ရခိုင်ရိုးမ။ ။ October 5, 2011
တက်ထွန်းနီ် (မြောက်ဦး) တင်ပြသည်။
( အဂုဖော်ပြရေ ဆောင်းပါးစွာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နိန့် က မင်းပြားမြို့နယ် ပန်းမြောင်းမြို့နယ်ခွဲမှာ ကျင်းပခရေ စာပီဟောပြောပွဲမှာ ဆရာဦးကျော်ထွန်းအောင် (တက်ထွန်းနီ -မြောက်ဦး)၏ ရခိုင်စာပီ ရီစီကြောင်း အပေါ် သူ၏အယူအဆတိကို စာဖတ်သူတိသိရှိအောင်တင်ပြပီးလိုက်ပါရေ။ ဆရာကြီး၏ ခံယူချက်နန့် သုတေသနပြုလုပ်ချက်ကို အခြေခံပနာ ပေါ်ထွက်လာရေ ဒေဆောင်းပါးရေ ဆရာကြီး၏ မူရင်းအသံသွင်းစီဒီက ရေးကူးထားစွာဖြိုက်ပါရေ ၊ အယ်ဒီတာ အဖွဲ့)(မှတ်ချက်။ ။ ဒေဆောင်းပါးသည် တင်ပြသူ ဆရာ တက်ထွန်းနီ၏ တင်ပြချက်အတိုင်းသာ ဖြစ်ပါသည်။ ရခိုင်ရိုးမ၏ အာဘော် ပါဝင်ခြင်း မရှိပါကြောင်း စာဖတ်ပရိသတ်တိကို ကြိုတင် အသိပီးအပ်ပါရေ။ )
အဂုပိုင် ၂၀၁၀ခု ဒီဇင်ဘာလ ၂၅ရက်နိန် မင်းပြားမြိုနယ် ပန်းမြောင်းမြို့နယ်ခွဲမှာ ကျင်းပပြုလုပ်တေ စတုတ္ထ အကြိမ်မြောက် စာပီဟောပြောပွဲကို ကြွရောက်လာကတ်တေ ရဟန်းရှင်လူ ပြည်သူအပေါင်းကို လေးစားပါ ကြောင်း ဦးစွာပထမ ပြောကြားလိုပါရေ။ ကျနော်နာမည်ကျော်ထွန်းအောင်ပါ။ကျနော် ပန်းမြောင်းက စာပီဟောပြောပွဲဖိတ်ကြားရေခါ ပန်းမြောင်းမှာရှိရေ ပြိုင်းတိုင်းတောင်ပေါ်မှာရှိ ရေ ၊ကျောက်ဆောင်မှာ ထွင်းထားရေ ကောက်ကြောင်းတိ အကြောင်းနန့်ပတ်သက်ပြီးကေ ဟောဖို့လားလို့ စိုင်းစားခပါရေ။
သို့သော် ကျနော်နန့် ရွီးဖော်ရွှီးဖက်စာရွီးဆရာတိက နောက်တစ်ခါ စာပီဝါသနာရှင်တိက ကျနော်ကို အေနိအချိန်မှာ ရခိုင်ပြည်မှာ ရခိုင်စာရေ ဖရိုဖရဲဖြစ်နိန်ရေ အတွက်နန့် ရခိုင်စာပီနန့်ပတ်သက်ပြီး ကေ စာပီဟောပြောပွဲံတိုင်းမှာ ဟောကြားပီးဖို့အတွက် ပန်ကြားရေအတွက်နန့် အေနိ ပန်းမြောင်းမှာ လာဟောေ ပြာရေ စာပီဟောပြောပွဲမှာ “ ရခိုင်စာပီ”ဆိုရေ ခေါင်းစိုင်နန့် စပြီးကေဟောပြောလားဖို့ဖြစ်ပါရေ။
မနှစ်ကလည်း ကျနော်ရခိုင်စာပီနန့်ပတ်သက်ပြီးကေ မင်းပြားမြိုနယ် ငပုကွကျေးရွာမှ ရခိုင်စာပီအကြောင်းကို ပြောကြားခပါရေ။
ဒေပိုင် ကျနော်ရခိုင်စာပီင်္အကြောင်းကို ရွီးချယ်ပြီးပြောရစွာက အေနိရခိုင်မာ စာပီနန့်ပတ်သက်ပြီး ကေ ကောင်းကောင်း ဂယက်ရိုက်လို့ရှိပါရေ၊ ဂယက်ရိုက်တေဆိုစွာမှာ လုံးဝရုပ်ပျက်ဆင်းပျက်ဖြစ်လာအောင် ထိ ဂယက်ရိုက်နီစွာပါ၊ ယင်းပိုင်ဂယက်ရိုက်စွာံတိကို ကျနော်အေနိခါ ရခိုင်မာရေ စာမရှိ ၊စာမရှိသိမ့် စာတီထွင် ကတ်ဖို့ ၊ ရခိုင်စာရေ ဗမာက ဆင်းသက်စွာ၊
