ရခိုင် အမျိုးသားပိုင် ARAKAN ဝေါဟာရကို လူမျိုးခြားများက သုံးစွဲနေခြင်းအပေါ် ကြေညာချက်

    Author: Unknown Genre:
    Rating

    ရခိုင်ရိုးမ။  ။ October 5, 2011
    ရခိုင် အမျိုးသားပိုင် Arakan ဆိုတဲ့ ဝေါဟာရကို မြန်မာမျိုးနွယ်စု စာရင်းတွင် ပါဝင်ခြင်း မရှိတဲ့ (ပြည်ပ)လူမျိုးခြားတွေက သုံးစွဲနေခြင်းနဲ့ ပတ်သတ်ပြီးတော့ အမည်မဖေါ်လိုတဲ့ ပြည်တွင်း လူငယ်တစုကနေပြီး စတင်ဘာ ၁၈ ရက်နေ့က ကြေငြာချက်တစောင် ထုပ်ပြန်ခဲ့တာကို “ရခိုင် အမျိုးသားပိုင် ARAKAN  ဝေါဟာရကို လူးမျိုးခြားတိက သုံးစွဲခြင်းအပေါ် ပြည်တွင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်”ဆိုပြီး ရခိုင်ရိုးမက ရခိုင်ဘာသာဖြင့် သတင်းတပုဒ် တင်ဆက်ခဲ့ပါတယ်။ ထုပ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို အားလုံးဖတ်ရှုခွင့်ရနိုင်အောင် မူရင်းအတိုင်း ပြန်လည် ကူးယူ တင်ပြလိုက်ပါတယ်။
    (၁) လူမျိုး
    (၂) ရခိုင်ဟူသော အဓိပ္ပါယ်
    (၃) ARAKAN ဟူသော အဓိပ္ပါယ်
    (၄) ရခိုင်တို့နေထိုင်ရာဒေသ
    (၅) ရခိုင်တို့နောက်ခံသမိုင်းကြောင်း
    (၆) ရိုဟင်ဂျာမရှိကြောင်းတင်ပြချက်
    (၇) ရိုဟင်ဂျာမဟုတ် ဘဂ်ီလီများအကြောင်း
    (၈) လူလိမ် ဘင်္ဂလီတချို့ (ARAKAN )အမည်ခံကာ သုံးစွဲခြင်းအပေါ် သဘောထား
    (၉) ဘင်္ဂင်္လီတစ်ချို့လိမ်ညာမှုကြောင့် ကမ္ဘာ့လူ့အခွင့်အရေးများ ဆုံးရှုံးသွားနိုင်ပုံ
    (၁၀) လူလိမ် ဘင်္ဂင်္လီများကြောင်း ကမ္ဘာ့လူ့အခွင့်အရေးများ ဆုံးရှုံးသွားနိုင်ပုံ
    (၁၁) ရခိုင်အမျိုးသားတို့၏ (ARAKAN )အမည်ကို အဓမ္မသိမ်းပိုက်မှုအပေါ် မျက်ကွယ်မပြုဘဲ ကမ္ဘာသူ ကမ္ဘာသားများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန်။
    ၁။ လူမျိုး       
    ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာ
    ၂။ ရခိုင်ဟူသော အဓိပ္ပါယ်

