စစ်တွေတွင် ဘုန်းကြီးများကို ပင့်ပြီး စည်းကမ်း ထိန်းသိမ်းရေး ကော်မီတီ ဖွဲ့

    Author: Unknown Genre:
    Rating

    စစ်တွေမြို့တွင် ဆရာတော်များကို မြို့နယ် သံဃာနယက ဥက္ကဌ ဆရာတော်မှ ပင့်ဖိတ်ပြီး အစည်းအဝေး ပြုလုပ်ကာ သံဃာများကို ထိန်းသိမ်းရန် စည်းကမ်း ထိန်းသိမ်းရေး ကော်မီတီ ဖွဲ့စည်းကြောင်း သတင်း ရရှိသည်။

    အဆိုပါ အစည်း အဝေးအား ယနေ့ (စက်တင်္ဘာ ၂၆ ရက်) နေ့လည်(၁)နာရီ ခန့်တွင် လောကနန္ဒာ စေတီတော် အရှေ့ ဘက်မုတ်ဝ ပုရ၀ုဏ် အနီးရှိ မဟာဝေယံ ဓမ္မာရုံတွင် ပြုလုပ်သည်။

    အာဏာပိုင်များ၏ အစီအစဉ်ဖြင့် စစ်တွေမြို့နယ် သံဃာနာယက ဥက္ကဌ တောင်ချေရွာ ဆရာတော်မှ သံဃာ အပါး ၁၀၀ ခန့်အား ပင့်ဖိတ်ပြီး အစည်းအဝေး ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

    တောင်ချေရွာ ဆရာတော်က “ ယနေ့ အစည်း အဝေး ခေါ်ယူရခြင်း သည် သံဃာ့ စည်းကမ်း ထိမ်းသိမ်းရေး ကော်မတီဖွဲ့စည်းရန် ခေါ်ယူရခြင်းဖြစ်ကြောင်းနှင့် အခြားသော နေရာ ဒေသများတွင် မည်သည့် ကိစ္စကြီးငယ် ပေါ်ပေါက် စေကာမူ မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ မိမိတို့ ဒေသတွင် အေးချမ်းမှု ရှိရန်လို အပ်ကြောင်း ပြောကြားသည်” ဟု သိရသည်။

    ၎င်းပြင် စစ်တွေကို အပိုင်း (၄) ပိုင်း ခွဲခြား သတ်မှတ်လိုက်ပြီး အပိုင်း(၁)ပိုင်းစီမှာ ဆရာတော်( ၃)ပါး စီ တာဝန်ပေးပြီး စည်းကမ်း ထိန်းသိမ်ရေး ကော်မီတီကို ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

    အဓိကအားဖြင့် ရွှေဝါရောင် (၄)နှစ်ပြည့် ပြုလုပ် ရန် စီစဉ်နေမူများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် အဆိုပါ အစီအစဉ်များ မပေါ်ပေါက်အောင် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

    နေ့လည် ၂ နာရီ ၃၀ တွင် အစည်းအဝေးပြီးဆုံးကြောင်း သိရသည်။

    ( စစ်တွေမှ ဖုံးများ တစ်လုံးလည်း ခေါ်မရ ဖြစ်နေသဖြင့် ရရှိသလောက် တင်ပြပေးလိုက်သည်။) နိရဉ္ဇရာ