သီရိသုဓမ္မ္မရာဇာ၏နန်းတက်ပွဲအခမ်းအနား
    Author: Unknown Genre: »
    Rating
    ဤဆောင်းပါးသည်ပေါ်တူဂီဘုန်းကြီးဆေဘက်စတီယံမန်နရိတ်(SEBASTIEN
    MANRIQUE)ရေးသားသော"THE CORONATION OF KING THIRITHUD
    DAMMA"ဆောင်းပါးကိုပြန်ဆိုချက်ဖြစ်သည်။မန်နရိတ်သည်(၁၃၆၀)ပြည့်နှစ်တွင်အိန္ဒိယ
    မှတဆင့်ရခိုင်ပြည်သို့ရောက်ရှိလာခဲ့ပြီးမြောက်ဥရွှေမြို့တော်တွင်(၅)နှစ်တိုင်တိုင်နေထိုင်
    သွားခဲ့သည်။ထိုအချိန်တွင်ရခိုင်ပြည်၌သီရိသုဓမ္မရာဇာစိုးစံနေခိုက်(၁၆၂၂-၁၆၃၈)အချိန်
    ဖြစ်လေရာမန်နရိတ်သည်ရခိုင်ဘုရင်၏လက်အောက်ခံဘုရင်ငယ်(၁၂)ပါးနှင့်သီရိသုဓမ္မ
    ရာဇာဘုရင်တို့၏နန်းတက်ပွဲအခမ်းအနားကို(၁၆၃၄-၃၅)မျက်ဝါးထင်ထင်မြင်တွေ့ ခဲ့ရသ
    ဖြင့်နှောင်းလူတို့အတွက်မှတ်တမ်းတစ်စောင်ရေးသားခဲ့သည်။
    ထိုမှတ်တမ်းအရသီရိသုဓမ္မရာဇာသည်မြောက်ဥရွှေနန်းကိုစိုးစံအုပ်ချုပ်ပြီးနောက်(၁၂)နှစ်
    ခန့်အကြာတွင်နန်းတက်ပွဲပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ထိုသို့ပြုလုပ်ခြင်းမှာနန်းတက်ပွဲကျင့်
    ပပြီးကာလမကြာမှီကံတော်ကုန်မည့်အကြောင်းမြင်သည်ဟူ၍ပုဏ္ဍားဖြူပုဏ္ဍားညိုတို့ကအ
    ဟောရှိသောကြောင့်ဟုအဆိုရှိခဲ့သည်။
    မန်နရိတ်သည်ယင်းမှတ်တမ်းကိုနန်းတက်ပွဲကျင့်ပပြီး(၁၅)နှစ်ခန့်အကြာတွင်မှရေးသားခဲ့
    ကြောင်းသိရှိရသည်။သူ၏မှတ်တမ်းတွင်ဘုရားဆင်းတုနှင့်နတ်ရုပ်၊ဘုန်းကြီးနှင့်ပုဏ္ဍားတို့ကို
    မကွဲပြားဘဲလွဲမှားရေးထားသည်ကိုလည်းတွေ့ ရှိရသည်။
    မည်သို့ပင်ဖြစ်စေမန်နရိတ်၏မှတ်တမ်းသည်လွန်ခဲ့သောနှစ်ပေါင်း(၃၆၀)ခန့်ကစိုးစံခဲ့သော
    ရခိုင်ဘုရင်များ၏နန်းတက်ပွဲအခမ်းအနားကိုတတ်နိုင်သမျှအသေးစိတ်ဖေါ်ပြထားသော
    ကြောင်းရခိုင်နိုင်ငံ၏အတိတ်သမိုင်းကိုလေ့လာလိုက်စားသူ၊သုတေသနပြုနေသူများအတွက်
    တန်ဖိုးမဖြတ်နိုင်သောမှတ်တမ်းတစ်စောင်ဖြစ်သည်ဟုယုံကြည်သည်။
    (၁)တိုင်းပြည်သို့ ကြေငြာခြင်း။
    ဘုရင်မင်းမြတ်၏ရာဇဘိသေကမင်္ဂလာသဘင်ဆင်ယင်ကျင့်ပမည့်အကြောင်းကိုလွန်ခဲ့သော
    (၆)လခန့်ကပင်ပြည်သူအများသို့အသိပေးကြေငြာထားပြီးဖြစ်ရာဘိသိုက်ပွဲတော်မတိုင်မှီည
    ချမ်းအချိန်တွင်ကားရွှေနန်းတော်ရင်ပြင်၌ကြီးမားသောအမြောက်လက်နက်များကိုအချက်
    ပေါင်းများစွာပစ်ဖေါက်လျှက်ပြည်သူအများကြားသိစေရန်တရားဝင်ကြေငြာလိုက်လေသည်။
    ထို့နောက်နန်းတော်ဆောင်ပြဿာဒ်အသီးသီးတို့၌ဆီမီးတနးဆောင်များထွန်းညှိ၍အထူးထူး
    အပြားပြားသောတူရိယာတို့ဖြင့်တီးမှုတ်ဖြေဖျော်ကြလေသည်။
