ရခိုင်နိုင်ငံရေး၊ တော်လှန်ရေး ဖြတ်သန်းဖြစ်တည်မှု အထင်ကရ သမိုင်းခုနှစ်များ

    Author: Unknown Genre: »
    Rating


    ရခိုင်ပြည်နယ် အချုပ်အခြာအာဏာ ကျဆုံးသည့် နေ့မှသည် မျက်မှောက်ကာလထိ နှစ် (၂၂၇နှစ်)၊
    ရခိုင်နိုင်ငံရေး၊ တော်လှန်ရေး ဖြတ်သန်းဖြစ်တည်မှု အထင်ကရ သမိုင်းခုနှစ်များ

    photo - rakhinethargree.com


    (အေဒီ - ၁၇၈၅ မှ အေဒီ - ၂၀၁၂ ထိ)


    AD - ၁၇၈၅    - ဇွန်န၀ါရီ (၂)ရက် မြောက်ဦးမြို့တော် ကျဆုံး
                         - ဇွန်န၀ါရီ (၁၁)ရက် ဘုရင်မဟာသမ္မတရာဇာ ဖမ်းဆီးခံရ။
                         - မဟာမုနိကို အမရပူရသို့ ရွှေ့၊ ရခိုင်ကို မြို့ဝန်လေးစုဖြင့် အုပ်ချုပ်မှုစတင်။
    AD - ၁၇၈၇    - ငပေါလုံး၏ ဗဒုံမင်းအား ဆန့်ကျင်တော်လှန်မှုများ ကြီးမားလာ။
    AD - ၁၇၈၈    - မင်းညီမင်းသား၊ ရဟန်းတော်များ၊ ပညာသည်များ၊ ကိုယ်ရံတော်၊ သူငယ်တော်၊ မိန်းမစိုး စသော
                            လူရှင်ရဟန်းတို့ကို အမရပူရသို့ ဖမ်းဆီးယူဆောင်ခံရ။ နန်းတော်ရပ်သည် တစပြင်ဖြစ်သွား။
    AD - ၁၇၈၉    - ဇင်းမယ်သို့ စစ်ချီရာတွင် ရခိုင်မှ တပ်သား (၆၀၀၀) စုဆောင်းပေးခဲ့ရ။
    AD - ၁၇၉၃    - ငပေါလုံးတော်လှန်ရေး လှုရှားမှုများသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့။
    AD - ၁၇၉၄    - စစ်တကောင်းတွင် တိမ်းရှောင်နေသော ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတစ်ကောင်နိုင် တို့အား၊
                            ရခိုင်မြို့ဝန်သို့ လွှဲပေးခဲ့ရ။
    AD - ၁၇၉၅    - ဇွန်လတွင် ရခိုင်တော်လှန်ရေး သူရဲကောင်း ငပေါလုံး၊ ငခွက်ပေါက်တို့ကို အဆုံးစီရင်၊
                           ကျွဲတစ်ကောင်နိုင်က ဆင်ဖြူကျွန်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့။