ရခိုင်မာ စာမရှိဆိုတဲ့ လီသံတိရေ ပြင်းပြင်းထန်ထန် ပြောလာရေ အတွက်နန့် ရခိုင်မာလေ့ စာရှိရေ၊ ရခိုင်စာပီရီစီးကြောင်းရေ တစ်ရီတည်းစီးပြီးကေ ဓညဝတီ ခေတ်ကပင် အေနိထိ တစ်ဟုန်တည်းစီးနိန်ရေDepeloment ဖြစ်နီရေ ဆိုစွာကို အေနိခါ ဆွေးနွေးလားဖိုဖြစ်ပါရေ၊
ယင်းပိုင်ဆွေးနွေးရေအခါမှာ ရခိုင်စာနန့်ပတ်သက် ပြီးကေ ပြောဆိုဆွေးနွေးလားခကတ်တေ ရခိုင်ဘက် ကစာရွီးဆရာတိ အကြောင်းကိုစကေ ထည့်သွင်းပြောကြား လားဖိုဖြစ်ပါရေ။ ယင်းပိုင်ထည့်ပြောလားစွာရေ ကျနော်အနိန်နန့် ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်စွာမဟုတ်ဘဲ ပုဂ္ဂိုလ် ရေးထက် ရခိုင်လူမျိုးရခိုင်စာပီ ၏မျက်နှာကို ကြည့်ရဖိုဖြစ်နီရေအတွက်နန့်ပြောဆိုလားရဖိုဝေဖန်လားရဖို့နိန်ရာမှာကျနော်အနိန်နန့်ပြောမှားဆိုမှားရှိခကေလေ့သွင့် တကယ့်ပင်ရင်းမှာ ရခိုင်စာပီ၏ အကျိုးအာနိ သင် အတွက်ရာ ပြောကြားရေဆိုစွာကို နားလည်ပီးကတ်ဖို့နန့် သည်းခံပီးကတ်ဖို့ ပဏာ မတောင်းပန်ထားပါရေ။
စလို့ ကျနော် ဆရာမောင်ဗသိန်း ရခိုင်စာပီနန့်ပတ်သက်လို့ ဇာပိုင်ပြောလားခလေ ဆိုစွာကို တစိတ်ကေ တင်ပြပါမေ။ ပေါက်တောရွှေမြေမဂ္ဂဇင်း အမှတ်(၅)မှာ ၂၀၀၇ ခုနှစ်က ထုတ်စွာပါ၊ ရခိုင်မှာ ရခိုင်စာ အရီးအသားစံဟိယင်းလားလို့ဆောင်းပါးရွီးပါရေ၊ ယင်းဆောင်းပါးမှာ ရခိုင်စံအရီးအသားမရှိသိမ့် အေနိတိုင် အောင်ထိသဒ္ဒါစံက ပိုလို့တောင် မရှိသိမ့်၊ “ရခိုင်မာစာမရှိသိမ့်” လို့ပြောပါရေ။
ယေပြီးကေ ၁၉၅၅-၅၆ မှာ ရခိုင်တန်ဆောင်မှာလေ့သင့်လတ် မြန်မာဘာသာစကား ပညာရှင် ဦးတင်လှက ရခိုင်အမျိုးသားရို့မှာ မွန်လူမျိုး၊ ရှမ်းလူမျိုးတိမှာပိုင် စာပီ အရွီးအသား သီးခြားမရှိကေ မြန်မာအက္ခရာနန့်မြန်မာစာရွီးနည်း အတိုင်းရာ ရွီးနိန်ကတ်တေ ဖတ်သောအခါ ပြောဆိုသော အခါတွင်သာ ရခိုင်သံဖြင့်ပြောဆိုခြင်း၊ ဖတ်ကြားခြင်း ဖြစ်ပေသည်“ ဆိုပြီးကေ ရွိးခစွာကို သုက ထောက်ခံပြီးကေ အေ အဆိုရေ ကကောင်း မှန်ရေ ရခိုင်မာ စာမဟိသိမ့် ဆိုပြီးကေ ထောက်ခံပြီးကေ ရွီး ပါရေ။