    ပွဲတော်နေ့အာရုံမတက်မှီအချိန်တွင်ရွှေနန်းတော်အတွင်းရှိဆောင်နန်းဘုံမြင့်အသီးသီးတို့၌
    အရောင်မျိုးစုံသောအလံတို့ဖြင့်တံခွန်ကုက္ကားများတလူလူစိုက်ထူထားသည်ကိုမြင်တွေရ၏။
    ထို့နောက်တွင်ကားလွန်ခဲ့သောညဥ့်ကကဲ့သို့ပင်တူရိယာမျိုးစုံတီးမှုတ်သံများပေါ်ထွက်လာ
    ၏။တူရိယာသံများမှာပဋ္ဌမတွင်နှလုံးစိတ်ဝမ်းအေးချမ်းစေသောငြိမ့်ငြောင်းသာယာသည့်အ
    သံများစွာကိုတီးမှုတ်ကြပြီးလျှင်နောက်ပိုင်းတွင်မူစိတ်ဓါတ်အားမာန်တက်ကြွစေသောသေ
    နင်္ဂပျူဟာတူရိယာများကိုတီးမှုတ်ကြလေသည်။တချိန်တည်းလိုပင်နားကွဲလုမတတ်သော
    အမြောက်သေနပ်သံများပေါ်ထွက်လာပြန်၏။နောက်များမကြာမှီအာရုဏ်ကျင်း၍မိုးစင်စင်
    လင်းသောအခါတွင်ပြည်သူအပေါင်းတို့သည်ဝတ်ကောင်းစားလှများကိုဝတ်ဆင်ကြလျှက်မြို့
    တော်လမ်းမများသို့အလျှိုလျိုအသကအသကထွက်လာကြရာမြင်ကွင်းတစ်ခုလုံးမှာပျော်ရွှင်
    စရာအတိဖြစ်နေလေတော့၏။
    မှူးမျိုးမတ်နွယ်များနှင့်ရာထူးဋ္ဌာနန္တရရှိထားသူများကရွှေနန်းတော်၌စုရုံးရောက်ရှိနေကြ
    လေသည်။တူရိယာဂီတသံများဆူညံစွာတီးမှုတ်နေသည့်အကြားမှဆင်ကြီးတစ်ကောင်
    ရောက်ရှိလာ၏။ထိုဆင်ကြီးအားကကြိုးတန်းဆာစုံလင်စွာဆင်ယင်ထားပြီးလျှင်အစွယ်နှစ်
    ချောင်းတွင်လည်းအဖိုးတန်ကျောက်မျက်ရတနာများစီခြယ်ထားသောအစွယ်ခွေးများဖြင့်လှ
    ပစွာကွပ်ထားလေ၏။ဆင်၏ကျောကုန်းပေါ်တွင်မူငွေသားဖြင့်ပြုလုပ်ထားသောဆင်ပေါင်းက
    ကိုတင်၍ထားလေသည်။ဆင်ပေါင်းက၏မျက်နှာစာလေးဘက်တို့တွင်အကာအရံဟူ၍ရွှေ
    ငွေတို့ဖြင့်ပြုလုပ်ထားသောအစိမ်းရောင်ကန့်လန့်ကာများထားရှိ၏။အထဲတွင်မူကျောက်မျက်
    ရတနာမျိုးစုံစီခြယ်ထားသောရွှေလင်ပန်းတစ်ခုရှိပြီးလျှင်ရာဇဘိသေကမင်္ဂလာပွဲတော်ကြေ
    ငြာချက်ပါဝင်သောဘုရင်မင်းမြတ်၏စာချွန်တော်ကိုလင်ပန်းပေါ်တွင်တင်၍ထားလေသည်။
    ဆင်ပေါင်းက၏ရှေ့တွင်စစ်ကဲတစ်ဦးထိုင်လျှက်လိုက်ပါလာ၏။ထိုပုဂ္ဂြိုလ်သည်ရွှေပြားများကပ်
    ထားသောအဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထား၏။၎င်း၏ရှေ့တွင်မူဆင်ထိန်းသည်မိမိ၏ထိုင်နေ
    ကျနေရာ၌ထိုင်လျှက်ရှိလေသည်။ဆင်ထိန်းသည်အနီရောင်ပိုးဝတ်စုံကိုဝတ်ထားပြီးလျှင်သူ
    ၏လက်ထဲတွင်ချွန်းကိုကိုင်ထား၏။စစ်ကဲစီးလာသောဆင်၏နောက်တွင်စစ်ဆင်(၃၂)ကောင်
    လိုက်ပါလာကြ၏။ထိုဆင်များအားလည်းရွှေငွေရတနာများဖြင့်ကကြိုးတန်းဆာဆင်ယင်ထား
    ကြ၏။၎င်းတို့၏ကျော့ကုန်းပေါ်တွင်မူသစ်သားဖြင့်ပြုလုပ်၍ငွေပြားကပ်ထားသောဆင်ပေါင်း
