ရခိုင် အမျိုးသားပိုင် ARAKAN ဝေါဟာရကို လူးမျိုးခြားတိက သုံးစွဲခြင်းအပေါ် ပြည်တွင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်

    Author: Unknown Genre:
    Rating

    ရန်ကုန်။   ။ရခိုင်လူမျိုးပိုင် ARAKANဝေါဟာရကို လူမျိုးခြား ဘင်္ဂင်္လီလူမျိုးတိက ကိုယ်ပိုင်ဝေါဟာရအဖြိုက် သုံးစွဲနိန်ခြင်းအပေါ် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။
    အဆိုပါ ထုတ်ပြန်ချက်ကို ပြည်တွင်းက ထုတ်ဝီလိုက်စွာဖြိုက်ပြီးကေ ရခိုင်ပြည်နယ်အနှံ့အပြားသို့ ဖြန့်ဝီလားရန် အစီအစိုင်ရှိကြောင်း  ထုတ်ပြန်ရေးအဖွဲ့မှာပါဝင်ရေ ရခိုင်အမျိုးသားတစ်ဦးက ရခိုင်ရိုးမကို ပြောပြသည်။
    “ကျနော်ရို့က ဒေထုတ်ပြန်ချက်ကို ညကပင်ထုတ်ပြန်ဖို့စွာ၊ ယေလဲ ညက ပွဲလုပ်ခွင့်မရရေအတွက် လက်တို့စနစ်နန့် ဖြန့်လိုက်ရစွာပါ၊ ဒေထုတ်ပြန်ချက်ကို ရခိုင်ပြည်အနှံ့ဖြန့်လားပါဖို့” လို့ ပြောသည်။
    ARAKAN ဝေါဟာရကို လူမျိုးခြားတိ သုံးစွဲနိန်ခြင်းနန့်ပတ်သတ်လို့ ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာ ၁၈ ရက် ညက ရခိုင်ဓမ္မာရုံအတွင်း ကျင်းပရန် အစီအစိုင်ရှိကေလဲ အာဏာပိုင်တိက လုပ်ပိုင်ခွင့်မပီးရေအတွက် ပယ်ဖျက်လိုက်ရကြောင်း သူကဆက်ပြောသည်။
    “ဟုတ်ပါရေ၊ ကျနော်ရို့က ဒေလ ၁၈ရက်နိမှာလုပ်ဖို့စွာပါ၊ လုပ်ပိုင်ခွင့်မရလို့ မလုပ်ဖြိုက်လိုက်စွာပါ၊ ယေလဲ ရခိုင်မှာတော ကန့်ကွက်စာတိ ဖြန့်ဝီလားပါဖို့။ ဇာလဲဆိုကေ ဒေရိုဟင်ဂျာဆိုရေ ကိစ္စကို  ထိုလ ၃၀ ရက်နိက ပြည်သူ့လွှတ်တော်မှာ ရိုဟင်ဂျာဆိုသူတိက တိုင်းရင်းသား မဟုတ်ဆိုစွာကို တရားဝင်ထုတ်ပြန်ထားပါရေ”လို့ ရှင်းပြသည်။
    လက်ရှိတွင်  ဘင်္ဂလီများက ARAKAN နာမည်နန့် ရခိုင်ပြည်အတွင်းမှာ ဂျာနယ် ထုတ်ဝီမှုတိရှိ လာကြောင်း ယင်းအတွက် ထုတ်ပြန်ချက်ကို အကျယ်တဝင့်ဖြန့်ချီလားဖို့ရှိကြောင်း သူက ဆိုသည်။
    စာမျက်နှာ ၁၄ မျက်နှာပါရှိရေ အဆိုပါထုတ်ပြန်ချက်ရေ ဗမာဘာသာနန့်ရွီးထားပြီးကေ ရခိုင် မျိုးနွယ်အကြောင်းနန့်  ရိုဟင်ဂျာမရှိကြောင်း၊ ဘင်္ဂင်္လီများကြောင့် ရခိုင်ပြည်သူများ လူ့အခွင့်အရေး ဆုံးရှုံးနေပုံ၊ ဘင်္ဂင်္လီတစ်ချို့ ARAKAN အမည်ကို သုံးစွဲခြင်းအား အတိအလင်း ကန့်ကွက်ချက်၊ ဘင်္ဂလီလူလိမ်တစ်စုကြောင့် အနာဂတ် ရခိုင်ပြည်သူ အခွင့်အရေးများသာမက ကမ္ဘာ့လူ့အခွင့်အရေး များဆုံးရှုံးသွားနိုင်ပုံ စရေ ကဏ္ဍတိကို ပြည့် ပြည့် စုံစုံဖော်ထားသည်။
    ဘင်္ဂလီတိကြောင်း ရခိုင်ပြည်သူတိ လူ့အခွင့်အရေးဆုံးရှုံးနိန်ရပုံကို  အဆိုပါ ရခိုင်အမျိုးသားက
    “ပြောရဖို့ဆိုကေ ရခိုင်ပြည်မာရှိရေ လယ်ကွက်တိက ကုလားလက်ထဲကို ရောက်လားစွာတိ အများကြီး၊  ပြီးကေ ၁၉၄၂ ခုနှစ်မတိုင်ခင်က မောင်တောမှာ ရခိုင်ရွာ ၁၉၅ ရွာ ရှိခရေ အဂု ၄၆ ရွာလောက်ရာရှိဗျာယ်၊ ယင့်ချင့်တောင် ၁၉၉၂ ခုနှစ်အရသိမ့်၊ အဂုတလ နှစ်လအတွင်းမှာ ဘင်္ဂလီတိ လက်ချက်ကြောင်း ရခိုင်သား ၄ ဦး ဒဏ်ရာ ရခစွာတိလည်းရှိရေ”လို့ ပြောပြသည်။
    ဒေလ ၁၄ ရက်အတွင်းက စစ်တွေမြို့က ရခိုင်သားတစ်ဦးရေ နာဇီရွာမှာ ကုလားတိ ဝိုင်းသတ်ကတ်လို့ ဆီးရုံတင်လိုက်ရေရေပိုင် မြောက်ဦးမြို့ပေါင်းတုတ်မှာလည်း ဆိုင်ကယ်စီးလာရေ ရခိုင်သားချေတစ်ယောက်ကို ဘင်္ဂလီတိ ဝိုင်းရိုက်လို့ဆီးရုံတင်လိုက်ရကြောင်း ယင်းအပြင် ၇ လပိုင်းအတွင်းကလည်း မင်းဂံရပ်ကွက်က အသက် ၅၂ ရှိ ရခိုင်သားတစ်ဦးရေ နာဇီရွာမှာ လမ်းမီးပြင်နိန်စိုင် ဘင်္ဂလီတိ ဝိုင်းသတ်လို့ ဆီရုံးတင်လိုက်ရကြောင်းလဲ သိရသည်။
    အဂုအခါ ယင်းသို့ဖြိုက်ရပ်တိရေ ရခိုင်ပြည်နယ် နိန်ရာအနှံ့မှာ ဖြိုက်ပေါ်လာကြောင်း စုံစမ်းသိရှိရသည်။