နောက်တစ်ခါ ကျိန်းရိပ်မြေမဂ္ဂဇင်း အမှတ်(၇) ၂၀၀၉ မှာဆရာမောင်ဗသိန်းကလည်း ညောင်ပင်ချေကို ညောင်ပင်ချေကိုရီလောင်းကတ်မေ ဆောင်းပါးကိုရွိးပါရေ ယင်းဆောင်းပါးမှာ ရခိုင်ရိုးမ အမှတ်(၁)မှာ တာဝန်ခံစာတည်းဖြစ်တေ ဦးစံဖော်ရွိးရေ စာတစ်ပိုဒ်နန့် နိဒါန်းပျိုးထားပါရေ။
ယင်းပိုင်နိဒါန်းပျိုးထားစွာ မှာ ဦးစံဖော်က ဇာပိုင်ပျိုးလဲ ဆိုကေ အကျွန်ရို့နန့် ဧရာဝတီ မြစ်ရိုးတစ်လျှောက်က ညီအစ်ကိုရို့ရေ မဏ္ဍိုင်ညောင်ပင်ကြီး အောက်မှာ တတူထိုင်ဗျာယ်စာပီ ပြူကတ်ရပါရေ။
ဂနိမာတော့ခါ မဏ္ဍိုင်ညောင်ပင်ကြီး နှုန်းချင်းတည်း ဟိစွာကို တိုးပွားစည်ပင်အောင်လို့ဆိုဗျာယ် အကျွန်ရို့ ဘားက ညီအစ်ကို တစ်ချိုစွာ ညောင်ပင်ကြီး အောက်က ထွက်ပနာ ညောင်ပင်စိုက်ကတ်ဗျာယ် အကျွန်ရို့လေ့သွင့် အတူတူ မဏ္ဍိုင်ညောင်ပင် တစ်ပင်စိုက်ကတ်ပါမေ။
ယင်းညောင်ပင်ချေ ရှင်သန်ထွက်ဖိုအတွက်လည်း အကျွန်ရို့ကြိုးစား ကတ်ပါမေဆိုပြီးကေ ရွိးပါရေ၊ ယေပြီးကေဆက်လို့ရွီးစွာက ရခိုင်အရွီးအသားအစစ်ကို သမင်လိုင် ပြန်ကြည့်ကေလတ် အနှစ်(၅၀) ရာရှိပါသိမ့်ရေလတ်။
ရခိုင်စာရွီးစွာရေ အနှစ်(၅၀)ရာရှိသိ့မ်ရေ ၁၉၅၇ ခုနှစ် ရခိုင်တန်ဆောင်မဂ္ဂဇင်းကစပြီးကေရွိရေ ၁၉၅၇ ရခိုင်တန်ဆောင်မဂ္ဂဇင်းမှာ ရခိုင်အက္ခရာ သင်ပုန်းကြီးကို စတင်ဖော်ထုတ်ခစွာတွိရရေ။ယင်းခါမှ စာပီပျောက်လိုက် တိမ်လိုက် ရှိနိန်စွာရေ အဂု ၂၀၀၅ ခုနှစ်ထိရောက်တေခါ ရခိုင်စာပီ အရီးအသားတိရေ ရခိုင် ဝတ္ထုတိုပေါင်း ၁၄၁ ပုဒ် ဖြစ်ဗျာယ်ဆိုပြီး ကေ ဆရာပန်းအောင်က မှတ်တမ်းတင်ထားရေ နောက်စာပီအရွီးအသားကိုသုံးကတ်လေသွင့် စာပီအရွီးအသားရေစံမရှိသိမ့် ကမောက်ကမ ဖြစ်နိန်သိမ့်ရေ ဆိုပြီးကေရွီးပါရေ။
ယေချင့်တိက သူရို့ အဆိုအရဆိုကေဘာသာဗေဒပညာရှင်ဦးတင်လှက အေစာရေမင်းရိုစာမဟုတ် ငါရို့ဗမာစာဖြစ်တေဆိုစွာ မှန်ရေ ရခိုင်မာစာမရှိ ရခိုင်မာစာဆိုစွာ ၁၉၅၇ခုမှာမပေါ်ရေ ယင်းချင့်လေ့သွင်း ရခိုင်တန်ဆောင်မှာ ရွီးစွာ ယင်းချင့်က ပင် အနှစ်၅၀ရာရှိသိမ့်ရေဆိုပြီးကေ ရွီးကတ်ပါရေ။
လူမျိုးတစ်မျိုးမှာ စာပီရေ ကောင်းကောင်းအရေးကြီးပါရေ။ ယင်းစာပီ၏ဂုဏ်ရေ ကောင်းကောင်း အရေးကြီးပါရေ။ လူမျိုးတစ်မျီုးမာ စာမရှိ ပီမရှိဆိုရေ စောစောကသဘာပတိ ပြောလားခပိုင် Literature ဆိုစွာရေ ပတင်းပေါက်လည်းဖြစ်တေ တံတားလည်းဖြစ်တေ အသိ အမြင်တိုးတက်ရာလဲဖြစ်တေ။
