ရခိုင့်စာပီ ဟောပြောပွဲ မလုပ်ဖြစ်လိုက်ရရေကိစ္စ

    Author: Unknown Genre:
    Rating

    ရခိုင့်စာပီ ဟောပြောပွဲ မလုပ်ဖြစ်လိုက်ရရေ ကိစ္စနန့်ပတ်သတ်လို့ ရခိုင်စာပီနန့် ယိုဉ်ကျေးမှုအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ကိုကျော်မင်းခိုင်အား ရခိုင်ရိုးမသတင်းထောက် ရွီမြောက်ဥူး-ခိုင်ကျော်ဆန်းမှ ဆက်သွယ်မိန်းမြန်းထားချက်ဖြစ်ပါသည်။

    မိန်း။ ။အကိုနာမေနန့် ရခိုင်စာပီယိုဉ်ကျေးမှုမှာ ဇာတာဝန်ကို ထမ်းဆောင်နီလဲဆိုစွာကို သိပါရစီ။
    ဖြေ။ ။ကျနော်နာမေ ကျော်မင်းခိုင်ပါ။ ရခိုင်စာပီနန့်ယိုဉ်ကျေးမှု(ရန်ကုန်)မှာ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နီပါရေ အကို။

    မိန်း။ ။အကိုရို့ ရခိုင်စာပီနန့် ယိုဉ်ကျေးမှုက ဦးစီးလို့ စာပီဟောပြောပွဲလုပ်ဖိုလို့ ကြားပါရေ။ ဇာအကြောင်းကြောင့် မလုပ်ဖြစ်လိုက်စွာပါလဲ အကို။
    ဖြေ။ ။စာပီဟောပြောပွဲ မလုပ်လိုက်ရရေ အကြောင်းရင်းကတော့
    အခမ်းအနားလုပ်ဖို့ (permit)ပါမစ် မကျလို့ပါ။

    မိန်း။ ။ဇာဖြစ်လို့ အခမ်းအနားလုပ်ဖို့ပါမစ်(permit) မချပီးစွာပါလဲ အကို။
    ဖြေ။ ။ဇာဖြစ်လို့လဲတော့ မသိပါ။ အချိန်မမ်ီလို့ ဆိုပနာ မချပီးစွာ ဖြစ်ပါရေ။

    မိန်း။ ။အကို အခမ်းအနားလုပ်ဖို့ ပါမစ်တင်ရေအချိန်က ဇာနိန့်ရက်လောက်က တင်စွာ ဖြစ်ပါရေလဲ။
    ဖြေ။ ။ ဂ လပိုင်း ၂ ရက်၊ ၃ ရက်နိန့်လောက်က တင်စွာဖြစ်ပါရေ။

    မိန်း။ ။ ဒေအခမ်းနား လုပ်ဖို့စွာမှာ ရခိုင်တိုးတက်ရေးပါတီမှ ၀န်ကြီး (ရန်ကုန်တိုင်း)ဦးဇော်အေးမောင်လည်း ပါရေလို့ ကြားပါရေ။ သူက ဒေပါမစ်ကိစ္စနန့် တစ်ခုလေ့သင့် လုပ်ဆောင်ပီးစွာ မရှိပါလား။
    ဖြေ။ ။ဦးဇော်အေးမောင်က ဒေကိစ္စနန့်ပတ်သတ်လို့ နောက်ဆုတ်ကေတော့ ကောင်းဖို့လို့ ပြောပါရေ။ ယေကေလေ့သင့် ဒေမှာက အားလုးံ စီစိုဉ်ပြီးသား ဖြစ်လားပါဗျာယ်။

    မိန်း။ ။အကိုရို့ အခမ်းအနားအတွက် အစီအစိုဉ်တိ လုပ်ပြီးသားဆိုကေ ပါမစ်မရကေလေ့ ဆက်လုပ်လို့ အခြီအနိန်ရှိပါလား။
    ဖြေ။ ။အင်း..အခွင့်အရေးမရဆိုကေတော့ ကျနော်အနိန်နန့် ဆက်လုပ်ဖို မဖြစ်နိုင်ပါဗျာယ်။ အခက်အခဲတိ မလိုလားအပ်တေ ပြသာနာတိ ဖြစ်ပေါ်လာဖို့ မြင်ပါရေ အကို။

