စစ်တွေ။ စစ်တွေမြို့ပြည်လုံးချမ်းသာဘုရားကြီး၏ ပရဝုဏ်ဖြိုက်တေ ဝင်္ကဘာကွင်း အတွင်း GSM တာဝါတိုင် စိုက်ထူထားခြင်းအပေါ် ပြည်သူတိ မကျေမနပ် ဖြိုက်နိန်ကြကြောင်း သတင်း ရရှိသည်။
အဆိုပါ GSM တာဝါတိုင်ရေ ဝင်္ကဘာ ကွင်း လွတ်လပ်ရေးကျောက်တိုင်အနီးမှာ ဖြိုက်ပြီး ဘုရားပုရဝုဏ်အတွင်း အကျုံးဝင်ရေ အတွက် တာဝါတိုင်စိုက်ထူခြင်းကို ပြည်သူတိ မလိုလား ကြခြင်းဖြိုက်သည်။
”ဟုတ်ပါရေ GSM တာဝါတိုင်ပါ၊ ဘုရားကြီး ဝင်္ကဘာကွင်း ၊ အေးစေတီ အနောက်ဘက် မှာပါ၊ လွတ်လပ်ရေး ကျောက်တိုင်နန့် ကပ်လို့ပါ၊ သုံးသိန်းတန် ဖုန်းတိအတွက် တာဝါတိုင်စိုက်ထူစွာ လို့ ပြောပါရေ။ ပြည်သူတိကတော့ မကျေနပ်ပါ ဘုရားကွင်းအတွင်း ယပိုင် အဆောက်အဦး ဆောက်လာစွာကို” လို့ စစ်တွေမြို့ခံတဦးက ပြောသည်။
ဝင်္ကဘာကွင်းသည် အစိုင်အလာကြီးမားရေ ဘုရားကြီးပုရဝုဏ် ဖြိုက်ပြီး ဝါကျွတ်ပွဲတော်၊ တန်ဆောင်မုန့်ပွဲတော် စရေ ပွဲလမ်း သဘင် အတွက် ရှီးအစိုဉ်အဆက်ကပင် အသုံးပြုခရေ ကွင်းဖြိုက်တေအတွက် အဂုပိုင် မကျေမနပ်ဖြစ်ကတ်ရခြင်း ဖြစ်သည်။
အဆိုပါ တာဝါတိုင်ကို ဒေလ ၁၀ရက်နိန့်က ပန္နက်ရိုက်ပနာ မြေနီရာသတ်မှတ်ထားပြီး ဗျာလ်ဖြစ်တေအတွက် တာဝါတိုင်အတွက်မြီကွက်ကိုလည်း ခြံစည်းရိုးကားထားပနာ မကြာခင် တာဝါတိုင်စိုက်ထူ ဖို့လို့ သိရသည်။
တာဝါတိုင် မြီကွက် အကျယ်ရေ ပတ်လည် ပေ ၄၀ လို့ သတ်မှတ်ထားကေလဲ တခြား အဆောက် အဦးတိလည်း တိုးလားနိုင်ရေလို့ ပြည်သူတိက ခန့်မှန်းပြောဆိုနိန်ကြသည်။
“ ဒေပိုင် ဝင်္ကဘာကွင်းမာ အစိုးရ အဆောက်အဦးတိ ဆောက်လာစွာကတော့ခါ သဘာဝ မကျ၊ ဒေဝင်္ကဘာကွင်းရေ အများပြည်သူတိအတွက် ပွဲလမ်းသဘင် ပြုလုပ်တေ နီရာ၊ အရင် ကဆိုကေ ရခိုင်ပြည်နယ်နိ့ရို့ လုပ်ခရေ နိန်ရာ။ ဒေပိုင်နီရာတိမှာ အဆောက်အဦးတိ ဝင်လာ စွာ မသင့်တော် ၊ ပြီးကေ တာဝါတိုင်ဆောက်ပြီးကေ အဆောက် အဦးတိလည်း မတိုးလို့ပြော လို့ရဖို့လား” လို့ မြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါ GSM တာဝါတိုင်ကို မြန်မာ့ဆက်သွယ်ရေးနန့် ပုဂ္ဂလိရို့ ပူးပေါင်းဆောင်ရွက်စွာ ဖြိုက်
ကြောင်း သိရသည်။
ဘုရားကြီးကွင်းအတွင်း GSM တာဝါတိုင်စိုက်ထူမှု အပေါ် ပြည်သူတိ မကျေမနပ်ဖြိုက်
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on