ရခိုင်လျှောက်ထုံးများ အမှတ် (၂၆ မှ ၅၀) ထိ
    Author: Unknown Genre: »
    Rating
    ရခိုင်လျှောက်ထုံးများ အမှတ် (၂၆ မှ ၅၀) ထိ
    -------------------------------------------
    သူမိုက်ရို့စကားကို မယုံအပ်ကြောင်းလျှောက်ထုံး။
    တရံရောအခါ၌ ပြည့်သျှင်မင်းဖလောင်းသည် ရိုးကျွန်းသို့ဆင်ဖမ်းမည်ထွက်တော်မူသည်။ မင်းကြီးသည်
    ဆင်တော်နတ်သျှင်နောင်ကိုစီး၍ ဆင်ရိုင်းကိုဖမ်းအံ့သောငှာ တောတောင်အနှံ့လှည့်ပတ်လီရာ အစာမွတ်သိပ်၍
    ပင်ပန်းတော်မူသည်။ ထိုရောအခါ အမတ်ကြီးသည် ရီမြီ့မင်းရို့ ဆင်ခြင်အပ်သောအရာကို ထုတ်ဖော်ပြသ၍
    မင်းကြီးထံ လျှောက်ထားသည်ကား-
    အသျှင်မင်းမြတ်။ ရီမြီကိုအစိုးရသောမင်းရို့သည် ဆင်ထိန်း၊ မြင်းထိန်း၊ သဘင်သည်၊ မုဆိုး၊ တံငါရို့နှင့်
    အကျွမ်းမ၀င်ရာ၊ ပရံ- သူတပါးရို့ သွေးဆောင်ရာအရပ်သို့လည်းကောင်း၊ ပရံ- သူတပါးရို့ဆိုလာသော
    စကား၌လည်းကောင်း၊ မယုံမလားရာ။ သူတထူးစကားကို ယုံသောအမှုကြောင့် အသက်မွီးယုတ်သော
    မုဆိုးတံငါမှတုံလည်း မှားကြောင်းထုံးဟောင်းဟိပါသည်။
    မနူက လက်ပန်းသည်ယောက်ျားသည် လက်ပန်းပညာ အင်္ဂါစုံတတ်သူဖြစ်လျှက် ဗလဒေ၀နှင့်
    ဆိုင်ပြိုင်ကြမည်ဟိရာ၌ သ၀န်တိုဟူသောအမတ်က ဆီးဝါးပီးလတ်သည်။ ထိုဆီးကိုယုံသဖြင့် ပေါ့လျှော့ချေ၍
    ဗလဒေ၀သတ်သောဒဏ်ကြောင့် ပွဲအတွင်း ဓနူကသီဆုံးရဖူးသည်။
    မစ္ဆရိယ- တံငါမူလည်း အခါခပ်သိမ်း မိမိပိုက်ချက်ကို အလိုဟိသောကာလ တံငါတဦးလှည့်ဖြားဥာဏ်ဖြင့်
    ငါးအများကိုလောင်း၌တင်၍ မစ္ဆရိယ- တံငါအိမ်ဆိပ်သို့လိုက်လာသည်။ မစ္ဆရိယ တံငါက မည်သည့်အရပ်က
    လာသနည်း မီးလတ်သော် ဂင်္ဂါမြစ်ဝ၌ ပိုက်ခတ်ကောင်း၍ရခကြောင်း လှည့်ဖျားပြောလတ်သည်။ ထိုတံငါ
    လှည့်ဖြားပြောသောစကားကို မစ္ဆရိယ တံငါယုံလတ်၍ မိုးထက်စောစောထ၍ တပည့်ငါးရာနှင့်လားလီပြီး
    ဂင်္ဂါမြစ်ဝတွင် ပိုက်ချလတ်သည်။ ပင်လယ်၌ လှိုင်းတံပိုးကြီးစွာဖြစ်လတ်၍ မစ္ဆရိယတံငါနှင့် တပည့်ငါးရာရို့
    သီဆုံးကြရသည်။
    အယုဇ္ဈပူရတိုင်း၌ ဒွါရာဝတီမြို့က ဇမ္ဗူဒီပါကိုအစိုးရသော ဒသဘာတိကညီနောင်တကျိပ်ရို့သည်
    ပျက်ချိန်နီးလတ်သော် အမတ်ယုတ် ဂုံးချောစကားကိုယုံမိကြသည်။ ညီနောင်တကျိပ်ရို့သည် ရီကဇာတ်ရာ၌
    အမတ်ယုတ်၏ဂုံးချောစကားကိုယုံသဖြင့် အချင်းချင်းသတ်ပုတ်ကြ၍ သီဆုံးဘူးသည်။
    ယင်းသို့ထုံးဟောင်းဟိသည်ဖြစ်၍ အမှုတကာကို ယုတ္တာယုတ္တိကို မိမိဥာဏ်ဖြင့် ဆင်ခြင်ပြီးမှတဖန် ပညာဟိရို့နှင့်