    ကများကိုတပ်ဆင်ထားလေသည်။ထိုဆင်များ၏လည်ပင်းတွင်ငွေခေါင်းလောင်းများဆွဲထား
    ပြီးအစွယ်များတွင်မူငွေစွယ်ခွေးများစွပ်ထားလေသည်။
    စစ်ဆင်များ၏ကျော့ကုန်းပေါ်မှဆင်ပေါင်းကအသီးသီးတို့တွင်ရောင်စုံပိုးသားအလံ(၄)ခုကျစီ
    စိုက်ထူထားရာလေထဲတွင်အလံများတဖြတ်ဖြတ်လှုပ်ခတ်နေသောကြောင်း၎င်းတို့၏ပူအိုက်
    သောခန္ဒာကိုယ်ကြီးများအားယပ်ခတ်ပေးနေသကဲ့သို့ရှိနေလေသည်။
    အဆိုပါဆင်တန်းကြီးများအရှေ့မှဆင်တစ်ကောင်ပေါ်တွင်မူစည်တီးသမားစီး၍လိုက်ပါလာ
    လေ၏။ဆင်ကိုပိုးသားဒွါဒရာများဖြင့်ဆင်ယင်ထားပြီးလျှင်စည်တီးသမားကမူအစိမ်းရောင်
    ယင်းတို့အားလုံး၏ပတ်ပတ်လည်တွင်ကားမြန်မာများ၊မဂိုများနှင့်ဥဿာပဲခူးသားများဖြင့်ဖွဲ
    စည်းထားသောမြင်းသည်တော်(၆၀၀)တို့ကလိုက်ပါ၍လာကြ၏။မြင်းသည်တော်တို့သည်အ
    ရောင်မျိုးစုံပိုးသားဝတ်စုံတို့ကိုဝတ်ဆင်ထားကြပြီးလျှင်၎င်းတို့၏မြင်းများကိုလည်းအလား
    တူပင်ဆင်ယင်ထားကြ၏။ထိုအချိန်တွင်ပင်တူရိယာဂီတသံမျိုးစုံတို့ကိုစည်းဝါးညီညီဖြင့်တီး
    မှုတ်ကြရာနားထောင်၍မငြိမ်းနိုင်အောင်ပင်ရှိလေတော့သည်။ယင်းဆင်တန်းမြင်းတန်းကြီး
    တို့နောက်မှများပြားလှသောလူအုပ်ကြီးသည်တသီတတန်းကြီးလိုက်ပါလာကြသဖြင့်လမ်း
    များကိုဖြတ်ကူး၍မရနိုင်အောင်ပင်ရှိနေတော့၏။
    ယင်းသို့လျှင်ဆင်တပ်၊မြင်းတပ်နှင့်လူအုပ်လူတန်းကြီးသည်ဦးတည်ရာသို့ချီတက်သွားကြပြီး
    နောက်မဏ္ဍပ်ကန္နားများထိုးထားသောနေရာသို့ရောက်လာခဲ့လေသည်။မဏ္ဍပ်များကိုလှပ
    စွာမွမ်းမံပြင်ဆင်ထားကြသည့်အပြင်အဖိုးတန်ကောဇောကြီးများကိုလည်းခင်း၍ထားကြ၏။
    ဤနေရာသို့ရောက်လာသောအခါဆူညံနေသောလူအုပ်ကြီးသည်ရုပ်ခြည်းငြိမ်သတ်သွား
    ကြပြီးဂီတသံများလည်းပိတ်သွားလေတော့သည်။ထို့နောက်"ဘိသိက်ပွဲတော်ကြေငြာစာ
    တမ်း"ကိုပြည်သူအများကြားသိအောင်ဖတ်ကြားလေတော့သည်။
    ထို့နောက်ဂင်္ဂါမြစ်မှမြစ်ရေကိုခတ်ယူရန်အလှို့ငှါလှေမြန်တော်(၂)စင်းကိုစေလွှတ်လိုက်လေ
    သည်။ဤခရီးမှာရခိုင်ပြည်မှ(၁၂)ရက်၊(၁၅)ရက်ခရီးဖြစ်၏။၎င်းတို့ကဂင်္ဂါမြစ်ကိုမြင့်မြတ်
    သောမြစ်ဟူ၍ယုံကြည်ကြသည့်အတိုင်းရခိုင်ဘုရင်မှားကလည်းဂင်္ဂါမြစ်ရေဖြင့်ရှေးဦးစွာရေ
    ချိုးသန့်စင်ပြီးမှသာလျှင်ဧကရာဇ်မင်းမြတ်၏သရဖူကိုခံယူထိုက်သည်ဟုယုံကြည်ကြ၏။
    (၂)မင်းညီမင်းသားများအားဘိသိက်သွန်းပွဲ။
    မြောက်ဥရွှေမြို့တော်နှင့်တကွရခိုင်ပြည်တ၀ှမ်းလုံးတွင်ဘိသိက်ပွဲတော်ကိုကြေငြာခဲ့ကြပြီး
    နောက်(၆)လမြောက်သောအခါနိုင်ငံတ၀ှမ်းရှိမင်းညီမင်းသား၊မင်းမျိုးမတ်နွယ်များနှင့်ရာ
