စစ်တွေ သင်္ဘောဆိပ်မှာ ခရီးသည်တိဘားက ဂိတ်ကြေးဆိုပနာ တရားမဝင် ကောက်ခံမှုတိရှိလာကြောင်း သတင်းရရှိသည်။
မြောက်ဦးသင်္ဘောဆိပ် ဝင်ပေါက်ကနိန် ခရီးသည် အဝင်အထွက် တယောက်ကို ဖေသာ နှစ်ရာစီ တရားမဝင် ကောက်ခံနိန်ကြောင်း ခရီးသည်တယောက်က ရခိုင်ရိုးမကို ပြောပြသည်။
“အစိုးရက ကောက်ခိုင်းစွာတော့မဟုတ် ပုဂ္ဂလိကတိ လုပ်စားနိန်စွာ ကောက်ရေလူတိကလဲ အရပ်သားတိရာ ဂိတ်အဝင်မှာ လာသမျှ ခရီးသည်တိဘားက ဂိတ်ကြေးဆိုပနာ နှစ်ရာ ကောက်ခံရေ ပစ္စည်းတိ ပါရေဆိုကေ ပစ္စည်းခလဲ တောင်းရေ၊ ဘူးသီးတောင် ဆိပ်မှာတော့မတောင်းပါ၊ ဒေဘက် မြောက်ဦးဆိပ်မှာရာတောင်းရေ“လို့ သူကပြောသည်။ အဆိုပါဆိပ်ကမ်းအတွင်း ရွြှေုပည်တန်၊ မလိခ စရေ ပုဂ္ဂလိက လိုင်းတိရှိရေအတွက် ခရီးသည်တိ ဝင်ထွက်လားလာမှု များရေအတွက် အဂုပိုင် တရားမဝင်ကောက်ခံနိန်ခြင်း ဖြိုက်တေလို့ သိရသည်။
ယင်းသို့ တရားမဝင် ကောက်ခံနိန်မှုကို ဆိပ်ကမ်းအာဏာပိုင်တိကလည်း ဟန့်တားခြင်း မရှိကြောင်း သိရသည်။
“ဒေပိုင်ကောက်ခံနိန်စွာက ကြာဗျာယ် ပေါ်လိုက်ပျောက်လိုက်နန့် ဇာအဖွဲ့က ကောက်စွာလို့လဲ မသိရ။ သူရို့မိန်းကေလဲ ဂိတ်ကြေးလို့ရာ ပြောရေ၊ တခြားနိန်ရာတိမာလဲ မရှိကာ၊ စစ်တွေ ကားဂိတ်မာတောင် မကောက်”လို့ သူကဆိုသည်။
အစိုးရလုပ်ငန်း တစ်ချို့ကို ပုဂ္ဂလိကသို့ လွဲအပ်လိုက်တေကာလကပင် ယင်းပိုင် တရားမဝင်ကောက်ခံမှုတိ များလာစွာဖြိုက်ပြီး ကုန်စည်တိကိုလဲ အစိုးရဈီးထက် ပိုကောက်ခံကြောင်း မောင်တော ခရီးသည်တယောက်က ပြောပြသည်။
“သူ့ရို့ကောက်စွာက ကုန်ကိုကြည့်ပနာကောက်တေ သေတ္တာတလုံးဆိုကေ တစ်သောင်း ယပိုင်၊အစိုးရ ကောက်ခါ ၅၀၀ ဆိုကေ အဂု ၅၀၀၀ ဖြိုက်နိန်ဗျာယ်။ ပုံသီသတ်မှတ်လို့မရ ချင်ရေပိုင်ပျင်နိန်ကတ်စွာ”လို့ ရခိုင်ရိုးမကို ရှင်းပြသည်။
ရခိုင်ပြည်နယ်မှာ ယင်းသို့ ဖြိုက်ရပ်တိကို အာဏာပိုင်တိက ထိရောက်တေ ဟန့်တားမှုတိ မရှိရေအတွက် တရားမဝင်ကောက်ခံမှုတိ ပိုများလာခြင်းဖြိုက်တေလို့ သိရသည်။
စစ်တွေ သင်္ဘောဆိပ်ကမ်းအတွင်း ခရီးသည်တိဘားက ဂိတ်ကြေးတရားမ၀င် ကောက်ခံ
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on