ဒေးဝန်းကြီးအောင်ကျော်ရွီ၏သီတမ်းစာ

    Author: Unknown Genre: »
    Rating

    နောက်သားနောင်လာ၊ နောက်ထပ်ပါရို့၊
    ဆရာတုံတက်၊ ရှိကတက်၍၊
    အသက်ခန္ဒာ၊ လူရို့မှာကား၊
    တခါတရံအဖိုးတန်၏၊ တခါတရံဆိုတုံပါလည်း၊
    သူသာလာလျှက်၊ ဖိနှိပ်စက်က၊
    အသက်ထိုခါ၊ ဆုံးတတ်ရာ၏။
    ပြည်ရွာတိုင်းဖွား၊ မျိုးလေးပါးရို့၊
    တရားလမ်းမှန်၊ လိုလျှင်ကြံက၊
    အမှန်မုချ၊ သက်စွန့်ကြလော့။
    ဓမ္မတာလမ်းမှန်၊ ဆိုးကြောင်းကြံလျှက်၊
    တံစိုးကိုစား၊ လိမ်လည်ထားသော်၊
    နောက်သားတစ်ဖန်၊ သေးမခံနှင့်။
    နိုင်ငံတကာ၊ ဟူဟူရာ၌၊
    ပညာနှင့်ညာဉ်၊ သင့်စွာဖန်၍၊
    တာဝန်မပျက်၊ သစ္စာရွက်လျှက်၊
    အသက်ကိုလှီး၊ သွီးချောင်းစီးမ၊ှ
    အပြီးကြံ့ခိုင်၊ နိုင်ငံတိုင်းမြို့၊
    အစို့စို့နန့်၊ ကိုယ့်မြို့ကိုယ့်ပြည်၊
    ကိုယ့်ဌာနီကို၊ ရလီမုချ၊
    ဤလောကသည်၊ အောက်ကျမခံချင်သောကြောင်း။ ။

    မျိုးချစ်တော်လှန်ရေးခေါင်းဆောင်ကြီးဒေးဝန်းကြီးအောင်ကျော်ရွီသည်ရခိုင့်တော်လှန်ရေး
    မျိုးချစ်သူရဲကောင်းကြီးဗိုလ်ချင်းပျံ၏ယောက်ဖတော်စပ်သူပင်ဖြစ်ပေသည်။ ဗြိတိသျှနယ်
    ချဲ့တို့ကိုမင်းသားကြီးရွီဘန်းနှင့်အတူတော်လှန်ရင်း(၁၈၃ရ)ခုနှစ်တွင်နယ်ချဲ့ဗြိတိသျှတို့၏
    ဖမ်းဆီးအကျဉ်းချခြင်းကိုခံခဲ့ရသည်။ထိုသို့အကျဉ်းကျခံနေရစဉ်ကာလအတွင်းနောင်သား
    နောင်လာရခိုင်ပြည်သူတို့ကိုရည်စူးပြီးတိုင်းပြည်လွတ်လပ်ရေးလမ်းကြောင်းအတွက်မတွေ
    ဝေမတွန့်ဆုတ်ရန်၊ အသက်၊ သွီး၊ ချွေးတို့ကိုပီးဆပ်လျှက်ဆက်လက်တိုက်ပွဲဝင်ကြရန်။
    သို့မှသာလျှင်ဆုံးရှံးနေသောလွတ်လပ်ရေးကိုပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်းကိုဖေါ်ပြပါ
    မော်ကွန်းရတုကိုရေးသားပြီးမီးမောင်းထိုးပြခဲ့သည်။တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာရှိကြ
    ရန်နှင့်တာဝန်ကျေပွန်ကြရန်ရဲရဲတောက်ဖွဲ့ဆိုရေးသားမှာကြားခဲ့သောဒေ၀န်းကြီး၏မော်
    ကွန်းဝင်ရတုသည်ကားယနေ့ခေတ်ရခိုင်လူငယ်များအတွက်အတုယူအားကျစရာ၊ ဇာတိ
    မာန်တက်ကြွဖွယ်ရာကောင်းလွန်းလှပါသည်။ ။