    ရခိုင်ဟူသောအဓိပ္ပါယ်မှာ ရှေးဦးစွာ ဝင်ရောက်လာသောသူတို့က မူလရှိနေသူများကိုရက္ခိုသ်၊ ရက္ခိုက်ဟူ၍ လည်းကောင်း၊ ရက္ခိုက်ဟူ၍လည်းကောင်း ခေါ်လာသည်။ မူလရှိသူများသည် သားစိမ်းစားကြသူများဖြစ်သောကြောင့် ဘီလူးရက္ခိုက်ဟု ခေါ်ခြင်းဖြစ်သည်။
    ရက္ခိသျှ၊ရက္ခိုက်၊ ဝေါဟာရများမှ များစွာနီးစပ်သည်။  မူလရှိနေသူများကို အကြောင်းပြု၍  ရှေးဦးစွာ ဝင်ရောက်လာသူတို့်သည် ထိုဒေသကို ရက္ခိုက် ၊ ရခိုင်ပြည် ဟူ၍ ခေါ်ကြသည်။ သို့ဖြစ်၍  ရခိုင်ပြည်နှင့် ရခိုင်ဟူသော စကားမှာ သမိုင်းကို မှတ်တမ်းတင်သော ခေတ်ကပင် ပေါ်ပေါက်လာသည်။
    မြောက်ဦးမြို့သျှစ်သောင်းဘုရားရှိအာနန္ဒစန္ဒြားကျောက်စာ၏မြောက်ဘက်မျက်နှာအလည်စာ
    ကြောင်းတွင် အာရက္ခာဒေသျှ ဟူ၍ ရေးထိုးပါရှိသည်။  (Ancient Arakan) အမည်ဖြင့် ပါရဂူဘွဲ့ရရှိထားသူ သြစတေးလျ အမျိုးသား တက္ကသိုလ် (ကင်ဘာရာမြို့)မှ ဒေါက်တာ ပင်မလာဂက်တင်ဆိုသူက ရခိုင်ဟူသော အမည်သည် အစဉ်အလာအားဖြင့် ဘီလူးဟူသော  မြန်မာစကား   နှုန်း  အဓိပ္ပါယ် တူသည့်သက္ကဋ ဘာသာ(ရက္ခသျှ) ပါဠိ ဘာသာရက္ခ ဟူသောစကားမှ ဆင်းသက်လာကြောင်း  ၊၄င်းဒေသတွင် နေထိုင်သူများ၏ ကြမ်းတမ်းသော စရိုက်ကြောင့် အိန္ဒိယ ဗုဒ္ဓသာသနာ ပြုများက ရက္ခပူရဟု ခေါ်ဆိုကြောင်းသိရသည်။
    ၃။ ARAKANဟူသော အဓိပ္ပါယ်
    (၁) အေဒီ(၁)ရာစုတွင် ရခိုင်ရိုးမ၌ ခြိပ်ပင်များပေါများပြီး ရခိုင်ရိုးမပေါ်တွင် နေထိုင်သော လူးမျိုးများသည်ခြိပ်ကိုထုတ်လုပ်ကြသည်။ ခြိပ်ကိုသက္ကဋဘာသာအားဖြင့်(RAKSASA)ဟုခေါ်ဆိုရာမှာ  (A,RAKSA)ဟုလည်းကောင်း၊  ယင်းမှတဆင့် ( ARAKAN )ဟုလည်း ကောင်း ဖြစ်လာခဲ့သည်။(၂) ရခိုင်ဒေသသို့ အေဒီ(၂) ရာစုတွင်  ရောက်ရှိသောဂရိလူမျိုး ပထဝီပညာရှင်  PTOLEMY (ထိုင်လ်မီ) သည် ရခိုင်ဒေသကို ARAGYRE (ငွေမြေ) ဟုခေါ်ဆိုရာမှ ARGYRE မှ တဆင့် ARAKAN သို့ပြောင်းလဲလာခဲ့သည်။
    (၃) (၁၁)ရာစု အလယ်လောက်တွင်  ရေးထိုးခဲ့သော မြောက်ဦးမြို့ ရှစ်သောင်း ဘုရား၌ တွေ့ရှိရသည့် အာနန္ဒစန္ဒြမင်းကျောက်စာ၏ မြောက်ဘက်စာမျက်နှာတွင် “အာရက္ခဒေခ်ျ (AREKADESA) ဟုသောစာလုံးကို တွေ့ရှိရပါသည်။  ၄င်းအဓိပ္ပါယ်မှာ ရခိုင်မြေ“ The Land of Arakan) ဖြစ်ပါသည်။
    (၄) အေဒီ(၁၅၁၆)ခုတွင်  BARBOSA က ARAEAN(ARAKAN) ဟု ပထမဆုံးသုံးနှုန်းခဲ့ကြောင်း တွေ့ရပါသည်။ ၎င်းနောက် တွင် ပေါ်တူဂီ၊ စပိန်၊ အင်္ဂလိပ် လူမျီုးတို့က  ဆက်လက်အသုံးပြုခဲ့ကြသည်။(၅) ဘင်္ဂလီ သမိုင်းဆရာ  SHAHA BUDIN TALISH ဆိုသူက “ (၁၆)ရာစုတွင် ရခိုင်ပြည်နယ်၌ ငွေတွင်းများတွေ့ရှိရကြောင်း  စာပိုဒ်၌ “ရခိုင်ပြည်ကို (ARAKAN )ဟု ရေးထားကြောင့်   တွေ့ရပါသည်။
    (၆) ပေါ်တူဂီနှင့် အခြားသော အနောက်နိုင်ငံများ၌ Arracan, Aracao, Orrakan ,or Arrakan ,နှင့် Aracan ဟု ဆင်တူရိုးမှားမှတ်တမ်း အသီးသီးတွင်တွေ့ရသည်။
    (၇) မြောက်ဦးမြေပုံကိုရေးဆွဲတင်ပြခဲ့သော (၁၆)ရာစု မြောက်ဦးမြေပုံ  (The Oringins of the Mrauk U Kingdom 1430-1593 )တွင်  Arraean ဟုသုံးစွဲထားပါသည်။ ( ARAKAN AND BENGAL (STEPHAN VAN GALEN )(1971) )
    (၈) Dr Suniti Bhushan Qanugo ရေးသားသော A history of Chittagong V0l. 1 တွင် ရခိုင်ဘုရင်များဖြစ်ကြသည့် မင်းဖလောင်း (အေဒီ ၁၅၇၁-၁၅၉၃)၊ မင်းရာဇာကြီး(အေဒီ-၁၅၉၃ -၁၆၁၂)၊မင်းခမောင်း (အေဒီ ၁၆၁၂-၁၆၂၂) တို့ကို Arakanese ဟုအထင်အရှား ဖော်ပြထားပါသည်။
    တိုင်းပြည်ကိုလည်း ARAKAN  ဟုသုံးစွဲထားခြင်းသည် ဘင်္ဂလီ ပညာရှင်တစ်ဦး၏သုတေသန ပြုလုပ်ချက်များဖြစ်ပါသည်။  ထိုကြောင့် ရခိုင်ဒေသနှင့်  စပ်လျှက်ရှိသော  တိုင်းပြည်များ၊  အိန္ဒိယ၊ ဘင်္ဂလားဒေခ်ျ၊ စသည့်တိုင်းပြည်များနှင့် ဥရောပ သားများဖြစ်သည့်  ပေါ်တူဂီ၊ ဒတ်ခ်ျ၊ ပြင်သစ်၊ အင်္ဂလိ၊ ဂျပန် ၊စသည့်နိုင်ငံများကလည်း ရခိုင်ကို (ARAKAN) ဟုခေါ်ဆိုလာကြသည်မှာ သမိုင်းခေတ်တစ်ခေတ်လုံးမှ ယနေ့တိုင်အောင် ဖြစ်ပါသည်။
    (၉)  ကမ္ဘာ့သုတေသီ Jacques Leider ရေးသားပြုစုသော “These Buddhist King with Muslim Names နှင့် (Adiscussion of Muslim  influence in th Mrauk -U Period) စာ ၁၉၀တွင် “ Arakan was a Buddhist Kingdom wich had a Muslim mrnority for several centuries”ဟု ဖော်ပြထားရာ  Arakan သည် ဗုဒ္ဓဘာသာဝင် ရခိုင်များ၏ တိုင်းပြည်သာဖြစ်ကြောင်း သိသာနိုင်ပါသည်။ MANRIQUE Sir , Arthur Phayer, D.G.E Hall, G Haevey, Dr Forechammer , M collis  , RB .Smart , PEMALA Gutman နှင့် တခြားသောနိုင်ငံခြားသားစာရေးဆရာတို့ကလည်း သူတို့၏ စာအုပ်များတွင် Arakan ဟု အစဉ်အမြဲ သုံးစွဲထားပါသည်။
    ၄။ ရခိုင်တို နေထိုင်ရာဒေသ
    ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်ရှိသည်။ ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းခြေဒေသဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင်ရခိုင်ရိုးမ တောင်းတန်းမှ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဆင်းသောမြစ်ကြီး(၄) သွယ်ရှိသည်။
    ယင်းတို့မှာ နတ်မြစ်၊ မေယုမြစ်၊ ကုလားတန်မြစ်၊ လေးမြိုမြစ်တို့ဖြစ်ကြသည်။  နတ်မြစ်သည်ဘင်္ဂလားဒေ့(ရှ်) နိုင်ငံနှင့် ရခိုင်ပြည်နယ်ကို  စည်းခြားထားသောနယ်နမိတ် မျဉ်း ဖြစ်သည်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံနှင့် ရခိုင်ြ့ပည် သည်မိုင်ပေါင်း (၁၅၂)မိုင်ဆက်စပ်လျှက်ရှိပါသည်။