နောက်တစ်ခါ IQလည်းဖြစ်တေ (Education)လည်းဖြစ်တေ စာပီမရှိဘဲနန့် နှစ်ပေါင်း ၅၀ကမှာ ပေါ်ရေဆိုကေ ရခိုင်သားတိစွာ ကောင်းကောင်းအောက်တန်းကျလီပါဖို့ဗျာယ် ယင်းတွက်နန်း ကျနော်ရို့ရေ မပြောမဖြစ် မတီးမမြည်ဆိုပြီးကေ ငပုကွမှာ သတိပီးပြီးကေ ပြောခပါရေ။ သို့သော်ရပ်တန့်မှု မရှိဘဲနန့် ပိုပြီးတိုလာပြီးကေ ၂၀၁၀ခုနှစ် စက်တင်ဘာလ ၂၂ရက်နိမှာ စစ်တွေမြိုမှာ ဦးစစ်ဟန်အိမ်မာ အစည်းဝေး ကျင်းပပါရေ။
ယင်းအထဲမှာကျင်းပစွာက ဇာပိုင်ကျင်းပလဲဆိုကေ ဆရာမောင်ဗသိန်း နန့် ဆရာထွန်းရွှေခိုင်ရို့ရေ ရန်ကုန်ကိုလားခကတ်တေ ရန်ကုန်မာနိန်ပြီးကေ တိုင်းရင်းသားလူမျိုးစုတိ စာပီပြုစုဖို့အတွက် စည်းဝေးနိန်ရေ အစည်းဝေးကိုတက်ပါရေ။
ယင်းတိုင်းရင်းသားလူမျိုးစုတိ စာပီအစည်းဝေးရေ ဇာပိုင်အစည်းဝေးလဲဆိုကေ တိုင်းရင်းသားလူမျိုးစုတိမှာ အဂုလက်ရှိ မြန်မာစာပီကိုသင်ကြားဖို့အတွက်ဘာသာစကား အခက်အခဲကောင်း ကောင်းရှိပါရေ သင်လို့မရပါ။
ကျနော်ရို ရခိုင်သားတိမှာ တခုပိုင်လဲ အခက်အခဲမရှိ ကျနော်ရိုမာ အဖိုးအဖီးရို့လည်း ဒေစာကိုရခိုင်စကားနန့်သင်ခကတ်စွာဗျယ် တခုလေ့သွင့် အခက်အခဲမရှိခ၊ ရှမ်းတိ ကရင်တိမှာ သင်ကြားဖို့ အခက်အခဲရှိရေ အတွက်နန့် အင်္ဂလိပ်ခေတ်မှာသူရို့ကိုစာတိပီးတိ တီထွင်ပီးခကတ်တေ။
ရှမ်းချင်း ကရင် စသည်ဖြင်တီထွင်ပီးခကတ်တေ သို့သော် နောက်ပိုင်းမာ နိန်ပြီးကေ ဒေလူမျိုးစုချေတိမာကျခါ ဒေစာသင်ဖိုစွာရေကောင်းကောင်း အခက်အခဲရှိရေ အတွက် UNDP ကကြီးမှူးကျင်းပပြီးကေ ဖောင်ဒေရှင်းတိဖွင့်ပြီးကေ ရန်ကုန်မှာ ကျင်းပရေ လောလောဆယ် ၂၁ ရက်နိက ကျင်းပခရေ အစည်းအဝေးက ဇာအစည်းအဝေးလဲဆိုကေ ငြိမ်း ဖောင်ဒေရှင်း ကချင်ပြည်နယ်က ငြိမ်း ဖောင်ဒေရှန်းတခုက ဦးဆောင်ပြီးကေ ကျင်းပရေ အစည်းဝေး..။
ယင်းမှာ သူရို့က လူမျိုးစုချေတိကိုဇာလုပ်လဲဆိုကေ စာပီးတိတီထွင်ပီးကတ်တေ ယင်းပိုင်တိထွင်ပီးစွာမာ နောက်ဆုံးတီထွင်စွာက ဇာလည်းဆိုကေ ကယန်း အမျိုးသား ကယားလူမျီုး၊ ယင်းသူ့ရို့မှလူဦးရေ ၂ သိန်းလောက်ရာရှိပါသိမ့်ရေ၊ ယင်းသူရို့ကိုစာတီထွင်ံပီးရေ ဇာဖြစ်လိုတီထွင်ပီးလည်းဆိုကေ စာသင်ကြားရေခါ အချေတိ ရေ(Development) မဖြစ်။ ကမ္ဘာ ကြီးနန့်ရင်ဘောင်မတန်းနိုင် စာမတတ်။
