သဇင်တစ်ခက်
ပင်မြင့်ထက်မာ
စွဲမက်စရာ
ဂုဏ်ရောင်ဝါနန့်
မဟာရနံ့
မွှီးသင်းပြန့်ရေ
မျိုးသန့်ပန်းမည်
သဇင်ပီ၏။
သဇင်တစ်ခက်
နန်းမြင့်ထက်မာ
လှကြက်သရေ
မြတ်ဂုဏ်ရည်ကြောင့်
မျိုးနွယ်မြင့်မား
နန်းတွင်းသားရို့
ဘုရားလေ့တင်
ဂေါင်းမာဆင်ရေ
တော်ဝင်ပန်းမည်
သဇင်ပီ၏။
သဇင်တစ်ခက်
ပန်းဖျက်လက်မာ
အသက်အသွင်
မြတ်ဂုဏ်အင်နန့်
ဖြူစင်အမျိုး
ရွှီတန်ဖိုးကို
မညှိုးနွမ်းအောင်
သတိဆောင်ကေ
ဘုန်းရောင်နီလ
ပန်းဝံသမာ
သာလီစွလေ
သာလီစွ။ ။
ခိုင်မင်းဇံ(ရခိုင်ပြည်)
တော်ဝင်သူအတွက်
Author:
Unknown
Genre:
»
စာကြည့်တိုက်
Rating
Posted by Unknown
Posted on