ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် အလွတ်သဘော တွေ.ဆုံ
..................................................................................
သြဂုတ် ၁၉ ရက် ၊ ၂၀၁၁
မြန်မာအစိုးရ ပြုလုပ်တဲ့ စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ဖို့ ကြပ်ပြေးနေပြည်တော်ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ သမ္မတ ဦးသိန်းစိန်ကို အလွတ်သဘော လက်ခံ တွေ့ဆုံခဲ့ကြောင်း ပြည်တွင်း သတင်းရပ်ကွက်များက ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၁ သြဂုတ်
၁၉ ရက် မနက် ၉ နာရီခန့်က ဦးခွန်သာမြင့်၊ ဒေါ်စုစုလွင်၊ လုံခြုံရေးလူငယ် နှစ်ဦးတို့နဲ့အတူ ရန်ကုန်မြို့မှ ကြပ်ပြေးနေပြည်တော်ကို ထွက်ခွာသွားခဲ့ပါတယ်။
ထိုခရီးဟာ မြန်မာအစိုးရက စီစဉ်တဲ့ ခရီးစဉ် ဖြစ်ပြီး အစိုးရ လုံခြုံရေးအစီအစဉ်နဲ့ သွားရောက်ကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့လည်ပိုင်းမှာကြပ်ပြေးနေပြည်တော်ကို ချောမောစွာ ရောက်ရှိကြောင်း၊ ရောက်ရှိပြီးနောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို အလွတ်သဘော လက်ခံ တွေ့ဆုံခဲ့ကြောင်း၊ ထို တွေ့ဆုံပွဲကြောင့် စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို နေ့လည် ၂ နာရီ ထိုးခါနီးမှ စတင်ခဲ့ရကြောင်း၊ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ ဆွေးနွေးကြတဲ့ အကြောင်းအရာနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တဲ့ နေရာကိုတော့ မသိရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် ကြပ်ပြေးနေပြည်တော်ကို လှည့်လည် http://www.freerakhaing.blogspot.comကြည့်ရှုခဲ့ကြောင်း၊ အမျိုးသမီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စောင့်ရှောက်ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆွေးနွေးပွဲကို သြဂုတ်လ ၂၀ ရက်နေ့၌ တက်ရောက်ရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။
မြန်မာအာဏာပိုင်တွေ ပြုလုပ်တဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် ပြည်တွင်း နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များ၊စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ အချို့ အပါအ၀င် စုစုပေါင်း လူ ၅၀၀ ခန့်ကို ဖိတ်ကြားထားကြောင်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး အနေနဲ့ ဖိတ်ကြားတာ မဟုတ်ဘဲ သာမာန်ပုဂ္ဂိုလ်တဦးတယောက်အနေနဲ့ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ အခု သတင်းရေးသားချိန်မှာ မိနစ် ၂၀ ကြာ ကျင်းပတဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြီးစီးသွားပြီး ဦးသိန်းစိန်မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ ဆွေးနွေးပွဲခန်းမအတွင်းကို
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရပါတယ်။
Internet soruce
ဗမာ၊မြန်မာနိုင်ငံအနာဂတ်က တိုင်းရင်းသားတွေအတွက် ပိုပြီးစိုးရိမ်ဖွေဖြစ်နာနိုင်နေလေသလား(ဗမာ၊မြန်မာဘာသာ)
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on