လန်ဒန် မြို့  ဗြိတိသျှ အသံလွှင့် ဌာန (BBC) မှာ သတင်း ထောက် တစ်ဦး ဖြစ် သူ Anna Jones
သတင်း နှင့် ပတ်သက် ပြီး ရန်ကုန် မြို့ ရှိ ရခိုင် လူမျိုးများ က မကျေမနပ် ဖြစ်ကာ ဘီဘီစီ သတင်း
ဌာန ကို သပိတ်မှောက် သော အား ဖြင့် ရန် ကုန် မြို့  ကမ်းနား လမ်း ရှိ ဗြိတိသျှ သံရုံး ရှေ့ တွင်
ဆန္ဒ ပြရန် စီစဉ် ထား သည် ဟု FNG မှ သတင်း ရရှိ သည်။
အဆို ပါ သတင်း ဖော် ပြချက် နှင့် ပတ်သက် ပြီး ရခိုင် လူမျိုး များ သာ မ က မြန်မာ နှင့် အခြား
တိုင်းရင်း သားများ ပါ မကျေ မနပ် ဖြစ် ဖွယ် ရှိကြောင်း ရန်ကုန် မြို့ မှ အပတ် စဉ် ထုတ် သတင်း
ဂျာနယ် အယ်ဒီတာ တစ်ဦး က သုံးသပ် ပြောသည်။
အဆိုပါ သတင်း တွင် ဖော်ပြထား သည့် မြန်မာ နိုင်ငံ မြေပုံ ဉ် ရခိုင် ပြည် နယ် မြေပုံ ကို ရိုဟင်
ဂျာ ပိုင် နယ် ( Rohinja Territory) ဟု ဖော်ပြထား ရှိ သည်။
ရခိုင် နှင့် မြန်မာ လူမျိုး များ မကျေမနပ် ဖြစ်နေသည့် လန်ဒန် ဘီဘီစီ သတင်းဌာန မှ ထုတ်လွှင့်ချက်
BBC မီဒီယာရဲ့  အမှားတွေတင်ပြတာကို ထုတ်ဖော်ပါ။ ကန့်ကွက်ပါ။
တလွဲပြုစုခဲ့ပါတယ်… ဒါတွေဟာ သမိုင်းကျောင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်စေတဲ့အတွက် လုံးဝကို
ကန့်ကွက်ပါတယ်…… အားလုံးသော အမျိုးချစ်သူများလည်း http://www.facebook.com/bbcburmese မှာ
သွားရောက် ကန့်ကွက်ပေးကြပါလို့ တောင်းဆိုလိုပါတယ်….Anna Jones ရဲ့ မူရင်းဆောင်းပါးကိုတော့
ဒီ http://www.bbc.co.uk/news/world-asia-pacific-11595983 မှာ ဖတ်ရှုနိုင်ပါတယ်…
ဘီဘီစီလို သိက္ခာရှိ သတင်းဌာနအနေနဲ့ ဒီလို လွဲမှားနေတဲ့ သတင်းအချက်အလက်တွေကို စီစစ်မှုမရှိပဲ
ထုတ်လွှင့်တဲ့အတွက် ဖြေရှင်းမှု တစ်ခုခု ထုတ်ပြန်သင့်ပါတယ်…..
ရခိုင်လူမျိုးတွေကိုလည်း စာနာသင့်ပါတယ်…. ဘူးသီးတောင် မောင်တောမှာ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေ
ကျူးလွန်နေတဲ့ လူမသိ သူမသိ ပြစ်မှုတွေကိုလည်း ဖော်ထုတ်စေချင်ပါတယ်….
ထောက်ပံ့ငွေရဖို့ မတရားနည်းလမ်းနဲ့ ပိုက်ဆံရဖို့အတွက် Monkey Business ပြလုပ်တဲ့ Anna Jone
ကိုလည်း အပြင်းအထန် ရှုံချပါတယ်…..
