Arakan ကိစ္စ ပြည်တွင်း စာပီပညာသျှင်တိ ဆွေးနွေး

    Author: Unknown Genre:
    Rating

    ရခိုင်ရိုးမ။  ။ October 5, 2011
    စစ်တွေ။               ။ရခိုင် အမျိုးသားရို့ပိုင် Arakanနာမည်ကို လူမျိုးခြားတိက ယူသုံးနိန်ရေ ကိစ္စကို ပြည်တွင်း စာပီပညာသျှင်တိ ဆွေးနွေးလျှက်ရှိကြောင်း ပြည်တွင်းကလာရေ သတင်း တရပ်အရ သိရပါရေ။
    “ဟုတ်ပါရေ နက်ဖြန်ခါ ဆိုကေ ယင်းကိစ္စကို ဆွေးနွေးကတ်ပါဖို့ ပြီးခရေ အပတ်က ရေ အားလုံးသဘောတူ ခရေ အချက်တိကို ကျနော်ရို့စာတမ်းပြုစုနိန်ပါရေ။ လက်ရှိ မီဒီယာ လောကမှာ အဟော တကျယ်ဖြိုက်နိန်ရေ ရိုဟင်ဂျာဆိုရေ ကိစ္စကို အဓိကထားဆွေးနွေးလား ကတ်ပါဖို့“ လို့ ဆွေးနွေးပွဲကို အပတ်စိုင်တက်ရောက်ရေ စာပီသမားတစ်ဦးကပြော ပြပါရေ။
    Arakan ကိစ္စကို ပြီးခရေ အပတ် တနင်္ဂနွီနိက စစ်တွေမြိ့မှာ  စာပီအသိုင်းဝိုင်းက ဆွေးနွေးခပြီးကေ နက်ဖြန်ခါလည်း အဆိုပါ ကိစ္စကို ဦးတည် ဆွေးနွေးလားဖိုဖြိုက်တေလို့ သိရပါရေ။
    “ကျနော်ရို့လဲ ယင်းကိစ္စကိုကြားနိန်ပါဗျာယ်။ အင်တာနက်တိမှာ Arakanနန့် ပတ်သက်လို့ မဟုတ် မမှန်ရေ အချက်အလက်တိနန့် တင်ထားရေကိစ္စ၊ ကျနော်ရို စာတမ်းတစ်စောင် ပြုစုပနာ သက်ဆိုင်ရာတိကို တင်ပြလားပါဖို့၊ ရခိုင်နန့် ရိုဟင်ဂျာ အကြောင်းကို၊ တကယ်လို့ရာ ဒေပိုင် မလုပ်ခဆိုကေ Arakan ဆိုရေ ဝေါဟာရရေ မသိမသာနန့် ကုလားလက်ထဲရောက်လားဖို့ ယေခါ  အားလုံးဗြောင်းပြန်ဖြစ်လားဖို့ဗျာယ်”လို့ အဆိုပါ စာပီသမားက ရှင်းပြသည်။
    ဒေဂုအခါ Arakan ဝေါဟာရကို ဘင်္ဂလီတိ ယူသုံးစွဲနေမှု အပေါ် ပြည်တွင်းက ကြေညာချက် တစ်စောင် ထုတ်ပြန်ခသည်။
    အလားတူ ပြည်ပရောက် ရခိုင် အဖွဲ့အစည်းတစ်ချို့်ကလည်း အဆိုပါ Arakan ကိစ္စနန့် ပတ်သက်ပြီး ကန့်ကွက်မှုတိလည်း ပြူလုပ်ခသည်။
    အဂုအခါ ပြည်တွင်းလူထု အနိန်နန့်လည်း Arakan နာမည်ကို ဘင်္ဂလီတိက ယူသုံးစွဲနိန်မှုအပေါ် မကျေမနပ် ဖြိုက်နိန်ကြသည်။
    စစ်တွေက မူဆလင်ဘာသာဝင် ခေါင်းဆောင်တစ်ဦးကရေ  ယင်းပိုင် ပြည်ပရောက် ဘင်္ဂလီတိက Arakan ကိစ္စကို အမျိုးမျိုး လုပ်ကြံနိန်စွာတိကို ယင်းရို့ အနိန်နန့် မကျေနပ်ကြောင်း လူမျိုးရေး ပဋိပက္ခကို အသွင်ဆောင်ရာရောက်ကြောင်းလည်း ပြောဆိုခသည်။
    Arakan ကန်ပိန့်ကို ဦးဆောင် လှုပ်ရှားနိန်သူတစ်ဦးကလည်း ရှိဆက် အရှိန်မြင့်ပနာ လုပ်ဆောင်လားဖိှု့ရှိကြောင်း ရခိုင်ရိုးမနန့် မီးမြန်းချက်တစ်ခုမှုာ ပြောဆိုခသည်။
    “ဒေ ISSUE က လုပ်ကိုလုပ်ရဖို့စွာ ကြည့်ထားလို့ရဖို့မဟုတ်၊ သို့မဟုတ်ကေ  သမိုင်းတစ်ခေတ်လုံး ပြောင်းပြန်ဖြိုက်လားနိုင်ရေ”လို့ ဆိုပါရေ။