ရိုးတောင်ခြီမှာပြန်ဆုံကတ်

    Author: Unknown Genre: »
    Rating


    ငါ့ရင်အဆွီးအဟောင်းဆိုရေထဲက
    ငါ့သွီး ငါ့ဘွား
    ငါ့သား ငါ့သမီး
    ငါ့မြီး ငါ့မြစ်
    ငါ့မျိုးဆက် အသစ်အသစ်တိ
    ရီကြိုင်ရာ မြက်နုရာဆိုစွာကို
    နိန့်စိုင်ထွက်ခွာလား နိန်ကတ်တေအခါ…။

    ငါ့အရီပြားကို
    ထွန်သွားထထက်သျှေနန့်
    တချက်ချေ ခြစ်မကြည့်ခ…။

    ငါ့သွီးပင်လယ်မှာ
    အဏ္ဏ၀ါ သယံဇာတ
    ဇာဇာဟိလေ ဆိုစွာလေ့မစူးစမ်း…။

    ငါ့အရိုးဒဒေါင့်မှာ
    ရိုးတောင်ခြီတရိုးကိုလည်း
    ဂျီအိုဆက်စီမိုဂရက်နန့် မနှိုက်ချွတ်…။

    ငါ့ကိုကျောခိုင်း
    အရိုင်းမြီအသစ်မှာ
    အခိုင်းခံအောက်ခြီဘ၀နန့်
    ရလာရေ ဒေါ်လာအတိုအစ
    ငါ့ခြီဖ၀ါးက သဲပွင့်နန့်မနှိုင်းသာ…။

    ရိုးတောင်ခြီကို ပြန်လာ
    ရိုးတောင်ခြီမှာ ပြန်ဆုံ
    အနာဂါတ်ကို ရောင်စုံအလှတိ ချယ်ကတ်မေ…။

    စစ်တွေ-စောနောင်