စောစောက သဘာပတိပြောလားခပိုင် စာမတတ် ပီမတတ် မဖြစ်ရအောင်ဆိုပြီးကေ လူသားတိုင်းစာတတ်အောင် လူသားတိုင်း ဂလိုဘယ် လိုင်းဇေရှန်း တိ မှာဝင်အောင် ဆိုပြီးကေ ကုလသမဂ္ဂ အစီအစိုင်တိ နန့်သင်ပြီးကေ ယင်းနေရာတိကို တက်ပါရေ။
တက်တေခါ ကျနော်ရို့ ဘားက ပုဂ္ဂိုလ် နှစ်ယောက်ကတော့ခါ လူမျိုးစု ကို ကိုယ်စားပြူစွာတော့ မဟုတ် လို့ ပြောရေသို့သော် တက်တေ ခါမှာ ဆရာဦးထွန်းရွှေခိုင်က ယင်းမာစာတမ်းတင်ပါရေ ။ ယင်းစာတမ်းတင်စွာံရေ ပြည့်စုံလား မပြည်စုံလား တော့မသိပါ၊သို့သော် မပြည်စုံလို့တော ထင်ရပါရေ။
ထင်ရရေ အတွက်နန့် ယင်းချင့်မှာ ဆရာကြီးမောင်ဗသိန်းက ထပ်ပြီးကေ အခွင့်တောင်းတောင်းပြီးကေ တငိပါရေ။ ဇာပိုင်တင်လဲဆိုကေ ဘသာစကားသုတေသီ L.F တေလာက မြန်မာစကားအုပ်စုမှာ မျီုးတူသံကွဲ ရှစ်မျီုးရှိပါရေလတ်၊ ယင်းလူမျီုးစု ၈မျီုးထဲမှာ မြန်မာ ရခိုင် ထားဝယ် အင်းသားး ယော ဓနု၊မွန်၊ နှစ်မျီုး တောင်ရိုးဆိုပြီးကေ ရှိပါရေလတ် ယင်းပိုင်လူမျိုးစုတိရှစ်မျီုးရေ တိဗက် တရုတ်ဘာသာစကားကိုပြောပါရေလတ်။
ယင်းပိုင်ြေ့ပာရေခါမှာ အသံတူကြောင်းကွဲတိရှိပါရေလတ်.။ ယင်းပိုင်ပြောတဲ့ အချိန်မျီုးမာ မြန်မာ နန်ရခိုင်ကောင်းကောင်းတူပါရေလတ် မြန်မာနန် ၇ခိုင်တူစွာ နှစ်ပေါင်း တစ်ထောင်ကျော်လောက်က အတူတူနိန်ခပြီးကေ လမ်းခွဲခရေအတွက်နန်တူေ၇လတ်၊ ယင်းချင်ရေ တေလာ ပြောစွာကိုတင်ပြပါရေ။
ယင်းစကားမှန်ကြောင်းကို ပုဂဲံမြန်မာကျောက်စာ လေးမြိုခေတ်ကျောက်စာရို့ရေ တးတူ ဖြစ်နိန်ရေဆိုစွာကို သက်သီအထောက် အထားရှိပါရေလတ်။ယင်းစုနန့် ပုဂံခေတ်မှာ ကျကေ ကျောက်စာမှာ ရေကို ရီ ၊လေကို လီ၊ နေကိုနိဆိုပြီးကေ ရွီးပါရေ။ ရခိုင်စကားပါဗျာယ်။
ဥပမာ ခြုပ်မကို ခြုပ်မ၊ နောက်တစ်ခါနီပြီးကေ ကရားနန့်ရီသွန်ရေလို့ မရွီးပါ၊ရီစက်ချစွာကို ဘဲနန့်ရီစက်ချရေလို့ရာရွီးပါရေ။ ယင်းပိုင်ရွီးနီစွာက နီပြီးကေလတ် ဗမာက ရီကို ရေလို့ရွီးလာရေ။ ယင်းပိုင်ကွာခကတ်တေလတ်။ ယင်းတွက်နန့်ရခိုင်နန့်ဗမာရေ တစ်ချိန်က တူပြီးကေ အဂုမတူဗျာယ်လတ်။
ယကေ ဗမာမှာ စာရှိပိုင် ငါရို့မှာလေ့စာရှိရေလတ်၊ ဗြိတိသျှခေတ်မှာ တိုင်းရင်းသားကျောင်းတိမှာနီပြီးကေ ရခိုင်အသံနန့်စာသင်ကတ်ပါရေလတ်၊ဗမာစာကိုဘဲ ရခိုင်အသံနန့်သင်ရေ။ ရခိုင်စကားနန့် ရှင်းပြကတ်ကေ အချေတိနားလည်ကတ်ပါရေလတ်။
၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာရေ အဂုလက်ရှိမြန်မာစာကို ရုံးသုံးစာအဖြစ်လုပ်လိုက်တေခါလေ့သင့် ဒေစာကိုဘဲ ရခိုင်ပြည်မှာ သင်ကတ်တေ။ ပြုကတ်တေ။ ရခိုင်ပြည်မှာရှိတဲ့ မြို၊ ခမီး ၊ချင်း တိလည်း ရခိုင်စကားကို တတ်ကတ်တေအတွက်နန့် အခက်ခဲမရှိပါ။
ယေစုနန့် ရခိုင်စကားနန့်သင်ခကတ်ပါရေ၊ သို့သော် အဂုဒေလူမျိုးစုအနိန်နန့် ဒေဂုစာပီကိုတီထွင်ဖို့ ကိုယ့်စကားတိနန့် လုပ်ဖို့ဆိုစွာတိမှာ ကျနော်ရီု့ ပါဝင်ပါဖိုလတ်။ ဆိုခါနိန်ပြီးကေ ဆရာမောင်ဗသိန်းကတော့ သိခလာ မသိခလာတောမသိပါ။ ကျနော်ရိုကတော့ ရှက်ဖို့ကောင်း ရေလို့ထင်ပါရေ။
ဇာဖြစ်လိုလဲဆိုကေ ကရင်ကျောင်းဆရာတစ်ယောက် မိန်းပါရေ ဆရာမောင်ဗသိန်းကိုဇာပိုင်မိန်းလဲဆိုကေ ဆရာက ရခိုင်စကားဟာ မြန်မာ ဘာသာ စကားပြောထဲမှာ ပါတဲ့ ဒေသိယစကား ဒိုင်ယာလော့ တခုတည်းဖြစ်တယ်လို့ ပြောခဲ့တယ်လတ်။
နောက်တခါ ရခိုင်စကားကို ဘာသာ စကား language လို့ပြောပြန်ရေလတ်။ ရှေ့စကား နောက်စကား မညီလတ်။ ဆိုစွာက ဇာဖြစ်လို့လဲဆိုကေ LANGAUGE ဘာသာစကားဆိုစွာ တိုးတက်တဲ့လူမျီုး စာနန့် ပီနန့်ရှိရေ လူမျိုးတိမှာ language ရှိရေ၊ language မရှိဘဲနန့် နိုင်ငံတနိုင်ငံမှာ ဥပမအားဖြင့် လူမျိုးစု တခုအနိန်နန့် ကပ်ခိုလို့နိရတဲ့လူမျိုးစုတိကို ဒေသိယစကား ဒိုင်ယာလောလို့ခေါ်ရေ။
ယင်းပိုင်ဒိုင်ယောလာလို့ပြောရေလတ်။ ပြီးကေ တစ်ချိန်ချိန်မှာ language လို့လည်းေ ပြာပြန်ရေလတ်၊ နောက်တစ်ခါ မိန်းခွန်တစ်ခုမိန်းပါရေ။ ဆရာတို့က မြန်မာစာကို ရခိုင်လိုဖတ် ရခိုင်လို သင်လို့ အဆင်ပြေရေလို့ပြောပါရေလတ်။
အဂုအခါ မူလတန်းမှာ မိခင်ဘာသာစကားနန်ပြူစုဖို့စွာကို ထောက်ခံရေလို့ ပြောပြန်ရေလတ်။ စာမရှိရေလူမှာ စာပီ တီထွင်နီစွာမှာ အဂု မိခင်စကားသင်ဖို့ စာတီထွင်ဖို့ ပျင်င်္နီစွာမှာ ဆရာ ဇာဖြစ်လို့ ပါဖို့ ပျင်နီရစွာလည်းလို့မိန်းပါရေ။
ယေခါ ဆရာမောင်ဗစသိန်းက ဇာဖြေလဲဆိုကေ ကျနော်က ရခိုင်စကားဟာ မြန်မာဘာသာစကားအုပ်စုမှာ ပါဝင်ရေ ဒိုင်ယာလော တခုလို့ပြောခဲ့ပါတယ်။ အဓိပ္ပယ်က ဒီလိုပါလတ်။ ဘာသာစကား သုတေသီ တေလာက မြန်မာစကားနန့် နီးစပ်တာကို လေ့လာတဲ့ အခါမှာ မြန်မာက လူများစုဖြစ်လို့ မြန်မာစကားကို language လို့သတ်မှတ်ထားပါတယ်။