ရခိုင်လူမျိုးများက ဗုဒ္စဘာသာဝင်တွေပါ။ မဟာမြတ်မုနိဘုရားကိုအဲ့ဒီကနေသယ်လာကတည်းရှင်းပါတယ်။ BBC မှာလုပ်ကိုင်သွားတဲ့ မြန်မာတွေထဲမှာလည်းရခိုင်လူမျိုးတွေပါပါတယ်။ ဒီလိုကိစ္စလေးက သေးသေးလေးဆိုတဲ့
အကြောင်းချစ်ရာပေမဲ့ အခုအနေ အထားက ခေါင်းလေးဝင်ပါရစေ၊ ကိုယ်လေးဝင်ပါရစေနဲ့ ရခိုင်ပြည်နယ်ရဲ
့အနေအထားကို ချိုးနင်းလိုက်တဲ့ အပြုအမှုပါဘဲ။
ဒါကို BBC အနေနဲ့ ကျယ်ကျယ်ပြန့် ပြန့် မကြည့်ဘဲ ၊မတွက်ဘဲ သတင်း တစ်ခုအနေနဲ့ တင်ပြတဲ့အနေအထားနဲ့ဆိုအုံး
ကျွန်တော်တို့ ကန့် ကွက်ပါတယ်။
ကြီးမားသော ပြဿနာကို ထောင်ပေးသော၊ အက်ကြောင်းပေးသော အနေအထားကို လုပ်ဆောင်သည့်
သတင်းဌာနအဖြစ်ကိုတော့ မလုပ်စေချင်ပါဘူး။
ဒီရိုဟင်ဂျာကိစ္စ ထိုင်းမှာပေါ်လာကတည်း ဒီလိုပြဿနာတွေတက်လာတော့ မယ်ဆိုတာကိုသိလို့ ဝိုင်း
တားကြတဲ့သူတွေများပါတယ်။ ဒါကို အသီးသီးသော အဖွဲ့ အစည်းပေါင်းစုံက ၀ိုင်းပြီးတော့ တံဆိပ်ကပ်ကြပါတယ်။
သတင်းဌာနတွေကိုယ်တိုင် လူအခွင့်အရေးဆိုတာကိုဇောင်းပေးပြီးတော့တင်လိုက် ကြ တာနောက်ဆုံး
နိုင်ငံတာကာအစည်းဝေးတွေ၊ အာဆီယံတွေထိကိုသောသောညံ့သွားပါတယ်။
ဘာကြောင့်နဲ့ ဘယ်လိုသောအနေအထားတွေကြောင့်လုပ်ကြတယ် ဆိုတာတော့ Lobby လုပ်သူတွေ
ဘဲသိမှာပါ ၊ နိုင်ငံရေး ထိုးနှက်ချက်အကြောင်းကြီးကို ရှိနေပါတယ်။ နောက်ဆုူံး ဦးဥာဏ်ဝင်း အာဆီယံ
မှာ ဘင်္ဂလီတွေဆိုပြီး လက်ညိုး ထိုူးမှအားလုံးက
ဘင်္ဂလီဆိုတာကိုတော့ ကျယ်ကျယ်ပြန့် ပြန့် လိုက်သုံးထွက် လာရ တဲ့ အခြေအနေပါ။
ဒီအစ်ရှုးက မသေးပါဘူး။. အခုနောက်တကြိမ်ထပ်ပြီးတကျော့ပြန်ဝင်လာပါတယ်။ အကြောင်းတွေ
ဆက်စပ်ပြီးတော့ ကြည့်ရင်တော့ သိပ်မကောင်းဘူး ဆိုတော့ ပြောနိုင်ပါတယ်။ ရခိုင်ပြည်နယ်က
ရခိုင်လူမျိုးတွေရဲ့  ရင်ထဲမှာဘယ်လောက် ချိလိုက်မလည်း စဉ်းစားပါ နှစ်ပေါင်း ၆၀ ကျော် နီးပါး
ကြံကြံခံပြီးတော့ ဘာသာမတူ ဘင်္ဂလားနိုင်ငံသားတွေနဲ့ သွေးမ နှောခဲ့တဲ့လူမျိုးတွေပါ၊ ဒီအတွက်
မိမိတင်ပြသော သတင်းသည် ကိုယ်ဘက်ကိုဘယ်လောက်ထိ ကြီးမားသော ရိုက်ခိုက်မှုဖြစ်လာတာကို
တွက်ဆကြည့်စေချင်ပါသည်။
မီဒီယာတွေမှာ အမှားတွေတင်ပြတာကို ထုတ်ဖော်ပါ။ ကန့်ကွက်စာတွေ သိန်းသောင်းချီအောင် ဘီဘီစီဆီပို့ပါ။
ထိရောက်တဲ့ အထက်လူကြီးတွေဆီ (အောက်က ဌာနမှုးတွေဆီ မဟုတ်ဘူး။ သူတို့က ဘာပါဝါမှ ရှိတာ
