သို့ ...

    Author: Unknown Genre: »
    Rating

    သမုတ်ဗျာလ် ခေါ်လာရေ
    ဒေရင်မာ နနွီးထထွီးနန့်လေ
    တတူလွယ်ခရေ ကျောင်း
    နီရာမတူ အကိုင်းခက်ကွဲ ခိုယင်း
    အရင်ချိန် ပြန်ပြောင်းတွီးမိခါ
    ဒဏ်ရာနန့်အလွမ်းတိ ငရို့မာမရှိ
    အောက်မိန့်မှု ဖဖြူရရင့်ချေရာ ....

    ချစ်ခြင်းတိ တသီပြတ်ထဲ
    အနိုင်ရှုံး လိုက်မကောက်တတ်
    ပြိုင်ပွဲမှန်းသိခကေ စည်းပြင်မာ
    လက်ပိုက်လို့ နိန်သာပိုင်မျိုင်း
    တမာပိုင်တော့ အခါးမစွန့်ချင် ...

    ချိတ်ထားခရေ ပန်းချီတိနန့်
    ပျိုးမြိုက်ဖူးရေ ပန်းတစ်ခင်းက
    ရောင်းတန်းဝင် မဟုတ်တေပိုင်
    ကဇပ်စရာလေ့ မရည်ရွယ်ဘာ
    လွှင့်ကြွီပျက်သုန်း တစက်စီပြန့်ကြဲ
    ဖြစ်ပျက်သမျှ လိုရာဆွဲလို့
    ကိုယ်ထင်ရေပိုင် တံဆိပ်ကပ်လိုက် ....

    အခေါ်ဝေါ်တိ မပြောင်းခရေပိုင်
    ချိန်ရာသီလေ့ ရပ်တန့်မနိန်ခ
    အမည်မဖော်ဘဲ ဖြစ်တည်နီရေမြစ်
    ယင်းစီးကြောထဲ ဖြတ်သန်းယင်း
    ဆိုက်ဖို့ကမ်းတစုံ ခိုင်မာစီဖို့
    အခေါ်ချေ ပြောင်းလိုက်ဖို့ဗျာလ်နန်း ချစ်သူ ....


    ကျေးဇူးဘာ။

    ပိုင်သျှေ