ဆင်စွယ်နန့် ဆင်သာရီ မှောင်ခိုဈီးကွက် ရခိုင်ပြည်မှာ တွင်ကျယ်လာ

    Author: Unknown Genre:
    Rating

    ဂွ။ ။ရခိုင်ပြည်နယ်အတွင်း ဆင်စွယ်နန့်ဆင်သားရီ မှောင်ခိုဈီးကွက်ရေ အရင်နှစ်တိထက် တွယ်ကျယ်လာနိန်ကြောင်း စုံစမ်းသိရှိရပါရေ။

    ဘူးသီးတောင်၊ မောင်တောနန့် ဂွမြို့နယ်ရို့မှာ ဆင်စွယ် ဈီးကွက် ပေါ်ပေါက်နိန်ခြင်း ဖြိုက်ပြီး ဆင်စွယ်နန့် ဆင် သားရီရို့ကို ပြည်မဘက်သို့ သယ်ဆောင်ရောင်းချမှုတိ ရှိကြောင်း သိရသည်။

    လွန်ခရေလကလည်း ဘူးသီးတောင်မှာတောလိုက်မုဆိုးတိ အစွယ်ရလိုမှုကြောင်း ဆင် တစ်ကောင်သီဆုံးခပြီး ဂွမြို့နယ်ရို့မှာလည်းအလားတူ ဖမ်းဆီးမှုတိ ရှိလာသည်။

    ဘင်္ဂလားပင်လယ်ပြင်က ဆယ်ယူလာရေ ၇-နှစ်သားအရွယ် ဆင်ကို စစ်တွေကမ်းခြီတနီရာတွင် တွိရစိုင်

    “အရင်တစ်ခေါက်က စစ်တွေမြို့မှာ ဆင်တစ်ကောင်ရောက်ရေ ဆိုစွာလဲတောထဲက လွှင့်စိုင်ပါလာစွာ၊ မုဆိုးတိက ဆင်စွယ်ကိုရချင်ရေဆိုခါ တူမီးလုပ်သေနတ်တိနန့် ပစ်ခတ်ရေ အတွက် ဆင်တိလဲ ဘေးကင်းရာသို့ထွက်ပြီးကတ်တေ၊ ယင်းကြောင်းဆင်တိ ဟိုရောက်ဒေရောက် ဖြိုက်လားရေ”လို့ ဘူးသီးတောင်မြို့ခံ တစ်ဦးက ရှင်းပြသည်။

    ဘူးသီးတောင်ဘက်မှာရေ ဆင်စွယ်ကို ဒေသအာဏာပိုင်တိက ခိုးဝှက်လုပ်ကိုင်မှုတိ ရှိလာကြောင်းသူကဆက်ပြောသည်။

    “ပြောဖို့ဆိုကေ ဒေပိုင်ဆင်စွယ်တိ ယူနိန်စွာတိကို အာဏာပိုင်တိ ဟန့်တားသင့်ရေပိုင် အရေးယူသင့်ရေ ဂွကျစွာက သူရို့ကိုယ်တိုင်ပါဝင်နိန်ခါ”လို့ ပြောပြသည်။

    ယင်းသို့ဆင်စွယ်ဈီးကွက်သည် ပြီးခရေ ဇူလိုင်လ ၁၇ ရက်နိန့်ကလည်း ဂွမြို့နယ်ကနိန် ရန်ကုန်သို့သယ်ဆောင်လာရေ ကျပ်ငွေတန်ဖိုး သိန်း ၅၀ကျော်ခန့်ရှိ ဆင်စွယ်နန့် ဆင်သားရီ ရို့ကို ဗေဒါ ပူးပေါင်းစစ်ဆေးရေးဂိတ် အတွင်း ဖမ်းမိခကြောင်းသိရသည်။

    “ဟုတ်တေ ဂွကနိန် ရန်ကုန်လားဖို့ ခရီးသည်ယဉ်မှာ လူအပါအဝင် သက်သီခံပစ္စည်းတိကို တွိ့ပါရေ၊ ဆင်စွယ်တိက များပါရေ၊ ယင်းကိစ္စကိုအကျွန်ရို့ အမှု ဖွင့်ထားပါဗျာယ်”လို့ အမည်မဖော်လိုရေ တာဝန်ရှိသူတဦးက ပြောသည်။

    မြီရီခွံ (၁၀)အိတ်နန့် ထည့်ထားရေ ဆင်သားရီ အလီးချိန် (၃၅၇)ပိဿာခန့်ရှိ (တန်ဖိုးကျပ်ငွေ ၄၂ သိန်း)နန့်ဆင်စွယ် အရှည် ၁၇ လက်မ လုံးပတ်ခြောက်လက်မ အလီးချိန် ၇၅ ကျပ်သားရှိ ဆင်စွယ် နှစ်ချောင်း၊ အလီးချိန် တစ်ပိဿာခွဲ (တန်ဖိုးကျပ် ၁,၅၀,၀၀၀)ခန့် အား အဆိုပါ စစ်ဆေးရေး ဂိတ်က ဖမ်းဆီးရမိခခြင်းဖြိုက်သည်။

    တာဝန်ရှိသူ ၏ အဆိုအရ ဆင်စွယ်လိုက်မုဆိုးအဖွဲ့ရေ ရခိုင်ရိုးမ အတွင်းဆင်တိရှာဖွီခရာ ဇူလိုင်လ ၅ရက်နိန့်က ဆင်မတစ်ကောင်ဖမ်းဆီးရမိခပြီး ဂွမြို့နယ် ဘိုမင်းကျေးရွာနားက တောထဲမာ တူမီးလုပ်သေနတ်နန့် ပစ်သတ်ခြင်းဖြိုက်ရာ ဆင်သားရီတိကို အခြာက်လှမ်းပနာ ဧရာဝတီ ငသိုင်းချောင်းကနိန် ရန်ကုန်သို့ရောင်းချရန် သယ်ဆောင်လာစိုင် အချိန်မီ ဖမ်းဆီး လိုက်ခြင်းဖြိုက်သည်။

    အရင်ကလည်း ဖမ်းဆီးမှုတိ မကြာမကြာရှိကေလဲ ဒေဂုပိုင်မများကြောင်း ဆင်စွယ်ဖမ်းသူတိရေ ဗမာပြည်ဘက် မင်းတုန်းမင်းမြို့နယ်ရို့က လူတိများကြောင်းလည်းဒေသခံများ အဆိုအရ သိရသည်။