ကျနော်ရို့ ရခိုင့်နိုင်ငံတော် ကျဆုံးလားစော်ရေ ဒီဇင်ဘာ ဒေလ ဖြစ်ပြီးကေ ရက်လေ့(၃၁) နီးလာဗျာလ် ဖြစ်ပါရေ (၂၂၇ နှစ်မြောက် ရခိုင်နိုင်ငံတော် ကျဆုံးရေနိန့်ကို မကြာခင်ရောက်ပါဖို့ဗျလ်) ကျနော်ရို့ ရခိုင်သမိုင်းကို ကြည့်လိုက်တယ်ခါ ကျနော်ရို့ရခိုင်ပြည်စော် အဖိုးအဖီးတိသွီးနင့် ရင်းပြီးကေ တည်ခစော်ကိုမြင်တွိရပါရေ ကံမကောင်းအကြောင်းမလှလို့ ကျနော်ရို့ ရခိုင်ပြည် ကျဆုံးလားခရကေလေ့ ကျနော်ရို့ ရင်ထဲမှာ ယင်းနိန့်ရက် (၁၇၈၄)မတိုင်ခင်က နိန့်ရက်ချေတိကို စိတ်ကူးနင့် ခံစားဖူးလီဖို့လို့ မျှော်လင့်ပါရေ၊ တဆက်တည်းမာ ကျနော်ရို့ ရခိုင်လူမျိုးတိရေ စည်းလုံးညီညွတ်ဖို့ တစ်သွီးတစ်သားတည်း ဟိဖို့ တစ်နှစ်တိုးဗျာလ် သတိပီးလိုက်ခြင်းဖြစ်ပါရေ လို့ ယူဆမိပါရေ။ ကျနော်ရို့မှာရေ စီးပွါးရေးလေ့ လူများထက်ညံ့နိန်ပါရေ မြန်မာနိုင်ငံမှာဆိုကေ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်နီပါရေ။
ပညာရေးဖက်ကကြည့်လိုက်ကေလေ့ တက္ကသိုလ်ဆိုစော် တစ်ခုရာဟိပါရေ အရာပြည်နယ်တိမှာအများကြီးပါ၊
အချေတိစော် ပညာမတက်ဂတ်ပါဗျာလ် တစ်ရက်ထက်တစ်ရက် ပညာနင့် ဝီးလာပါရေ။
လူမှုရေးလေ့ ယင်းပိုင်ပါဗျာလ် ကျနော်ရို့ ရခိုင်တိစော် တစ်လူမျိုးနင့်လေ့ မကိုက်ဖြစ်လာလတ်ပါရေ (ကျနော်က ဒေစကားကို သုံးလိုက်စော်က အားမရလို့ပါ)။
နိုင်ငံရေးဖက်က ကြည့်လိုက်ကေလေ့ ရခိုင်တပ်မတော်တိစော်ကိုယ့်ပြည်မှာအခြေစိုက်လို့မဟိပါသိ ဒေနိန့်ထိ၊
တခြားလူမျိုးတိမှာ အနားက နိုင်ငံတိ အားကိုးရပါရေ ကျနော်ရို့မှာ အနားမာလေ့ အားကိုးဖို့ နိုင်ငံဆိုစော်လေ့မဟိပါ (ရခိုင်ပြည်သားတိက ထောက်ပံ့ပီးဖို့လေ့လိုပါဖို့တပ်မတော်အတွက်)။
စည်းလုံးညီညွတ်မှုအပိုင်းကို ကြည့်လိုက်ကေလေ့ ကျနော်ရို့ ရခိုင်အဖွဲ့စည်းတိကို အားမလိုအားမရဖြစ်နီဂတ် ရပါရေ မဟုတ်လား၊ အမျိုးသားစည်းလုံးညီညွတ်မှုးကို ဒေနိန့်ထိ မရနိုင်သိလို့ ကျနော်မြင်ပါရေ။
အထက်က ကျနော်ပြောခရေပိုင်ပါ အမျိုးစားစည်းလုံးညီညွတ်မှုရဖို့အတွက် တစ်နှစ်တိုးဗျာလ် သတိပီးလိုက်စော်လို့ ကျနော်က ခံစားရပါရေ။
အောက်မှာကျနော် ရခိုင့်နိုင်ငံတော်ကျဆုံးခြင်း ဆောင်းပါးကို link ထည့်ပီးလိုက်ပါရေ
အဓိက ကျနော်ယင်းချင့်ကိုဖေါ်ပြချင်လို့ပါ အားလုံးကိုလေ့ လေးစားပါရေ အမှားပါကေလေ့ ခွင့်လွတ်ဂတ်ပါ။
ရခိုင်နိုင်ငံတော် ကျဆုံးခြင်း
ရခိုင်နိုင်ငံတော် ကျဆုံးခြင်း
Author:
Unknown
Genre:
Rating
အမျိုးသားစည်းလုံးညီညွတ်မှုကိုမျှော်လင့်ယင်း
မောင်သစ္စာ(မဟာချိုင်)
Posted by Unknown
Posted on