ရခိုင်ရိုးမ။ ။ August 17, 2011 ရွီမြောက်ဥူး-ခိုင်ကျော်ဆန်း
လွန်ခရေ ၃ရက်က ကျရောက်ခရေ ၄၄နှစ်ပြည့်နိန့်အဖြစ် “(၁၉၆၇)ခုနှိုက် သြဂုတ်(၁၃) ရက်နိန် စစ်တွေ ဆန်ပြသာနာ” အောက်မိဖွယ် အခန်းအနား ကျင်းပခြင်း အပါအဝင် ရခိုင်ပြည်နယ်အနှံ့ ပိုစတာတိကပ်ပနာ ပါဝင်လှုပ်သျှားခရေ ရက္ခအလင်းတန်း စာပီဖော်ထုတ်ရေးအဖွဲ့က လူငယ်တိကို ဖမ်းဆီးဖို့အတွက် ရခိုင်ပြည်အနှံ့ လိုက်ရှာနိန်ကြောင်း သိရသည်။
အထက်ပါ အကြောင်းအရာနန့် ပတ်သတ်လို့ ရက္ခအလင်းတန်းဥက္ကဋ္ဌဖြစ်တေ မပံသုစံက ရခိုင်ရိုးမကို အဂုပိုင် ပြောပြခပါရေ။
“ဟုတ်ပါရေ၊ ၁၉၆၇ခုနှိုက် သြဂုတ် ၁၃ ပြည့် စစ်တွေဆန်ပြသနာနိန်နန့် ပတ်သတ်လို့ အမျိုးသားရေး စာစောင်တိ ဖြန့်ဝီပနာ လှုပ်ရှားခကတ်တေအတွက်နန့် အကျွန်ရို့အဖွဲ့က အဖွဲဝင်တိနန့် လူငယ်ချေတိကို ရဲက အပူတစ်ပြင်းလိုက်ရှာ နိန်ကတ်ပါရေ၊ အကျွန်ကိုယ်တိုင်လည်း ရှောင်နိန်ရပါရေ” လို့ ဆိုသည်။
၁၉၆၇ ခုနိုက် သြဂုဏ်(၁၃)ရက်နိန့်မှာ ပေါ်ပေါက်ခရေ စစ်တွေမြို့ ဆန်ပြသာနာ အရေးအခင်းမှာ ပါဝင်ခရေ ပြည်သူတိကို ဗိုလ်နေ၀င်း အစိုးရက ရက်ရက်စက်စက် ပစ်သတ်ပစ်ခသည်။ ယင်းပစ်သစ်စွာမှာ ရခိုင်လူမျိုး (၂၀၀)ကျော် သီဆုးံခကြောင်း သိရှိရပါရေ။
“ဆန်ခွဲမစား ရခိုင်သား၊ ဆန်ပြုတ်မသောက် ရခိုင်သား”ဆိုရေ ကြွီးကြော်သံတိရေ ယင်းနိန့် ယင်းရက်က နိန်ပနာ တစ်ဘောင် စကားတစ်ခုအဖြစ် ရခိုင်သားရို နှလုးံသားမှာ ထင်ကျန်ရစ်ခပြီးကေ သြဂုတ်လ ၁၃ နိန့်သို့ ရောက်တိုင်း ယင်းဆန္ဒပြရာမှာ ကျဆုံးခရေ ပြည်သူတိအတွက် အောက်မိဖွယ် အခန်းအနားတိကို ရခိုင်လူမျိုးများ အနိန်ဖြင့် နှိက်စိုင်နှိက်တိုင်း ကျင်းပလာခြင်း ဖြစ်ကြောင်း သိရသည်။