13/2011 အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

    Author: Unknown Genre:
    Rating

    ALP News & Info (စက်တင်္ဘာလ ၁၀ ရက်၊ ၂၀၁၁ ခု)
    ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ 13/2011 အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်း အနားတရပ်ကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုဌာနချုပ်၌ စက်တင်္ဘာလ(၉)ရက်နိ မိုးသောက်(၉)နာရီ အချိန်တွင် ကျင်းပပြီးဆီးလား ကြောင်းသတင်းရဟိပါသည်။
    အဆိုပါ စစ်သင်တန်းကို ပါတီဥက္ကဌကြီးလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သည့် ခိုင်ရဲခိုင် ကိုတိုင် အမှာစကားပြောကြားကြောင်းနှင့် အခြား ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် ဗဟိုကော်မီတီဝင် အချို့ကလည်း အသီးသီး သင်တန်းဆင်း တပ်သားများကို အမှာစကားပြောကြားခကတ် သည်။
    စစ်ဦးချုပ်ပြောကြားရာတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် တပ်မတော်ကို မည်သည့် အတွက်ကြောင့် စတင်ထူထောင်ခကြောင်း၊ ပါတီ၏ရည်ရွက်ချက်နှင့် အခြားပါတီသမိုင်း အကျဉ်း၊ လက်ဟိပါတီစစ်တပ်၏ အနီအထားများကို ပြောကြားခပါသည်။
    အဆိုပါ အခမ်းအနားကို မိုးသောက် (၉)နာရီမှ ၁၂ နာရီအထိ ကျင်းပခကာ စားသောက် ဖွေရာများကျွေးမွေး၍ အောင်မြင်စွာကြောင်း သတင်း ရဟိပါသည်။
    သတင်းနှင့်ပြန်ကြားရေးဌာန
    ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
    ရခိုင်ပြည် 
    http://www.arakanalp.com/news/11-13.htm