကို အစေအပါးရွာတည်ထားခဲ့သည်။ ရခိုင်ဘုရင်မဟာသမတရာဇာနင်းကို ညီတော်ပခန်းစားအိမ်တွင် အစောင့်အရှောက်ထူထပ်များပြားစွာဖြင့် ထားရှိလေသည်။ ရုပ်ရည်ရူပါပြည့်စုံလှသော မြသန္တာမိဖုရားကို ဗမာဘုရင်ဘိုးတော်မင်းသည် သိမ်းမြန်းလေသည်။ ယင်းသို့ ပြုလုပ်နိုင်စေရန် အမတ်ကြိးလေးဥိးအား တဥိးကို ငွေစင်တထောင်ကျစီ ဘုရင်ထံမှ လာဘ်ထိုးပေးရသည်ဆို၏။ ဤသို့ ဖြင့် မိဖုရားမြသန္တာ၊ မဟာသမတရာဇာမင်း၏ သားတော်၊ သမိးတော်တို့ သည် ရှင်ကွဲ,ကွဲခဲ့ကြရလေသည်။ အင်းဝဘိုးတော်မင်း၏ ရာဇသံတော်ကို မြဲမြံစွာနာခံခဲ့ရတော့သည်။
    ရခိုင်ဘုရင် မဟာသမတရာဇာမင်းနှင့်မိဖုရားမြသန္တာတို့ ၏သားတော်မောက်ရဲတော်သည် ရမ္မာဝတီသံသမကြိး၏ သမိးထွေးအိုဇာဖြူနှင့် စုလျားရစ်ပတ် လက်ထပ်ခဲ့လေသည်။ သားတော်ကြိး စံရွှေဥိး၊ သားတော်ငယ် စံကျော်အောင်၊ သမိးတော် မြနှင်းခိုင်ဟု မဟာသမတရာဇာမင်း၏သွေး မြေးတော်(၃)ဥိးကို ပထမအနွယ်တော် (၁) (၂) (၃) ဟု နာမည်ပေးမှတ်တမ်းတင်ထားလိုက်ရပေသည်။ ဤဖေါ်ပြပါ အနွယ်တော် (၁) နှင့် (၂) ကိုမူအား ရှာကြံစုဆောင်းနေဆဲဖြစ်ပါ၍ ပထမအနွယ်တော်၊ (၂) စံကျော်အောင်၊ ဇနိး ရွှေခိုင်ဥိး တို့ မှ ပေါက်ဖွါးလာသည့် သားတော်၊ သမိးတော်(၄)ဥိးကေို မဟာသမတမင်း၏ မြစ်တော်များအဖြစ် ဒုတိယ အနွယ်တော်ဟု မှတ်တမ်းပြုစုပေးပါသည်။ ယင်းတို့ ကား ဒုတိယအနွယ်တော်(၁) သားတော်ကြိး ဥိးကျော်အောင် (အသျှင်စန္ဒြမဏိ၏ ခမည်းတော်)၊ ဒုတိယအနွယ်တော်(၂)မှာ သမိးတော် ခိုင်စိန်ဖြူ ဖြစ်ကာ ဒုတိယအနွယ်တော် (၃) မှာ သားတော် ထွန်းစံအောင် (အသျှင်စန္ဒိမာဆရာတော်)ဖြစ်ပြိး ဒုတိယအနွယ်တော်(၄)မှာ သားတော်ငယ် ရွှီညိုအောင်ပင်ဖြစ်သည်။ သားတော်သုံးဥိး၊ သမိးတော် တဥိးထွန်းကားခဲ့ပါသည်။
    ဒုတိယ အနွယ်တော် (မဟာသမတရာဇာမင်း၏ မြေးတော်) (၃)ထွန်းစံအောင်* သည် အသျှင်စန္ဒီမာအဖြစ် အသက်ထက်ဆုံး ရဟန်းဘဝဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့လေသည်။ ထို့ ကြောင့် မဟာသမတရာဇာမင်းမှစ၍ အနွယ်တော်ကို မျိုးနွယ်စဉ်ဆက်အောက်တွင် မှတ်တမ်းအဖြစ်ဖော်ပြလိုက်ပေသည်။