    ၅။ ရခိုင်တို့၏နောက်ခံသမိုင်းကြောင်း
    ရခိုင်လူမျီုးတို့သည် ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်းနှင့်ကာလရှည်ကြာစွာ နေထိုင်ခဲ့သော လူမျီုးဖြစ်ပါသည်။ ရခိုင်တို့၏သမိုင်း၌ ခေတ်ကြီးလေးခေတ် ကိုဖြတ်ကျော်ခဲ့သည်။  ယင်းမှာ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ် မြောက်ဦးခေတ်တို့ဖြစ်သည်။
    ဓညဝတီခေတ်တွင်  ပထမ ဓညဝတီ (ဘီစီ ၃၃၂၅) တွင်လည်းကောင်း၊ ဒုတိယဓညယတီကို (ဘီစီ ၁၅၀၇) တွင်လည်းကောင်း၊  တတိယ ဓညဝတီကို  (ဘီစီ၅၈၀) တွင်လည်းကောင်း၊ မင်းနေပြည်တော်မြို့များအဖြစ်တည်ထားခဲ့သည်။ တတိယ ဓညဝတီမှ ဝေသာလီသို့ (အေဒီ ၃၂၇ )တွင် ပြောင်းရွှေ့ခဲ့ပါသည်။ ဝေသာလီခေတ်တွင် ကုန်သွယ်မှုများ တိုးပွားလာခဲ့သည်။ ကုန်စည်ကူးသန်းမှု ဖွဲ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရွှေ ဒင်္ဂါး ငွေဒင်္ဂါးများကိုခတ်နှိပ်လာရသည်အထိ စီးပွားတိုးတက်လာခဲ့သည်။
    ရက္ခဝဏ္ဏ ရခိုင်အက္ခရာလည်း ဝေသာလီခေတ်မှ စတင်ခဲ့သည်။ တတိယဓည၀တီခေတ်မှစ၍ ရခိုင်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော  လူမျိုးများဖြစ်လာကြသည်။ ထိုကြောင့် ရခိုင်ပြည်အနှံ့ ဘုရားကျောင်းကန်စေတီ၊ ပုထိုးအမျိုးမျိုးနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦး များပြားလာသည်။  ရခိုင်တို့ရေးထိုးခဲ့သော ကျောက်စာများတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော  အလှူအဒါန်းများကိုတွေ့ရသည်။
    လေးမြိုခေတ် (အေဒီ ၈၁၈ မှ ၁၄၃၀)တွင် ရခိုင်ဘုရင်တို့သည် ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ကို ရှေးမူမပျက် ပြုပြင်ခဲ့ကြောင်း  ဗုဒ္ဓဂယာ၌ရှိသော ကျောက်စာတွင် ရေးထိုးထားခဲ့ပါသည်။ မင်းထီး၏ကောင်းမှုတော်ဖြစ်သော တိဿဘုရားကျောက်ဆင်းတုတော်ကို ယနေ့တိုင် မြောက်ဦးမြိ့ရှိ လောင်းကြက်မြိုတော်ဟောင်း၌ ဖူးတွှေ့နိုင်ပါသည်။
    မြောက်ဦးခေတ်သည် (အေဒီ ၁၄၃၀ မှ ၁၇၈၅ ထိ) နှစ်ပေါင်း (၃၅၅) ကြာခဲ့ပါသည်။ ရခိုင်ဘုရင်းမင်းဆက်ပေါင်း (၄၉)ဆက်တိတိ အုပ်ချုပ်ခဲ့သော ခေတ်ဖြစ်သည်။  မြောက်ဦးခေတ်ကို ပထမမြောက်ဦးခေတ်၊ ဒုတိယ မြောက်ဦးခေတ်၊  တတိယမြောက်ဦးခေတ်ဟု သမိုင်းဆရာတို့က ခွဲခြား မှတ်တမ်းတင်ထားပါသည်။
    မြောက်ဦးမြို့တော်အတွင်း ရခိုင်ဘုရင်များသည် ဗုဒ္ဒဘာသာ ကိုကြည်ညိုကိုးကွယ် ကြသူများဖြစ်၍  ၎င်းတို့၏ တည်ထားခဲ့သော ဗုဒ္ဓဘာသာဆိုင်ရာ စေတီပုထိုးများကို နေရာအနှံ့ ယခုထက်တိုင် မြင်တွေနိုင်ပါသည်။ ထိုစေတီများကို ကမ္ဘာကျော် အမ်ကောဝပ်ကျောင်းတော်များနှင့် နှိုင်းယှဉ်၍ လေ့လာနိုင်ပါသည်။ မြောက်ဦးခေတ်ကို စတင်တည်ထောင်ခဲ့သော  မင်းစောမွန်၏ မြို့တည်ဘုရား ငါးဆူအနက်မှ တစ်ဆူဖြစ်သော လေးမျက်နှာ ဘုရားကြီးနှင့် ကျန်လေးဆူကို  ယခုတိုင် ဖူးမြော်နိုင်ပါသည်။  ထိုဘုရားများကိုကြည့်ခြင်းအားဖြင့် မင်းစောမွန်၏ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှု နက်ရှိုင်းပုံကို သိသာနိုင်ပါသည်။
    မြောက်ဦးခေတ် ဘုရင်များသည်  သူတို့ပိုင်ဆိုင်သော ဘင်္ဂါ (၁၂)မြို့ကို လက်အောက်ခံဘုရင် ငယ်များထားရှိ၍  ထိုနယ်သားများကို အုပ်ချုပ်စေခဲ့သည်။ ထို့ကြောင့် လက်အောက်ခံ ဘုရင်ငယ်များနှင့် ခေတ်ပြိုင် မဂိုဘုရင်တို့က ချီးမြှင့်သည့် မူဆလင် ဘွဲ့များကိုလည်း ရခိုင်ဘုရင်အချို့က လက်ခံရရှိခဲ့ပါသည်။ ထိုသို့ မဂိုအမည်ဘွဲ့ရရှိသည့် ဘုရင်များမှာ မင်းခရီ ဘစောဖြူ မင်းဒေါင်းလျာ၊ ဘစောညို၊ မင်းရန်အောင်၊စလင်္ကာသူ၊ မင်းလှရာဇာ၊ မင်းစောအို၊ သဇာတမင်း၊ မင်းဘာကြီး၊ မင်းဖလောင်း၊ မင်းရာဇာကြီး၊ မင်းခမောင်းတို့ (၁၃) ပါးဖြစ်ကြသည်။
    ထိုဘုရင်များသည် ပထမမြောက်ဦးခေတ်နှင့် ဒုတိယမြောက်ဦးခေတ်မှ ဘုရင်(၂၁)ပါး အနက်မှ (၁၃)ပါးသာ ဖြစ်သည်။ သိုသော်လည်း ထိုဘုရင်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ထိုကြောင့် မြောက်ဥိးမြို့အနှံ့တွင် ဘုရားစေတီများ တည်ထားကိုးကွယ်ခဲ့သူများ ဖြစ်သည် (ပူးတွဲပါ စာရင်းကို ဖော်ပြပါသည်)။
    မြောက်ဦးခေတ် နှောင်းပိုင်းတွင်  ရခိုင်ပြည်တွင် နန်းလုပွဲများ၊ ပုန်ကန်မှုများ၊ မငြိမ်မသက်မှုများ အကြိမ်ကြိမ် တွေ့ကြုံလာရသောကြောင့် မြောက်ဦးမြိုတော်သည် အင်အားချိနဲ့လာခဲ့ရသည်။ ထိုကြောင်း (၁၆၆၆) ခုနှစ်တွင် ရခိုင်ဘုရင်တို့နယ်မြေဖြစ်သော  ဘင်္ဂင်္ါ (၁၂) မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ တတိယ မြောက်ဦးသည် နှစ်ပေါင်း (၁၄၇)နှစ်ကြာမြင့်ပြီး ဘုရင်ပေါင်း(၂၈)ပါး စိုးစံအုပ်ချုပ်ခဲ့သော်လည်း  မည်သူတစ်ဦး တစ်ယောက်မျှ မူဆလင်ဘွဲ့အမည်ကို ချီမြင့်ခြင်း မခံရပါ။
    တဖြည်းဖြည်းနှင့် အင်အားချိနဲလာသောရခိုင်ကို အမရပူရတပ်က စစ်မကြေညာဘဲ ချီတက်ကာ သိမ်းပိုက်သောကြောင့် (၄၅)ရက်အကြာ တိုက်ပွဲံဖြစ်ပြီးနောက် ရခိုင်မြောက်ဦးဘုရင်ခေတ် (အေဒီ ၁၇၈၅ )တွင် နိဂုံး ချုပ်ခဲ့ပါတော့သည်။
    (၆)  ရိုဟင်ဂျာမရှိကြောင်း
