ထိုင်းရေတပ်က မြန်မာ ၅၅ ဦးအား ဖမ်းဆီး (ဗမာ၊မြန်မာ ဘာသာ)

    Author: Unknown Genre:
    Rating

    ထွန်းထွန်း
    ----------
    မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်ရှာဖွေရန် တရားမ၀င် ရေလမ်းကြောင်းမှ တဆင့် ဘုတ်တစီးဖြင့် ခိုးဝင်လာသူ မြန်မာ နိုင်ငံသား ၅၅ ဦးကို ထိုင်းရေတပ်မှ သြဂတ်စ်လ ၉ ရက်နေ့က ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

    Thai-Burma-border
    Thai-Burma-border
    ဖမ်းဆီးခံရသူ ၅၅ ဦးထဲတွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ခလေး ၃ ဦးပါဝင်ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထောက်များသို့ ပြောသည်။

    သူတို့အား ဘုတ်တစီးဖြင့် အန္တမန်ပင်လယ် ရေလမ်းကြောင်းကတဆင့် ထိုင်းနိုင်ငံ ရနောင်းခရိုင် အ နောက်ဘက် Phayam ကျွန်းသို့ ၀င်ရောက်လာစဉ် သြဂတ်စ်လ ၉ ရက်နေ့ နံနက် ၃ နာရီတွင် ဖမ်းဆီးမိခြင်း ဖြစ်သည်။

    ထိုအထဲမှ ဘုတ်ပဲ့နင်း ဖြစ်သူမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

    ဖမ်းဆီခံနေရသည့် မြန်မာများတွင် ခရီးသွားလာခွင့် တရားဝင် မည်သည့်သက်သေ အထောက်ထားများမှ မပါရှိကြောင်း ထိုင်းအာဏာပိုင်မှ ပြောကြားသည်။

    ထိုနည်းတူစွာ လွန်ခဲ့သော ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဘုတ်တစီးဖြင့် ရေလမ်းကြောင်းမှ တဆင့် ထိုင်းနိုင်ငံသို့ တရားမ၀င် ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၄၄ ဦးအား ထိုင်းရေတပ်၏ ဖမ်းဆီးခဲ့သည်ဟု သိရသည်။ By နိရဉ္ဇရာသတင်းဌာန