မလေးသျှား ရခိုင်ဒုက္ခသည် ရုံးတိပေါင်းစီးလိုက်ဗျာယ်

    Author: Unknown Genre:
    Rating

    ကွာလာလမ်းပူ။ ။မလေးသျှားဟိ ရခိုင်ဒုက္ခသည် ရုံးသုံးခုဖြစ်တေ ARR. ARRC-KL. နိန့် ARRC.puchong ရုံးတိ အပြီးသတ် ပေါင်းစည်းဖို့ သဘောတူလိုက်တေလို့ သိရသည်။ မလေးသျှားမှာ ရောက်ရှိနိန်ကတ်တေ ရခိုင်သားတိက ရခိုင်ဒုက္ခသည် ရုံးပေါင်းစည်းရေးကို အသောကရာမကျေင်းမှာ နိန့်ခင်းပိုင်း ၂နာရီမှာ အစည်းအ၀ီး ကျင်းပဗျာလ် ၀၄း၄၅ နာရီအချိန်မှာ အပြီးသတ် လက်မှတ် ရွီးထိုးကာ ရုံးပေါင်းစည်းရီးအတွက် အတည်ပြုခရေလို သိရသည်။
    ယင်းအစည်းအ၀ီးကို ရခိုင်သူ၊ ရခိုင်သား အများအပြားတက်ရောက်ခကတ်တေလို အစည်းအ၀ီး တက်ရောက်တေ လူတယောက်က ပြောပြခသည်။


    ယင်း ရုံးပေါင်းစည်းရီးကို မလေးသျှားရောက် ဆရာတော်ရို့က တိုက်တွန်းချက်အရ မျိုးချစ် ရခိုင် လူငယ်တိက လုပ်ခကတ်စွာဖြစ်တေလို့ ပူချောင်းနိန် ရခိုင်လူငယ်တစ်ယောက်က ပြောပြသည်။

    ရုံးပေါင်းစည်းရီး အောင်မြင်စွာနိန့် ပြီးစီးလားရေအကြောင်းကို ကိုယ်တိုင်အစည်းအ၀ီး တက်ရောက်သူ မြေပုံ(ဖိုးတုတ်)ကို ရခိုင်ရိုးမက ဆက်သွယ် မိန်းမြန်းခရေ အခါမှာ

    “ဟုတ်ပါယင့် အစ်ကို၊ ဒေနိန်အစည်းအ၀ီးကို မလေးသျှားမှာဟိန်ရေ ရခိုင်အဖွဲ့ အားလုံး တက်ရောက်ကတ်တေ။ ပူချောင်းဘုန်းကြီးကျောင်းမှာ မကန်ဘာထော။ အခုပြုလုပ်တေ အစည်းအ၀ီးစွာ နောက်ဆုံ အစည်းအ၀ီးလို့ ပြောလို့ ရဘာရေ။ အားလုံးလက်မှတ်ထိုးပြီးကတ်ပါဗျာလ်။ ပေါင်းစည်းရီးအတွက်ပါလေ”လို့ ဖြေကြားခသည်။

    မလေးသျှားရောက် ရခိုင်ဒုက္ခသည်ရုံးတိ ပေါင်စည်းလားရေသတင်းကို အမေရိကန် နိုင်ငံ နယူးယောက်မြို့ မှာ နီထိုင်ရေ ဦခိုင်အောင်ကျော်ကလည်း ကြိုဆိုထောက်ခံလိုက်ကြောင်း သိရသည်။ တခြား နိုင်ငံတကာရောက် ရခိုင်သားတိကလည်း ၀မ်းမြောက်ဝမ်းသာဖြစ်နိန်ကြကြောင်း စုံစမ်းသိရှီရသည်။

    နိုင်ငံရီးကိစ္စတိနင့် လုံးဝ ပတ်သက်စွာမဟုတ်ဘဲ ဒုက္ခသည်ရုံးဆိုစွာ ဒုက္ခသည်ကိစ္စနင့်ရာ ပတ်သက်စွာရာ ဖြစ်တေလို့လဲ ပြောကတ်ရေပိုင် ရခိုင်ဒုက္ခသည်ရီးရာ ကိစ္စကို စုပေါင်း လုပ်နိုင်ကတ်ဖို့ကိုရာ မျှော်လင့်ကတ်စွာဖြစ်တေလို့  သိရသည်။

    မလေးသျှားနိုင်ငံမှာ ရခိုင်အပါအ၀င် မြန်မာဒုက္ခသည် ကိုးသောင်းကျော် ဟိန်ရေလို့ UNHCR ၀တ်စာမျက်နှာမှာ ဖေါ်ပြထားသည်။