    ယခုအခါ ရခိုင်ပြည် နတ်မြစ် အရှေ့ဘက်ရှိ နေထိုင်သူများသည် ဘင်္ဂလီ အများစု ဖြစ်လာသည်။ ထိုသူတို့သည် အင်္ဂလိပ်ခေတ်မှ စ၍ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရန် အတွက် တစ်ဖက်နိုင်ငံမှ လာရောက်သော အလုပ်သမားဖြစ်၏။ မြန်မာနိုင်ငံလွှတ်လပ်ရေးရပြီးသည့်နောက်ပိုင်း စစ်တကောင်းဒေသမှ လာရောက်သော “စစ်တကောင်းနွယ်ဖွား၊ ဘင်္ဂလီလူမျိုး”များ ဖြစ်သည်။
    အင်္ဂလိပ်ခေတ်မှစ၍ “ဒေါက်တာ ဘနာ၈ျီမှတ်တမ်း စာအုပ်” မောင်တော ကျွန်းအုပ် ဦးမောင်ညို၏ မှတ်တမ်းစာအုပ်” စစ်တွေခရိုင် ဂေဇက်တီးယား စာအူပ်များ “ ဦးစထွန်းအောင်၏ မှတ်တမ်းစာအုပ်များ” မင်းကြီး မစ္စတာ ဂျိမ်းဘက်စ်နာ ဦးဆောင်သော စုံစမ်းရေး အစီရင်ခံစာများတွင် “စစ်တကောင်းသားများ ဘင်္ဂလီများ” ဖြစ်ကြောင်း မှတ်တမ်း တင်ထားခဲ့သည်။  ထိုအချိန်တွင်လည်း ရိုဟင်ဂျာဆိုသော အမည်ရှိ လူမျိုးများရှိကြောင်း မည်သူမျှ မဖော်ပြခဲ့ပါ။
    အင်္ဂလိပ်အစိုးရ လက်ထက်တွင် ရခိုင်နယ်စပ်ဒေသများနှင့် စစ်တွေခရိုင်တို၌ စစ်တကောင်းသား ဘင်္ဂလီဦးရေ ဝင်ရောက်လာမှုသည် ကြောက်မက်ဖွယ် တိုးတက်လာမှုရှိကြောင်း  မင်းကြီးမစ္စတာ ဂျိမ်းဘက်(စ်)တာ ဦးဆောင်သော စုံစမ်းရေးကော်မရှင်အဖွဲ့က ဤဘင်္ဂလီများ ကျူးကျော်ဝင်ရောက်လာမှုကို မတားဆီး နိုင်ခဲ့လျှင်လူမျီုးရေး အဓိကရုန်း ကြီးဖြစ်လာနိုင်ဟု အစီအရင်ခံခဲ့ကြောင်းတွေ့ရသည်။
    ထိုစုံစမ်းရေး သတိပေးခဲ့သည့် အတိုင်းပင် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းတွင် ဘင်္ဂလီလူမျိုးတို့နှင့်  ရခိုင်လူမျိုးတို့ ကြီးမားသော လူမျိုးရေ အဓိကရုန်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအဓိကရုန်း၌ များစွာသော အပြစ်မဲ့ ရခို်င်အမျီုးသမီးများ၊ ရခိုင်သက်ကြီး ရွယ်အိုများ၊  ရခိုင်လူမမယ်များ၊  အသက်ဆုံးရှုံးခဲ့ရဘူးသည်။ ထိုပြဿနာများကြောင်း  များစွာသော မူလဌာနေ ရခိုင် အမျိုးသားတို့သည် မိမိတို့၏ လယ်ယာ ၊မြို့၊ရွာ၊ဒေသ၊ အားလုံးကိုစွန့်ခွါ၍ အရှေ့ဘက် မြန်မြာ့ပည်သို့ ရွှေ့ပြောင်း ထွက်ပြေးကြသည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။
    ရခိုင်ပြည်ကို အင်္ဂလိပ်တို့ဝင်လာစဉ်က စစ်တွေခရိုင် အုပ်ချုပ်ရေးအရာရှိ အရေးပိုင် မစ္စတာ စမတ်၏ လူဦးရေသန်းခေါင်စာရင်းအရ ဘင်္ဂလီ (သုံးသောင်း) ရှိသည်ဟုဖော်ပြထားသည်။ ထိုကြောင့် အင်္ဂလိပ်ခေတ်တွင် ရိုဟင်ဂျာလူဦးရေဟူ၍  လုံးဝ (လုံးဝ) မရှိကြောင်း ထင်ရှားသည်။  ရိုဟင်ဂျာလူမျိုးဟူ၍ ကမ္ဘာ့သမိုင်းတွင် လည်းကောင်း၊ အရှေ့တောင်အာရှ သမိုင်းတွင်းလည်းကာင်း မတွေ့ရှိရပါ။
    မြန်မာ့သမိုင်း၊ ဘင်္ဂလီသမိုင်းနှင့် ရခိုင်သမိုင်းတို့တွင်လည်း ထိုရိုဟင်ဂျာ လူမျိုးကို မတွေ့ရှိရပါ။   ရခိုင်ကို မြန်မာတို့သိမ်းပိုက်စဉ်ကလည်း ရခိုင်တွင် ဘင်္ဂလီလူမျိုးများ ရိုဟင်ဂျာ လူမျိုးများရှိကြောင့်  ရခိုင်သမိုင်းမှတ်တမ်းများနှင့် မြန်မာ့သမိုင်း မှတ်တမ်းများတွင် မတွေ့ရှိရပါ။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု တိုက်ပွဲတွင်သမိုင်းများတွင် အင်္ဂလိပ်တို့ကို မြန်မာတိုင်းရင်းသားတို့ တိုက်စဉ်အခါကလည်း ရိုဟင်၈ျာ လူမျိုးများပါဝင်ကြောင်း မတွေ့ရှိရပါ။
    ၈ျပန်ခေတ် ၈ျပန်တို့ကို  မြန်မာတိုင်းရင်းသားတို့ တိုက်ထုတ်စဉ်အခါကလည်း ရိုဟင်ဂျာ လူမျှိုးများ ပါဝင်ကြောင့် မတွေ့ရှိရပါ။ လွတ်လပ်ရေး ရပြီးခေတ်တွင် ဘင်္ဂလီ တစ်ချိုက မူဂျာဟစ် အမည်ခံကာ ဆိုးသွမ်းသောင်းကျန်းလာခဲ့သည်ကို စတင်တွေရှိရပြီး ယင်းနောက်ပိုင်းတွင် သောင်းကျန်းသူ ဘင်္ဂလီ တစ်ချို့က  ရိုဟင်ဂျာအမည်ခံကာ  လူမျိုးသစ်တခု အမည်သစ်ကို ဖန်တီးလာကြောင့် သမိုင်းမှတ်တမ်းများတွင် တွေ့လာရသည်။
    (၇) ရိုဟင်ဂျာမဟုတ် ဘင်္ဂလီများအကြောင်း
    ရိုဟင်ဂျာဆိုသည့် စကားလုံးသည်  ဒုတိယ ကမ္ဘာစစ်ကြီးမတိုင်မှိအထိ လုံးဝမကြားဖူးသော နာမည် တစ်ခုဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် မှီတင်း နေထိုင်ကြသော  လူမျိုးစူများအထဲတွင် ရိုဟင်ဂျာ ဆိုသော လူမျိုးသည်  မည်သည့် အခါမှ မရှိခဲ့ပါ။
    ရိုဟင်ဂျာဆိုသူများသည်  တိုင်းရင်းသား လူမျိုးမဟုတ်ကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုး(၁၃၅)မျိုးတွင် ရိုဟင်ဂျာ မပါရှိကြောင်းကို နဝတ အစိုးရက (၂၁/၅/၉၂) နေ့တွင်လည်းကောင်း၊ ယခုလက်ရှိ အစိုးရက (၃၀/၈/၂၀၁၁) နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန် အစည်းဝေးတွင်လည်းကောင်း၊ အတိအလင်းကြေညာခဲ့ပြီး ဖြစ်ပါသည်။
    ထိုသူများသည်  ဘင်္ဂလီများ သာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားပါသည်။ မြန်မာနိုင်ငံသား  ဥပဒေပုဒ်မ (၃)တွင်  မြန်မာနိုင်ငံတွင်  ပါဝင်သော နယ်မြေ တစ်ခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် ခရာဇ်သက္ကရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင် ရှမ်း စသည့်  တိုင်းရင်းသား များနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်သည်ဟု ဥပဒေအရ အတိအကျ ဖော်ပြထားပြီးသား ဖြစ်ပါသည်။
    (၈)  ဘင်္ဂလီတစ်ချို့ (ARAKAN) အမည်ကို သုံးစွဲခြင်းအား အတိအလင်းကန့်ကွက်ချက်
    မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် ပါတီ ဗဟို၏ ညွန်ကြားချက်ဖြင့်  (၁၉၇၈) ခုတွင် Arakan ဟူသော အမည်အား ရခိုင်( RAKHINE )ဟု အစားထိုး သုံးစွဲလာရခြင်း ဖြစ်သည်။ (၁၉၈၇ ) မတိုင်မီက ရခိုင်ပြည်နယ်ကို ARAKAN  STATE) ဟုလည်းကောင်း၊ ရခိုင်ကို (ARAKAN)ဟု လည်းကောင်း၊ ရခိုင်လူမျိုးကို (ARAKANESE) ဟုလည်းကောင်း၊ စဉ်ဆက်မပြတ် သုံးစွဲလာခဲ့ပါသည်။