ဒီတော့ မြန်မာနန့် နီးစပ်တဲ့ လူမျီုးစုတွေဟာ ဒိုင်ယာလော ဖြစ်သွားပါတယ်။ လူမျိုးစု ဂ မျိုးထဲမှာ မြန်မာစွာလူမျိုးကြီးဖြစ်တေအတွက် ယင်း ဂ မျိုးထဲမှာပါတဲ့ ရခိုင်ဆိုစွာ လူမျှိုးစုချေ အနိန်နန့် ဒိုင်ယာလော့ ဖြစ်လားပါရေလတ်။
နောက်တစ်ခါ ဇာဆက်ပြောလဲဆိုကေ ယင်းပိုင် ဒိုင်ယလောဖြစ်ရစွာက အာဏာပသနာပါလတ်။ ရှေးရခိုင်မင်းများ လက်ထက်၊ လေးမြို့ခေတ် မြောက်ဦးခေတ် အဆက်ဆက်ကဆိုကေ ရခိုင်စကားဟာ language ပါဘဲ လတ်။ ဒိုင်ယာလောမဟုတ်လတ်။ နောက်တစ်ခါ မြန်မာစာပေ ကြီးကြီး ကျယ်ကျယ် ရှိရေပိုင် ရခိုင်မှာလဲ စာပေကြီးကြီးကျယ်ကျယ်ရှိပါရေလတ်။
ရှေးစကား နောက်စကားတိ ဖရိုမရဲနန့်ဇာလောက်ထိ ရှက်ဖို့ကောင်းလေ။ ရွာမှာ လှီးပြီး ပွဲမှာပြစွာမျိုး။ ကိုယ်ရို့မှာ ရခိုင်စာပီ ထုနန့်ထည်နန့် သမိုင်းကြောင်းချီလို့ ရှိလို့ ပင်လေ့သွင့် ယင်းလူမျိုးစုချေတိမှာ စာမရှိ ပီမရှိလို့ စာတီထွင်ဖို့ပျင်နီစွာမှာ တန်းစီပြီးဝင်တိုးပြီးခါ၊ အမျိုးမျိုးကမောက်ကမနန့် language ဖြစ်ခါဖြစ်လိုက်၊ ဒိုင်ယာလောလို့ပြောခါပြောလိုက်နန့် ဖရိုးဖရာ တက်ပြီးပြောရေဆိုခါ ရခိုင်သားတစ်ယောက်အနိန်နန့် ရခိုင်စာပီအနိန်နန့် ရခိုင်လူမျိုးတစ်မျိုး အနိနန့် ဘလောက်ထိ သိက္ခာ ကျစရာဖြစ်လားလဲဆိုစွာကိုစဉ်းစားစရာတိ ဖြစ်လာပါရေ။
နောက်တစ်ခါ ဇာပြောလဲဆိုကေ ရခိုင်မှာ အပြောစကားကို အခြေခံပြီးရွီးသားလာစွာ နှစ်ပေါင်း ၅၀ ရှိလာပါဗျယ်လတ်။ ကမောက် ကမတက်တက်ပြီးကေ ကထိုက်ကရိုက် လိုက်ပြောလာရေခါ ကျနော်ရို့အနိန်နန့် ရင်လီးစရာတိဖြစ်လာရေ။
စစ်တွေမှာ ဦးစစ်ဟန်အိမ်မှာ နိန်ပြီးကေ ရခိုင်စာကိုတီထွင်းပြီးကေ မူလတန်းစာပီအနိန်နန့်သင်ဖို့လိုဆွေးနွေးကတ်တေ ခါ နိဒါန်း အနိန်နန့်ချီပြီးကေ ပြောစွာပ့ါ၊ ယင်းပိုင်ပြောရေအချိန်မှာလည်း စစ်တွေက ပညာရှင်တိကို ခေါ်ပြီးကေ စစ်တွေက ပညာရှင်တိကို တပတ်အတွင်း ကြိုတင်ပြီးကေ ဝါကျ သုံးကြောင်းပီးထားပါရေ။
၁။ မောင်ဘု ရေသောက်နေသည်။
၂။ မောင်ဘု ရီသောက်နိန်သည်။
၃။ မောင်ဘု ရိသောက်နိန်ရေ။ ဆိုပြီးကေ ဝါကျသူံးကြောင်းပီးပါရေ။
ယင်းဝါကျ သုံးကြောင်းကို ၅ မိနစ်တည်းနန့် အဆုံးအဖြတ်ပီးပြီးကေ တင်သင့် မတင်သင့် အဆုံးအဖြတ်ခံယူပါရေ။
ယင်းပိုင်ခံယူတဲ့နိန်ရာမှာလေသွင့် ဒေမူလတန်းစာကို ရခိုင်စကားနန့် ဒိုင်ယာလောနန့် သင်ကတ်ဖို့အတွက် အကြံပြုကတ်စွာတိရှိပါရေ။ ယင်းအကြံ့ပုကတ်စွာတိမှာ အမျိုးမျီးထထပြီးကေ ပြောကတ်တေ ကကောင်းလေ့လာမှုက အာနည်းကတ်စွာပါကိုး။
