မလေးသျှားအစိုးရ၏ 6p-အစီစိုင်ကြောင်း UNHCR ကဒ်ကိုင်ဆောင်ထားသူတိ အလုပ်လက်မဲ့ဖြစ်နိန်ကြ

    Author: Unknown Genre:
    Rating

    ရခိုင်ရိုးမ။ ။ August 19, 2011

    ကွာလာလမ်ပူ။ ။ မလေးသျှားအစိုးရ၏ 6p စီမံကိန်းအရ မလေးသျှားနိုင်ငံမှာ နိုင်ငံခြားမှ လာရောက်အလုပ် လုပ်ကိုင်ရေ လူတိကို သြဂုတ်လ တစ်ရက်နိန်က စတင်ဗျာလ် မှတ်ပုံတင်ခြင်း အစီစိုင်ကို ပြုလုပ်ခသည်။ ယင်း အစီစိုင်ကြောင်း UN ဒုက္ခသည်ကဒ် ကိုင်ဆောင်သူတိအနိန်နန့် UNHCR ၏ ညွန်ကြားချက် တစုံတရာ မရရှိခရေအတွက်နိန့် မှတ်ပုံတင်ခြင်း မလုပ်ခရာ ဒေဂုအခါ ဒုက္ခသည် အများအပြား အလုပ်လက်မဲ့ဖြစ်နိန်ကြရေလို့ သတင်းရရှိသည်။

    မှတ်ပုံတင်ရန်အတွက် ပတ်စပို့ လုပ်နိန်ကတ်တေ ရွှိပြောင်းအလုပ်သ္မားတိအားတွိ့ရစိုင်

    မလေးသျှားအစိုးရ၏ 6p စီမံကိန်းမှာ UNဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူတိကိုပါ မှတ်ပုံတင်ဖို့ အစီစိုင်တိပါဝင်နိန်ရာ ယင်း မှတ်ပုံတင်ခြင်းမရှိရေ ဒုက္ခသည်တိကို အလုပ်သျှင်တိက အယင်ကပိုင် အလုပ်ခန့်ဖို့ ၀န်လီးနိန်ရေအတွက်ကြောင်း အလုပ်ပြုတ် နိန်ကတ်ရစွာဖြစ်တေလို့ သိရသည်။


    ကွာလာလမ်းပူမြို့၏ KOTARAYA အရပ်ရှိ စားသောက်ဆိုင် တစ်ဆိုင်မှာအလုပ် လုပ်နိန်ရေ ရခိုင်လူငယ် တစ်ယောက်က

    “အကျွန်က UNHCR ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားစွာပါ၊ ဒေဂုလုပ်တေ 6P ကိုတော့ UN က လုပ်ဖို့ တစ်ခုလေ့ ညွန်ကြားချက်မဟိန့်ပါ။ UNကို ဖုန်းဆက်လို့ လည်းမိန်းပြီးပါဗျာလ်၊ လုပ်ဖို့ မလိုလို့ ပြောပါရေ၊ ဖြစ်လာသမျှ တာဝန်ယူပီးမေလို့ ဖြေကြားခရေ၊ လုပ်ငန်းသျှင် သူဌေးကို အေးဂျင်းတိကလာဗျာလ် အမျိုမျိုးခြမ်းမ်းခြောက် ပြောဆိုခလို့ အကျွန်ရို့ကို လက်မခံပါဗျာလ်၊ မှတ်ပုံတင်မလုပ်ကေ မင်းရို့ အလုပ်က ထွက်ကတ်ဆိုဗျာလ် အလုပ်ထွက်လာရပါရေ” ဟု ရခိုင်ရိုးမကို ပြောပြသည်၊

    SUBAUNG JAYA အရပ် CAR WORK SHOPစားသောက်ဆိုင်တိမှာ အလုပ်လုပ်နိန်ကတ်တေ ရခိုင်ဒုက္ခသည်တိလဲ အလုပ်သမား မှတ်ပုံတင် မလုပ်ခရေ အတွက်ကြောင်း အလုပ်က ထွက်လာကြရရေလို့ သိရသည်၊