    ဥပဒေ ပြဌာန်း၍  ဖျက်သိမ်းခြင်းမျိုးမဟုတ်ပါ၊  လမ်းစဉ်ပါတီ၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံစာပေစိစစ်ရေး အဖွဲ့မှ အင်္ဂလိပ်ဘာသာဖြင့်  ရေးသားသော (ARAKAN )ဟူသော ဝေါဟာရကို (RAKHINE) ဟု အတင်းအဓမ္မ ပြောင်းလဲစေခြင်းကြောင့် (ARAKAN) ဟူဟော ဝေါဟာရသည်  မြန်မာနိုင်ငံအတွင်း တိမ်ကောပျောက်ကွယ်လုမတတ် ဖြစ်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း(၃၀)ခန့်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရခိုင်လူမျိုးတို့သည်  ထိုသို့ ပြောင်းလဲခြင်းကို မနှစ်သက်ခဲ့ပါ။
    သို့သော်ကမ္ဘာ တစ်ဝှမ်းက ရခိုင်အမျိုးသားတို့ကို (ARAKANESE)ရခိုင်ပြည်ကို Arakan ဟု ယနေ့ထက်တိုင် သုံးစွဲနေဆဲ ဖြစ်ပါသည်။ ကမ္ဘာ့သမိုင်းပညာရှင်များနှင့် ရခိုင်သမိုင်းကိုလေ့လာသူများသည် ယနေ့ထိ (ARAKAN)နှင့် (ARAKANESE) တို့သည်  ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်ဟု သိရှိနေဆဲ ဖြစ်ပါသည်။  တစ်ပါတီအာဏာရှင်စနစ်ကြောင်း ဖြစ်ပျက်ခဲ့ရသော အဖြစ်အပျက်တခုကြောင့် ရခိုင်လူမျိုးတို့ကို ခေါ်ဆိုသည့် (ARAKAN) သည်  ပျောက်ကွယ်လု ဖြစ်နေပြီး ဘင်္ဂလီ လူညာတစ်ချို့ လုယူသုံးစွဲလာသည်ကို ရင်ဆိုင်လာရသည်။
    ယခုအခါ ကမ္ဘာ့မူဆလင် ကွန်ဖရင့်စ်တွင် Arakan အမည်ကို  ဘင်္ဂလီလူညာတစ်ချို့က ထည့်ုသုံးဖော်ပြလာကြသည်။ ထို့အပြင် Monthly Arakan မဂ္ဂဇင်းများ၊  အင်တာနက်တွင် Arakan ဝပ်ဆိုက် အမည်ဖြင့်  ဘင်္ဂလီ တို့၏ ဓာတ်ပုံများ၊ ဘင်္ဂလီတို့ကိုးကွယ်ရာ  ဗလီများ၊ မွတ်ဆလင် တို့၏ ယဉ်ကျေးမှု ဝတ်စုံများကို ဖော်ပြထားကြသည်။
    တစ်ချို့တစ်ချို့သောစာအုပ်များတွင်  Arakan National Organnization (ANO) ARAKAN BURMAဟု မြန်မာနိုင်ငံ ရခိုင်ပြည် တွင်းမှ ထုတ်ဝေသလို လှည့်ဖျား ဖော်ပြထားသည်ကို တွေ့ရသည်။  ယခုအခါ ဘင်္ဂလီ လူလိမ်တစ်စု သည်Arakan နှင့်ပတ်သက်သော သမိုင်းများ၊ စာအုပ်များ၊ စာတမ်းများ စာစောင်များ၊ ဖန်တီးပြီး ကမ္ဘာသို့ လိမ်ညာဖြန့်ဝေလျှက်ရှိနေပါသည်။ ရခိုင်ပြည်နယ်အတွင်း နေထိုင်သောတချို့တစ်ချိုသော ဘင်္ဂလီင်္များသည်  ဤလူလိမ် မူဆလင်များ၏ လုပ်ရပ်များကို နှစ်သက်မှု မရှိကြောင်းကိုလည်း တွေ့နေရပါသည်။
    ဤသို့ Arakan အမည်ကို ဗြောင်ကျကျ လုယူသုံးစွဲနေမှုသည် ထုနှင့်ထည်နှင့် ကြီးကျယ် ခန်းနားသော Arakan အမည်ပါ ရခိုင်သမိုင်း၊ မှတ်တမ်း၊ ယဉ်ကျေးမှု၊ ဘာသာ၊ သာသနိက အဆောက် အအုံတို့ကိုပါ မတရား လုယူ အမည်ခံ ပုံမှားရိုက်ရန် စတင် ကြိုးပမ်း ခြင်းဟု ဂျာနယ်ပါ ပုံများက သက်သေပြလျှက်ရှိနေပါသည်။
    (၉) ဘင်္ဂများကြောင့်  ရခိုင်ပြည်သူများ လူ့အခွင့်အရေးများ ဆုံးရှုံးနေရပုံ
    ဘင်္ဂလီများနေထိုင်ရာ ဘင်္ဂလားဒေခ်ျနိုင်ငံနှင့်  ရခိုင်ပြည်နယ်သည် မိုင်ပေါင်း (၁၅၂)မိုင် ဆက်စပ်လျှက် ရှိနေပါသည်။ ဘင်္ဂလားဒေရှ်နိုင်ငံသည် ဧရိယာ စတုရန်းမိုင် (၅၈၂၀၀) ရှိပြီး လူဦးရေ သန်း(၁၇၀) နေထိုင်သော နိုင်ငံဖြစ်ပါသည်။
    ဘင်္ဂလားဒေရှ်နိုင်ငံရှိ ဘင်္ဂလီလူမျိုးတို့၏ ယဉ်ကျေးမှု အစဉ်အလာအရ လူဦးရေ ပေါက်ဖွားနှုန်းမှာ လွန်စွာမြင့်မားလျှက်ရှိပါသည်။
    ထိုကြောင့် ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေရှ်နိုင်ငံ၏ လူဦးရေ ပေါက်ဖွားမှုဒဏ်ကို ထိတွေ့ခံစားနေရပါသည်။ ရခိုင်ပြည်နယ်သည် ဧရိယာစတုရန်းမိုင် (၁၄၂၀၀) ရှိပြီးစတုရန်းတစ်မိုင်လျှင် လူဦးရေ (၂၂၀) ခန့်သာရှိသဖြင့် ဘင်္ဂလီများ အနေဖြင့် ကျူးကျော်ဝင်ရောက်နေထိုင်ရန် အကောင်းဆုံး နေရာ နှစ်သက်စရာနေရာ ဖြစ်လာသည်။
    ဘင်္ဂလီလူမျီုးတို့သည် တဖြည်းဖြည်း ရခိုင်လူမျီုးတို့၏ နေထိုင်ရာ ဒေသ၊ လယ်ယာမြေများ၊ဥယာဉ်ခြံမြေများ ဘဝရပ်တည်ရာ ဝမ်းစာရှာဖွေရေး လုပ်ငန်းများ၊ သဘာဝအရင်းအမြစ်များကို ဝါးမျိုးလာသည်မှာ ဒေသခံ ရခိုင်လူမျိုးများအဖို့ ဘ၀ရပ်တည်မှု မရနိုင်လောက်အောင် ဖြစ်လာနေပြီ၊  ဘင်္ဂလီတစ်ချို့ သောင်းကျန်းသူများအဖြစ် ဖန်တီးပြီး ရခိုင်များ မနေနိုင်အောင် ရွာများ ကိုမီးရှိုးဖျက်စီးမှုကြောင့် ရခိုင်ရွာများ  ပြောင်းရွှေခဲ့ရသည်။
    အေးချမ်းစွာ  နေလိုသော  ဘင်္ဂလီလူမျိုးများနှင့် ရခိုင်လူမျိုးများကြားတွင် မကြာမကြာ ပြဿနာ ဖန်တီးမှုကြောင့် ရခိုင်နှင့် ဘင်္ဂလီတို့ပဋိပက္ခ အသွင်သို့ တွန်းပို့နေသည်။
    ဤဖြစ်စဉ်များကြောင့် ရခိုင်လူမျိုးတို့၏ လူ့အခွင့်အရေးကို ကျူးကျော်ချီုး ဖောက်ခံလာရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါသည်။
    ရခိုင်လူမျိုးတို့သည်  တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကိုမရရှိခဲ့သည့်အတွက် ဘူးသီးတောင် မောင်တောရှိ ရခိုင်လူမျိုးတို့မှာ များစွာသော ဒုက္ခများနှင့် ကြု့တွေ့နေရသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။
    ၁၉၄၂ ခုနှစ်မတိုင်မီက ရခိုင်ဘင်္ဂလား နယ်စပ်မြိ့ရှိမောင်တောမြို့ရှိ ရခိုင်ကျေးရွာစုစုပေါင်းသည် (၁၉၅) ရွာရှိခဲ့ရာမှ (၁၉၉၂) ခုသို့ရောက်သော အခါ  ရခိုင်ကျေးရွာ(၄၆) ရွာသာ ကျန်ရှိတော့သည်။