    AD - ၁၇၉၇    - မင်းကွန်းခေါင်းလောင်း တည်ဆောက်ရန်အတွက် လူ ၂၀၀၀ကျော် လုပ်အားပေးရန် တောင်းဆို၊
                           ယင်းကို မလိုလား၍ ဆန့်ကျင်ပုန်ကန် ကြသူများနှင့် ချင်းပျံစတင်၍ ပူးပေါင်း၊ မြို့ဝန်အုပ်ချုပ်ရေး
                           ကျွန်စနစ်ဆိုးကြောင့် ရခိုင်ငါးသောင်းခန့် စစ်တကောင်းနယ်သို့ သွားရောက်ခိုလှုံ။
    AD - ၁၇၉၈    - ငတုံးစံ၊ ငကာစွယ်၊ တုံးစံရွေတို့ တိုက်စည်တိုက်မောင်း တီး၍ ပုန်ကန်ထကြွကြ၊
                            စိန်တင်စားချင်းပျံသည် ရခိုင်တော်လှန်ရေး သမားများနှင့် ပူးပေါင်း။
    AD - ၁၇၉၉    - ချင်းပျံတပ် စစ်ရေးနိမ့်၍ စစ်တကောင်းသို့ ခိုဝင်သွား။
    AD - ၁၈၁၁    - ချင်းပျံပြန်လည်၍ ထိုးစစ်ဆင်ပြီး ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗမာဘုရင်
                            မောင်ဝိုင်းတပ်များ၏ အင်အားကြီးမားမှုကြောင့် ထိုးစစ်မှ ခံစစ်သို့ ပြောင်းလဲ၍ ရဲဘော်ရဲဘက်
                            တစ်သိန်းနှင့် တောထဲသို့ ရှောင်တိမ်းခဲ့။
    AD - ၁၈၁၂    - ချင်းပျံ တတိယအကြိမ် ထကြွ၊ ကိုးလကြာမြင့်ခဲ့။
    AD - ၁၈၁၂ - ၁၈၁၇  
                         - ဆန်စပါးရှားပါးပြီး ထမင်းငတ်မွတ်၍ လူများစွာ သေဆုံးမှုက တော်လှန်ရေးကို တုံ့ဆိုင်းစေခဲ့။
    AD - ၁၈၁၅    - ဇန်န၀ါရီ (၂၅)ရက် တွင် ရခိုင်တော်လှန်ရေး သူရဲကောင်း ဗိုလ်ချင်းပြန် ဖလောင်းချိတ်အရပ်၌
                            ကွယ်လွန်။
    AD - ၁၈၁၆    - ရခိုင်တော်လှန်ရေး လှုပ်ရှားမှုများ တဖြည်းဖြည်း မှေးမှိန်သွားခဲ့။
    AD - ၁၈၂၄    - အမရပူရ စစ်ဗိုလ်ချုပ် ရခိုင်အရေး နှိမ်နှင်းသူ ဗန္ဓုလ ပန်းဝါကိုတိုက်၊ စစ်ပွဲတွင်
                            စစ်ရှုံး၍ ပြန်ဆုတ်။