    အလုပ်ပြုတ်လာသူ ကိုစံထွိးကလဲ
    “အကျွန်ကို သူဌေးက မင်းရို့ မှတ်ပုံတင် မလုပ်ကေ တာဝန်မယူနိုင်၊ မှတ်ပုံတင် မဟိန့်ရေအလုပ်သားကို လုပ်ငန်းခွင်မှာ ဖမ်းမိခကေ အလုပ်သမားတစ်ယောက်အတွက် ဒဏ်ငွေဖေချာRM5000 ယော်ပီးရဖို့အပြင် ပြစ်ဒဏ်လည်း ကျခံရဖို့ဖြစ်လို့ အလုပ်မခိုင်းရဲစွာဖြစ်တေလို ပြောပါရေ၊ အကျွန်ရို့မှာ အလုပ်မဟိန့်ကေ စားသောက်နိန်ထိုင်ဖို့ မလွယ်ပါ ၊ အလုပ်လုပ်နိန်လို့တောင် လိုက်လို့ မမှီဖြစ်နိန်စွာမှာ UNHCR ရုံးကို သက်ဆိုင်ရေလူတိ အကြောင်းကြားပီးစီချင်ပါရေ၊ ဖြစ်နိုင်ကေ ဆန္ဒပြတောင်းဆိုသင့်ကေ အကျွန်လည်း ရှိဆုံးက ပါဖို့”လို့ ဆိုသည်။ သူနန့်အတူ အလုပ်ပြုတ်လာသူတိထဲမှာ အိမ်ထောင်သည်မိသားစုတိ ပါနိန်ရေလို့လဲ သူက ဆက်ပြောခသည်။

    UNHCRက ဒုက္ခသည်တိကို ထောက်ပံကြေး၊ စားနပ်ရိက္ခါ တစ်စုံတစ်ရာ ထောက်ပံထားစွာ မဟိန်ရေအတွက် မလေးသျှား နိုင်ငံထဲမှာ နိန်ထိုင်ရေ ဒုက္ခသည်တိက အလုပ်လက်မဲ့ ဖြစ်လာပါက စားဝတ်နိန်ထိုင်ရေး အခက်အခဲတိနိန့် ကြုံတွိ့လာနိုင်ရေအတွက် အားလုံး စိုးရိမ်နိန်ကတ်ရရေလို့လည်း သိရသည်။

    နိုင်ငံခြားသားတိကို မှတ်ပုံတင်မလုပ်ခပါက အရေးယူဖို့၊ ပြစ်ဒဏ်ပီးဖို့ ၊ပြည်နှင်ဒဏ်ပီးဖို့ ဆိုရေ အချက်တိ ပါရှိနိန်ရေအတွက် ဒုက္ခသည်တိကြားမှာ စိုးရိမ်စိတ်နန် ဒုက္ခသည်တချို့မှတ်ပုံတင် လုပ်နိန်ကတ်တေလို့လဲ သိရသည်။

    လက်ရှိ အချိန်မှာ မလေးသျှားအစိုးရ၏ 6P ကိစ္စနန့်ပတ်သတ်လို့ UNHCRက နားလည်မှုနန့် အကြံပြု ညွန်ကြားထားစွာကလွဲလို့ တရားဝင် ထုတ်ပြန်ထားစွာတိကို မတွိ့ရသိမ့်ပါ။

    လောလောစိုင်မှာ သြဂုတ်လ တစ်ရက်နိန့်ကပင် နိုင်ငံခြားသား မှတ်ပုံတင်ခြင်း စတင်ခစွာမှာ ၆၅ ရာခိုင်နှုန်း ပြီးစီးလားဗျာလ်ဖြစ်ကြောင်း မလေးသျှား လ၀ကဌာနက ထုပ်ပြန်ရေ စာမျက်နှာတိမှာ ရွီးသားပါရှိစွာကို တွိ့ရသည်။