လေ့လာမှုအားနည်းရေခါ အမျိုးမျိုး ပြောဆိုကတ်တေ ယင်းစကားတိထဲမှာ ဆရာမောင်ဗသိန်းနန့် ဇယန္တဗောဓိရို့ ပြောရေစကားတိက အဓိကကျနိန်ပါရေ အဂု ရခိုင်စာပီကို တီထွင်ကတ်ဖို့လူတိ အယူအဆ ဇာပိုင်ရှိလဲဆိုစွာတွိရပါရေ။
အယူအဆကို သိပြီးရေနောက်ပိုင်းမှာ ကျနော်ရို ရခိုင်သမိုင်းမှာရခိုင်စာရေ ဇာပိုင် အခြေအနေရှိခလေ ရခိုင်စာရေ ဇာက ဆင်းသက်လာရေ။
အဂုထိ ဇာပိုင်ဖြစ်နီလေ ဆိုစွာကိုကျနော်နောက်ပိုင်းရှင်းပါမယ် နောက်တစ်ခုက ဆရာမောင်သိန်းက ဇာပိုင်ရှင်းလဲဆိုကေ ရခိုင်စာကို ရခိုင်စကားနန့် ရခိုင်တိက ရခိုင်ပိုင်သင်နိန်စွာပါ။ ယင်းစုနန့် ရခိုင်သားတိ နားလည်ပါရေ။
အဂုစာရေ ရခိုင်စာ ဖြစ်တေလို့ပြောရစွာရေ ရခိုင်စာဖြစ်လို့ပါ။ အေ ရခိုင်စာ ဖြစ်ကြောင်းကိုလေ့သွင့် ဗမာပညာရှင် အသီးသီးကလေ့သွင့် လက်ခံထားပါရေ။ ဒေချင့်တိကို သိထားဖို့ လိုအပ်ပါရေ။
ဒေချင့်တိကိုသိထားဖို့ လေ့လာမိဖို့ ဗဟုသုတိ ပေါမိဖို့ ရခိုင်သားတိုင်း သိထားဖိုလိုအပ်ပါရေ။ အဂုမသိလို့ ဖြစ်ကတ်တေကိစ္စပါ။ ယေစုနန့် ရခိုင်စာကို မူလတန်းအဆင့်မှာ ရခိုင်စကားနန့် သင်သင့်ပါရေ။ ပြည်နယ် အသီးသီးက မူလတန်းအဆင့် သင်ရိုးများကို အဆင်သင့်ဖြစ်နီပါဗျယ်လတ်။
ယင်းချင့်တိကို အားကျမိရေလတ်၊ ကျနော်ရို့မှာက ထုနန့်ထည်နန့်ရှိပြီးသား ဆိုစွာကို သူရို့မှာ စာမရှိတဲ့ အချိန်မျိုးမှာ မူလတန်းအဆင့်ကို ပန်းပျိုးပျိုးလို့ ပြုစုရရေ အချိန်မျိုးမှာ သူရို့ကို အားကျနိန်ရဖို့အစား သူ၇ို့ကို အားကျပြီးကေ သရေကျရေ၊ လျှာရေကျနိန်ရေဆိုစွာ ရခိုင်တိ ဘလောက်တိသိက္ခာကျလေ။
လူမျိုး တမျိုးအနိန်နန့် ဘလောက်တိ သိမ်ငယ်လားခလေ ဆိုစွာ…။ နောက်တစ်ခါ စောစောကပြောခတဲ့ ဝါကျ သုံးကြောင်းမှာ ပထမ ဝါကျဖြစ်တေ မောင်ဘု ရေသောက်နေသည် ဆိုစွာလတ်၊ ဗမာစာ ဗမာအရေးအသားဖြစ်တေလတ်။ အင်းဝခေတ်ကပင် ကုန်းဘောင်ခေတ်တိ ရွီးသားခရေ အရွီးအသားဖြစ် တေအတွက်နန့် ယင်းအရွိးအသားရေ ဗမာစာ ဖြစ်တေလတ်၊ ဗမာစာ ဖြစ်တေ အတွက်နန့် ရခိုင်သားတိ မရွီးသင့်လတ်၊ ယင်းချင့်စွာ နိုင်ငံတော်က ရုံးသုံးစာပေ အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရုံးသုံးစာ ဖြစ်တေအတွက် ရခိုင်စာ ဖြစ်မလာနိုင်လတ်။
(ဆက်လက်ဖော်ပြလားပါဖို့)