    ရှင်မဖြူကျွန်း အရေးအခင်းဖြစ် (အင်္ဂလိပ်ခေတ်)


    AD - ၁၈၂၅    - ဗြိတိသျှတပ်များ ရခိုင်ပြည်သို့ဝင်၊ မြောက်ဦး (ဧပြီ-၂)၊ ရမ်းဗြဲ(ဧပြီ-၂၂)၊
                           မာန်အောင်(မေ-၆) တို့တွင်သိမ်းယူ။
    AD - ၁၈၂၇    - မင်းသားကြီး ရွှေဗန်း အင်္ဂလိပ်တို့ကို စတင်တော်လှန်။
    AD - ၁၈၂၉    - ဦးမောင်သာဦးတို့ စတင်တော်လှန်။
    AD - ၁၈၃၂    - ကျိန္တလီဘုန်းကြီး ဦးဆောင်တော်လှန်။
    AD - ၁၈၃၄    - ရခိုင်အုပ်ချုပ်ရေးကို ဘင်္ဂလားနယ်မှ ခွဲထွက်၊ တိုင်းတစ်ခုအဖြစ် သတ်မှတ်။
    AD - ၁၈၃၆    - ဇန်န၀ါရီလတွင် လေးမြို့သူကြီး ချစ်စံဝေတို့ တော်လှန်၊ ချစ်စံဝေ အဖမ်းခံရ။
    AD - ၁၈၅၃    - တောင်ကုတ်နယ်တွင် တော်လှန်မှုစတင်။
    AD - ၁၈၆၃    - တောင်ကုတ်နယ်တွင် ဗိုလ်ကျော်ဝ ဦးဆောင်တော်လှန်မှု ထင်ရှားလာ။
    AD - ၁၈၆၄    - သံတွဲခရိုင် တောင်ပိုင်း ဂွနယ်ကို ရခိုင်တိုင်းသို့ ပြန်သွင်း။
    AD - ၁၈၆၅    - ရခိုင် မြောက်ဖျားဒေသကို စစ်တွေခရိုင်မှ ခွဲထုတ်အုပ်ချုပ်။
    AD - ၁၈၆၇    - စစ်တွေနှင့် ကျောက်ဖြူတွင် ဦးမောင်ဖြူတို့ တော်လှန်။
    AD - ၁၈၇၁    - ဦးမောင်ဖြူ အဖမ်းခံရ။
    AD - ၁၈၈၇    - ရခိုင်တောင်ပိုင်းတွင် ကျောက်စိမ်းဗိုလ်နှင့် ဇော်ဂျီဗိုလ်တို့ တော်လှန်။
    AD - ၁၈၉၀    - သံတွဲတွင် ရဟန်းတစ်ပါး၊ ကျောက်ဖြူတွင် ဗိုလ်မောက်၊ ဂွတွင် ဗိုလ်ကြာထွန်း၊ ဦးလှရွေ၊
                            ဗိုလ်ကျော်ဝတို့ တော်လှန်။
    AD - ၁၈၉၁    - မစဲကမ်းမှ ဦးမောင်ဖော်အောင် ဦးဆောင်သော တော်လှန်ရေးစတင်။
    AD - ၁၈၉၂    - ဦးမောင်ဖော်အောင်နှင့် အတူ ဖခင်ဦးချင်းပို ဖော်ဝါရီလတွင် အဖမ်းခံရပြီး
                            စစ်တွေထောင်တွင် အကျဉ်းချခံရ။
    AD - ၁၉၀၆    - ဦးစိန်လှအောင် (YMBA) အသင်းကို တည်ထောင်ပေးခဲ့။
    AD - ၁၉၁၀    - ဦးမဲအောင်အား နောင်ပေါ်မည့် ဂျီစီဘီအေ (GCBA) အသင်းတွင် ဥက္ကဌအဖြစ် ရွေးချယ်။
    AD - ၁၉၁၈    - ရခိုင်ပြည်အသင်းကို ထူထောင်။
    AD - ၁၉၂၀    - ကျောက်တော်နှင့် စစ်တွေတို့တွင် အမျိုးသားကျောင်းများ တည်ထောင်။