မဟုတ်ဘူး။ ခေါင်းညိမ့်ရသူတွေဘဲဖြစ်တယ်။ ဒီတော့ ဌာနအားလုံးကို ထိန်းချုပ်သူတွေ၊ ဒါရိုက်တာတွေဆီ
၊ ဗြိတိလျှနိုင်ငံခြားရေးဌာန ဝန်ကြီးဆီ) တိုက်ရိုက် ကန့်ကွက်စာတွေ ပို့ကြပါ။
ဖေ့စ်ဘွတ်က်မှာလည်းတင်ပါ။
ကန့်ကွက်စာတွေထဲမှာ လူမျိုးဘာသာထိခိုက်တာတွေတော့ ယဉ်ကျေးစွာဖြင့် မထဲ့ထားပါနဲ့။
ဒီမြေပုံဆွဲသူ အချက်အလက်ပေးသူက နှစ်ပေါင်း ထောင်ပေါင်းများစွာက နေထိုင်ခဲ့ကြတဲ့ ရခိုင်အမျိုးသားတွေကို
မထည့်ထားတာကို အဓိကထား ကွက်ကွက်ကွင်းကွင်း ထောက်ပြပါ။ ဘီဘီစီကို ချက်ခြင်းတောင်းပန်ခိုင်းပါ။
မြေပုံသုံးတဲ့ ဆောင်းပါရှင်ကော၊ နောက်ကကြိုးဆွဲသူ တမင်တကာ အချက်အလက်မှားပေးသူ မြန်မာပြည်က
လာသူတွေဆိုတဲ့ လူတွေကိုလည်း ချက်ခြင်း အလုပ်ထုတ်ပြစ်ဖို့ ပြင်းပြင်း ထန်ထန်တောင်းဆိုကြပါ။
နောင်ကို ဒီလို လက်လွတ်စပယ်လုပ်တာမျိုး သမိုင်းမှားလုပ်တာမျိုး မလုပ်အောင် လုပ်ကြပါ။
ပြည်ထဲက ရခိုင်အမျိုးသားတွေကိုလည်း ဒီမြေပုံကို ပြပါ။ ပြည်ပက လူတချို့ ဘယ်လောက် ယုတ်မာနေကြသ
လည်းဆိုတာ သိအောင်ပါ။
ရခိုင်ပြည်မှာ မျက်မှောက်ခေတ်မှာ နေနေကြတဲ့ လူမျိုးမတူတူ ဘာသာမတူတူ အချင်းချင်း ရန်ဖြစ်
အဓိကရုန်းဖြစ်အောင်တော့ မလုပ်ကြပါနဲ့။ ကိုယ်က ယဉ်ကျေးတယ်။ နိင်ငံသားကောင်း ပီသတာကိုပြပါ။
ရခိုင်ပြည်သူ ပြည်သား တွေကို သူတိ့ရဲ့ သမိုင်းကို ဒီဆောင်းပါးရှင် အနောက်နိုင်ငံသား မိန်းမလို
လူတွေ၊ မြန်မာပြည်ကလာတဲ့ ဆိုတဲ့ မီဒီယာသမားတစ်ချို့က ဘယ်လိုဖျောက်နေတာကိုဘာ အဓိကထားပြီး
အသိပေးကြပါ။
ပြီးဒီဖြစ်ပြက်ခဲ့တာကိုလည်း မကြာမကြာ ပြန်တင်ပြပါ။ မဟုတ်တရုတ် လုပ်ခဲ့သူတွေကိုလည်း သတက်လုံး
ဘယ်သူကမျှ မမေ့အောင် ဆက်လုပ်ရမယ်။ ဒါမှ နောင်ကျဉ်သွားမယ်။
လေးစားစွာဖြင့်
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့  မှတ်ပုံတင်ဋ္ဌါနက ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက ဘီဘီစီက မေးတာကို ပြောသွားတဲ့  အသံဖိုင်ပါ
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာမရှိလို့လူဝင်မှု/ချုပ် ဦးမောင်မောင်သန်းပြော by yeyint2011
Credit to - Let’s Work , James Mmt , Than Saw …

Source: http://freedomnewsgroup.com/2011/10/26/boycott-bbc/
post by from rakhapura