    ထူးရာခံ၊ကလန်သံဗျင်း၊အားလုံးတို့သည်ရွှေနန်းတော်သို့စုရုံးရောက်ရှိလာကြလေသည်။
    ဤနိုင်ငံမှဘုရင်များသည်မိမိကိုယ်တိုင်ဧကရာဇ်သရဖူကိုမခံယူမီမင်းညီမင်းသားမူးမျိုးမတ်
    နွယ်(၁၂)ပါးတို့အားရှေးဥိးစွာဘိသိက်သွန်းပေးရိုးအစဉ်အလာရှိ၏။ဘိသိက်သွန်းပွဲများကို
    (၂)ရက်တိုင်တိုင်ကျင့်ပပြုလုပ်ကြလေသည်။
    ဘိသိက်ခံမည့်မင်းညီမင်းသားများသည်ထိုရက်များအတွင်းမြို့တော်တခွင်သို့ကုန်းကြောင်း
    တစ်ကြိမ်၊ရေကြောင်းတစ်ကြိမ်၊(၂)ကြိမ်တိုင်တိုင်ခရီးထွက်လေ့ရှိကြရ၏။နိုင်ငံတော်၏ရာ
    ထူးဂုဏ်သိရ်အကြီးမြင့်ဆုံးမင်းညီမင်းသားအများစုရောက်ရှိလာကြသောအခါဘုရင်မင်း
    မြတ်သည်ဘိသိက်မင်္ဂလာစတင်ကျင်းပရန်အချိန်အခါကိုဆုံးဖြတ်ချက်ချမှတ်တော်မူလေ
    သည်။သို့ဖြင့်တညဥ့်တာကုန်ဆုံး၍နေ့သစ်ဆန်းလာသောအခါအာရုဏ်တက်အချိန်တွင်
    ခေါင်းလောင်းကြီးကိုအကြိမ်ပေါင်းများစွာတီးခတ်လျှက်မြောက်သေနပ်များလည်းပစ်ဖေါက်
    ကြ၏။ထိုကာလသည်(၁)နာရီခန့်မျှကြလေသည်။
    ယင်းကာလလွန်မြောက်ပြီးသောအခါအချက်ပြအထိမ်းအမှတ်အဖြစ်ဖြင့်ခေါင်းလောင်းထိုး
    သံတချက်ထွက်ပေါ်လာပြန်၏။ထိုအချိန်တွင်ရခိုင့်နန်းတော်၌ရာထူးဋ္ဌာနန္တရရှိကြသောမင်း
    ညီမင်းသားများမူးမျိုးမတ်နွယ်နှင့်စစ်သူကြီး၊စစ်ဗိုလ်စသူတို့သည်ရွှေနန်းတော်ကြီး၏ခန်းမ
    ဆောင်အတွင်း၌တစုတဝေးတည်းစုရုံးကြလေ၏။ရွှေနန်းတော်ခန်းမဆောင်ကြီးမှာကျယ်
    ဘာတို့ဖြင့်အဆန်းတကြယ်အလှချယ်ထားသဖြင့်ရှုမ၀အောင်ပင်ကြက်သရေရှိလှပေသည်။
    ခန်းမဆောင်ကြီး၏အလည်တည့်တည့်တွင်ခန်ဲးမင့်တံခါးပေါက်ကြီးတခုရှိ၍ယင်းတံခါးပေါက်
    အပေါ်မှအဖြူရောင်ကတ္တီဘာသားကိုမဏ္ဍပ်သဖွယ်မိုးလျှက်ထားလေသည်။ကတ္တီဘာသား
    ပေါ်တွင်လည်းအပြာရောင်နီလာပွင့်ကြီးများစီခြယ်ထားသောရွှေကြယ်ပြားများကိုကွပ်ထား
    လေ၏။ကတ္တီဘာအမိုး၏ဘေးဘက်လေးတန်အစွန်အဖျားများတွင်လည်းရွှေပန်းဖွားများပြု
    လုပ်ထားရှိပြီးလျှင်ဖြူဖွေးလှပသောပုလဲလုံးကလေးများကိုအစီအရီသီကုံး၍ထား၏။
    ဤအပြင်အဆင်သည်တံခါးပေါက်ပေါ်မှတွဲလောင်းချထားသောအလားတူအဖိုးတန်ကတ္တီ
    ဘာသားနှင့်အလွန်ပင်လိုက်ဖက်လှပေ၏။
    တံခါးပေါက်အတွင်းဘက်တွင်ကားအလွန်နုညံ့လှပသောရွှေဇာလွှာကိုကန့်လန့်ကာသဖွယ်
    ကာထားလေသည်။ခန်းမဆောင်ထဲမှစင်မြင့်ပေါ်တါင်မူရွှေကြိုးများဖြင့်ကြက်ထားသောစည်
    ကြီးတစ်လုံးကိုတင်၍ထားလေ၏။ဤသို့သောပွဲတော်မျိုးတော်စည်တီးသမားသည်သူ၏တာ