    ညှိပြန်ရာသည်။ သူမိုက်အများ ဆိုးကောင်းမြှောက်မြှင့် နှိမ့်ချဆိုသော်လည်း၊ အကျိုးအပြစ်မဟိ၊
    ပညာဟိတယောက် အပြစ်ကိုကြောက်လျှက် အကျိုးလို၍ဆိုသည်ကိုရာ အလိုရှိအပ်ပါသည်။ ထိုသို့
    ထုံးဟောင်းဟိသည်နှင့်အညီ ရှိပညာဟိရို့ဆိုခသောစကားမူလည်း-
    အကြင်သူ၊ လူ့ပကတိ၊ မမိရှည်ကြာ၊ မိစ္ဆာဇီဝ၊ လုံးပမ်းကြ၍၊ အစမထင်၊ ချစ်သျှင်မြတ်ဖျား၊ ဘုရားသာသနာ၊
    ရောင်ဝါမ၀င်း၊ အလင်းမနှော၊ သဘောမကုန်၊ သူ့ဘုံနတ်ရပ်၊ ကြမ္မာတတ်မင်း၊ နှောင်အိမ်တွင်းသို့၊ မကင်းဇာတိ၊
    မိမိခန္ဓာ၊ သူရာယစ်မျိုး၊ ငါးပါးဆိုးလည်း၊ မညှိုးမဝကံ၊ တောခြုံပိတ်ပေါင်း၊ တဏှာချောင်းတွင်၊ ဥက္ခောင်းမွန်းနစ်၊
    အသစ်သစ်သာ၊ ၀ိညာဉ်ဧကန်၊ အမှန်တပ်လျှဉ်၊ သံယောဇဉ်လည်း၊ မယှဉ်သောအား၊ ကံသုံးပါးမူ၊
    တန်းခါးဟင်းလင်း၊ သားချင်းချင်းဖြင့်၊ နှိမ်နင်းတတ်စွာ၊ သတ္တ၀ါကို၊ ပညာဝေဖန်၊ အမြင်သန်မှ၊ သူ့ဥာဏ်သူ့ဂုဏ်၊
    မသုန်မဖျင်း၊ အလင်းဝိဇ္ဇာ၊ သံသရာ၌၊ ဖီလာမလား၊ သုံးပါးဗိန္ဓု၊ လဟုသရ၊ အမှတ်အခြေ၊
    ညာဏ်ရည်ညာဏ်သွီး၊ ဆိုရီးလိမ္မာ၊ သူ့ပုစ္ဆာကို၊ လွယ်ကာဖြေရ၊ တခဏချင်း၊ မကြွင်းသိမူ၊ သူတယောက်ပင်၊
    ချီမွမ်းလျှင်မှ၊ လူတွင်လူမြတ်၊ နတ်ကားကြည်ညို၊ မဂ်ဖိုရကြောင်း၊ ဆုမတောင်းလည်း၊ လုံးပေါင်းပြီးစီး၊
    ဆုရပြီးတည့်၊ ထုံးမှီးကျမ်းလာ၊ သို့အရာတွင်၊ ပညာမပြောင်၊ မောဟဆောင်၍၊ သံကြောင်ပဒ၊ ပရမရို့၊
    ဒေါသထူထူ၊ ငြူစူစောင်းမြောင်း၊ မကောင်းစရိုက်၊ သူမိုက်ကုဋေ၊ သင်္ချေသင်္ချာ၊ ညီညာမြှောက်မြှင့်၊ တဖြင့်စုတ်ငဲ့၊
    ကဲ့ရဲ့ချုတ်ချ၊ ဆိုပြန်ကလည်း၊ မြူမျှမသန်း၊ မနွမ်းစီရာ၊ ဥပမာကား၊ ဂင်္ဂါရီကြော၊ တိုက်လွင့်မျောသည့်၊
    သင်္ဘောထိုလမ်း၊ ဆိပ်ကမ်းမမြင်၊ ပင်လယ်ပြင်၌၊ ဇာတွင်ဇာသို့၊ ရောက်ဖို့သနည်း။ အသဲကြွီလု၊ တရုရုနှင့်၊
    ဗိုလ်ထုများစွာ၊ လူတကာထက်၊ သီတာမြစ်လမ်း၊ သိနိုင်စွမ်းသည်၊ ဖြောင့်တန်းမတိမ်း၊ ရွက်သိမ်းရွက်ဖွင့်၊
    ဆိုက်သင့်အရပ်၊ လီကပ်လီကြောင်း၊ မစောင်းရအောင်၊ ဆောင်နိုင်သူအား၊ တယောက်သားရာ၊
    ထင်ရှားကျော်ဟိန်၊ မာလိန်ခေါ်ကြ၊ ထိုနှင့်ဆသော်၊ ဇင်္ဂလသား၊ တရားဇာမှာ၊ သိနိုင်ရာလိမ့်၊ မိစ္ဆာရို့ကံ၊
    လောဘလျှံသည်၊ မငံပညာဟော့ရမ်းတည်း။
    သူမိုက်ရို့လက္ခဏာ ကျမ်းဂန်လာသည်မှာလည်း-
    ဒေါသောအတ္တံ နဇာနာတိ၊ မောဟောဓမ္မံ နပဿတိ၊ အတ္တသမံနဇာနာတိ၊ ယထာယဒေါသော ယောဗာလော
    အမနုဿဗာလော။
    - ဟူလျှက် သူမိုက်ရို့စကားကို မယုံအပ်သောအကြောင်း ထုံးဟောင်းကျမ်းဂန်နှင့် လျှောက်လတ်သော်
    ပြည့်သျှင်မင်းကြီးလည်း ကြည်ညိုတော်မူရကား ရွှေကွမ်းချပ်ကို ပီးသနားတော်မူ၏။
