၃၄ နှိုက်မြောက် အာဇာနီ သူရဲကောင်း ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးလားရေ နှိုက်ပတ်လည်နိန့် ထုတ်ပြန်ကြေညာချက်
ဂျွှန်လ၊ ၄ ရက်၊ ၂၀၁၁-ခုနှိုက်
ဒေနိန့် ဂျွှန်လ၊ ၄ ရက်နိန့်မှာ ကျရောက်တေ အာဇာနီ သူရဲကောင်း ဥက္ကဌကြီး ခိုင်မိုးလင်း၏ ၃၄ နှိုက်မြောက် အာဇနီနိန့်ဖြစ်တေ။ ဥက္ကဌ ကြီး ခိုင်မိုးလင်းနန့်အတူ အဖရခိုင်ပြည်ကြီး လွတ်လပ်ရီး အတွက် တိုက်ပွဲဝင်ယင်း ကျဆုံးလားရေ ရခိုင်သူရဲကောင်းရို့အား ၀မ်းနည်းကြေကွဲစွာနန့် ဂုဏ်ပြုအပ် ပါရေ။
ဥက္ကဌကြီး ခိုင်မိုးလင်း၏ စိတ်ဝိညာဏ်ရို့သည်ကား ရခိုင်တမျိုးသားလုံး၏ အသိအာရုံထဲမှာ အစိုဉ် အမြေး စီးဆင်းနိန်ကတ်ပါလိမ့်မေ။ သူရို့၏အသက်ကို ပဓာနမထားပဲနန့် စွန့်လွတ်ပီးဆပ်လားခ ကတ်တေ လုပ်ရပ်ရို့ကိုကား ရခိုင်တမျိုးသားလုံးက လက်ဆင့်ကမ်း သမိုင်းအမွီအနှိုက်အဖြစ် ယုံကြည်စွာနန့် ဆက်လက် တာဝန်ယူလားကတ်ရဖို့ပင်ဖြိုက်တေ။
ရခိုင်ပြည်လွတ်လပ်ရီးရေ ရခိုင်လူမျိုးရို့၏ အမွီအနှစ်ဖြိုက်တေ။ ဒေနိန့်ကျရောက်တေ ဥက္ကဌကြီး ခိုင်မိုးလင်း၏ ၃၄ နှိုက်မြောက် အာဇာနီနိန့်မှာ၊ နိန်ရာဒေသအသီးအသီးသို့ ရောက်ဟိနိန်ကက်တေ ရခိုင်လူမျိုးရို့က မိမိရို့တမျိုးသားလုံး ဗမာကိုလိုနီကျွှန်ဘ၀က လွတ်မြောက်ရီးအတွက် ဆက်လက် တိုက်ပွေးဝင်လားဖို့ဖြစ်ကြောင်း ဥက္ကဌကြီး ခိုင်မိုးလင်းအား လေးနက်စွာနန့် သန္ဒိဌာန်ပြုအပ်ပါရေ။
အာဇာနီသူရဲကောင်း ဥက္ကဌကြီး ခိုင်မိုးလင်း၏ အဖရခိုင်ပြည် လွတ်လပ်ရီးအတွက် စွန့်လွှတ်အနစ်ခံ ပီးဆပ်မှုတိကို အကျွှန်ရို့ ရခိုင်ပြည်လွတ်လပ်ရီး လှုပ်ရှားမှုကော်မီတီမှ အစဉ်အမြဲ ဂုဏ်ယူလေးစားနီဖို့ ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါရေ။
ရခိုင်ပြည်လွတ်လပ်ရီး လှုပ်ရှားမှုကော်မီတီ
Arakan Freedom မှ ၃၄ နှိုက်မြောက် ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးလားရေ နှိုက်ပတ်လည်နိန့် ထုတ်ပြန်ချက်
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on