လပြာသိုနန့်ဒီဇင်ဘာ

    Author: Unknown Genre: »
    Rating

    အီးမြရေလပြာသို၊ မအီးမြနိုင်ငါ့ရင်ထဲမှာ
    ဘီစီသုံးထောင်ကျော်၊ ဟိုအတိတ်က
    ကိုယ့်ပြည်ကိုယ့်မင်း၊ ကိုယ့်ထီးနန်းကို
    လွမ်းတမ်းတယင့်၊ ရင်ကွဲပက်လက်
    ငါဖြစ်လတ်တေ၊ ဒီဇင်ဘာ။
    နှစ်ပေါင်းငါးထောင်ကျော်၊ ကြာအောင်ထိတိုင်
    ခိုင်မာခရေ၊ မင်းအဆက်ဆက်
    ဥသြရီသောက်၊ မုနိပျောက်လို့
    ထီးပျောက်နန်းပျောက်၊ စည်ကြီးပေါက်တေ။
    သုံးဆယ့်တစ်ဒီဇင်ဘာနန့်၊ ဆုတ်လပြာသို
    မမိနိုင်ခ၊ ယင်းအချိန်ကာလကို
    မီးတိုက်ခံရ၊ ထီနန်းလှနန့်
    စေတီပုတိုး၊ ဘုရားကျောင်းကန်
    ကျမ်းဂန်စာပီ၊ ဗုဓ္ဒအမွှီနန့်
    များပညာရှင်၊ အရှင်လတ်လတ်
    သီအောင်သတ်ဖြတ်၊ မောင်ဝိုင်းလက်မှာ
    ကူပါကယ်ပါ၊ လက်ထောင်ကာနန့်
    မြစ်နားကမ်းစပ်၊ ရီမြှပ်သတ်တေ။
    လူသားဒိုင်းကာ၊ လိုသုံးရာဟု
    ဗမာယိုးဒယား၊ စစ်ပွဲကြားမှာ
    ခြေက်ထောင်ကျော်ရခိုင်၊ တဖြိုင်ဖြိုင်လဲ
    ရက်ရက်စက်စက်၊ သူပြုရက်တေ။
    တင်းဝါးပန်းခိုင်၊ တမြိုင်မြိုင်
    ရခိုင်အလောင်းစုစုပေါင်းမှာ၊ ခုနှစ်သန်းကျော်
    အစုလိုက်အပြုံလိုက်၊ မသာဖြစ်ခ
    ထိုဘ၀ကို၊ ဇာခါမိထားနိုင်ဖို့လဲ။
    အဂုအချိန်မှာ၊ များဗမာက
    လက်ရှိရခိုင်၊ ပြည်မဏ္ဍိုင်ကို
    ဘယ်ကနုတ်ယူ၊ ညာဖဲ့ယူနန့်
    မြီပေါ်မြီအောက်၊ ခြုံပေါက်မကျန်
    ရီနံဓါတ်ငွေ့ ၊ လိုရာဖဲ့ကာ
    သယံဇာတ၊ အ၀၀နန့်
    ဆန်ရီစပါး၊ သားငါးပုဇွန်
    အားလုံးမကျန်၊ ခေါင်းပုံဖြတ်ထုတ်
    ဘီလူးယုတ်ပိုင်၊ သူပြုလီယင့်။
    မဟာဗမာ၊ ဖြစ်ဖို့ရှာဟု
    လူမျိုးသွီးနှော၊ အရောင်ဆိုးသည်
    တိုင်းခြားရောက်လာ၊ မျိုးလေးဖြာနန့်
    ပြည်တွင်းရခိုင်၊ စီးလုံးနိုင်မှ
    လခြမ်းရခိုင်၊ မယိုင်လဲအောင်
    တော်လှန်တိုက်ထုတ်၊ အမျိုးယုတ်ကို
    နိုင်မည်မုချ၊ အောင်ပွဲလှနန့်
    ကမ္ဘာ့အလည်၊ ၀င်ဆန့်လိမေ။ ။
    မောင်ဂစ္ဆပ (နော်ဝေး )္ဘ္ဘ္ဘ္ဘ္ဘ္ဘ