စစ်တွေ လျှပ်စစ်မီးကို ပုဂ္ဂလိကမှ ကိုင်တွယ်လောက်ကပင် ပုံစံအမျိုးနန့် မီတာခနှုန်းထားတိ ပြောင်းလဲလာကြောင်း သတင်းရရှိသည်။
အရင်က ၁၅ မီတာအောက်ကို သုံးစွဲသူတိဘားက တစ်မီတာနှုန်းကို ကျပ်ငွေ လေးရာ ကောက်ခံရာ အဂုတဖန် ဈိးနှုန်းလျှောချလိုက်ခြင်းဖြိုက်သည်။
ဒေလမှာ ၇ မီတာ သုံးစွဲသူတိဘားက တစ်မီတာကို ၂၅ ကျပ်နှုန်းနန့် သွင်းရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ အကျွန်ရို့မာ မီတာသုံးစွဲမှုက ၇ မီတာရာရှိရေ ဒေနိ ရုံးမှာ ဖေသာပီးခီရေခါ၊ ၇ မီတာဆိုကေ တစ်မီတာကို ၂၅ ကျပ်နှုန်းနန့် ရာ ပီးရဖိုလို့ရာပြောရေ၊ ရုံးမှာလည်း စာကပ်ထားရေ ၇ မီတာ သုံးစွဲသူကို ၂၅ ကျပ်နှုန်း ၇ မီတာ အထက်ဆိုကေ ၄၄၀ သတ်မှတ်ထားရေ”လို့ သူက ပြောသည်။
သို့သော် လုပ်ငန်းရှင်တိ အတွက်ကျခါ တစ်မီတာကို ကျပ်ငွေ ၅၀ သတ်မှတ်ထားကြောင်း သူကဆက်ပြောသည်။
“ မီတာခ နှုန်းထားက သုံးမျိုးခွဲထားရေ၊ ၇ မီတာ ရာသုံးစွဲရေလူတိအတွက် တစ်မီတာကို ၂၅ ကျပ်လို့ သတ်မှတ်ကေလဲ လုပ်ငန်းသုံးဖြိုက်က တစ်မီတာကို ကျပ်ငွေ ၅၀ လို့ သတ်မှတ်ထားရေ။ ယင်းချင့်စွာ ၇ မီတာလောက်ရာသုံးစွဲသူတိအတွက် ၇မီတာ ပိုရေလူတိဆိုကေ ၄၄၀ ကျပ် ပီးသွင်းရဖို့၊ ပုံမှန်တော မဟုတ်ဝေ နောက်လဲ ဇာပိုင်ပြောင်းလဲလာမယ် မသိ၊ မယားပါသားနန့် လင်ပါသားပိုင် ခွဲတမ်းနန့်ရာ မနား ”လို့ ပြောပြသည်။
လျှပ်စစ်မီးကိုလေလံဆွဲခရေ အချိန်က တစ်မီတာကို ကျပ်ငွေ ၂၅ ကျပ်နန့် သဘောတူမှု ရှိခကေလဲ တွက်ခြေမကိုက်ရေ အတွက် တစ်မီတာကို ၄၀၀ ကနိန် ၄၆၀ အထိ ကောက်ခံနိန်ခြင်း ဖြိုက်သည်။
၁၅ မီတာ အောက်ကို သုံးစွဲသူအတွက်ကိုမူ ၄၀၀ ကျပ်နန့် သတ်မှတ်ထားရာ အဂုတစ်ဖန် ၇ မီတာအောက်ဆိုကေ တစ်မီတာကို ၂၅ ကျပ်နှုန်းနန့် ဒေလကစလို့သတ်မှတ်လိုက်ခြင်း ဖြိုက်သည်။
မီတာခ အချို့ကို လျှောချမှုတိရှိရေပိုင် လျှပ်စစ်မီးကိုလည်း အရင်ထက် လျှောချလိုက်တေလို့ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ ယင်းသူရို့ဘားက ပီးရေမီးက မီးအပြည့်မရ၊ ၂၂၀ ထားလိုက်ဖိ၊ ၁၀၀တောင် အနိုင်နိုင်၊ မီးအားမြှင့် စက်တိနန့် သုံးနိန်ရရေ။ မီတာခလျှောချလို့ မီးကိုလည်းလျှောလိုက်စွာရှိဖို့”လို့ ဆိုသည်။
လျှပ်စစ်မီးကို ၂၄ နာရီ ပီးကေလဲ စီးပွားရေးလုပ်ငန်းရှင်တိကရာ အသုံးများပြီး သာမန်ပြည် သူတိကရေ ညနိန်ပိုင်း အချိန်လောက်ကရာ အသုံးများကတ်ကြောင်းသိရသည်။
စစ်တွေ လျှပ်စစ်မီး မီတာနှုန်းထား ပြောင်းလဲ
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on