    သတ်မှတ်ထားသောအျိန်သို့ရောက်၍စည်တီးသမားသည်စည်ကြီးကိုနောက်ဆုံးတချက်တီး
    ခတ်လိုက်ချိန်တွင်ပဆစ်ဒူးတုတ်ထိုင်နေကြသောပရိသတ်အားလု့းတို့သည်ရှိခိုးဦးတင်အရို
    အသေပြုကြပြီးနောက်မတ်တပ်ရပ်၍နေရာယူကြလေသည်။
    ထိုအချိန်တွင်ဘုရင်မင်းမြတ်သည်ရွှေနှင့်ပုလဲများဖြင့်စီခြယ်ရက်လုပ်ထားသောမြစိမ်းရောင်
    မြတ်၏လည်ပင်းတွင်အဖိုးတန်ပုလဲကုံးများကိုတစ်ရစ်ပြီးတစ်ရစ်ဆင့်ကာဆင့်ကာဝတ်ထား
    ပြီးလျှင်လင်္ကျာဘက်တွင်မူရွှေယပ်ကိုကိုင်ဆောင်ထား၏။ရွှေယက်တွင်အစိမ်းရောင်မြများ
    ကိုကွပ်ကြားကွပ်ကြားစီချယ်ထားသဖြင့်ဘုရင်မင်းမြတ်၏၀တ်ရုံတော်အရောင်နှင့်အလွန်တ
    ရာပင်လိုက်ဖက်တင့်တယ်လှပေသည်။
    ထို့နောက်ဘုရင်မင်းမြတ်သည်ငွေလှေကားထစ်(၆)ဆင့်ရှိသောပလ္လင်ပေါ်မှငွေသလွန်ပေါ်၌
    ထိုင်တော်မူလေသည်။သလွန်တဖက်တချက်တွင်သားမွှေးယပ်ကိုကိုင်ဆောင်ထားကြသော
    အပျော်တော်ကလေးတို့နှစ်ဦးရပ်လျှက်ဘုရင်မင်းမြတ်အားညင်သာစွာဖြင့်ယပ်ခတ်ပေး၍နေ
    ကြလေသည်။ရာဇပလ္လင်ပတ်လည်တွင်အ၀ါရောင်ဝတ်ရုံတို့ကိုဝတ်ထားပြီးဒေါက်ချာဆောင်း
    ထားသောပုဏ္ဍား(၃၀)ရပ်လျှက်ရှိကြလေသည်။ပလ္လင်ပေါ်တွင်ဘုရင်မင်းမြတ်ထိုင်တော်မူပြီး
    သောအခါဆိုင်းဝိုင်း(၃)၀ိုင်းမှတူရိယာမျိုးစုံးဖြင့်တီးမှုတ်ဖြေဖျော်ကြလေသည်။တူရိယာများ
    နှင့်တွဲဘက်လျှက်တေးသီချင်းမျိုးစုံတို့ကိုလည်းသာယာနာပျော်ဘွယ်သီဆိုကြလေ၏။သို့ရာ
    တွင်ရခိုင်ဘာသာ၊မြန်မာဘာသာဖြင့်၊မွန်ဘာသာတို့ဖြင့်အလှည့်အလှယ်ကျစီသီဆိုကြသော ကြောင်းဤမျှအဆင့်အတန်းမြင့်မားသောဝေါဟာရများကိုအကျွန်ုပ်သည်လုံးဝနားမလည်
    နိုင်အောင်ဖြစ်ရလေ၏။
    တေးဂီတတို့ဖြင့်တနာရီခန့်မျှဖြေဖျော်ကြပြီးသောအခါချောမောလှပသောအပျော်တော်က
    လေး(၂၄)ယောက်ဝင်ရောက်လာလေသည်။သူတို့သည်အစိမ်းရောင်နှင့်အဖြူရောင်ဝတ်ရုံ
    တို့ကိုဝတ်ဆင်၍ခေါင်းပေါ်တွင်စီးပုံများဆောင်း၍ထားကြလေသည်။သူတို့၏လက်ထဲတွင်
    မူတူရိယာအမျိုးမျိုးတို့ကိုကိုင်ဆောင်ထားကြပြီးလျှင်တခါတရံနှစ်စုခွဲ၍သော်လည်းကောင်း
    တခါတရံတစ်စုတပေါင်းတည်းသော်လည်းကောင်းတီးရင်းမှုတ်ရင်းဆန်းပြားကျွမ်းကျင်စွာ
    သီဆိုကခုန်နေကြသည်မှာအလွန်တရာကြက်သရေရှိလှ၏။
    ကချေသည်အပျော်တော်ကလေးများပြန်ထွက်သွားပြီးသောအခါဂီတသံများသည်မမြင်ရ
    သောနေရာများမှပေါ်ထွက်၍လာပြန်လေသည်။ဂီတသံများနှင့်အတူအဖြူရောင်ဝတ်ဆင်
    ထားသောအပျိုတော်ကလေး(၁၂)ယောက်ဝင်ရောက်လာပြန်လေ၏။သူတို့၏လည်ပင်းတွင်
    ရွှေကြိုးများနှင့်ပုလဲကြိုးများကိုထပ်ကာထပ်ကာဆွဲထားကြပြီးလျှင်ခေါင်းပေါ်တွင်လည်းရွှေ
