ပန်းမြတ်သဇင်

    Author: Unknown Genre:
    Rating





    ပန်းမြတ်သဇင် - ပန်းသဇင်
    သဇင်ပေါ်စ
    နှင်းဝီဝီကေ - နတ်တော်လ။

    ပြိုင်းတောင်ကျော်လမ်း
    ခမောင်းပင်မှာ - သဇင်ပန်း။

    ဆွတ်ခီ ဆွတ်ခီ
    မယ်နှမမှာ - သဇင်ပန်းကို
    ပန်ရစီ။

    နှမပန်သျှင်
    ပျိုတိုင်းကြိုက်တေ - ပန်းသဇင်
    မယ်ကြင်မောင်ဝေ - တက်လို.ဆွတ်ကေ
    ရခရေ။

    ပန်းပွင့်သဇင်
    မယ့်ဂေါင်းထက်မှာ - လှလို.ပင်။

    တဝက်ကိုပန် - တတန်နောင်ကျိုး
    မြတ်စိန္တေလေ- ညောင်ရည်အိုးမှာ
    အပြည့်ထိုး။

    မောင်နှင့်နှမ
    သဇင်ပန်းကို - အရင်းတည်
    မောင်မယ်နှစ်ဝ
    အခါတန် - သင်္ကြန်လမှာ
    ပေါင်းရပါစီ။

    ဆံတော်သျှင်လေ - စေတီရင်းမှာ
    ဆုတောင်းလီလေ - ဆုတောင်းလီ။ ။

    (ရခိုင်ကျွှန်းရွာကဗျာ)