    လျှောက်ထုံးအမှတ် (၂၇)
    အကျင့်ပျက်မိဖုရား သျှင်နှောင်းအရေးတွင် ကယ်မသောလျှောက်ထုံး။
    တရံရောအခါမူလည်း မြောက်မိဖုရားသျှင်နှောင်းသည် မိမ္မစိုးမော်လိပ် ကုလားတယောက်ကိုဆီးပီး၍ အင်္ဂါစုံအခါ
    ယဉ်ပါးကြသည်။ ထိုအခါ မိစ္ဆာနတ် နန်းသို့ဝင်၍ခြောက်လှန့်သည်။ လင့်ကောင်ပိုးငှက်ဆိုးသည်
    မင်းစက်တော်ခေါ်သော အဆောင်သို့ဝင်၍မြည်သည်။ မင်းသုံးမင်းဆောင်ကျိုးပျက်သည်။ ထိုအကြောင်းကို
    မင်းကြီးမီးတော်မူရာ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးသော်ကား-
    အသျှင်မင်းမြတ်။ ဘီးတော်ရာဇိန္ဒမင်းသည် ဥယျာဉ်သို့ထွက်တော်မူရာ၊ ရထားတော်ဝင်ရိုးကျိုးလတ်သည်။
    ထိုအကြောင်းကို အမတ်ကြီးစိတ္တ၀ရလျှောက်လတ်သည့်ထုံး၌ အဆိုသော်ကား-
    ရာဇာဒေ၀ီ- မင်းမိဖုရားရို့သည်လည်းကောင်း၊ ရာဇပုတ္တိ- မင်း၏သားသမီးတော်ရို့သည်လည်းကောင်း၊ ဟိနေန-
    ယုတ်သော၊ ကုလေန- အမျိုးနှင့်၊ သံခါသေတိရော- ယှက်ပေါင်းဖော်မိအံ့။ ရညော- မင်း၏၊ ပရိဘောဂေါ-
    အသုံးအဆောင်သည်၊ ဘိဇ္ဇတိ- ကျိုးပျက်ယွင်းယိုတတ်၏။ မိစ္ဆာဒေ၀ါဒယော- မသမာသော မိစ္ဆာနတ်ဆိုး၊
    လင့်ကောင်ပိုးငှက်ဆိုးစသည်ရို့သည်၊ ရာဇနိဝေသနံ- မင်း၏နီရာနန်းတော်တိုက်ခန်းသို့၊ ပ၀ီသတိ-
    ဤသို့လျှောက်လတ်မူ ထိုမင်းကြီးရာဇိန္ဒသည် မည်သို့မဆိုနီတော်မူ၍ မင်း၏ပရိယာယ်ဖြင့် စူးစမ်းတော်မူရာ
    သမီးတော်သုဝဏ္ဏကုမ္မာရီသည် စောင်းသမားနှင့်ယဉ်ပါးကြောင်း သိတော်မူ၏။
    ဤသို့ထုံးဟောင်းလာသည်ကိုထောက်လျှင် ယခုလည်းအကြောင်းထင်လာပြန်သည်။ နန်းသူရို့ သိက္ခာမထိန်းဆိုရန်
    ဟိချေပြီထင်ပါသည်ဟုလျှောက်လတ်သော် မင်းကြီးလည်းခပ်မဆိတ်နီတော်မူ၏။ အကြောင်းကို စုံစမ်းတော်
    မူသောအခါ မိဖုရားနှင့်ကုလားမှားကြောင်းသိတော်မူ၏၊ ထိုအကြောင်းကို အမတ်ကြီးသို့ပြန်ဆိုတော်မူရာ
    အမတ်ကြီးလျှောက်သောထုံးမူကား-
    ဘုန်းကျက်သရေကြီးမြတ်တော်မူသောအသျှင်မင်းကြီး။ ရှိပညာဟိရို့ဆိုခသော ကျမ်းဂန်၌လာဟိသည်မှာ-
    ဣတ္တိ- မိမ္မရို့သည်၊ ၀ါမောရာဂေါဒ- ရာဂကိုလုံ့လထုတ်ခြင်း၌၊ ပူရိသော- ယောက်ျားထတ်၊ ဒွေဂုဏံ-
    နှစ်ဆလွန်၏။ ပဒုရာပိ- စဉ်းလဲခြင်းကောက်သောဥာဏ်၌ကား၊ စတုဂုဏော- လေးဆလွန်၏။ ခလေခလဿ-
    ပြုတတ်သောအမှုရို့၌ကား၊ ဆဂုဏော- ခြောက်ဆလွန်၏။ ကာမဂုဏော- ကာမဂုဏ်၌တပ်မက်ခြင်းဖြစ်သည်ကား၊
    အဌဂုဏော- သျှစ်ဆလွန်၏။ သဗ္ဗနဒီ- ခပ်သိမ်းသောမြစ်ရို့သည်၊ ၀င်္က- ကောက်ကွေ့လျှက်ရာ ဟိသည်၏၊
    သဗ္ဗ၀နာ- ခပ်သိမ်းသောတောသို့၌၊ ကုဿ- သစ်ပင်ရို့သည်၊ ၀င်္က- ကောက်ကွေ့၏။ သဗ္ဗေ-
