ကြားကြကုန်လော့

    Author: Unknown Genre: »
    Rating

    (၁)
    သီပေါမင်းအားဗြိတိသျှနယ်ချဲ့တို့ဖမ်းဆီးခေါ်ဆောင်သွားသည့်သမိုင်းကြောင်းအားမည်
    သူမဆိုဗမာပြည်၌လွတ်လွတ်လပ်လပ်ပြောဆိုရေးသားနိုင်ခွင့်ရှိကြသော်လည်းရခိုင်ဘု
    ရင်မဟာသမတရာဇာအားဗမာတို့ဖမ်းဆီးခေါ်ဆောင်သွားသည့်သမိုင်းကြောင်းနှင့်ပတ်
    သတ်၍ရခိုင်လူမျိုးများအနေဖြင့်တစုံတရာပြောဆိုရေးသားနိုင်ခွင့်မရှိကြပေ။အကယ်၍
    ရခိုင်လူမျိုးတစ်ဦးဦးအနေဖြင့်သီပေါမင်းပါတော်မူနေ့ကဲ့သို့မဟာသမရာဇာပါတော်မူနေ့
    အားကျင့်ပခဲ့ငြားအံ့ထိုရခိုင်အမျိုးသား၏ကံကြမ္မာမှာမတွေးတောမစဉ်းစားဝံ့စရာပင်ဖြစ်
    ပေသည်။
    မိမိလူမျိုး၏သမိုင်းကြောင်းကိုတောင်မှတစ်စုံတစ်ရာရေးသားပြောဆိုပိုင်ခွင့်မရရှိနိုင်ကြ
    သော၊သူတပါးလူမျိုးတို့၏သမိုင်းကြောင်းကိုသာလျှင်မိမိလူမျိုးတို့၏သမိုင်းကြောင်းကဲ့
    သို့ဇွတ်အတင်းပြောဆိုရေးသားနေကြရသောရခိုင်အမျိုးတို့၏အမျိုးသားဆိုင်ရာရပိုင်
    ခွင့်များသည်ဗမာတို့လက်အောက်၌မည်၍မည်မျှဆုံးရှံးနေကြရပါသနည်း။မည်မျှတရား
    မျှတမှု့ရှိသောဗမာတို့၏ပြည်ထောင်စုပါနည်း။
    (၂)
    ဒုတိယကမ္ဘ္ဘာ့စစ်အတွင်းကဂျပန်တို့၏ရက်စက်ယုတ်မာမှု့များနှင့်ပတ်သတ်ပြီးဂျပန်တို့
    သည်နိုင်ငံတကာသို့ဝန်ချတောင်းပန်နေကြရ၏။ညီအစ်ကိုအချင်းချင်းတွေပါဟုတဖွဖွ
    ပြောနေကြသောဗမာတို့အနေဖြင့်ရခိုင်ပြည်အားမတရားကျူးကျော်သိမ်းပိုက်ခြင်းနှင့်
    ရခိုင်လူမျိုးများအပေါ်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းများနှင့်ပတ်သတ်၍အဘယ်
    အတွက်ကြောင်းဝန်ချမတောင်းပန်ရပါသနည်း။အဘယ်အတွက်ကြောင်းမသိချင်ယောင်
    ဆောင်နေကြပါသနည်း။
    တိုင်းတပါးဗြိတိသျှတို့အနေဖြင့်တောင်မှဗမာတို့၏ယာဉ်ကျေးမှု့အမွှအနှစ်များဖြစ်သော
    သီဟသနပလ္လင်၊မင်းဝတ်တန်ဆာများနှင့်နန်းစဉ်ရတနာများကိုဗမာတို့အားပြန်လည်
    ပေးအပ်ခဲ့ပါလျှက်ညီအစ်ကိုရင်းတွေပါဟုဆိုနေသောဗမာတို့အနေဖြင့်အဘယ်အတွက်
    ကြောင်းရခိုင်တမျိုးသားလုံးတို့၏အမွှေအနစ်များဖြစ်ကြသောမန္တလေးရှိမဟာမြတ်မုနိ
    ဘုရားနှင့်အခြားရုပ်ပွါးတော်များ၊အဖိုးတန်နန်းစဉ်ရတနာများနှင့်အခြားပိသုကာလက်
    ရာများဖြင့်ပြုလုပ်ထားရခိုင်အမွှေအနှစ်တို့ကိုပြန်လည်မပေးအပ်ပါသနည်း။မည်မျှလေး
    စားဖွယ်ကောင်းသောညီအစ်ကိုစိတ်ဓါတ်မျိုးဖြစ်ပါသနည်း။
    (၃)
    စစ်သူကြီးဗန္ဒုလသည်ဗမာလူမျိုးတို့အတွက်စစ်သူကြီးဖြစ်ကောင်းဖြစ်ပေမည်။ရခိုင်တ
    မျိုးသားလုံးအတွက်မူကားရခိုင်အမျိုးသားတို့ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်ခဲ့
    သောနာဇီဟစ်တလာထက်ပိုယုတ်မာသောလူယုတ်မာစစ်ရာဇ၀တ်ကောင်တဦးမျှသာ
    ပင်ဖြစ်ပေသည်။
    ထိုစစ်ရာဇ၀တ်ကောင်ဗန္ဒုလအားမိမိတို့အမျိုးသားအမျိုးသားစစ်သူကြီးတဦးကဲ့သို့ဗမာ
    ကိုလိုနီစာသင်ကျောင်းများ၌ရခိုင်လူငယ်များအားသင်ကြားပို့ချပေးနေခြင်းမှာ"ဒေဝ
    ဒတ်အားဘုရားအဖြစ်ကိုးကွယ်ရန်ခိုင်းစေသကဲ့သို့ပင်ဖြစ်နေချေတော့၏။ ၏