    (၁၀)  ဘင်္ဂလီ လူလိမ်တစ်စုကြောင့် အနာဂါတ် ရခိုင်ပြည်သူ အခွင့်အရေးများသာမက ကမ္ဘာ့လူ့အခွင့် အရေးများ ဆုံးရှုံးသွားနိုင်ပုံ။
    ရခိုင်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သော လူမျိုြးုဖစ်ပါသည်။ မဟာမြတ်မုနိ ဘုရားဆင်းတုတော်မှာ ကမ္ဘာတွင် ရှေးအကျဆုံး ဗုဒ္ဓဆင်းတုတော် တစ်ဆူဖြစ်ကြောင်း ကမ္ဘာသိ ဖြစ်သည်။ ထိုမဟာမြတ်မုနိ ဆင်းတုတော်၏ မူလကိန်းဝပ်ရာနေရာသည် ရခိုင်ပြည် ဖြစ်သည်။
    ခေတ်အဆက်ဆက် ရခိုင်ပြည်ကိုအုပ်ချုပ်ခဲ့ကြသော မင်းအားလုံးတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် သူများ ဖြစ်ကြသည်။  ယင်းမင်းများ တည်ထားခဲ့ကြသော ကုသိုလ်ကောင်းမှု စေတီ ပုထိုးများသာ် ရခိုင်ပြည်တွင် ယနေ့တိုင် နေရာ တိုင်း လက်ညိုးထိုးမလွဲ တွေ့မြင့်နေရဆဲ ဖြစ်ပါသည်။
    ရခိုင်ပြည်နှင့် ဆက်စပ်လျှက်ရှိသော ဘင်္ဂလားဒေရှ်နိုင်ငံတွင် မူဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုး များနှင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ အတူလက်တွဲနေထိုင်လာသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။  အေးချမ်းစွာလက်တွဲနေထိုင်လာသည့် လူမျိုးနှစ်ခုကြားတွင်  ပြဿနာ အဖြစ်ဖန်တီးပေနေသော  ဘင်္ဂလီတစ်စုကြောင်း မူ၈ျာဟစ် ဟုလည်းကောင်း၊ ရိုဟင်ဂျာဟုလည်းကောင်း၊ ရခိုင်မူဆလင်ဟု လည်းကောင်း  အာရကန်ဟုလည်းကောင်း မြန်မာမူဆလင်ဟုလည်းကောင်း၊  အမည်ခံကာ ကမ္ဘာ့ မူဆလင်များကြားတွင် သနားစဖွယ် လူ့အခွင့်အရေး ချီုးဖေါက်ခံရသူများဟုဆိုကာ ငွေကြေး ရယူတောင်းရမ်းပြီး စီးပွားရှာနေကြသည်မှာ ကြာပြီဖြစ်ပါသည်။
    ထိုသူများသည် ကမ္ဘာ့နိုင်ငံအသီးသီး၌ စီးပွား ဖြစ်ကာ အနေချောင် အစားချောင် ဖြစ်လာသည်မှာလည်း ကြာပြီဖြစ်သည်။ သို့ဖြစ်ပါ၍  ဤလုပ်ရပ်များကို ကမ္ဘာလမူဆလင် အဖွဲ့ချုပ်နှင့် ကမ္ဘာသူ ကမ္ဘာသားတစ်ရပ်လုံးမှ ဖြစ်ရပ်မှန်ကို လေ့လာဆန်းစစ်ရန် ရခိုင်ပြည်သို့ တစ်ခါ တစ်ခေါက် လာရောက်ရန် ရခိုင်လူထု တရပ်လုံးမှ ဖိတ်ခေါ်ပါသည်။ သို့မှသာ ရခိုင် Arakan ဒေသသည် ဘင်္ဂလီ မူဆလင်တို့၏ နယ်မြေဖြစ်နိုင်သလော၊ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့၏ နယ်မြေပင် ဖြစ်သလော အမှန်အတိုင်း မြေကြီးက သက်သေ ဆိုပါလိမ့်မည်။
    (၁၁) ရခိုင်အမျိုးသားတို၏ ARAKAN အမည်ကို အဓမ္မ သိမ်းပိုက်မှု အပေါ် မျက်ကွယ်မပြုဘဲ ကမ္ဘာသူ ကမ္ဘာသား များ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန်။
    ကမ္ဘာပေါ်ရှိ လူသားများသည် မိမိတို့ယုံကြည်သက်ဝင်ရာ ဘာသာများကိုလွတ်လပ်စွာ ယုံကြည်ကိုးကွယ် ခွင့်ရှိပါသည်။ ယင်းသို့ကိုးကွယ်ုယုံကြည်ရာ  သာသနိက အဆောက်အအုံများသည်လည်း ကမ္ဘာ့ ယဉ်ကျေးမှု အဆောက်အအုံများ ဖြစ်ပါသည်။
    ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာ အဆောက် အအုံများသည်လည်း ကမ္ဘာ့ယဉ်ကျေးမှုပိုင် အဆောက် အအုံများ ဖြစ်ပါသည်မဟုတ်ပါလော၊ လူရမ်းကား လူလိမ် ဘင်္ဂလီတစ်ချို့ကြောင်း  ရခိုင်ပြည်ရှိ ဗုဒ္ဓသာသာနာအဆောက်အဦးများသည် ပျောက်ကွယ် ရတော့မည်။ ဤ အဖြစ်အပျက်များနှင့် ရင်မဆိုင်ရမီ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတိုအပေါ် ကမ္ဘာက မည်သို့ သဘောထားမည်ကို စောင့်ကြည့်ရန် သာရှိပါတော့သည်။
    ယခုအခါ လူလိမ် ဘင်္ဂလီတို့ကြိုးပမ်းမှုကြောင့် ဘူးသီးတောင် မောင်တော ရှီ ဘင်္ဂလီ လူမျီုးတစ်ချို့ကို ကမ္ဘာ့မူဆလင် အဖွဲ့မှလည်းကောင်း၊ မူဆလင်နိုင်ငံများမှလည်းကောင်း၊ NGO အဖွဲ့များနှင့် ပူးပေါင်းကာ လူသားချင်း စာနာမှုများဖြင့် လှူဒါန်းမှုများ ပြုလုပ်နေသော်လည်း ဒေသခံ ရခိုင်ပြည်သူများအတွက် ဤလှူဒါန်းမှုများနှုင့် လုံးဝ ဆက်စပ်မှုမရှိပါ။
    ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ ရပ်တည်မှုအတွက် လွန်စွာခက်ခဲ မှုများ ရှိပါသည်။ ရခိုင်ပြည်သူတို့အားထား နေရသော သဘာဝအရင်းအမြစ်များမှာလည်း ကုန်ခမ်းနေပါပြီ၊။ ရခိုင်လယ်ယာမြေများသည်လည်း ရာသီဥတု ဆိုးဝါးမှုကြောင့် သီးနှံစိုက်ပျိုး၍ မရတော့ပါ။ ရခိုင်ပြည်နယ် အတွင်းသို့ နှစ်စဉ် နီးပါး တိုက်ခတ်နေသော မုန်တိုင်းများသည်  ရခိုင်ပြည်နယ်ရှိ ရခိုင်သားများအဖို့ ကြီးမားသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်နေပါသည်။
    ဤကဲ့သို့လခိုင်မာသော သမိုင်းနှင့် ယဉ်ကျေးမှု၊ ဘာသာအပေါ် သစ္စာရှိသော ရခိုင်လူမျိုးများ၏ သမိုင်းစဉ်ဆက်ရှိခဲ့သော Arakan ဟူသော နယ်မြေနှင့် လူ့ အခွင့်အရေးများ ဆုံးရှုံးရမည့် အရေးကို တစ်ကမ္ဘာလုံးမှ ကူညီဖေးမပေးရန် လိုအပ်လျှက်ရှိကြောင်း တင်ပြအပ်ပါသည်။
    ပထမခေတ် မြောက်ဦးနှင့် ဒုတိယခေတ် မြောက်ဦး ရခိုင်ဘုရင်များကို မဂိုဘုရင်တို့ မူဆလင် အမည်ဖြင့် ချီးမြှောက်ခြင်းခံရသော ဘုရင်များနှင့် သူတို့ယုံကြည်သော ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦးများမှတ်တမ်း
    စဉ် ဘုရင်အမည် ခရစ်နှစ် လှူဒါန်းခဲ့သော သာသနိက အဆောက်အဦးများ