    ခပ်သိမ်းကုန်သော၊ ဣတ္တိ- မိမ္မရို့သည်၊ ဧကနေ၀- မိမိအလိုဟိရာ တယောက်သောသူနှင့်တွိလျှင်၊ ၀င်္ဂံ-
    ကောက်ကွေ့ဖောက်ပြန်တတ်၏။ ယင်းသို့ ကျမ်းဂန်လာပါသည်။
    တရားတော်မှာလည်း သစ္စာလေးပါးတွင် သမုဒယသစ္စာသည် တဏှာအမြစ်၊ ထိုသမုဒယသစ္စာတဏှာ၏အမြစ်ကို
    မဖြတ်နိုင်ကြ၍ သတ္တ၀ါရို့သံသရာရှည်သည်။ ထိုသို့မိုက်မှားလျှက် အစဉ်လာခသော- အ၀ိဇ္ဇာနှင့်တဏှာ
    မူလသဘာဝရို့ကြောင့်ပြုကြသော ထိုသူရို့အပြစ်ကို ထိုသူရို့နှင့်ပျောက်စီရပါမည်။ တရား၌လိမ္မာသော၊
    ပညာဟိသောသူတော်ကောင်းမည်သည် သူတထူးပြုသောအပြစ်ကိုသိသော်လည်း ပြန်၍ပြုခြင်းမဟိ၊ သူ့ထိုက်သူကံ
    ဟိသင့်ပါသည်လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးလည်း ထိုသူနှစ်ဦးကို မည်သို့အပြစ်မပီး၊ မိဖုရားနှင့်ကုလားကို
    မာန်အောင်ကျွန်းသို့ ပို့ထားရုံမျှသာ ပြုတော်မူသည်။
    လျှောက်ထုံးအမှတ် (၂၈)
    မင်း၏သားတော်လတ် သံတောင်စား အပြစ်ကျူးလွန်ရာတွင်လျှောက်ထုံး။
    တရံရောအခါ သားတော်အလတ်၊ သံတောင်စားငစုန်သည် သံတောင်ရွာအသည်သားတယောက်ကို
    အသီသတ်လတ်သည်။ ထိုအကြောင်းကို မင်းကြီးကြားသိလီ၏။ ထိုအခါမင်းကြီးက သံတောင်စားငစုန်ငယ်သည်
    ပြည်သူရို့အားနှိပ်စက်သတ်ဖြတ်ရာ မည်သို့စီရင်ထုံးဟိသနည်းဟု အမတ်ကြီးမဟာပညာကျော်သို့ မီးတော်မူသည်။
    ယင်းသောအခါ အမတ်ကြီးလျှောက်ထုံးသော်ကား-
    အသျှင်မင်းမြတ်။ သားတော်သံတောင်စားသည် ခမည်းတော်အာဏာကိုပြိုင်လျှက်၊ အာဏာပိုင်
    အစိုးရပြုသည်တရပ်၊ နောင်တော်များမပြုကျင့်ဝံ့သောအမှုကို ပြုကျင့်သည်ဖြစ်၍ နောင်တော်များကို
    ကျူးလွန်သည်လည်းတပြစ်၊ မှူးမတ်ပြည်သူရို့ကို မခန့်မလေးဆိုးသွမ်းသည်လည်းတချက်၊ ပြည့်သျှင်မင်းမှတပါး
    ပြည်သူရို့ဇိဝိတိနြေ္ဒကို မပိုင်ချေ။ ရှိထုံးဟိလျှက်မတည်။ ရှိထုံးစံဟောင်းများကိုဖျက်၍ ကျင့်သည်လည်းတမှု၊
    ဤသို့အပြစ်လေးပါးထိုက်သော သားတော်ဖြစ်ပါသည်။ လျှောက်လတ်သော် စားကျေးမြို့ရွာဥစ္စာ ကျေးကျွန်များကို
    သိမ်းလတ်သည်။ ၀မ်းဝရုံနှင့် မြုံရို့နီရပ် မရိပ်ချောင်းညာဝေလာတောင်သို့ သားတော်သံတောင်စားကို
    ပို့တော်မူသည်။
    လျှောက်ထုံးအမှတ် (၂၉)
    သူဌီးခြန္သာႀကီး သားသမီးအမြီမ ျဖတ္ထံုး။
    မင်းဖလောင်းကြီးစိုးစံစဉ် မိုးစဲကျွန်းတွင် သူဌီးခွန်သာကြီးသီလွန်သည်။ ထိုအခါ တမိတည်းသား
    ယောက်ျားငါးယောက်၊ မိကွဲသားသမီးနှစ်ယောက် ကျန်ဟိခသည်။ ထိုသားသမီးခုနှစ်ယောက်ရို့
