ဒိုးကစပ်ကတ်မေ လူရို့..........

    Author: Unknown Genre: »
    Rating


    “ ဒိုးကစပ်ပွဲ ”
    ရွှီလမင်းက ထိန်ထိန်သာ
    ဒိုးကစပ်ဖို့လာ။
    တလင်းပြင်မှာ လရောင်ဆမ်း
    သငယ်ချင်းရို့ ရွှင်လန်းလန်း။
    “မောင်သာဘန်း” ကို “ခွီးချေ” ယူ
    ငါရို့ဖက်က အောင်လှဖြူ။
    ရှူုံးရေလူကို မြင်းစီးတမ်း
    ဒေါမာန်မပါ အပျော်တမ်း။
    အစမ်းမဟိ ဖျိုကတ်တေ
    သူရို့ ပစ်ရရေ။
    မောင်ခွီးချေ အယင်ပစ်
    ဒိုးကိုငါရို့စိုက်။
    သူရို့ပစ်လိုက် ရူးလားဗျာလ်။
    ငါရို့ပစ်လှည့်ပါ။
    စိုက်ဒိုးကိုရာ ကျအောင်မှန်
    ပစ်ဒိုး“ချွမ်းရရွမ်း”။
    “ချွမ်းရရွမ်း”နန့်လားခကေ
    စိုက်ဒိုးပမှာ ကျပါရေ။
    နိုင်ရေ နိုင်ရေ ငါရို့ဖက်
    မောင်သာဘန်း နောက်ကုန်းမှာတက်။
    ခွီးချေထက်မှာ အောင်လှဖြူ
    ငါရို့ဖက်ကိုလူ။
    မငြူမစူ မြင်းကဗြီး
    ငါရို့တိမှာ အပျော်ကြီး။ ။
     

    Khing Myolinn