    ပန်းကုန်းငွေပန်းကုန်းများဖြင့်အရောင်မျိုးစုံပိုးသားပန်းပွင့်များကိုပန်ဆင်၍ထားကြလေ၏။
    အပျိုကလေးအသီးသီးတို့၏လက်ထဲတွငလည်းရွှေသရဖူတစ်ခုစီကိုကိုင်ဆောင်၍ထားကြ
    လေသည်။
    ထို့နောက်အနီရောင်ကတ္တီဘာဝတ်ရုံပွကြီးများကိုဝတ်ဆင်ထားကြပြီးလျှင်လက်ထဲတွင်ငွေ
    တောင်ဝှေးကိုယ်စီကိုင်ထားကြသောအဘိုးအို(၁၂)ယောက်ဝင်ရောက်၍လာကြလေသည်။
    အဆိုပါအပျိုတော်ကလေး(၁၂)ယောက်တို့သည်ဘုရင်မင်းမြတ်အားရှိခိုးဦးတင်တစ်ကြိမ်စီ
    ပြုကြပြီးလျှင်ပလ္လင်အနီးသို့ကပ်သွားကြပြီးနောက်၎င်းတို့၏လက်ထဲမှသရဖူများကိုဘုရင်မင်း
    မြတ်၏ခြေတော်ရင်း၌အသိးသီးချထားလိုက်ကြလေသည်။ထို့နောက်ဘုရင်မင်းမြတ်၏ခြေ
    အစုံကိုဥိးတိုက်ရှိခိုးကြပြီးနောက်ခန်းမဆောင်အတါင်းထဲမှပြန်လည်ထွက်ခွါ၍သွားကြလေ
    သည်။နောက်ထပ်အပျော်တော်ကလေး(၁၂)ယောက်တို့သည်ယခင်ကအတိုင်းပင်ဝတ်စား
    ဆင်ယင်၍၀င်ရောက်လာပြန်၏။သို့ရာတွင်သူတို့၏လက်ထဲ၌ကိုင်ဆောင်၍လာကြသောအ
    ရာများမှာယခင်အပျိုတော်ကလေးများကဲ့သို့သရဖူများမဟုတ်မူဘဲရွှေဖြင့်ပြုလုပ်ထားသော
    ရာဇလှံတံများသာဖြစ်၏။သူတို့သည်ထိုရာဇလှံတံများကိုယခင်အတိုင်းပင်ဘုရင်မင်းမြတ်၏
    ခြေတော်ရင်း၌ချထားလိုက်ကြလေသည်။
    ထို့နောက်ချက်ချင်းပင်ဘိသိက်ခံမည့်မင်းသားဝင်ရောက်၍လာလေသည်။သူ၏အမည်မှာ
    မှာထွန်တုံးစားဖြစ်၏။သူကားအလွန်ရုပ်ရည်ချောမော့သောမင်းပျိုမင်းလွင်တစ်ဦးပင်ဖြစ်
    ၏။ငွေချည်ထိုးအနီရောင်ကတ္တီဘာဝတ်ရုံကိုဝတ်ထား၏။ခေါင်းပေါ်တွင်မူရိုးရိုးခေါင်းပေါင်း
    ကိုသာပေါင်းထား၏။ဤမင်းသားကလေး၏ရှေ့တွင်ငယ်ကျွန်တော်(၄၀)ယောက်တို့ကအ
    လျှင်ဝင်ရောက်လာကြလေ၏။ရုပ်ရည်ချော့မော့သောလူငယ်များပင်ဖြစ်ကြ၏။အပြာနှင့်အ
    ဖြူဝတ်စုံများကိုဝတ်ဆင်၍ခေါင်းပေါ်တွင်လည်းအပြာနှင့်အဖြူရိုးရိုးအုပ်ပေါင်းများကိုသာပင်
    ပေါင်းထားကြလေသည်။
    ဤမင်းသားကလေး၏ရှေ့တွင်ငယ်ကျွန်တော်(၄၀)တို့ကအလျှင်ဝင်ရောက်လာကြလေ၏။
    ရုပ်ရည်ချော့မော့သောလူငယ်များဖြစ်ကြပေသည်။အပြာနှင့်အဖြူဝတ်စုံတို့ကိုဝတ်ဆင်ထား
    ကြ၍ခေါင်းပေါ်တွင်လည်းအပြာနှင့်အဖြူရိုးရိုးအုပ်ပေါင်းများကိုပေါင်းထားကြလေသည်။
    မင်းသားငယ်လည်းဘုရင်မင်းမြတ်မြင်နိုင်လောက်သည့်နေရာသို့ရောက်လာသောအခါ
    ရိုသေလှစွာဖြင့်ဝပ်တွားရှိခိုးလိုက်လေ၏။ထို့နောက်သူသည်မတ်တပ်ရပ်လိုက်ပြီးနောက်ရှေ့
    သို့အနည်းငယ်လျှောက်သွားလျှက်ထပ်မံဝတ်တွားရှိခိုးလိုက်လေသည်။