    အမွီခွဲဝေမှုတရားကို တရားသူကြီးလေးဦးစီရင်ချက်နှင့်မပြီးလိုကြ၍ ပြည့်သျှင်မင်းကြီးထံ အယူခံမှုဝင်ရောက်
    လျှောက်ထားလာကြသည်။ ပြည့်သျှင်မင်းကြီးသည် အမှုကို ကိုယ်တိုင်ဆုံးဖြတ်တော်မမူ၊
    အမတ်ကြီးမဟာပညာကျော်သို့ လွှဲအပ်ဆုံးဖြတ်စီတော်မူသည်။ ထိုအခါ အမတ်ကြီးစီရင်ဆုံးဖြတ်သည့်ထုံးမူကား-
    တရားသူကြီးတိစီရင်သော ဓမ္မသတ်ထွက်၌ အနိမ့်အမြင့် အခွဲအ၀ီဟူသမျှတွင် အမှားတစေရာများသည်။
    ထိုဓမ္မသတ်စာကို ရှိပညာဟိရို့စွန့်ခကြောင်း ကျမ်းဂန်လာသည်။ အမှန်ကိုသိတတ်ဆိုတတ်မှ ပညာဓမ္မသတ်မှန်
    ဖြစ်သည်။ ထိုစာဓမ္မသတ်များမှာ သညာအက္ခရာမျှရာ အမှားများ၍ အမှန်နည်းသည်။ အကြောင်းမူလည်း၊
    အကယ်၍ သူဌီးခွန်သာကြီးသည် သူပုန်သူကန်ပြုလျှက် အသျှင်မင်းကြီးအားပြစ်မှားလတ်သော်၊ မယားကြီးသား၊
    မယားငယ်သားဟူ၍ အမွီစားဓမ္မသတ်ထွက်အလိုက် ခွဲခြားပြီး အပြစ်မပီးချေ၊ သားချင်းအတူ သားသီလည်းသီ၊
    ရှင်လည်းရှင်လျှောက်၊ မင်းပြစ်ရောက်ရသည်။ ထိုသို့သောအကြောင်းကြောင့် မိဘဆိုးသွမ်းလီရာ သားသမီးရို့
    ဇိဝိတိနြေ္ဒမှတုံသော်လည်း ကင်းရသည်။ ထိုသို့ဆိုးမွီခံရသောထုံးဟိလျှက်၊ ကောင်းမွီ၌လည်း ထိုနည်းအတူရာ
    ခံယူကြစီ။ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာရွာလီသောကြောင့် ပြည့်သျှင်မင်းကြီးက
    အမတ်ကြီးသို့ ပတ္တမြားလက်စွပ်တကွင်း တရားဆုချီမြှင့်ပီးသနားတော်မူသည်။
    လျှောက်ထုံးအမှတ် (၃၀)
    ပြည်သူဆင်းရဲသားရို့အမွီကို မင်းရို့ ခံသင့်မခံသင့်လျှောက်ထုံး။
    မင်းဖလောင်းကြီးလက်ထက်တော် တရံသောအခါမူလည်း၊ စစ်တကောင်းမြို့တွင် သူဌီးဦးစီရာလီ သီလွန်၏။
    ထိုသောအခါ စစ်တကောင်းမြို့စားလာရောက်ပြီး ဦးစီးရာလီတွင် အမွီခံသားမြီးမဟိကြောင်းလျှောက်ထားသည်။
    ပြည့်သျှင်မင်းကြီးက ပြည်သူဆင်းရဲသားရို့အမွီကို မင်းခံစားသင့်သည်၊ မခံစားသင့်သည်ကို အမတ်ကြီးအား
    မီးတော်မူသည်။ ထိုအခါ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးသော်ကား-
    အသျှင်မင်းမြတ်။ ဘုရားလောင်းမင်းကောင်းမင်းမြတ်၊ သာကီဝင်နွယ်တော်စဉ်လာအကြောင်း
    ထုံးဟောင်းကျမ်းဂန်၌ဟိပါသည်။ ပြည်သူရို့လုပ်ခွန်ထွက် ဆယ်ဘို့တဘို့ကိုရာ မင်းရို့ဘဏ္ဍာခံထိုက်ကြောင်း
    ရှိအမှာဟိပါသည်။ ပြည်သူသာမိက ခတ္တိယအစိုးရသည့် ရီမြီသျှင်ဖြစ်လျှက် မင်းမျိုးမဟုတ်သောသူရို့၏အမွီကို
    ခံယူထုံးမဟိပါ။ ရီမြီပိုင်မင်းဖြစ်လျှက် ဆင်းရဲသားရို့အမွီကိုခံယူခီသော်၊ ၀ိလုပ္ပန္န- လုယက်ဖျက်ဆီး၍