    မဟာသမတရာဇာမင်း








    +








    မိဖုရားမြသန္တာ


























    မောက်တော်ကြိး

    မောက်တော်လတ်

    မောက်ရဲဘော်

    မောက်ရဲကျော်
    (သမိးတော်ကြိး)

    (သမိးတော်လတ်)

    (သားတော်)

    (ဝက်တောင်း)









    သားတော်ထွေး

















    ဇနိး-အိုဇာဖြူ









    (သံသမကြိး၏သမိးထွေး)

























    ပထမအနွယ်တော်(၁)


    ပထမအနွယ်တော်(၂)


    ပထမအနွယ်တော်(၃)
    စံရွှေဦး


    စံကျော်အောင်


    မြနှင်းခိုင်
    (မြေးတော်ကြိး)


    (မြေးတော်)


    (မြေးမတော်)















    ဇနိး ရွှေခိုင်ဥိး



























    ဒုတိယအနွယ်တော်(၁)

    ဒုတိယအနွယ်တော်(၂)

    ဒုတိယအနွယ်တော်(၃)

    ဒုတိယအနွယ်တော်(၄)
    ဥိးကျော်အောင်

    စိန်ခိုင်ဖြူ


    ထွန်းစံအောင်

    ရွှေညို့ အောင်
    (မြစ်တော်ကြိး)

    (မြစ်မတော်)

    (အသျှင်စန္ဒိမာ)

    (မြစ်တော်)






    (မြစ်တော်)



    ဇနိး ဒေါ်ဝင်းယေ































    သာပန်းဥိး


    သာပန်းအောင်


    မနှင်းညို

    (အသျှင်စန္ဒြမဏိ)


    (တီတော်)


    (တီမတော်)

    (တီတော်ကြိး)













    ဇနိး မြညိုစိန်


    ခင်ပွန်း ကြာထွန်း






















    ငပြူးတောင်

    ဖြူလှအောင်

    အောင်ကျော်ခိုင်




    +


    +

    (အသျှင်ကိတ္ထိမာ




    ဇနိးဘုလှစိန်

    ဇနိး ဥိးစိန်သာ














    စိန်ချမ်းဖြူ

    စံခိုင်ညို
    မကျန်ယေ








    +
    (စုံစမ်းဆဲ)

    ဖြူလှဥိး

    ဖြူလှထွန်း







    (အရွယ်မရောက်မီဆုံး)


    ခင်ပွန်း အောင်ဇံဖြူ

    ဇနိး ဆန်းဆန်းမြင့်














    ခင်ပွနးလှထွန်းဖြူ
























    စိန်လှဥိး

    လှစိန်အောင်

    မောင်ဘစိန်


    မစောခိုင်

    +


    +


    +


    +

    ခင်ပွန်း

    ဇနိး သံချိးယေ

    ဇနိး ကြာဇံလှ


    ခင်ပွန်း ဥိးသိန်းလှ
    စံလှအောင်





















    လှစိန်ယဉ်

    လှတင်အေး

    မမယေ


    ဥိးအောင်ကျော်
    မဲလှယဉ်

    မောင်လှတင်

    မေသန်းချေ


    လှချောစိန်


    တင်မောင်သန်း

    မောင်တင်ရွှေ


    လှစိန်ဝင်း


    အေးစောနိုင်

    ခင်ခင်သန်း









    ခင်စန်းနိုင်









    သိန်းသိန်းဇော်




    *ဖြူလှဥိးသည် မျိုးခြားဆန်းဆန်းမြင့်ဆိုသူနှင့် အိမ်ထောင်ကျသည်ဖြစ်၍ ၄င်းတို့ မိသားစုအား အနွယ်
    တော်စာရင်းတွင် မထည့်တော့ပါ။





















    ဒုတိယ အနွယ်တော် (၂)








    စိန်ခိုင်ဖြူ








    (မြစ်မတော်)