    AD - ၁၉၂၂    - ရခိုင်သံဃာသမဂ္ဂီကိုဖွဲ့။
    AD - ၁၉၂၃    - ဒိုင်အာခီ အုပ်ချုပ်ရေးတွင် မဲပေးကြရ။
    AD - ၁၉၃၀    - ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေး အဖွဲ့ချုပ်ကို တည်ထောင်လှုပ်ရှား။
    AD - ၁၉၃၄    - ရခိုင်ပြည်လုံးဆိုင်ရာ ဆင်းရဲသားအဖွဲ့ကို ဖွဲ့စည်း။
    AD - ၁၉၃၆    - ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များ နိုးကြားရေး အစည်းအရုံးကို တည်ထောင်။
    AD - ၁၉၃၇    - အိန္ဒိယနိုင်ငံရေးခေါင်းဆောင် ပဏ္ဍစ်နေရူး စစ်တွေသို့ ရောက်ရှိ။
    AD - ၁၉၃၉    - ရခိုင်ဆင်းရဲသား အဖွဲ့နှင့် လူငယ်များနိုးကြားရေး အစည်းအရုံးတို့ ညီလာခံကျင်းပ။
                            ရခိုင်နိုင်ငံရေး ကိစ္စကို ရခိုင်ကျောင်းသား ခေါင်းဆောင်ကိုဘစံနှင့် သခင်အောင်ဆန်း
                             စတင်ဆွေးနွေး။
    AD - ၁၉၄၀    - ဆင်းရဲသားအဖွဲ့နှင့် လူငယ်များပူးပေါင်းပြီး (ANC) အနေဖြင့် ညီလာခံကျင်းပ။
    AD - ၁၉၄၂    - ရခိုင်နိုင်ငံရေးသမား (၁၈)ဦးကို အင်္ဂလိပ်က ဖမ်းပြီး အိန္ဒိယထောင်သို့ ပို့၊
                            ကျန်နိုင်ငံရေးခေါင်းဆောင်များ တိမ်းရှောင်ရ။
                          - ဘီအိုင်အေတပ်များ ဘူးသီးတောင်မှ ဆုတ်၊ ရခိုင်စစ်ပြေးများစွာ သင်္ဘောနစ်မြုပ်၍ သေဆုံးရ။
    AD - ၁၉၄၃    - ရခိုင်ကာကွယ်ရေး တပ်ဖွဲ့ကို မြောက်ဦးတွင် ရခိုင်ခေါင်းဆောင်တို့ စတင်ဖွဲ့စည်း။
    AD - ၁၉၄၄    - ရခိုင်တွင် ဂျပန်ကို စတင်တော်လှန်မည် ဖြစ်ကြောင်းကို ရန်ကုန်သို့ အသိပေး။
    AD - ၁၉၄၅    - မြန်မာပြည်တွင် အစောဆုံး တော်လှန်မှု အဖြစ် ပြဒေးစခန်းမှ စတင်၍ ဂျပန်ကို တော်လှန်။
    AD - ၁၉၄၆    - ရခိုင်ဖဆပလများ တောကန်ညီလာခံ ကျင်းပ။
                          - ဗိုလ်ချုပ်အောင်ဆန်း စစ်တွေတွင် စည်းရုံးရေး တရားဟော။
    AD - ၁၉၄၇    - ရခိုင်တပ်ပေါင်းစု ညီလာခံကို မြေပုံတွင် ကျင်းပ။
                          - ရခိုင်ကွန်မြူနစ်များ ရခိုင်ဖဆပလမှ ခွဲထွက်၊ မယူနယ်တွင် မူဂျာဟစ်များ ထကြွ။
    AD - ၁၉၄၈    - ဇန်န၀ါရီ (၄) တွင် ဗြိတိသျှအုပ်ချုပ်မှု အဆုံးသတ်။


