စစ်တွေ။ စာတိုက်နန့် ကြေးနန်းဆက်သွယ်ရေး ဆိုင်ရာ အစိုးရလုပ်ငန်း တစ်ခုလုံးကို ပုဂ္ဂလိက စနစ်နန့် ကိုင်တွယ်ဖို့ဖြိုက်တေအတွက် ဝန်ထမ်းတချို့လည်း ပင်စင်ပီးခံ ရဖို့စွာကို စိုးရိမ်နိန် ကြကြောင်းသိရသည်။
“ အစိုးရကမဟုတ်ဘဲ ပုဂ္ဂလိက ကရာ ကိုင်တွယ်လားဖို့။ ဆက်သွယ်ရေးဆိုင်ရာ ဝန်ထမ်းတိ လည်း ယင်းပုဂ္ဂလိက လုပ်ငန်းမာ ဆက်လုပ်ရဖို့။ ယေလဲ အရည်အချင်းရှိရေ ဝန်ထမ်းတိ ကိုရာ ရွီးချယ်လားဖို့လို့ကြားရေ၊ ဥပမာ ကွန်ပျူတာ ကျွမ်းကျင်ရဖို့၊ အင်္ဂလိပ်စာ တတ်ရဖို့ စရေ အချက်တိပါလာရေ၊ အသက်ကြီးရေ ဝန်ထမ်းတိကိုလည်း ပင်စင်ပီးဖို့လို့ကြားရေ” လို့ ဆက်သွယ်ရေးစာတိုက်မှာ တာဝန်ထမ်းဆောင်နိန်စော် ၁၅ နှစ် ဟိဗျာလ်ဖြစ်တေ စားရေးမ တယောက်က ပြောသည်။
ယင်းပိုင် ဆက်သွယ်ရေးဌာနကို ပုဂ္ဂလိက က ကိုင်တွယ်ဖို့ ဖြိုက်တေအတွက် ဝန်ထမ်းတိလျှော့
ချနိုင်ကြောင်းလည်း စာတိုက်အသိုင်းအဝိုင်းကလာရေ သတင်းတရပ် အရသိရသည်။
ယင်းအပြင် ပုဂ္ဂလိက က ကိုင်တွယ်ရေ အခါ ဝန်ထမ်းအားလုံး ကွန်ပျုတာကို ကျွမ်းကျင်တတ် မြောက် ရဖို့ ဖြိုက်တေ အတွက် ကွန်ပျူတာ ဘာသာရပ်ကို မဖြိုက်မနိန် သင်ကြားနိန် ရ ကြောင်းလည်း ဝန်ထမ်း အသိုင်းဝိုင်းက ဆိုသည်။
“ တချို့ဝန်ထမ်းတိလည်း စိတ်ပျက်လာကတ်စွာတိ ရှိရေ။ ကွန်ပျူတာကို မတတ်ခါ၊ သင်ဖို့ဆို စွာကလည်း အချိန်မပီးနိုင်ကတ်၊ ယေလဲ ပြောလို့တော့မရသိမ့်” လို့ ဝန်ထမ်းတဦးက ပြော သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တခုလုံးကို မကြာခင်မာ ပုဂ္ဂလိက လက်ထဲကို လွဲပြောင်းပီး အပ်ဖို့ဗျာယ် ဖြိုက်ကြောင်းနန့် အင်တာနက် ဝန်ဆောင်မှုတိကိုလည်း ပုဂ္ဂလိက ကရာ ကိုင် တွယ် လာဖို့ဗျာယ်ဖြိုက် ကြောင်းသတင်းရရှိသည်။
လွန်ခရေ နှစ်လလောက်ကလည်း စစ်တွေဟိုတယ်ကို ပုဂ္ဂလိက က ကိုင်တွယ်လိုက်ရေ အတွက် ဝန်ထမ်း ၄၀ ကျော် အလုပ်လက်မဲ့ ဖြိုက်ခရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဝန်းထမ်းတချို့ပင်စင်ပီးခံရဖို့အတွက်ကို စိုးရိမ်
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on