ဘင်္ဂလာဒေခ်ျ့ နိုင်ငံရောက် ရခိုင်ဒုက္ခသည်တိ ခွဲခြားဆက်ဆံခံနိန်ရရေ ဘ၀ကို ရခိုင်သူ၊ရခိုင် သားတိ သိဟိန့်စီဖို့ လူ့အခွင့်အရေးဂေါင်းစဉ်အောက်မှာလူအခွင့်အရေးချိုးဖေါက်ခံရခိုင်ဒုက္ခသည် ဘ၀တိ ကို စာနာထောက်ထားဗျာလ် ရခိုင်ရိုးမသတင်းထောက် ခိုင်ဥက္ကာပျံက ဘင်္ဂလာ ဒေ့ခ်ျ နိုင်ငံအတွင်း လက်ဟိန့် ဆောင်ရွက်နိန်ရေ ရဖြူဂျီ ကော်မီတီကို ဆက်သွယ်မိန်းမြန်း ထား ဘာရေ ......
အမိန်း။
၁။ မင်္ဂလာဘာ အကို့နာမေ၊ လက်ဟိန့် နိန်ထိုင်ရေနိန်ရာနန့်ပါဝင်ပတ်သတ်နီရေ အဖွဲ့အစီးကိုတခေါက် ပြောပြပီးဘာ။
အဖြေ
မင်္ဂလာဘာ ကျနော့နာမေ ခိုင်စိုး ဖြစ်ပါရေ ၊ လက်ရှိကျနော်နီထိုင်စွာက ဖလောင်းချိတ်မြို့ပါ ၊ မြန်မာ့ ရီဖျူဂျီ တိ၏အခွင့်အရေးရရှိဖို့အတွက် Arakan Refugee Affairs Committee (ARAC) မှာ ညှိနိုင်း ဆောင်ရွက်ရေးမှုးအဖြစ်နဲ့ တာဝန်ယူနီပါရေ။
အမိန်း။
၂။အကိုခိုင်စိုးလက်ဟိန့်(UNHCR)ကအသိအမှတ်ပြုရေရခိုင်ဒုက္ခသည်ဦးရေ ဇာလောက်ဟိဘာလေ။ လျှောက်ထားဆဲလူကဇာလောက်ပါလေ။
အဖြေ
လက်ရှိ အသိအမှတ်ပြုခံထားရရေ ရဖျူဂျီ ဦးရေ ၄၀၀ နီးပါးရှိပါရေ၊ UNHCR က ပယ်ချခြင်း ခံထားရရေ Rejected ဒုက္ခသည် UN က အိန်တာဗျူး ခေါ်ရေခါ လမ်းစရိတ် မရှိလို့ အိန်တာဗျူးမလုပ်နိုင်ရေလူတိနန့် မကြာမကြာလာရောက် လျှောက်နီကတ်တေလူ လမ်းစရိတ် မရှိလို့ ဒကားမြို့ကို မရောက်နိုင်ရေ လူတိက များနီပါရေ၊ ဒကား ဆိုရေ ဘင်္ဂလာ၏မြို့တော်နန့်ပြည်တွင်းထဲက ရဖျူဂျီတိ ရောက်ရှိလာတတ်တေ နယ်စပ်နဲ့က မိုင် ၃၀၀ လောက် ၀ီးကွာ ပါရေယေ။
အမီး
၃။....... လက်ရှိအသိအမှတ်ပြုခံထားရရေလူတိကို UNHCR က ဇာပိုင်အကူအညီတိပီး ဘာလေ။
အဖြေ
ဟုတ်ပါရေ အဂုဆိုကေ UNHCR က ကျနော်ရို့ရဖျူဂျီတိကို အကူအညီ ထောက်ပံ့စွာ လုံးဝ မရှိပါ၊ ကျနော်ရို့ကို Urban Refugee မြို့ထက်နီထိုင်သူ ဒုက္ခသည်လို့ခေါ်ပါရေ ကျနော်ရို့ မြို့ထကန်ီဒုက္ခ သည်လို့ အခေါ်ခံရကေလဲ ကျနော်ရို့အများစုက မြို့မှာ နီနိုင်ကတ်စွာမဟုတ်ပါ တရက်လုပ် တရက်စား ဘ၀တိနဲ့ တောတောင်တိမှာလားပြီးကေ ပြန့်ကြေး နီထိုင်ကတ်ရ ပါရေ၊ UNHCR က လ စာ ထောက် ပံ့ကူညီ ဖို့စွာကို ထားပါဖိ ကျမ္မာရေး ဆီးကုသမှု ကိုတောင် အပြည့်အ၀မရရှိပါ
