မင်းပြားမြို့။ ။လက်ရှိကြက်ယက်ရွာသစ်ကနိန် အယင်ရွာဟောင်းနိန်ရာသို့ ပြောင်းရွှိနိန်ထိုင်ဖို့အတွက် အဆိုပြုလွှာတရပ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း သတင်းရရှိသည်။
မင်းပြားမြို့နယ် အထက်ငှက်ပျောချောင်း အုပ်စုအတွင်းရှိ ကြက်ယက်ရွာသစ်ရေ မိုးတွင်းကာလမှာ မြစ်ရီချန်ပြီး တရွာလုံးရီလွှမ်းခြင်း ကျောင်းသားကျောင်းသူတိ ကျောင်းတက်/ဆင်းရာတွင် အန္တာရယ်များခြင်း ခြင် ယင်တိပေါများရေ အတွက် ရွာသူရွာသားတိ ကျန်းမာရေး ထိခိုက်ခြင်း စရေ ဆိုကျိုးတိကြောင်း ၁၉၇၉ ခုနှစ်က တည်ရှိခရေ ရွာဟောင်းနိန်ရာသို့ ပြောင်းရွိနိန်ထိုင်ဖို့အတွက် အဆိုပြုလွှာကို ရခိုင်ပြည်နယ် ဝန်ကြီချုပ်ထံ စက်တင်ဘာလ ၉ ရက်နိစွဲနန့် တင်ပြထားကြောင်း သိရသည်။
“ရွာသစ်မှာနိန်လာကတ်စွာ နှစ်ပေါင်း ၃၀ ရှိပါဗျာယ်၊ ၁၉၇၉ ခုနှစ်က စစ်ဆင်ရေးကာလမှာ ဒေဂုလက်ရှိ ရွာသစ်သို့ပြောင်းရွှိခံရစွာပါ၊ ယေလဲ ရွာသစ်က အရင်ရွာဟောင်းထက် အဆင်မပြေပါ၊ ရီကန်တိရေ မိုးရာသီဆိုကေ ဆားငံရီတိ ဝင်ရေ၊ မိုးကြီးရေဆိုကေ တစ်ရွာလုံး ရီမြုပ်တေ၊ ကျန်းမာရေးလည်း ထိခိုက်တယ် ၊ လီပြင်းမုန်တိုင်းဒဏ်ကို မကြာခဏ ခံရရေ၊ ယင်းပိုင် ဆိုးကျိုးတိ တိုးလာလို့ ကျနော်ရို့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ ရွာဟောင်းနိန်ရာသို့ ပြောင်းရွိနိန်ထိုင်ဖို့ အတွက် တင်ပြထားစွာပါ“ လို့ ကြက်ယက်ရွာသား တစ်ဦးက ရခိုင်ရိုးမသို့ ပြောပြသည်။
အဆိုပါ ကျေးရွာအတွင်း ရွာသူရွာသားတိ ကျန်းမာရေး ထိခိုက်ကေလဲ ဒေသခံအာဏာပိုင်တိ ကွင်းဆင်းလုပ်ပီးမှုတိ မရှိရေပိုင် မိုးတွင်းကာလမှာ အချေတိ ရောဂါများကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
“သူရို့က လာမကြည့်ပါ၊ ဒေမာ အချေတိ ဝမ်းရောဂါဖြိုက်သူဖြိုက် ငှက်ဖျားဖြိုက်သူဖြိုက်နန့် ကျန်းမာရေးဆိုးဝါးပါရေ၊ ဖေသာမတတ်လို့ မြို့ကိုမလားနိုင်ရေလူတိလည်း အများကြီး ယင်းပိုင်ဖြိုက်နိန်စွာတိကို လာလို့တောင်မကြည့်ကတ်“လို့ဆိုသည်။
အဆိုပါကျေးရွာတွင် နာရေးကိစ္စမှာလည်း လားလာရ ခက်ခဲကြောင်းလည်း သိရသည်။
ကြက်ယက်ကျေးရွာသည် မင်းကြောင်းမြစ်နန့် ကြက်ယက် လမ်းပိုက်ချောင်း ဆုံရာ မြီနိချိုင့်ဝှမ်းမှာ တည်ရှိပြီး လွန်ခရေ စစ်ဆင်ရေးကာလ ၁၉၇၉ခုနှစ်ကကပင် ရွာသစ်နိန်ရာသို့ ပြောင်းရွိခံရစွာဖြိုက်ကြောင်း သိရသည်။
အယင်ရွာဟောင်းရေ သောက်ရီကန်နန့် ရှိဟောင်းဘုရား အဆောက်အဦးတိရှိပြီးကေ ကျန်းမာရီးနန့် ညီညွတ်တေအတွက် ရွာသူရွာသားတိက ရွာဟောင်းသို့ ပြောင်းရွိနိန်ထိုင်ရန် လိုလာနိန်ကြခြင်းဖြိုက်သည်။
သို့သော် အဆိုပါ အဆိုပြုလွှာကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဆုံးဖြတ်ပီးမှု မရှိသိမ့်ကြောင်းလည်း သိရသည်။
ကြက်ယက်ရွာဟောင်းသို့ ပြောင်းရွှိရန် နီထိုင်ခွင့် အဆိုပြုလွှာ ဝန်ကြီးချုပ်ထံ တင်ပြထားဟုသိရ
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on