    မင်းမူသောမင်းမျိုးရို့ ခံယူသောထုံးလည်း ကျမ်းဂန်တွင်ဆိုလျှက်ဟိပါသည်- လျှောက်လတ်သော်
    ပြည့်သျှင်မင်းမြတ်အမိန့်တော်ဟိသည်ကား- “ငါရို့မှာလည်းသားမြီးမဟိမူ မင်းဆွီမင်းမျိုးရို့ မင်းရိုးမပျက်
    ထီးနန်းတက်ရသည်။ ဆင်းရဲသားရို့မှာလည်း ထိုသို့အလျှောက် သားမြီးမဟိမူ၊ ဆွီမျိုးအမွီခံရာသည်။
    သူဌီးဦးစီရာလီအမွီကို ဆွီမျိုးရို့ကခံယူစီအမိန့်တော်ဟိလတ်သော် ရာဇပလ္လင်ပေါ်၌စိုက်သော ကနက္ကဒန်ထီးဖြူ
    ပွင့်လီသတည်း။
    လျှောက်ထုံးအမှတ် (၃၁)
    အကျင့်ပျက်သော တန်ဆောင်မိဖုရားအရေးတွင် မင်းအားညွှန်ပြသောလျှောက်ထုံး။
    တရံရောအခါ တန်ဆောင်မိဖုရားသည် ဘိသိက်တော်ဆက်ပုဏ္ဏားကို အနောက်တန်းခါးကခေါ်သွင်းပြီး အဆောင်
    လက်ဖွဲ့တောင်း၏။ ပုဏ္ဏားလည်း မိဖုရားသို့ လက်ဖွဲ့ပြုလုပ်ပီး၏။ ဤသို့အကြောင်း မင်းကြီးကြားသိတော်မူ၏။
    ထိုအကြောင်းနှင့်ပတ်သက်၍ မင်းကြီးမိန့်ကြားလတ်သည်ကား-
    အကြောင်းဖြစ်ကြသည်၌ မိဖုရားသည် အင်္ဂါမဟိသူဖြစ်၏။ ပုဏ္ဏားလည်း ဘိက်သိက်တော်ဆက်
    မင်္ဂလာပုဏ္ဏားအရာပျက်သည်။ အနောက်တန်းခါးမှူးနှင့် မိမ္မစိုးမော်လိပ်ရို့လည်း ရှိထုံးမသိ၊
    ယင်းသို့လေးဦးသောသူရို့ အပြစ်ဟိကြလတ်ပြီ။ မည်သို့ပြုသင့်ကြောင်း အမတ်ကြီးမဟာပညာကျော်သို့
    မီးတော်မူသည်။ အမတ်ကြီးလျှောက်ထုံးသော်ကား-
    အသျှင်မင်းမြတ်။ မိဖုရားအင်္ဂါ (၇) ပါးကို ရှိပညာဟိရို့ဆိုခသည်မှာ-
    ရာဇာဒေ၀ီ- မိဖုရားသည် သီလဇာဂံ- အကျင့်သီလ ဖြောင့်မှန်ခြင်း။
    မံသံ- အသားနူးညံ့စွာနှင့်ပြစ်ဆာကင်းခြင်း။
    လက္ခဏပါဒံ- လက်ခြီသေးသွယ်နူးညံ့ခြင်း။
    ကေသမယှံ- ဆံပင်နက်၍ကောင်းခြင်း။
    ရူပံ- အဆင်းလှခြင်း။
    သဒ္ဒံ- အသံသာယာဖွယ်ဟိခြင်း။
    ဗသုကာ- များသောမောင်းမရို့ ချစ်ကြောက်ဖွယ် ဟိသောစကားကိုဆိုတတ်ခြင်း။
    ထိုသို့ ထုံးဟောင်းလောကီကျမ်းဂန်နှင့်အညီ ပြည့်စုံသောအင်္ဂါဟိလျှင် မိမ္မမြတ်ဖြစ်ပါသည်။ ယခုအသျှင်မိဖုရားသည်
    ဇာဂံ- အကျင့်သီလမမှန် သွမ်းသော့ချေသည်။ မိဖုရား၊ မင်းသမီး၊ မင်းသားရို့ သွမ်းသော့အမှုရို့ကို
    ပြုရိုးထုံးစံမဟိပါ။ အနောက်တန်းခါးက ယောက်ျားကို မိမ္မထံယူ၍မသွင်းရထုံးဟိပါသည်။ တန်းခါးမှူးနှင့်
    မိမ္မစိုးမော်လိပ်ရို့ မိဖုရားအလိုသို့ပါသည်မှာလည်း မင်းသုံးသောကျေးကျွန်ရို့သည် မင်းခွင့်မရမူလျှက်
    မင်းမိဖုရားအလိုသို့လိုက်၍ အမှုအပေါင်းရို့ကို မလျှောက်မထားရာ။ ရှိပညာဟိရို့ထုံးဟိလျှက်
    လွန်၍ကျင့်သောသူအား မင်းမသုံးအပ်။
    ဘိသိက်တော်မင်္ဂလာပုဏ္ဏားရို့မှာလည်း ကနံတာရို့အကျင့်၊ သော့သွမ်းသောအမှု၊ ဟူးရာဗေဒင်သင်၍ ဟူးရားတတ်
