အမိ မေတ္တာ

    Author: Unknown Genre: »
    Rating

    အမိ မေတ္တာ "ဟတ်ချိုး ၊ဟတ်ချိုး " နန့် နှာချေနိန်ရ သူငယ်ချင်းကိုကြည်ပြီး ဖတ်နိန်ရေ စာအုပ် ကို စာအုပ်ခုံထက်ပြန်ထင်လိုက်ရေ

    "ကဲ ဒေါ်နိုးနိုး သောက်ဆေး လားဝယ်မှ ဖြစ်ဖို့ ငါ့မှာလည်း ပါရာဆီထမောက် ကုန်နီရေ လမ်းထိပ်လား ၀ယ်ကတ်မယ် " လို့ ပြောလိုက်ရေ အကျွန့် ကိုသူက "မိုးကတစ်ဗျင်း ရွာနိန်ရေ ခိုင်ခိုင်" လတ် ...

    ဒေနိန့် က တစ်နိန့်လုံး မိုးရွာနိန်စွာလေ ... မိုးအရွာတိတ်အောင်စောင့်လို့ ဆေးဆိုင်ပိတ်လားကေ ဒုက္ခ မိဘနန့် အ၀ီး တစ်ပြည်တစ်ရွာမှာ ကျောင်းလာတက် ရရေခါ နာမကျန်းဖြစ်ကေ မလွယ်၊ စာမေးပွဲကလည်းနီးဗျာယ်၊ နာရီကြည့်လိုက်ခါ ည၈နာရီခွဲ ၊

    " ကဲ နိုးနိုး မိုးတိတ်အောင် စောင့်နိန့်လို့ တော့ မိုးလင်းလားဖို့ အရာညဘက် အဖျားတက်နိန်ကေ ဇာပိုင်လုပ်ဖို့လဲ .. လားကတ်မယ်ထ"

    ယင်းပိုင်နန့် အကျွန်ရို့ နှစ်ယောက် လမ်းထိပ် ကိုထွက်လာဖြစ်ကတ်ရေ ... လမ်ထိပ်ကို ရောက်မှာလမ်းထိပ် အုတ်ပုံ ထက် မှာ မိုးထက်ကကျောင်းလားရေခါ တွီ့ခရေ အရူးမ သားအမိ ကို မြင်ရေခါ အကျွန်ရို့ သူငယ်ချင်းနှစ်ယာက် ယင်းအဖြစ်အပျက် ကိုကြည့်ပြီးကေ စိတ်မကောင်းဖြစ် မိရေ ..... ယင်းအရူးမကို အယင်က တစ်ခါလည်းမမြင်မိ အေနိန်ရာမှာ ကုန်ခရေ တစ်ရက်နိန့်ကမှ မြင်မိရေ ယေကေလည်းသတိမထာမိ ... အရူးမဆိုကေလည်း အရုပ်ချေကအလှပချေ ပုံစံပေါ်ရေ သန့်သန့်ပြန့်ပြန်ရာ ဆင်ထားဖို့ဆိုကေ မော်ဒယ် ပုံစံချေရှိဖို့ အချေကလည်း ချစ်ကောင်းထမန်းချေ ၈နှစ်သားလောက်အရွယ် မိုးထကတော့ အဆောင်ပိုင်ရှင်ပြောစွာကို တော့ ကြားလိုက်ရေ လမ်ထိပ်ကိုရောက်နိန်ရေ အရူးမစွာအယင်ကဒေရပ်ကွက်ထဲမှာနိန်ဖူးခရေ ဆိုစွာ။

    မိုးရီ ထဲမှာ ထီးချေတစ်ဆောင်ဆောင်းထားရေ .... အချေကဘေးနားချေမှာအိပ်နိန်ရေ ..... ယင်းနားကဖြတ်လာရေခါ ညည်းသံကြားလို့ ကြည့်လိုက်မိရေ ယေမှာ အနာအတွက်နန့် ရောင်ကိုင်းနိန်ရေ ခြီကို ကြည့်ပနာ ညည်းနီစွာကို မြင်ရလို့ စိတ်မကောင်းဖြစ်မိရေ .... ယေကေလည်း အနားလားပြီးကေ မကြည့်ဖြစ်ခကတ် ... ဆေးဆိုင်ရောက်လို့ ဆီးဝယ်ရေခါ အရုးမအတွက်ပါ ပိုဝယ်ဖြစ်ခကတ်ရေ... ပြီးကေဆီးဆိုင်နားက ကော်ဖီဆိုင်က ကော်ဖီ၂ခွက်မှာရေ ခါ ဆိုင်က ပိတ်ခါနီးလို့ ရေပူ ကတစ်ခွက်စာရာ ရခရေ ... အရူမသားအမိ ရှိရေနိန်ရာရောက်ခါ မ၀ံ့မရဲ နန့် အနားကိုလားကတ်ရေ အရာမိုးထကမြင်ခရေပိုင် လူတစ်ယောက်ကသူ့ကိုကြည့် စွာကို ကျောက်ခဲနန့် လက်ခဲ နက်ရေပိုင် ဆိုကေ၀ါ ၊ အတွေးနန့် လေ ...............