    လက်ရှိ မြန်မာအုပ်ချုပ်ရေးခေတ်


    AD - ၁၉၄၈    - ရခိုင်တိုင်း ဆိုရှယ်လစ်ပါတီ ဖွဲ့စည်း။
    AD - ၁၉၄၉    - ရခိုင်ရှိ ပြည်ထောင်စုတပ်နှင့် ပြည်သူ့ရဲဘော်တို့ တောခို၊ မူဂျာဟစ်များ သောင်းကြမ်း။
    AD - ၁၉၅၀    - အစိုးရတပ်များ မြို့ဟောင်း၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင် မြို့ များကို ပြန်လည် သိမ်းယူ။
    AD - ၁၉၅၂    - အထွေထွေ ရွေးကောက်ပွဲ၊ ရခိုင်တစ်သီးပုဂ္ဂလ အမတ်များ အဖွဲ့ကို ဖွဲ့စည်း။
    AD - ၁၉၅၃    - ရတည ကိုဖွဲ့စည်း၊ မူဂျာဟစ်စခန်းများ တပ်မတော်မှ သိမ်းပိုက်။
    AD - ၁၉၅၄    - ရခိုင်သံဃာ သမဂ္ဂီအဖွဲ့ကို ဖွဲ့။
    AD - ၁၉၅၅    - ရခိုင်တိုင်းရင်းသား လူငယ်များ အစည်းအရုံးကို တည်ထောင်၊ ဘုံပေါက်သာကျော်နှင့် အဖွဲ့
                            မင်းပြားတွင် အလင်းဝင်။
    AD - ၁၉၅၆    - ပါလီမန် ရွေးကောက်ပွဲတွင် ရတညမှ (၄၆) ရာခိုင်နှုန်း၊ ဖဆပလမှ (၅၄) ရာခိုင်နှုန်း ရရှိ။
    AD - ၁၉၅၇    - ရခိုင်တောခို ပြောက်ကျားများ အလင်းဝင်။
    AD - ၁၉၅၈    - ဦးစိန္တာနှင့် အဖွဲ့ မင်းပြားတွင် လက်နက်စွန့်၊ ကွန်မြူနစ် ပါတီမှ ဗိုလ်အောင်ကျော် နှင့်
                           အဖွဲ့၊ ပြည်သူ့ရဲဘော် ဗိုလ်စံသာကျော် တပ်ဖွဲ့၊ ဦးကျော်ထွန်း၏ တပ်ဖွဲ့၊ ကျောက်ဖြူခရိုင်
                           ဂွမြို့နယ် တို့မှ ပြည်သူ့ ရဲဘော် အဖွဲ့တို့ လက်နက်စွန့်ကြ။ ရခိုင်အမျိုးသား ညီညွတ်ရေး
                           တပ်ပေါင်းစု ဖွဲ့။
    AD - ၁၉၆၀    - ပါလီမန်ရွေးကောက်ပွဲ၊ ရခိုင်အမတ် နေရာများတွင် ရတညမှ (၆၀) ရာခိုင်နှုန်း၊
                            ဖဆပလမှ (၄၀) ရာခိုင်နှုန်းရရှိ။
    AD - ၁၉၆၁    - မူဂျာဟစ် (၂၉၀) ဦးအလင်းဝင်။
    AD - ၁၉၆၃    - ရခိုင်ပြည် ကွန်မြူနစ်ပါတီ နှင့် တော်လှန်ရေးပါတီ တို့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေး။
    AD - ၁၉၆၇    - ကျောက်တော်ကို ဗကပတို့ ၀င်စီး၊ ဆန်ရှားပါးမှုကြောင့် စစ်တွေတွင် ရုန်းရင်းဆန်ခတ် ဖြစ်၊
                            ဆန်တောင်းခံ ဆန္ဒပြသူများအား တပ်မတော်မှ ပစ်ခတ်မှုကြောင့် ရခိုင်သူ/သား ရာပေါင်းများစွာ
                            သေဆုံးခဲ့ရ (သြဂုတ် - ၁၃)။
    AD - ၁၉၆၈    - အမ်းမြို့ကို ဗကပ ဗိုလ်သက်ဆွေနှင့် အဖွဲ့ ၀င်စီး။
    AD - ၁၉၇၀    - မင်းပြားကို ဗကပတို့ ၀င်စီး။
    AD - ၁၉၇၁    - အမှတ် (၇) ဒေသပါတီ အမည်ဖြင့် ရခိုင်တိုင်းအတွက် ဒေသပါတီကို ဖွဲ့စည်း။
    AD - ၁၉၇၂    - ANUP ပါတီမှ ဥက္ကဌ ဗိုလ်ကြီးကြာလှအောင် အလင်းဝင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို
                            စစ်တွေတွင် ဖွင့်လှစ်။
    AD - ၁၉၇၃    -  ALP ပါတီခေါင်းဆောင် ပီတာဘချိုတို့ အလင်းဝင်သည်။ ကုလားဇော်ဖား ဌာနချုပ်ကို
                            တပ်မတော်မှ သိမ်းပိုက်။
    AD - ၁၉၇၄    - ရခိုင်တိုင်းမှ ရခိုင်ပြည်နယ် ဟု ပြောင်းလဲ သတ်မှတ်။
    AD - ၁၉၇၃    - ဗိုလ်ခိုင်မိုးလင်း ထောင်မှ လွတ်မြောက်။
    AD - ၁၉၇၄    - ဗိုလ်ခိုင်မိုးလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ဖွဲ့စည်း။
    AD - ၁၉၇၆    - ဗိုလ်ခိုင်မိုးလင်း နှင့် တပ်ဖွဲ့ ရခိုင်ပြည်သို့ စစ်ကြောင်းခရီး စတင်၍  ချီတက်။
    AD - ၁၉၇၇    - ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ခိုင်မိုးလင်း ချင်းပြည်နယ် တွန်းဇံတံတား
                            အနီးတွင် မိမိကိုယ်ကို အဆုံး စီရင်ခဲ့။ (ဇန်န၀ါရီ ၄)
                            အေအိုင်အေ ခေါင်းဆောင် ဦးစံကျော်ထွန်း ဟုမ္မလင်း တောတွင်းတွင် ကျဆုံး။ (ဇူလိုင် ၂၄)
    AD - ၁၉၈၀    - AIA ဥက္ကဌ ထွန်းရွှေမောင်၊ ရခိုင်ပြည်နယ် ကွန်မြူနစ်ပါတီ ဥက္ကဌ ကျော်ဇံရွှီ၊ ဗိုလ်သက်ထွန်းတို့
                            အလင်းဝင်။
    AD - ၁၉၈၈    - ရန်ကုန်မြို့ရှိ ရခိုင်အမျိုးသား များသည် ရခိုင်အမျိုးသား သမဂ္ဂကို ဖွဲ့စည်း၍ အမျိုးသားရေး
                            ဆန္ဒများကို ထုတ်ဖော်ပြသ။
    AD - ၁၉၉၀    - မေလရွေးကောက်ပွဲ၊ ရခိုင်ပါတီများတွင် ALD မှ အင်အားအကောင်းဆုံးကို ပြသခဲ့။
    AD - ၁၉၉၂    - ALD ဖျက်သိမ်းခြင်း ခံရ။
    AD - ၁၉၉၆    - ကျောင်းသားများ ဆန္ဒပြမှု ရခိုင်သို့ ကူးစက်။ ကျောင်းသားအချို့ ထွက်ပြေးတိမ်းရှောင်ရ။
    AD - ၂၀၀၇    - ကုန်ဈေးနှုန်း မြင့်မားမှုကြောင့် စစ်တွေမှ ရဟန်း၊ ပြည်သူများ စတင်ဆန္ဒပြ။
    AD - ၂၀၀၉    - စစ်တွေမှ အမျိုးသားရေးရာ တက်ကြွသူ လူငယ်တစ်စု ထိန်းသိမ်းခံရ။
    AD - ၂၀၁၀    - RNDP စတင်ဖွဲ့စည်း။
    AD - ၂၀၁၂    - RNDP ရာနှုန်းပြည့် မဲရရှိမှုဖြင့် အင်အားအကောင်းဆုံး ပါတီဖြစ်လာ။
    AD - ၂၀၁၂    - ……………………………………… ???  .




    ရည်ညွှန်း -

    ၁။  ရခိုင်ပြည် နိုင်ငံရေး ဖြစ်စဉ်သမိုင်း
    ၂။  သီရိဝစ္ဆ အမှတ် (၁)
    ၃။  မဇ္ဈိမဒေသ အရေးတော်ပုံကျမ်း
    ၄။  စစ်တကောင်းမှသည် ရန္တပိုဆီသို့

    ..............................................................................................................

    RNDP တိုးတက်ရေး သတင်းလွှာ အတွဲ - ၁၊ အမှတ် - ၁၄၊ (၃၀၊ ဒီဇင်ဘာ၊ ၂၀၁၁) က
    ဆောင်းပါးကို ပြန်လည် ကူးယူဖော်ပြပါသည်။