    ထိုအချိန်တွင်ပလ္လ္လင်ပတ်လည်တွင်ရပ်လျှက်ရှိသောပုဏ္ဍားများအနက်မှပုဏ္ဍား(၄)ယောက်
    တို့သည်မင်းသားငယ်အားဝတ်တွားနေရာမှထူပေးပြီးလျှင်တယောက်တဘက်စီတွဲလျှက်
    ပလ္လင်လှေကားရင်းအထိခေါ်သွားကြလေ၏။မင်းသားငယ်သည်ဤနေရာတွင်လည်းဘုရင်
    မင်းမြတ်းအားဦးတိုက်လျှက်အကြိမ်ကြိမ်ရှိခိုးလေသည်။ထို့နောက်ပုဏ္ဍားများသည်မိမိတို့၏
    နေရာအသီးသီးသို့ပြန်လာကြလေသည်။ထို့နောက်စည်တီးသံပေါ်ထွက်လာပြီးတခန်းလုံး
    ငြိမ်သက်သွားလေ၏။ဤတွင်အ၀ါရောင်ကတ္တီဘာဝတ်ရုံဖြင့်ပုဏ္ဍား(၄)ယောက်ဝင်ရောက်
    လာကြလေသည်။အလယ်မှပုဏ္ဍား၏လက်ထဲတွင်ရွှေဖြင့်ထုလုပ်ထားသောနတ်ရုပ်တခုကို
    ကိုင်ထားလေသည်။ထိုရုပ်တုမှာ၁၂လက်မခန့်မြင့်၍ခေါင်းပေါ်တွင်ပန်းကုံးတကုံးကိုပန်ဆင်
    ၍ထားလေသည်။
    ပလ္လ္လ္လင်အနီးသို့ပုဏ္ဍား(၃)ယောက်ရောက်လာသောအခါဘုရင်မင်းမြတ်သည်သလွန်ပေါ်မှ
    ဆင်း၍ဘေးတွင်ရပ်နေလိုက်၏။ထိုအခါရုပ်တုကိုင်ထားသောပုဏ္ဍားသည်ဘုရင်မင်းမြတ်၏
    နေရာတွင်ဝင်ရောက်ထိုင်လိုက်လေသည်။ထို့နောက်တွင်အခြားပုဏ္ဍား(၂)ယောက်တို့သည်
    မင်းသားငယ်ဝတ်တွားရှိခိုးနေသည့်နေရာသို့လျှောက်လာပြီးနောက်မင်းသားငယ်အားထူမ
    ပေးလျှက်ပလ္လင်ထိပ်သို့ခေါ်ဆောင်သွားလေသည်။ပလ္လင်ပေါ်သို့ရောက်သွားသောအခါမင်း
    သားငယ်သည်ခုနှစ်ကြိမ်တိတိဦးညွတ်ရှိခိုးပြီးနောက်ပုဏ္ဍားလက်ထဲမှရုပ်တုကိုယူပြီးလျှင်
    မိမိ၏ခေါင်းပေါ်သို့တင်လိုက်လေသည်။
    ထို့နောက်သူသည်ပလ္လ္လ္လ္လင်ရှေ့တွင်ဒူးတုပ်လျှက်ပုဏ္ဍားကြီးတိုင်ပေးသည့်အတိုင်းတစုံတရာကို
    အသံကျယ်စွာဖြင့်လိုက်၍ရွက်ဆိုလေသည်။ဤသည်ကားမင်းသားငယ်သည်မိမိ၏အရှင်သ
    ခင်ဘုရင်မင်းမြတ်အပေါ်တွင်သစ္စာစောင့်သိပါမည်ဟူ၍နတ်ရုပ်တုကိုသက်သေပြုလျှက်
    သစ္စာအဓိဌာန်ကျိန်ဆိုခြင်းပင်ဖြစ်သည်။ယင်းသို့သစ္စာပြုပြီးသောအခါမင်းသားငယ်သည်
    ထပ်မံ၍ဦးညွတ်ရှိခိုးပြန်၏။ထို့နောက်ပုဏ္ဍားကြီးသည်မင်းသားငယ်ထံမှနတ်ရုပ်ကိုပြန်ယူ
    ပြီးနောက်ဖေါ်ပုဏ္ဍား(၂)ယောက်နှင့်အတူပလ္လင်ပေါ်မှပြန်၍ဆင်းလာခဲ့၏။
    ဤတွင်ဘုရင်မင်းမြတ်သည်မူလနေရာတွင်ပြန်ထိုင်တော်မူလေသည်။ထို့နောက်ပုဏ္ဍားတ
    ယောက်သည်ဘုရင်မင်းမြတ်၏လက်ျာဘက်တွင်ရပ်ပြီးလျှင်ဘုရင်မင်းမြတ်အားတ၀က်၊ရွှေ
    နန်းတော်ပရိသတ်များအားတ၀က်မျက်နှာမူလျှက်အောက်ပါအမိန့်တော်ပြန်တမ်းကိုအသံ
    ကျယ်လောင်စွာဖြင့်ဖတ်ကြားကြေငြာလေသည်။
    "ဆင်ဖြူတော်သခင်လည်းဖြစ်တော်မူသော၊ပဲခူးနှင့်မြန်မာပြည်တို့ကိုလည်းဆက်ခံပိုင်ဆိုင်