    ပုဏ္ဏားများကဲ့သို့ အင်း၊ မန္တန်၊ လက်ဖွဲ့ လုပ်ဆောင်ပီးကမ်းဟောပြောမပြုရ၊ ပြုက ပြုသူပုဏ္ဏား၌ သိက္ခာမဟိပါပြီ။
    ထိုပုဏ္ဏားသွန်းသော ဘိက်သိက်ကိုမခံအပ်။
    ရှိသူတော်ကောင်းရို့ဆိုခသော လောကီကျမ်းဂန်လာသည်မှာ ရဌ- အကြင်တိုင်းပြည်၌၊ ရာဇ- မင်းသော်
    လည်းကောင်း၊ ရာဇဒေ၀ီ- မိဖုရားသော်လည်းကောင်း၊ ရာဇပုတ္တ- သားသမီးတို့သည်လည်းကောင်း၊
    ရာဇပရောဟိ- မင်း၏ပုဏ္ဏားသည်လည်းကောင်း၊ ရာဇအမစ္စော- မင်း၏အမတ်သည်လည်းကောင်း၊ အလီဒေါ
    ဟီနီဇာဂံ- မဟုတ်မမှန်ယုတ်သောအကျင့်ကို ကျင့်ကြလတ်အံ့။ တထာ- လာခြင်းမကောင်းသောသူရို့ဟိသော၊
    ရဌ- အကြင်တိုင်းပြည်၌၊ ဗဟု- များသောသတ္တ၀ါရို့သည်၊ အနီလော- ဆင်းရဲဒုက္ခနှင့် အနီမမြဲ
    ဖောက်လွဲဖောက်ပြန် ယူမိယူရာ မသမာသော ပညာထွန်းလတ်၍ စည်းစိမ်မတည်၊ အရှည်မကောင်း
    ပျက်စီးလီရာသည်။ ဥတုရာသီ၊ မညီမဖြောင့်၊ ဓါတ်လေးပါးချောက်ချားလျှက် ယမုနာစသောမြစ်၊ ကန်ရီတွင်း၊
    ချောင်းမြောင်းရို့သည်လည်း ခန်းခြောက်ကုန်အံ့။ ငံသောအရာရောက်ကုန်အံ့။ ပထ၀ီမြီသည်လည်း
    တုန်လှုပ်ကြွေးကြော်အံ့။ မင်္ဂလာမဟိသော တိမ်မိုးဝကိးလောင်မီးကျခြင်းစသော မကောင်းသည့်အနိဌာရုံအပေါင်း
    မကောင်းသောအကြောင်းရို့သည် စုပေါင်းကျရောက်တတ်ပါသည်။ အသျှင်မင်းမြတ်။
    ဘုန်းပညာကျက်သရေ သုံးပါးပြည့်စုံတော်မူသော ဘီးဘိုးစဉ်လာ ခမည်းတော်ရို့ ကျင့်ထုံးကျင့်လမ်းရို့သည်
    ဘုန်းကြီးသက်ရှည် ကျက်သရေတော်ထွန်းကြောင်း ထုံးဟောင်းဖြစ်ပါသည်။ သူတော်ကောင်းတရားနှင့် အမတ်ကြီး
    လျှောက်လတ်သော် ပြည့်ရှင်မင်းမြတ် အမိန့်တော်ရှိပြန်သည်ကား-
    ငါရို့မင်းမျိုးသည် နိဇင်္ဂလမင်းမျိုးမဟုတ်၊ မဟာသမ္မတ၀ံသ သကျသာကီဝင်သန့်စင်မြင့်မြတ်သော
    မင်းရိုးမှန်ပေသည်။ အမတ်ကြီးလျှောက်သောစကားလည်း ရှိပညာဟိရို့ထားခသော ထုံးဟောင်းသူတော်ကောင်း
    စကားမှန်ပေသည်။ ကျမ်းဂန်လာသည်မှာလည်း-
    သကျရုပ်ပုရေသန္တံ၊ မဟာသိပ္ပွံနသိက္ခတံ။
    ကိစ္ဆာဝုတ္တိအသိပ္ပဿ၊ ဣတိပုစ္ဆာနတပ္ပတံ။
    ထိုသို့ကျမ်းဂန်ထွက်သည့်အတိုင်း သူတော်ကောင်းစကားဖြစ်လျှင် ကျင့်အပ်သိအပ်သူသည်ပင်။
    သူယုတ်ထားခသော မတရားအဓမ္မထုံး၊ အဘိဇ္ဇာ၊ ဗျာပါဒ၊ မိစ္ဆာဒိဌိ ထိုသို့စသောအမှုပါချေလျှင် ပယ်သင့်သည်။
    မင်းရို့ကျင့်ရာ ကမ္ဘာဦးတရား၌-
    ဒါနံသီလံ ပရိစ္စာဂံ၊ အဇ္ဇ၀ံမန္ဒ၀ံတပံ အကောခံအ၀ိဟိံသဉ္စ၊ ခန္တီစ အ၀ိရောဒနံ။
    ဤသို့ရှိဦးစွာကပင် တိုင်းပြည်အစိုးရသော မင်းရို့ကျင့်ထုံး ဘုရားမြတ်စွာဟောတော်မူခကြောင်းကို အထင်အပေါ်
