မြောက်ဦးလွမ်းချင်း

    Author: Unknown Genre: »
    Rating

    ခုနှစ်သက္ကရာဇ်၊ ၁၁၄၆မှာ
    မြောက်ဦးနန်းတော်၊ စိုးစံပျော်သော
    မဟာသမ္မတရာဇာ၊ တောင်ညာဒေ၀ီ
    မဟေသီနှင့်၊ မောင်းမမိဿံ၊
    ခြွေရံသင်းပင်း၊ ညီသားရင်းကို
    အောက်သားဗမာ၊ ပျူမိစ္ဆာက
    ခြေချင်းခတ်၍၊ လက်ထိပ်ပူးနှောင်
    ဆောင်ယူအမရ၊ ဖမ်းခေါ်ကြ၏
    ဘုရင့်ဆွေမျိုး၊ နန်းရိုးဝင်သူ
    မျိုးဆွေထောင်သောင်း၊ ဖမ်းယူထောင်းထု
    နှိပ်စက်ပြုလျှက်
    လက်ဖမိုးကို၊ ကြိမ်ကြိုးနှင့်ဖေါက်
    ပြေးမရောက်အောင်၊ ပြွတ်သိပ်လှောင်စွာ
    ရိုးတောင်ကိုဖြတ်၊ ဆောင်ယူလတ်ခါ
    အစာရီစာ၊ ငတ်ပြတ်ပါ၍
    သီကြအကောင်၊ တောင်ပုံယာမျှ
    များပြားလှ၏
    မြောက်ဦးနန်းတော်၊ ခေါင်မိုးပေါ်မှ
    ကြေးဝါပြားကို၊ ခွါ၍ယူပြီး
    စာပေကျမ်းဂန်၊ မြတ်မွန်တန်ဘိုး
    အမျိုးမျိုးကို၊ နန်းတော်ထဲမှ
    ယူ၍ပြီးခါ၊ မီးတိုက်ပါသည်
    မိုးတိမ်ညို့ညို့၊ မှိုင်းစို့စို့နှင့်
    ကျန်ရစ်ပုံမှာ၊ တစပြင်အလား
    ထင်မှတ်မှားယောင်။
    ဒွါရာဝတီ၊ အစချီ၍
    ၀တီဓည၊ နောက်ဆုံးလနှင့်
    နှစ်ပေါင်းငါးထောင်၊ တည်တံ့အောင်ထိ
    တည်ထောင်ထွန်းကား၊ ဤပြည်ကားမူ
    အောက်သားဗမာ၊ မကြေငြာဘဲ
    ကျူးကျာ်ဖျက်ဆီး၊ ရန်စစ်မီးကြောင်း
    ပြာပုံဘ၀ဖြစ်ခဲ့ရပြီ
    တစ်ဖန်ပြန်လှစ်၊ မသစ်ဆန်းနိုင်ပါသေးချေ။
    [ဘုန်းစည်သူ]