    ခွင့်ရှိတော်မူသော၊ဘင်္ဂလား(၁၂)ပြည်ထောင်မင်းအပေါင်းတို့၏ဦးညွတ်ရာအရှင်သခင်
    လည်းဖြစ်တော်မူသော၊ရေမြေ့သနင်းဧကရာဇ်မင်းလည်းဖြစ်တော်မူသော၊ရခိုင့်ပြည့်ရှင်
    ဆလင်ရှား(သီရိသုဓမ္မရာဇာ)အမည်တွင်သောဘ၀ရှင်မင်းမြတ်ဘုရား"
    "ကျွန်ုပ်တို့၏ဦးထိပ်သခင်ဘုရင်ဧကရာဇ်မင်းမြတ်ဖြစ်တော်မူသော၊အရှင်မင်းမြတ်သည်၊ဤ
    ကမ္ဘာမြေပြင်ရှိမင်းအပေါင်းတို့ထက်ဘုန်းတန်ခိုးအာဏာစက်ထက်မြတ်ထွန်းတောက်နိုင်ပါ
    စေသတည်း။"
    "ဦးရာဇ်တောင်ဘုရင်အဖြစ်ဖြင့်အရှင်မင်းမြတ်၏ရွှေဖ၀ါးတော်အောက်၌ဦးညွတ်ပြီးလျှင်အ
    ရှင်ဘုရား၏သစ္စာတော်ကိုခံယူနိုင်စိမ့်သောငှါဤနေ့ဤရက်၌အကျွန်ုပ်သည်ဤရွှေသရဖူမ
    ကိုဋ်တော်ကိုထွန်တုံးစား၏ဦးခေါင်းပေါ်တွင်ဆောင်းပေးခြင်းဖြစ်ပါသည်အရှင်ဘုရား။"
    ဤပြန်တမ်းကိုဖတ်ကြားပြီးလျှင်ပြီးချင်းပုဏ္ဍား(၂)ယောက်သည်ရှေ့သို့ထွက်လာပြီးလျှင်သ
    ရဖူတခုနှင့်ရာဇလှံတံတခုတို့ကိုယူလျှက်ဘုရင်မင်းမြတ်၏ခြေတော်ရင်း၌ချထားလိုက်ကြ
    လေသည်။ထို့နောက်၎င်းတို့သည်ဘိသိက်ခံဘုရင်သစ်ရှိရာသို့လျှောက်လာကြပြီးလျှင်၎င်း
    အားဝတ်တွားရှိခိုးနေရာမှထစေ၍ဘုရင်မင်းမြတ်ရှေ့တော်မှောက်သို့ခေါ်၍ဆောင်သွားကြ
    လေသည်။ပြီးလျှင်ပုဏ္ဍားများက၎င်းအားဒူးထောက်ထိုင်စေ၏။
    ပုဏ္ဍားတယောက်ကသရဖူကိုကောက်ယူကာဘုရင်မင်းမြတ်၏လက်ထဲသို့ကမ်းပေးလိုက်
    လေ၏။ဘုရင်မင်းမြတ်သည်သရဖူကိုဘိသိက်ခံဘုရင်၏ဦးခေါင်းပေါ်တွင်ဆောင်းပေးလိုက်
    လေသည်။ထို့နောက်အခြားပုဏ္ဍားတယောက်ကရာဇလှံတံကိုကောက်ယူလျှက်ဘုရင်မင်း
    မြတ်အားဆက်သလိုက်ရာဘုရင်မင်းမြတ်သည်အဆိုပါရာဇလှံတံကိုလည်းဘိသိက်ခံဘုရင်
    အားပေးအပ်တော်မူလေသည်။
    ဘုရင်သစ်သည်သရဖူကိုဦးခေါင်းပေါ်တွင်ဆောင်းလျှက်ရာဇလှံတံကိုလက်ဝဲလက်တွင်
    ကိုင်ပြီးလျှင်ဘုရင်မင်းမြတ်၏ခြေအစုံကိုငါးကြိမ်တိတိဦးတိုက်ရှိခိုးလေတော့သည်။ဤအပြု
    အမူကားမိမိအားဘိသိက်သွန်း၍ဘုရင်ဖြစ်အောင်ကျေးဇူးပြုခဲ့သောပုဂ္ဂြိုလ်အားမိမိ၏အရှင်
    သခင်အဖြစ်အသိအမှတ်ပြုကြောင်းသက်သေပြလိုက်သောအပြုအမူပင်ဖြစ်ပေသည်။
    ဤနောက်ဆုံးအခန်းအနားပြီးဆုံးသွားသောအခါတွင်စည်တီးသံသုံးချက်ပေါ်ထွက်လာပြီး
    နောက်ပရိသတ်အားလုံးကဘုရင်မင်းမြတ်အားရှိခိုးဦးတိုက်လိုက်ကြလေသည်။ထိုအချိန်
    တွင်ကန့်လန့်ကာများကျလာပြီးဘုရင်မင်းမြတ်လည်းခန်းမဆောင်မှပြန်လည်ထွက်ခွါသွား
    လေတော့သည်။
    (၃)မြို့တွင်းလှည့်လည်ပွဲနှင့်စားသောက်ပွဲ။Remove Formatting from selectionဆက်ရန်ရှိသည်.....
    voiceofrakhine