မဟာဝိဟိံမော်ကွန်းလင်္ကာ

    Author: Unknown Genre: »
    Rating

    မဟိရန်သူ၊ဖက်မပြုသား၊သုံးလူထွဋ်ထား၊မြတ်ဘုရား၏၊ကိုယ်စားရုပ်ဝါ၊ခြောက်ရောင်ဖြာ၍၊
    မဟာမုနိ၊ဘုရားကြီးကို၊ညွတ်ပြီးကော်ရော်၊ရှိပူဇော်၍၊ပင့်ခေါ်ပြီးမှ၊ရက္ခပူရ။နန်းမဒေ၀ီ၊မဟေ
    သီနှင့်၊အညီယသ၊ရံမောင်းမကို၊ယူကြစုပေ၊ဆောင်ယူလေ၏။
    သင့်နီဌာန၊ရပ်ဒေသ၌၊စောင့်ထပြီးခိုင်၊လက်နက်ကိုင်ရို့၊အနိုင်ပြုလျှင်း၊ရဲမက်ချင်း၏၊မြို့တွင်း
    မှန်သား၊မြို့ပြင်များနှင့်၊တိုင်းကားရပ်ဌံ၊နာဂရံဟု၊နိုင်ငံအပေါင်း၊တောမြို့ကောင်း၌၊ပုန်းအောင်း
    နိန်ငြား၊ရခိုင်သားကို၊ယောက္ကျင်္ားမိန်းမ၊မလွတ်ရအောင်၊ချိုင်နှောင်တန်းလန်း၊ကျွဲနွားဖမ်းသို့၊
    လိုင်ဂုတ်ကိုဖြတ်၊အသီသတ်၏၊ချော့မွတ်ရူပ၊မိန်းမလှကား၊ပဉ္စအာရုံ၊ကာမဂုဏ်ဖြင့်၊မြူးတူး
    စိမ့်ငှါ၊ယူကြပါ၏၊သူနာသူအို၊ကျိုးကန်းကိုကား၊မလိုပိတ်ထား၊တိုက်လုပ်ငြား၍၊သွင်းထားအ
    ပြည့်၊ယမ်းဆီးထည့်လျှက်၊မြေ့မြေ့ညက်ကြီ၊မီးတိုက်စီ၏။
    သီလီမကြွင်း၊လူခပင်းရို့၊ချင်းချင်းနွီးနွီး၊ယနိန့်မွီးသား၊သားထွီးသားငယ်၊နုနုငယ်ရို့၊ပြုံရယ်ရွှင်
    ဘိ၊မေမသိကို၊မွီးမိထံမှ၊ယူပြီးမှလျှင်၊လက်နှင့်ကိုင်မြှောက်၊ကောင်းကင်ရောက်မှ၊အောက်
    ကတဖန်၊ဓါးကိုလှန်၍၊ခံပြန်ပြီးကာ၊ပြုသည်မှာကြောင်း၊ကျကာမလွဲ၊ရဲရဲသွီးစက်၊အူကထွက်
    ၏၊တချက်မြီ၌၊လှံကိုစိုက်၍၊ခံလိုက်တံကျင်၊ဖင်က၀င်၏။
    နှစ်လိုပျော်ပါး၊လင်မယားကို၊ပေါင်းကြအတူ၊မထားမူပဲ၊ဆွဲယူရိုက်သတ်၊နားကြိုးတပ်လျှက်၊
    ပူးပြွတ်ချိုင်နှောင်၊ကြက်ကိုလှောင်သို့၊ပုံဆောင်ပမာ၊ယူကြပါ၏၊များစွာခုတ်ထစ်၊သတ်၍
    ပစ်လျှက်၊အချစ်ဝါသနာ၊မဟိပါငြား၊ပျူအောက်သားသည်၊စကားမုသားဝါဒီတည်း။
    ပုံဘိတောင်နှယ်၊ကောင်ပုတ်ဝယ်ကား၊လူငယ်တသောင်း၊လူကြီးပေါင်းမူ၊ရှစ်သောင်းအ
    စွန်၊တသိန်းလွန်၏။မယွင်းထိုခါ၊သီကုန်ပါ၍၊သိမ်းကာယူထ၊ပြည်အင်းဝသို့၊ပါရလီငြား၊
    လူယောက္ကျင်္ားနှင့်၊မပြားမှန်ထ၊လူမိန်းမကို၊ရွီကြည့်ချေသော်၊နှစ်သိန်းကျော်၏။ကြားသော်
    မြင်ခါ၊ကြောက်ဘွယ်သာတည်း။
    ဒွါရာသံတွဲ၊မြို့ရမ်းဗြဲနှင့်၊မြစ်တဲဝန်းမြောင်၊ကျွန်းမာန်အောင်၌၊ဖမ်းနှောင်ချိုင်လျင်း၊ယူလီ
    ခြင်းကို၊သတင်းစကား၊နားသာကြား၏။မှတ်သားတထစ်၊ရွီတွက်စစ်၍၊တစ်နှစ်သုံးလေး၊
    စာနှင့်ရေးပြီး၊ပီးသူမဟိ၊ဖြစ်လီဘိခြင်း၊၀ီဇိသင်္ကာ၊ယုံမှားကာဖြင့်၊ဆိုရာစကား၊ကျယ်ဝန်း
    လျား၏။သီကြအကောင်၊ဖူးဖူးရောင်မျှ၊ပုတ်ဟောင်နံစွာ၊ရုပ်ခန္ဒာကို၊ကာကာဠင်းဒ၊သိန်း
    စွန်မှသည်၊ခွီးကစလျှက်၊ကျားသစ်ဝက်ရို့၊လုယက်ဖန်ဖန်၊စားကြဟန်ကို၊ကျန်လူအများ၊
    မြင်လီငြားမူ၊ဘုရားတရား၊သံဃာအားကို၊အားကိုးပြီးခါ၊မြည်တမ်းပါ၍၊ငိုခါရွီရွက်၊နဖူးခတ်
    သည်၊ရင်ဘက်လက်တင်ခတ်တီးတည်း။ ။

    " မိမိလူမျိုး၏အတိတ်သမိုင်းကိုမလေ့လာမဆန်းစစ်သောလူမျိုးတို့သည်ရေသောက်
    မြစ်ပိုင်းပြတ်သည့်သစ်ပင်ကဲ့သို့မကြာနှောင်းမှီအချိန်၌ထင်းမီးအဖြစ်သို့ကျရောက်
    တတ်ပေသည်။ "