    အနားရောက်ရေခါ သူက အကျွန်ရို့ကို ကြည့်ပနာ ဇာလဲ လို့ပြောရေ ... အကျွန်ရို့လည်း သူ့ကို ခြီတောက်ကနာစွာသက်သာအောင်ဆီးသောက်ဆီးလာပီး စွာလို့ ပြောပြီးကေ ဆီးနန့် ကော်ဖီကို လှမ်းပီးလိုက်ရေ မှာ သူမျက်လုံးတိက အဂုနားကပိုင် ရန်လိုရေပုံစံ မဟုတ်ပဲနန့် လှမ်းယူလိုက်ရေ ပြီးကေ သားချေကို

ို "ဟေ့ဟေ့ ထထ အေမှာစားစရာ စားဖို့"ဆိုပြီးနှိုးရေ အချေထစွာနန့် စားဆိုပြီးကေ သူ့သားချေကိုကျွေးလိုက်ရေ သူကတော့အကျွန်ရို့ ၀ယ်ခရေဆေးဆိုင်ကစပ်ပီးလိုက်ရေ ဆေးကို သောက်ပြီးကေ သူ့သားချေ သောက်နိန့်ရေကော်ဖီနန့် မုန့်ကို ငေးကြည့်နိန်ရေ အကျွန်ရေ ယင်းအဖြစ်အပျက်ချေကို ကြည့်ယင်းနန့် စိတ်မကောင်းဖြစ်မိရေ၊ ယင်းအချိန်မှာဗျာယ် လမ်းထဲက လင်မယားနှစ်ယောက်ထွက်လာပြီးကေ လမ်းကြားထဲက အမိုးချေနန့် ကင်းရုံပုံစံချေ အမိုးထဲကို လားနိန်ဖို့ပြောပြီးကေ ဂွမ်းစောင်တစ်ထည်လာပီးကတ်တေ အကျွန်ရို့လည်း ထိုလင်မယားနှစ်ယောက်နန့် အတူ အမိုးထဲကိုပို့ပီးခကတ်တေ. အမိုးထဲရောက်မှာတစ်နာကပီးလာရေ ဂွမ်းစောင်ကို အချေကို ခြုံပီးလိုက်ပီးကေ သူကတော့ခါ ကုတ်ကုတ်ချေထိုင်နိန်ရေ ... အကျွန်ရို့ ရင်ထဲမှာ အလွန်တရာ မှ စိတ်မကောင်းဖြစ်မိရေ ... အကျွန်ရို့သူငယ်ချင်းနှစ်ယောက် အဆောင်ကို ပြန်လာပြီးကေ ပေါင်မုန်ခြောက်ထုပ်နန့် အိပ်ရာခင်းအဖြစ်အသုံးပြုရေ ဂွမ်းစောင်နှစ်ခုထဲက တစ်ခုယူပြီးကေ သူရို့ကို လားပီးလိုက်ရေ ...... ............................

    အဆောင်ကိုပြန်ရောက်ရေခါ စဉ်စားမိကတ်တေ အမိတစ်ယောက် မေတ္တာကိုလေ..... စိတ်မမှန်ရေ အရူးမတစ်ယောက်ဖြစ်ကေလည်း သားသမီး အပေါ်ထားရေ အမိတစ်ယောက် မေတ္တာ ............. သည်ကားအနိုင်းမဲ့ပါတကား ..............................



    (လွန်ခရေ ၅ နှစ်လောက်က အမှတ်မထင် ကြုံတွီ့ ခရေ မြင်ကွင်းချေတစ်ခုပါ။)



    ၀ါသနာအရ ရွီးသားခြင်းဖြစ်ပါရေ ... အမှားပါကေလည်း နားလည်ပီးကတ်ပါလို့ ဆန္ဒပြုလျက် .....



    ခိုင်သစ္စာ