    +









    ခင်ပွန်း လှထွန်းဥိး



























    နှင်းဥိး

    နစိတ်ကေ

    နှင်းပန်း


    မြထွန်းအောင်



    +




    ဒေဝီဇံ မြထွန်းအောင်


    ဇနိး အိမ်စိုးဖြူ

































    နှင်းဘာ


    နှင်းဘာဖြူ












    ဒုတိယအနွယ်တော်၌ မြစ်မတော် စိန်ခိုင်ဖြူ ၊ ခင်ပွန်းလှထွန်းဥိးတို့ မှ ဖေါ်ပြပါ သားသမိး (၆)ယောက်ကို
    ဖွါးမြင်ခဲ့ပါသည်။ ယင်းသားသမိး(၆)ယောက်တွင် နှင်းဥိးမှာ အကြိးဆုံးဖြစ်ပြိး နစိတ်ကေ၏ ဇနိးတဥိးတည်း
    ကိုသာ ရှာကြံရရှိပါသည်။ ကျန်သော ဒေါ်နှင်းပန်း၏ခင်ပွန်းအမည်၊ ဥိးမြထွန်းအောင်၏ ဇနိးအမည်၊
    နှင်းဘာ၏ ခင်ပွန်းအမည်၊ နှင်းဘာဖြူ၏ခင်ပွန်းအမည်တို့ ကိုကား စုံစမ်းရှာဖွေမရှိနိုင်ခဲ့၍ မဖေါ်ပြနိုင်တော့ပါ။
    သူတို့ ၏ ဆွေစဉ်ဆက်သည် ဝေးကွာသော ခရိးဒေသ ဆက်သွယ်ရေး မလွယ်ကူသောနေရာများ ဖြစ်နေပါ
    ၍ ဆက်လက်ကြိုးစားရပါသည်။ ဤဒုတိယအနွယ်တော် မြစ်မတော်စိန်ခိုင်၏ အစဉ်အနွယ်များကို (က) မှ
    (င)ထိ အစဉ်နံပတ်တို့ ဖြင့် ဖေါ်ပြသွားမည်ဖြစ်ပါသည်။












    သူမြတ်(မဟာအောင်မြေ)

    *ရခိုင်လူမျိုးတို့ တွင် ဒေါ်အစား "မိ"ကို အသုံးပြုခဲ့သည်။ မိဝင်းယေဆိုသည်မှာ ဒေါ်ဝင်းယေ ဟုခေါ်ဆိုခြင်း
    ဖြစ်သည်။










    *အဝလွန်သော လူငယ်ဖြစ်၍ ချစ်စနိုးဖြင့် ဝက်တောင်းဟုခေါ်ဆိုသည့် နာမည်ဖြစ်လေသည်။

    * ကျွန်းသာယာမှာ ယခု ရခိုင်ပြည်နယ်၊ မြေပုံမြို့ တောင်ဖက်ပိုင်း ပင်လယ်ကမ်းခြေအနိး၌ တည်ရှိသည်။
    * အသျှင် စန္ဒိမာသည် အသျှင်စန္ဒြမဏိ၏ ဥိးလေးဖြစ်သည်















    ကျမ်းကိုး - ငမည်ရာဇဝင် ခေါ် ပျာသတ်ရာဇဝင် (ပီမူ)။





    - အသျှင်စန္ဒြမဏိ၏ ထေရုပတ္တိများ။
    - အစဉ်စာများ
    - သက်ဆိုင်သည့်မိသားစုများအား ကိုယ်တိုင်ကွင်းဆင်း မေးမြန်းထားသည့် မှတ်တမ်းများ
    မှတ်ချက်
    ရခိုင်မဂ္ဂဇင်း(ဓညဝတီခေတ်အထူးထုတ်)အတွက်ပေးပို့ ထားသောစာမူဖြစ်သော်လည်း အထူးထုတ်မထုတ်ဖြစ်သေး၍ အမှတ်(၃၂)တွင် ထည့်သွင်းဖော်ပြလိုက်ပါသည်။
          
                                                                                  by   http://www.kyawhlasein.co.cc/