အမီး
ကိုခိုင်းစိုး ပြောနီရေ ဆီးကုသမှုပြည့်ဝစွာမရရှိဆိုရေ အခြေအနေနန့် အဖြစ်အပျက် တခုခုရှိကေ တခေါက် ပြောပြပီးပါ။
အဖြေ
ဟုတ်ပါရေ
ရဖျူဂျီတယောက်ကျမ္မာရေးမကောင်းဖြစ်လာရေဆိုပါကေ ဆရာဝန်ဘားက စစ်ဆေးချက် ဆီး မှတ်တမ်းစာရွက်ကို UNHCR မှာ တင်ပြရပါရေ ယင်းခါကျမှ UNHCR က ကုန်ကျငွေ ကို ထုတ် ပီးပါရေ၊ ဆိုပါကေ မိမိ၏ ငွေကြေးနန့် အကုန်အကျမခံနိုင်ရေ ဒုက္ခသည်တိအတွက် အနည်း နန့်ကုသလို့ ရနိုင်ရေ ရောဂါတိက မလိုလားအပ်တေ ရောဂါကြီးတိ ဖြစ်လားစွာတိကို တွီ့လာရပါ ရေ၊ ထိုလွန်ခရေ July ၂၈ ရက်နိန့်က သီဆုံးလားခရေ ကိုသိမ်းမင်းခေါ် (ကိုအောင်သာထွန်း ) သူက ဖြစ်တေ ငရကြီးဆိုရေ တောရွာမှာ ဘင်္ဂလာသူမနဲ့ အိမ်ထောင် ကျနီထိုင်သူ UN ကါ့ဒ် ကိုင်ဆောင်ထားရေလူတဦးဖြစ်ပါရေ သူရောဂါဝေဒနာရရှိလာရေအချိန်မှာ သူ၏လက်ထဲမှာ ငွေတပြားလေ့သွက်မရှိရေခါ သူ၏ရောဂါ ကောင်း နိုးနိုး နန့် တောဆီးတောင်ဆီးတိအပါအ၀င် အနီးအနားမှာရှိရေ ကျေးလက်သူနာပြုဆရာဝန်တိနဲ့ ဆီးကု သမှုကို သူ ခံယူခပါရေ၊ ယင်းအ တောအတွင်း ကျနော်ရို့ ကော်မီတီက UNHCR ကို သူ၏အကြောင်း စုံကို အကြောင်းကြားထား ခကတ်ပါရေ၊ သူ၏ရောဂါက တရက် ထက်တရက်ဆိုးရွားလာရေခါ အလွန်ဆင်း ရဲရေ ကိုသိမ်း မင်းကို ကျနော်ရို့၏ နီးစပ်တေ အသိုင်းအ၀ိုင်းတိဘားက လားပြီးကေ ငွေကြေးကောက်ခံ ချီးငှါး ပြီးကေ July ၁၈ ရက်နီ့မှာ ဒူလာ့ဇာရလို့ ခေါ်ရေ ဆီးရုံမှာ သူ့ကိုတင်ထားလိုက်ပါရေ၊ ယင်းနီ့ မှာဘင် သူ၏ကျမ္မာရေးအခြေအနေကို ကျနော်ရို့က UNHCR ကို အကြောင်းစုံထပ် ဆင့်လို့ ရှင်းပြခကတ်ပါရေ၊ ဆရာဝန်၏ညွှန်ကြားချက်အရ သွီးသွင်းရန်လိုအပ်တေလို့ ပြော ရေအတွက် သွီး ၅ ပုလင်း ကို မိမိ ရို့၏ အသိုင်းအ၀ိုင်းက သွီးလှူနိုင်ရေလူတိကို ရှာပြီးကေ ဆီးရုံကို ပို့ပီးခ ကတ်ပါရေ၊ ဆီးကုသနီရေ အချိန်အတွင်း ဆရာဝန်မှ စစ်တကောင်းမြို့ရှိ ဆီးရုံကြီးတွင်အရေးပေါ် ထပ်မံလို့ ကုသရန်ညွန်ကြားခပါရေ၊ ယင်း ဆီးရုံက လက်မခံရေခါ July ၂၅ ရက်နီ့မှာ ဆီးရုံက ထုတ်ယူပြီးကေ ယင်းဆီးရုံ ရှိက လမ်းတဖက်မှာယှိရေ ဟိုတေလ် တခုမှာ အခန်းတခန်း ငှါးပြီကေ ကိုသိမ်းမင်းကို တရက်ထားခရပါရေ၊ ၂၆ ရက်နီ့မှာ ငွေကလဲ ၂၀၀၀၀ ကျော်ကုန်ကျ လားခဗျာ နောက်ထပ်အပိုငွေကလဲမရှိ ရှာကြံလို့ကလဲ မရဗျာ သူနာကလဲ အခြေနေ ကကောင်း ဆိုးပါလတ်တေ ဆိုရေခါ စိုးရိမ်စွာကတမျိုးငွေကြေး ကရာရှာမရ အခန်းခပီး ဖို့ငွေကရာမကျံလိုက်ဗျာ၊ကျနော်ရို့အဓိကဆောင်ရွက်နီကတ်တေလူသုံးလေးယောက်တယောက်မျက်နှာ
ကိုတ ယောက် ကြည့်ပြီးကေ ငိုရဖို့ပိုင်ရယ်ရဖို့ပိုင်ရာ ဖြစ်ခ ကတ်ပါရေ။
ယင်းပိုင်ဖြစ်နီရေ အခြေအနေထိ တိုင်အောင် UNHCR က တစုံတရာ လူနာအပေါ် အကြောင်း ပြန် ထားခြင်း မရှိခပါ၊
UNHCR ၏ စီစဉ်ဆောင်ရွက်ချက်နန့် ညှာတာထောက်မှု အလွန်အားနည်း နီစွာကိုကျနော် ရို့ တွီ့ရပါရေ။ July 28 ရက်နီ့ မှာ ကိုသိမ်းမင်း အသက်သီဆုံးလားခပါရေ၊ July ၂၉ ရက်နီ့မှာ သူသီဆုံးရေ အာ့သုဘကို မြေမြုပ်သဂြိုလ်ရန်နှင့်သပိတ်ဖြည့်ဆွမ်းကျွေးဖို့ မတတ်နိုင်ရေ အ လွန်းဆင်းရဲရေ သူမိသားစု အတွက် ကျနော်ရို့က UNHCR ကို တင်ပြခပါရေ၊ သို့သော် August 3, 2011 ရက်နေ့ မှာ ဒေါ်လာ ၁၇၀ လောက်ညီမျှရေ ဘင်္ဂလာ တါကါ ကိုထုတ် ပီးခပါရေ၊ ကိုသိမ်းမင်းကို ချီးငှါးပြီး ဆီးကုသခရရေ အကြွီးကုန်ကျစရိတ် ဆရာဝန်၏ဆီး မှတ် တန်းတိနန့်တတူ တင်ပြထားကေလဲ UNHCR က အေဂနီ့ထက်ထိ အကြောင်းပြန် ထားခြင်း မရှိပါ။ ကျနော်ရို့ကို ကောင်းကောင်းကြီး ခွဲခြားဆက်ပါရေ၊ လူ့အခွင့်အရေးဌါနက လူ့အခွင့် အရေး တိကို ချိုးဖေါက်နီ ပါရေ၊
အမီး
၎။.......ဘင်္ဂလားဒေခ်ျ နိုင်ငံမှာ ရခိုင်ဒုက္ခသည်တိက တတိယနိုင်ငံလားဖို့ အတွက်လျှောက် ထားဖူးပါလာ၊ လျှောက်ထားဖူးကေ တတိယနိုင်ငံမှာအခြီချရေလူ ဇာလောက်ဟိပါလေ၊
အဖြေ
ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်းမှာ မြန်မာပြည်ကရောက်ရှိလာရေ ရဖျူဂျီ နှစ်မျိုးရှိပါရေ (၁) ကျနော် ရို့ မြို့ပေါ်နီ ဒုက္ခသည် (၂) မူဆလင် ဒုက္ခသည် ရို့ဖြစ်ကတ်ပါရေ ယင်းချင့်မာ လက်ရှိ အသိမှတ်ပြု မူဆလင်ဒုက္ခသည် ၂၃၀၀၀ ကျော်ရှိပြီးကေ ကျနော်ရို့ urban ရဖျူဂျီက ၄၀၀ နီးပါးရို့ဖြစ်ကတ်ပါရေ ကျနော်ရို့ လေးရာနီးပါး ရဖျူဂျီတိ အထဲမှာတောင်က (ကျနော်ရို့ကဲ့သို့) ကါ့ဒ်ကိုင် ဆောင်ထားရေ မူဆလင်တိ အရော(ရောလို့) ရှိပါသိရေ၊ ။ ဆိုပါရေခါ တတိယ နိုင်ငံ တခုခုမှာပြန် လည်နေရာ ချထားပီးရေးဆိုရေ အစီအစဉ်ကို ရောက်ပါ လတ်တေခါ UNHCR နန့် ဘင်္ဂလာအစိုးရ ရို့၏ ချမှတ် ထားရေပေါ်လစီက ရဖျူဂျီ ဆိုစွာ Equal (ညီမျှခြင်းတူ) တန်းတူ ရည်တူတိသာ ဖြစ်တေ ဆို ပြီးကေ နိုင်ငံခြား ထွက်ပေါက်တိကို လူဦးရေများနီရေ မူဆလင်တိ ဖက်ကို နှစ်ပေါင်း ၁၀ နန့်ချီပြီးကေ အခွင့်အရေးတိများစွာ စီးဆင်းနီစွာတိကို တွီ့ရပါရေ၊ မြန်မာ စစ်အစိုးရ ဘင်္ဂလာနန့် UN ရို့ တိ၏ နိုင်ငံရေး ကမ္ဘာ့နိုင်ငံရေး ကဇတ်ကွက်တိကြားမှာ ကျနော် urban ရဖျူဂျီတိစွာ လိုင်ဖင်းကို ဓါးတင် ခံထားရစွာနန့် တူနီပါရေ၊
ကျနော်ရို့ရဖျူဂျီတိနိုင်ငံခြားကိုထွက်ဖို့ လျှောက်လို့ရဖို့စွာကိုထားပါဖိ၊ နိုင်ငံတကာမှာရှိရေ ရင်းနှီး ရေ ဆွေမျိုး အပေါင်းအသင်းတိဘားက ခိုင်လုံရေ Sponsor ရထား ရေလူတိ ကိုတောင် UNHCR က ကူညီဆောင်ရွက် ပီးခြင်းမရှိပါ၊ UNHCR က တတိယနိုင်ငံ ကို အခြေချပီးစွာ ကျနော်ရို့တွီ့ရသလောက် ဆိုကေ မီသားစု ၃ စုနန့် လူလွတ် ၅ ယောက်ကိုရာ တွီ့ရပါရေ။
အမီး
၅။........လက်ဟိန့် နိန်ထိုင်နိန်ရေ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှာ ရခိုင်ဒုက္ခသည်တိ ဇာပိုင်အခက် အခဲနန့်ရင်ဆိုင်ရဘာလေ။
အဖြေ
လက်ရှိ နိန်ထိုင်နိန်ရေ ဒေ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်းမှာ စားဝတ်နေရေး လုံခြုံရေး ကောင်း ကောင်း အခက်အခဲ တိနဲ့ ကျနော်ရို့ရင်ဆိုင်နီကတ်ရပါရေ။
ဒေဂုပိုင် ဖြေကြားပီးရေအတွက်ကျေးဇူးတင်ဘာရေ။
လူ့အခွင့်အရေးဂေါင်းစဉ်အောက်မှာလူအခွင့်အရေးချိုးဖေါက်ခံ ရခိုင်ဒုက္ခသည် ဘ၀ အင်တာဗျူး(ဘင်္ဂလားဒေရှ့်)
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on