အသျှင်ပညာစာရ အကြောင်းထုပ်ဝီရေစာအုပ် လူကြိုက်များဟု သိရ

    Author: Unknown Genre:
    Rating

    ရန်ကုန်။ သမိုင်းသုတေသီ အသျှင် ပညာစာရနန့် ပတ်သက်လို့ ပြည်တွင်းက ထုတ်ဝီလိုက်တေ စာအုပ်ရေ လူကြိုက်များကြောင်း ပြည်တွင်းကလာရေ သတင်းတရပ်အရ သိရပါရေ။

    အသျှင်ပညာစာရနန့် ပတ်သတ်လို့ထုပ်ဝီလိုက်ရေ စာအုပ်မျက်နှာဖုံး(ဓါတ်ပုံ-ရခိုင်ရိုးမ)
    အသျှင်ပညာစာရ (သို့မဟုတ်) လူမျိုးကြီးဝါဒ နအဖ စစ်အာဏာရှင်များကို ခြိမ်းခြောက်သူ ခေါင်းစိုင်နန့် ရခိုင်၊ ဗမာ နှစ်ဘာသာနန့် ဖြန့်ချီရေ အဆိုပါစာအုပ်ရေ ဆရာတော်ကို ဖမ်းဆီးပြီး ၁၅ ရက်အလိုက အကြောင်းအရာတိကို စုစည်းရီးသားထားပြီးကေ စာမျက်နှာ ၈၇ မျက်နှာပါ ဟိကြောင်း သိရသည်။
    “ စာအုပ်စိတ်ဝင်စားဖို့ကောင်းရေဆိုစွာက ကျနော်ရို့မသိရေ အချက် အလက်တချို့ပါဝင်နိန် ရေ၊ နောက် ဆရာတော်ကို စွပ်စွဲထားစွာတိလည်း အတိအလင်းပါရေခါ၊  လူတိက ပိုစိတ် ဝင်စားကတ်တေ” ဗမာပြည်၊ ရန်ကုန်ရောက် ရခိုင်အမျိုးသားတဦးက ဆိုသည်။
    အဆိုပါ စာအုပ်ရေ ရန်ကုန် အပါအဝင် ရခိုင်ပြည် မြို့နယ်အနှံ့မှာ ဖြန့်ဝီလျှက်ဟိကြောင်း သိရသည်။
    “စာအုပ်မှာတော့ခါ သူ့ဘဝသူ့ အကြောင်း သူ့လုပ်ဆောင်ချက်တိကို သူ၏ ရခိုင်ပြည်သူ ရခိုင် ပြည်သားရို့က စုပေါင်းရီးသား ဖော်ထုတ်သည် လို့ရာပါရေ။ နောက်တခုက အင်တာနတ်ကရ ရေအချက် အလက်တိ ၊ ကော်မန့်တိ ပါဝင်ရေ၊ ထုတ်ပြန်ချက်တိလည်း ထည့်ထားပြီးကေ ဝက်ဆိုဒ်တိက သတင်းတိကို လည်းထည့်ထားရေ၊ စောင်ရေက တထောင်လို့ပါရေ”  ဆိုပနာ  စာအုပ်ကို ဖတ်ရှုရရေ ပေါက်တောမြို့ခံတဦးက ပြောသည်။
    ဆရာတော်ကို မဖမ်းဆီးမည် ၆လ အလိုမှာ ကြိုတင် ပြင်ဆင်ထားခြင်းဖြိုက်ပြီး အကွက်ကျကျ ဖန်တီးလိုက်စွာ ဖြိုက်တေလို့လည်း စစ်တွေမြိုခံတချို့က ဆိုသည်။
    အခုအခါ ဆရာတော်ရေ  မကွေးတိုင်း သရက်မြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံနိန်ရသည်။
    ဆရာတော်အမှုကို  ရခိုင်ပြည် တရားရုံးတော်မှာ ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ်၄၀/ ၂၀၁၀ နန့် လျှောက်ထားခကေလေ့ ၂၀၁၀ နိုဝင်ဘာ ၁၂ ရက် နိ့က လက်မခံသင့်ဆိုပနာ အကျဉ်းနည်းနန့် ပလပ် ခသည်။
    ဒုတိယအကြိမ် ရခိုင်ပြည် တရားလွှတ်တော်ကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ်- ၂၄/၂၀၁၁ အဖြစ် တင်သွင်းခကေလည်း ၂၀၁၁ ဇွန်လ ၃ ရက်နိ့က အကျဉ်းနည်းနန့် ပလပ်ခပြန်သည်။
     “သြဂုတ်လ ၁၆ ရက်နိ့က နေပြည်တော်ကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု  အမှတ် ၈၉ (ခ)  နန့် တင်ထားပါဗျာယ်။ ဒေလ ၂၈ မာ ဆရာတော်အမှုကို လက်ခံသင့်၊ မသင့်ကို လျှောက်လဲချက် ပီးဖို့ နေပြည်တော်ကို လားရပါဖို့” လို့ ဆရာတော်အမှုကို လိုက်ပါဆောင်ရွက်နိန်ရေ ရှေ့နေ
    ဒေါ်အေးနုစိန်က ရခိုင်ရိုးမကို ပြောသည်။
    ဆရာတော် စောင့်ရှောက်ပနာ ပညာသင်ပီးထားရေ အချေအယောက် ၁၀၀ ကျော်ကိုလည်း ဗမာပြည်ဇာနီရာကို ယူဆောင်လားခမှန်း ဒေဂနိအချိန်ထိ အသူတဦးတယောက်ကလေ့ မသိဘဲဖြစ်နိန်သည်။


    ဆရာတော် အဖမ်းမခံရခင် ၆ လ အလိုလောက်မှာ ရိုက်ကူး မှတ်တမ်းတင်ထားခရေ ဓါတ်ပုံတချို့ဖြစ်သည် (ဓါတ်ပုံ-ရခိုင်ရိုးမ)
    ယင်းအပြင် ဆရာတော်ကို ဖမ်းရေခါ ကျောင်းတိုက်က ရဟိလားရေ ရခိုင့် ရှီးဟောင်း ဒဂါင်္းတိနန့် တန်ဖိုးဟိရေ သမိုင်းဆိုင်ရာ ပီစာတိ၊ ကျောက်စာတိကိုလည်း သိမ်း ဆည်း လားခကတ်ပြီးကေ ဆရာတော်စံမြန်းခရေ ကျောင်းတိုက်မာလဲ ဂနိအချိန်ထိ ချိတ်ပိတ် ခံထားရတုန်း ဖြစ်သည်။