မြန်မာနိုင်ငံမှ တရားမ၀င် ဘင်္ဂလာသို့ တင်ပို့သည့် မူးယစ်ဆေးဝါး ရာဘားမြင်းဆေး (၂၀၇၅)လုံးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကြားသူ ဘင်္ဂလီ (၃)ဦးကို တာခ်နာအခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က သြဂုတ်လ (၆-၇)ရက်နေ့များက ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသည့် မြန်မာ့မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကြားသူများမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့နယ် မော်လဗီကျေးရွာမှ မိုဟာမတ် ဟိုဆန် (၂၅)နှစ်နှင့် ရော်ဘိအူလ် အီစ်လာမ်(၂၁)နှစ်နှင့် ကိုမီလ္လာမြို့နယ်မှ မိုဟာမတ် ဟေလာလ်(၂၇)နှစ်တို့ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံများသို့ မူးယစ်ဆေးဝါးအမြောက်အများ တင်ပို့သည့်နိုင်ငံအဖြစ် ယုံကြည်လျှက်ရှိကြောင်း နယ်စပ်သတင်း တရပ်ကဆိုသည်။
မြန်မာ့မူးယစ်ဆေးဝါး ဘင်္ဂလာတွင် ဖမ်းဆီးခံရပြန်ပြီ
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on