    ၁။






    ၂။

    ၃။

    နရမိတ်လှ (ခေါ်)မင်းစောမွန်

    မူဆလင်ဘွဲ့ချီးမြောက်ခြင်း မခံခဲ့ရပါ။



    နရနုမင်း(ခေါ်) မင်းခရီ(ခေါ်) မူဆလင်ဘွဲ့အမည် အလီခန်
    ဘစောဖြူမင်း(ခေါ်)
    မူဆလင်ဘွဲ့ အမည်
    ကာလိမာသျှာ

    ၁၄၆၀-၁၄၃၃






    ၁၄၃၃မှ ၁၄၅၉

    ၁၄၅၉မှ ၁၄၈၂

    ၁။လေးမျက်နှာ ပုထိုးတော်ကြီး
    ၂။ မြတန်ဆောင်း စေတီများ
    ၃။ မုတ်ဆိတ်တော်ဓါတ် စေတီ
    ၄။ မျက်မှောင်တော်ဓာတ် ဘုရား
    ၅။ မဟာဝိဇယရံသီ စေတီ
    ၆။ မြို့ဦးခေါင်းဘုရား
    ၇။  ကိုးတန့်စီ စေတီများ
    ၈။ ရွှေထီးမိုးဘုရား
    ၉။ ရွေှ့ဂူတောင်စေတီ
    ၁၀။ နန်းဦးဘုရား စေတီ
    ၁၁။ ဘားဘူးတောင် စေတီ
    ၁၂။ စန္ဒရာမစေတီနှင့် စန္ဒာရာမကျောင်းတိုက်
    ညီတော်စေတီ (ခေါ်) နရနုစေတီ
    လောကမဉ္ဇူစေတီ
    သာရဗ္ဗတစေတီ
    ၁။မဟာဗောဓိရွှေဂူ
    ၂။ ရတနာစံရွှေးစေတီ
    ၃။ရွှေ့ကြာသိမ်ဘုရားကြီး
    ၄။နရတ်စားဘုရား(ခေါ်)ရခိုင်တန်ဆောင်ဘုရား
    ၅။ဘစောဖြူဘုရား(ခေါ်) ရခိုင်တန်ဆောင်ဘုရား
    ၆။ မင်္ဂလတပ်ရာစေတီ
    ၇။တက္ကသီလဘုရား(ခေါ်) ကျားခြစ်ဘုရား
    ၈။ဆင်ဖြူတော်ကန်တော့ခံဘုရား
    ၉။ နန်းကျားသိမ်ဘုရားများ
    စဉ်။ ဘုရင်အမည်  ခရစ်နှစ် လှူဒါန်းခဲ့သောသာသနိကအဆောက်အဦးများ
    ၄။

    ၅။

    ၆။

    ၇။

    ၈။

    ၉။

    ၁၀။



    မင်းဒေါလျာ(ခေါ်) မင်းသုဒ္ဓေါလျှာ
    မူဆလင်ဘွဲ့အမည်
    (မောဥသျှာ)
    ဘစောညိုမင်း (ခေါ်) မူဆလင်ဘွဲ့အမည် မိုဟာသျှာ
    မင်းရန်အောင်  မူဆလင်ဘွဲ့အမည် နောရိသျှာ
    စလင်္ကာသူမင်း (ခေါ်) သိင်္ဂိသူမင်း(ခေါ်) မူဆလင်ဘွဲ့အမည် ဒေါလသျှာ
    မင်းရာဇာ(ခေါ်) မင်းလှရာဇာ
    မူဆလင်ဘွဲ့အမည်
    (၏လိသျှာ)
    ဂဇာပတိမင်း
    မူဆလင်ဘွဲ့အမည် မရရှိခဲ့ပါ
    မင်းစောအို(ခေါ်) ဇလတ္တာ စောမွန်မင်း(ခေါ်) စောမွန်ရာဇာ
    မူဆလင်ဘွဲ့အမည် ဇလသျှာ