    မိန်း။ ။ဒေပိုင် ရခိုင့်စာပီဟောပြောပွဲကို မလုပ်လိုက်ရရေအတွက်နန့် ဇာပိုင်ဆုးံရှုးံမှုတိ ဖြစ်ပေါ်လာစီပါလဲ အကို။
    ဖြေ။ ။ပထမ ဆုံးရှုံးမှုက လုပ်ဖ့ဆိုပနာ မလုပ်ဖြိုက်တေအတွက် လူတကာ၏ ယုံကြည်မှူပါ၊ ဒုတိယအနိန့်နန့် ဆုံးရှုံးစွာက လူမျိုးတစ်မျိုး၏ စာပီဖွံ့ဖြိုးမှု အားနည်းလာနိုင်ခြင်းပါ၊ တတိယက အသင်းအတွင်း စည်းရုံးမှူအားနည်းလာနိုင်မှူပါ။ နောက်ပြီးကေ လူကြီးနန့် လူငယ် ရင်းနှီးမှူလည်း အားနည်းလာပါဖို့။

    မိန်း။ ။အကိုရို့ ဒေပိုင် စာပီဟောပြောပွဲ လုပ်ဖို့ပျင်စွာ ဇာနှစ်ကြိမ်မြောက် ဖြစ်ပါလဲ။
    ဖြေ။ ။ဒေချင့်က ကျောင်းသားတိ လုပ်စွာပါ။ အယင်တစ်ခါလည်းသင့် မလုပ်ဖူးပါ။ပထမဆုံး အကြိမ်ပါ။

    မိန်း။ ။အကိုရို့ မျှော်လင့်ထားရေ စာပီဟောပြောပွဲ မဖြစ်လာရေအတွက်နန့်
    အကို့ရင်ထဲမှာ ခံစားမှုတိ ဇာပိုင် ဖြစ်ပေါ်လာပါလဲ။
    ဖြေ။ ။ဆုးံရှူးံမှုကြီးတစ်ခုလို့ ခံစားရပါရေ။ လူမျိုးတစ်မျိုး၏
    အနာဂတ်ဖြစ်တေ အမျိုးသားရေးနန့် တစ်လှမ်း ၀ီးကွာလားရေပိုင် ခံစားရပါရေ။

    မိန်း။ ။နောက်နောင် ဒေပိုင်စာပီဟောပြောပွဲ လုပ်ဖို့ကျလာရေအခါ အကိုအနိန့်နန့် ပွဲလုပ်ခွင့် ပါမစ်ကျလာအောင် လုပ်ဖို့ အစီအစိုဉ်တိ ရှိပါလားအကို။
    ဖြေ။ ။ကြိုတော့ မပြောတတ်ပါ။ယေကေလေ့ ဒေထက် သိုသိုသိပ်သိပ် လုပ်ဖို့လို့တော့ ခံယူထားပါရေ။

    မိန်း။ ။အကို ဒေစာပီဟောပြောပွဲလုပ်ဖို့အတွက် ဇာဌါနဆိုင်ရာတိကို လျှောက်ထားရပါလဲ။
    ဖြေ။ ။ရယက။မြို့နယ်အုပ်ချုပ်ရေးမှူးရုးံ၊ခရိုင် ၊တိုင်း တစ်ခုပြီးကေ တစ်ခု ဆက်လို့ တင်ပြရပါရေ။



    မိန်း။ ။အကိုရို့ ရခိုင်စာပီနန့်ယိုဉ်ကျေးမှုအသင်းက ကြီးမှုးလို့
    ရခိုင့်စာပီဟောပြောပွဲလုပ်ဖို့အတွက် နိုင်ငံတကာက ရခိုင်တိဘက်ကို အီးမေးတိ
    သတင်းစကားတိလည်း ပါးထားရေလို့ သိရပါရေ။ ဒေပွဲ မကျင်းပလိုက်ရရေအတွက်
    ရခိုင်ပြည်သူတိကို ဇာပြောချင်ပါလဲ အကို။

    ဖြေ။ ။ကျနော်ကတော့ခါ နိုင်ငံတကာက ရခိုင်တိရာမဟုတ် ရခိုင်အားလုးံကို ပြောချင်စွာက ကျနော်ရို့ရေ တော်လို့တတ်လို့ ဆရာကြီးခံချင်လို့ အလုပ်လုပ်နိန်စော်မဟုတ် အမျိုးအတွက် ကြိုးစားပနာ ကြံဆောင်နိန်ကတ်စွာ
    ဖြစ်တေအတွက် နားလည်ပီးကတ်ပါလို့ တောင်းဆိုချင်ပါရေ။ ဒေပိုင် လှုပ်ရှားမှုတိ စာပီဖွံဖြိုးမှုအတွက် ကကောင်းလိုအပ်ပါရေ။ အားလုးံကိုလည်း ၀ိုင်းဝန်းပနာ လုပ်ဆောင်ပီးကတ်စီချင်ပါရေ။ ကျေးဇူးတင်ပါရေ။