ရခိုင်/မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း အား အောက်မိဖွယ် အမှတ်တရ စစ်တွေမှာ ပြုလုပ်

    Author: Unknown Genre:
    Rating

    ရခိုင်ရိုးမ။ ။ August 15, 2011
    စစ်တွေ။ ။(၂၁)နှစ်မြောက် ရခိုင်/မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းအား အောက်မိဖွယ် အမှတ်တရအဖြိုက် စစ်တွေမြို့မှာ ကြဂုတ် ၁၄ ရက်နိန့် နိခင်း ဘက် ၁၂း နာရီမှာ ဂြစ်ဘက်ကျောင်း အတွင်းပြုလုပ်ခကြောင်း သိရသည်။

    ရခိုင်/မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း၏ တပည့်များက ဆရာကြီးကို အမှတ်ရရေအနိန်ဖြင့် ဆရာတော်များအား ၀ါဆိုသင်္ကန်းကပ်လှူဒါန်းခြင်း၊ အချိုရည် အလှူပွဲများလည်း ဒါန ပြုခကတ်ကြောင်းသိရသည်။

    ဆရာကြီး၏ တပည့်တဦးက ပွဲလုပ်ရခြင်းအပေါ် “ဆရာကြီးကို အမှတ်ရရေ အနိန်နန့် ပြုလုပ်ရစွာဖြိုက်ပါရေ၊ ဆရာကြီးအတွက် အလှူ လုပ်ကတ်ပါရေ၊ဆရာ ကြီးနန့်ပတ်သက်စွာတိကိုတက်ရောက်လာကေ လူတိကိုရှင်းပြပါရေ”လို့ပြောပြသည်။သူကဆက်လက်ပြီး

    “ဆရာကြီး၏သူကြိုးပမ်းခရေသမိုင်းတိကိုသိဖို့အတွက်ဆရာကြီးအတ္တုပ္ပတ္တိလက်ကမ်းစာစောင်ကိုတက်ရောက်လာရေ လူတိကိုဖြန့်ဝီပါရေ၊လူတိတော့စိတ်ဝင်စားကတ်ပါရေ” လို့ပြောပြသည်။

    အဆိုပါပွဲသို့ ပရိတ်သတ် ၁၀၀လောက်ခန့်တက်ရောက်ခကြောင်းသိရသည်။
    ထို့အပြင် ဆရာကြီး အားအောက်မိဖွယ် အမှတ်တရအဖြစ် တခြားမြို့နယ်များတွင်လည်း ပြုလုပ်လားဖို့ရှိကြောင်းသိရသည်။

    ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ညောင်ပင်ဈီးရွာနေ (အဘ) ဦးကောင်းစံရွှီ၊ (အမိ) ဒေါ်အောင်ကြွဇံရို့မှ ၁၉၁၇ ၊ခုနိုဝင်ဘာလမှာဖွားမြင်ခပါရေ။

    ဆရာကြီးသည် ရခိုင်သမိုင်းရေးရာနှင့် ရခိုင်နိုင်ငံရေးနယ်ပယ်ကိုဝင်ရောက်ခပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှာ နာယကကြီး အဖြိုက် ပါဝင်ခသည်။ ထို့အပြင် ၁၉၉၀ ခုနှစ် အထွေထွေပါတီစုံရွေးကောက်ပွဲမာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ကျောက်တော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ၏ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဖြိုက်ခကြောင်း သိရသည်။

    ဆရာကြီးသည် ရခိုင်ဒီမိုကရေဒီ အဖွဲ့ချုပ် အတွက် စည်းရုံးရေးခရီးစိုင် ထွက်နိန်စိုင် မင်းပြားမြို့၊ပြားခေချာင်း ကျေးရွာ မဲဆွယ်တရားဟောပွဲမာ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကို ပျက်ပြားအောင်လုပ်သည်ဟု စွပ်စွဲကာ ဆရာကြီးအား မတရားဖမ်းဆီးကာ ထောင်ဒဏ် (၃) နှစ်တစ်ဖက်သတ် အပြစ်ပေးခဲ့ကြောင်းသိရသည်။

    စစ်တွေ အကျဉ်းထောင်ထဲမာ အကျဉ်းကျနေစိုင် ဆရာကြီးရေ စစ် အာဏာရှင်ရို့၏ လူသားမဆန်ရေ နှိပ်စက်မှုကြောင်း အကျဉ်းကျပြီးလို့ (၅) လအကြာ ၁၄-၈-၁၉၉၀ ရက်နိမှာ ကွယ်လွန်ခသည်။

    ယင်းအတွက်ကြောင်းသြဂုတ်လ ၁၄ ရက်ရောက်တိုင်း ပြည်တွင်းပြည်ပရောက် ရခိုင်အမျိုးသားရို့ က ဆရာကြီးအား အောက်မိဖွယ် အထိမ်း အမှတ်ရို့ ပြုလုပ်လေ့ရှိကြောင်း သိရသည်။