ခေတ်ကောင်းဆီသို့
    Author: Unknown Genre: »
    Rating
    ရခိုင်(ရက္ခိုင်)
    အမျိုးနှင့်သီလ
    စောင့်ထိမ်းကြ၍
    ရခိုင်ဟုခေါ်သည်။
    တချိန်ကရခိုင်၊ ဂုဏ်ကြွယ်လှိုင်၍
    မွှေးကြိုင်ပျံ့သင်း၊ ကိုယ်ရို့မင်းနှင့်
    ခပင်းပြည်သူ၊ စိတ်ထားတူကြ
    ကြည်ဖြူလက်တွဲ၊ တိုင်းပြည်ရေးကို
    သွီးချွေးအသက်၊ ပီးအပ်နှင်းကာ
    တည်ဆောက်လာကြ။
    ယင်းခေတ်ရခိုင်၊ ဂုဏ်ကြွယ်လှိုင်၍
    ရခိုင်မျိုးကို၊ ဤရေရိုးမှာ
    တုနှိုင်းစိုးသူ၊ လူသူမဟိ
    ရှိသူဟူသမျှ၊ ချုပ်ငြိမ်းရခဲ့
    ရခိုင်ရခိုင်၊ ကြီးကျယ်နိုင်ခဲ့
    သီလခိုင်မာ၊ ဘာသာကျယ်ပြော
    လူသူတောမှာ၊ ရခိုင်မှန်က
    အရှင်၏နေရာ။
    ယခုရခိုင်၊ မကြီးကျယ်နိုင်
    ရခိုင်မှန်က၊ ညှိးနွမ်းလျ၍
    မျိုးခြားအလယ်၊ ဂုဏ်သိမ်ငယ်ရ
    ကျွန်ဘ၀နေရာ။
    မျိုးခြားလက်အောက်၊ သဘောက်ဘဝ
    ကျရောက်ကြသူ၊ လူမျိုးဟူသမျှ
    ချမ်းသာစရာမရှိပါချေ။
    မြင့်မြတ်စရာမရှိပါချေ။
    ရခိုင်သည်လည်း၊ ယခုအခါ
    လူရာမ၀င်
    ရခိုင်ဟူက၊ နွမ်းပါးကြ၏။
    ရခိုင်ဟူက၊ နိမ့်ကျကြ၏။
    ရခိုင်ဟူက၊ ဆင်းရဲကြ၏။
    အို............
    ချစ်သောပြည်သူ
    ယခင်ယခု၊ စဉ်းစားပြုလော့
    ချစ်သောပြည်သူ
    ယခင်ခေတ်ဆီ၊ မှန်းမျှော်ရည်လျှက်
    တူညီစုပေါင်း၊ သွီးသစ်လောင်း၍
    စစ်မောင်းတီးကာ၊ ချီတက်ပါလော့
    ရခိုင်လူထု
    ပေါင်းစုတော်လှန်၊ မနက်ဖြန်လျှင်
    တဖန်ထမြောက်၊ ခေတ်ကောင်းရောက်လိမ့်။
    [ဘုန်းစည်သူ]