ကျောက်ဖြူတွင် ဆိုင်ကယ်နှင့် ထော်လာဂျီတိုက်မူ ဖြစ်ပွားရာမှ တစ်ဦးသေပြီး နောက်တစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် လုပ်ကိုင်နေသော (MGC) မြန်မာ ဂိုးဒင်းဂရောင်း ကုမဏီမှ ကိုသက်ပိုင်ထူး(ခ)ကိုဟဲဗီး ဖြစ်ကြောင်း သိရသည်။
" ဖြစ်ပွားတာက ကျောက်ဖြူမြိုနယ် စေတီယကျေးရွာက စေတီယတောင်အနီးမှာ ဒီကနေ့ နေ့လည် ၁၂ နာရီ ၀န်းကျင်မှာ ဖြစ်တာပါ။ ဆိုင်ကယ် စီးလာတဲ့ ကိုသက်ပိုင်ထူး(ခ)ကိုဟဲဗီးက ပွဲချင်းပီး သေပါတယ်။ ဆိုင်ကယ်နောက်က စီးလာတဲ့ သူက ပေါင်ကျိုးသွားပြီး ဆေးရုံ တင်ထားရပါတယ်" ဟု ကျောက်ဖြူ မြို့ခံ တစ်ဦးက ပြောသည်။
ယခုအခါ ထော်လာဂျီကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
" ထော်လာဂျီကိုတော့ ရဲက ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ထော်လာဂျီမောင်းတဲ့သူနဲ့ ဒဏ်ရာရသွားတဲ့ သူတွေရဲ့ အမည်ကို မသိရသေးဘူး။ ရဲကို မေးရင်တော့ သိနိုင်ပါတယ်" ဟု ပြောသည်။
ကျောက်ဖြူတွင် ထွက်ပေါ်နေသော သတင်းအရ ထော်လာဂျီအား ဆိုင်ကယ်မှ ရှေ့ဆိုင် ၀င်တိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူ ယာဉ်တိုက်မူ ၁ ဦးသေ၊ ၁ ဦဒဏ်ရာရ
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on