    ၁၄၈၂ မှ
    ၁၄၉၂

    ၁၄၉၂ မှ
    ၁၄၉၄

    ၁၄၉၄ မှ
    ၁၄၉၄
    ၁၄၉၄ မှ
    ၁၅၀၁ ထိ

    ၁၅၀၁ မှ ၁၅၁၃

    ၁၅၁၃မှ
    ၁၅၁၅ ထိ
    ၁၅၁၅ မှ
    ၁၅၁၅ ထိ
    ၁။ ရတနသိင်္ဂိ စေတီ
    ၂။ စောနန်းမင်းဖြူကောင်းမှုတော် ဘုရား
    ၃။ညီမတော်ဘုရား
    ၄။ သုံးကျိပ်တစ်ဆူဘုရား
    ၁။ ရတနာမှန်ကင်းစေတီ

    ၁။ ထူပါရုံစေတီ

    ၁။ တေဇရာမ စေတီ
    ၂။  အနော်မာဘုရား

    ၁။ ပန်းကုံးသိမ် (ခေါ်) ဆုတော်ပန်ဘုရား

    ၁။ ဓာတ်ဖြူတောင်ဘုရား

    ၁။ လောင်ပန်းပြောက်စေတီ
    ၂။ သက်တော်ရှည်စေတီ
    ၃။ သက်တော်ရပုထိုး
    ၄။ နိဗ္ဗူဇာစေတီများ
    ၅။ လက်ကွယ် တောင်စေတီ(ခေါ်) လက်ကြွယ်တော်ဓာတ်စေတီ      
    ၆။ ရသေ့တောင်စေတီ (ခေါ် ဆုတော်ပန် စေတီ
    ၇။ ဝသဲဘုရား
       

    စဉ်။
    ဘုရင်အမည် ခရစ်နှစ် လှူဒါန်းခဲ့သောသာသနိကအဆောက်အဦးများ
    ၁၁။

    ၁၂။

    ၁၃။





    ၁၄။

    ၁၅။

    ၁၆။

    ၁၇။





    ၁၈။


    ၁၉။

    ၂၀။


    ၂၁။
    သဇာတမင်း(ခေါ်) မူဆလင်ဘွဲ့အမည် အာလိသျှာ
    မင်းခေါင်ရာဇာ  မူဆလင်ဘွဲ့အမည်မရရှိခဲ့ပါ
    မင်းဗာကြီး(ခေါ်) မင်းဘင် သင်္ခယာ (ခေါ်)သီရိသူရိယ စန္ဒမဟာရာဇာ (ခေါ်) မူဆလင်ဘွဲ့အမည် ဇဘောက်သျှာ



    မင်းတိက္ခာ(ခေါ်)  မင်းဒိဃာ
    မူဆလင်ဘွဲ့အမည် မရရှိခဲ့ပါ။
    မင်းစောလှ မူဆလင်ဘွဲ့အမည် မရရှိခဲ့ပါ။
    မင်းစင်္ကြာ(ခေါ်) စင်္ကြာဝတေးမင်း
    မူဆလင်ဘွဲ့အမည် မရရှိခဲ့ပါ။
    မင်းဖလောင်း(ခေါ်) မူဆလင်ဘွဲ့အမည် သိကွန်ဒါသျှာ




    မင်းရာဇာကြီး(ခေါ်) သတိုးဓမ္မရာဇာ(ခေါ်) နရာပတိမင်း(ခေါ်) မူဆလင်ဘွဲ့အမည်
    ဆောလိပ်သျှာ
    မင်းခမောင်း(ခေါ်) ဝရဓမ္မရာဇာ(ခေါ်)မူ ဆလင်ဘွဲ့အမည် ဥသျှောင်သျှာ
    သိရိသုဓမ္မရာဇာ
    (ခေါ်) မင်းဟရီ
    မူဆလင်ဘွဲ့အမည် မရရှိခဲ့ပါ။
    မင်းစနေ
    ၁၅၁၅ မှ
    ၁၅၂၁
    ၁၅၂၁
    ၁၅၃၁
    ၁၅၃၁ မှ
    ၁၅၅၃ ထိ





    ၁၅၅၃ မှ
    ၁၅၅၅ ထှိ

    ၁၅၅၅မှ
    ၁၅၆၄ ထိ
    ၁၅၆၄ မှ
    ၁၅၇၁ ထိ

    ၁၅၇၁ မှ
    ၁၅၉၃ ထ





    ၁၅၉၃ မှ
    ၁၆၁၂ ထိ

    ၁၆၁၂ မှ
    ၁၆၂၂ထိ

    ၁၆၂၂ မှ
    ၁၆၃၈ထိ

    ၁၆၃၈
    (၇)ရက်
    ၁။ ရတနာ သိဂ်ီစေတီ


    ၁။သျှစ်သောင်းပုထိုးတော်ကြီး(ခေါ်) ရန်အောင် ပုထိုးတော်ကြီး
    ၂။ရှမ်းတောင်စေတီ
    ၃။ ရန်အောင်တော် ဘုရား
    ၄။ တောင်မြင့်မိုရ် နန်းဘုရား
    ၅။ သိမ်ကြီးရွှေဂူ
    ၆။ရွှေဂူကြီး
    ၇။ ရွှေတောင်စေတီ
    ၈။ ကုလားမြို့စေတီ
    ၉။ သျှင်မြဝါစေတီ
    ၁၀။ စကားတောင်စေတီများ
    ၁၁။နံရိုးတော်ဓာတ်စေတီနှင့်ရင်ရိုးတော်ဓာတ်စေတီ
    ၁။ ကိုးသောင်းပုထိုးတော်ကြီး
    ၂။မိဘုရားကြီးဂူ


    ၁။ အလယ်စေတီ(ခေါ်) မင်းပေါင်းရွှေဂူ

    ၁။ ထုက္ကန်သိမ်ပုထိုးတော်ကြီး
    ၂။ ခြင်ကိုက်ပိဋကတ်တိုက်
    ၃။ ဘုရားအုပ်စေတီ
    ၄။ ပိစိတော်ဓာတ်စေတီ
    ၅။ ဘုရားအုပ်စေတီ
    ၆။ သကျရွှေဂူ
    ၇။ ရီတံခါး ဘုရား
    ၈။ ပခန်းသိမ်
    ၉။ရွှေမော်ဇောစာတီ
    ၁၀။မင်းခမောင်းပုထိုး(ခေါ်) ဂေါရီဝပုထိုး
    ၁၁။ ဦးရာဇ်တော် ဓာတ်စေတီ
    ၁၂။ ဆံတော်သျှင် စေတီ
    ၁။ အံတော်သိမ်ပုထိုးတော်ကြီး
    ၂။ ဘုရားပေါ်ဘုရားကြီး

    ၃။ သင်္ချိတ်တော်ဓာတ်စေတီ
    ၁။ ရတနာ ပြဿဒ် စေတီ
    ၂။ မျှော်တော်မူစေတီ
    ၃။ ရတနာပုံစေတီ
    ၄။ သကျ မဉ္ဇူစေတီ
    ၁။ တပင်တိုင်နန်းဦးဘုရား
    ၂။ သကျမာန်အောင်စေတီ
    ၃။ မင်းခေါင်ရွှေဂုစေတီ