    ကျမ်းဂန်လာလျှက်ဟိပါသည်။ သူတော်ကောင်းထုံးကိုယူသော်အကျိုး၊ သူယုတ်သူမိုက်ထုံးကိုဝကိက်မူ
    အပြစ်ရောက်ကြောင်းကိုလည်း အဇာတသတ်မင်းသည် သူယုတ်နှင့်ပေါင်းမိချေ၍ အဘကိုအသီသတ်ပြီးမှတဖန်
    မြတ်စွာဘုရားသျှင်ကို ပြစ်မှားပြန်သည့်နောက်မှ ပညာရှိဇီဝကစကားကိုနာခံ၍ ဘုရားနှင့်တွိရာ ကံကြီးမှ
    အနည်းငယ်ချမ်းသာလီကြောင်း ကျမ်းဂန်လာဟိပေသည်။
    မိဖုရား၊ ပုဏ္ဏား၊ တန်းခါးမှူး၊ မိမ္မစိုး မော်လိပ်ရို့သည် သူယုတ်အကျင့်အကြံအ၀င်ကို ကျင့်ကြံကြသူများဖြစ်သည်။
    မင်းမသုံးအပ်ပြီ၊ အမိန့်တော်ဟိ၍ မိဖုရားကိုဥယျာဉ်မှာ ဖြည့်သည်၊ ပုဏ္ဏားကို ပန်းတင်အစို့မှာဖြည့်သည်။ မိမ္မစိုးကို
    သစ်ခုတ်ယာခုတ်အစို့မှာဖြည့်သည်။ တန်းခါးမှူးကို ရီခပ်စီရီအစို့မှာဖြည့်သည်။ ယင်းသို့ပြီးမှ
    အမတ်ကြီးလျှောက်ပြန်သည်ကား-
    အသျှင်မင်းမြတ်။ ပြည့်သျှင်မင်းရို့၌ ဘုန်းတပါး၊ ကျက်သရေတပါးဟိပါသည်။ ဘုန်းကျက်သရေ
    နှစ်ပါးစုံဟိသောမင်းသည် စည်းစိမ်ရှည်ကြောင်း။ ဘုန်းရာဟိ၍ ကျက်သရေမဟိသောမင်းရို့မှာ စည်းစိမ်တိုရာသည်။
    ဘုန်းပညာကျက်သရေနှင့်ပြည့်စုံသော မင်းထိန်းသော၊ ရဌ- အကြင် တိုင်းပြည်သတ္တ၀ါရို့သည်၊ အတီသော-
    လူဆင်းရဲခြင်းသည်၊ နတ္တိ- မဟိ။ ရှိပညာဟိအမှာ ကျမ်းဂန်လာသည်မှာလည်း-
    သဗ္ဗဒါနံ၊ ဓမ္မဒါနံ ဇိနာတိ။
    သဗ္ဗရသံ၊ ဓမ္မရသံ ဇိနာတိ။
    တဏှာက္ခယော သဗ္ဗဒုက္ခံဇိနောတိ။
    - ဟူ၍ ယင်းသို့သူတော်ကောင်း စကားကျမ်းဂန်အလာနှင့် အမတ်ကြီးလျှောက်လီပြန်ရာ ပြည့်သျှင်မင်းမြတ်လည်း
    ကြိုက်တော်မူလတ်၍ အမတ်ကြီးသို့ ငွေထွီးခံသနားတော်မူသည်။
    လျှောက်ထုံးအမှတ် (၃၂)
    မင်း၏ပတ္တမြားလက်စွပ် သုံးကြိမ်တိုင်ပြန်ရောက်သည်တွင် မှုခင်းစီရင်သောလျှောက်ထုံး။
    တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။
    မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို
    ငါးတကောင်ရ၍မြိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို
    တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီး
    မင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-
    အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို
    အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍
    မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။
    အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင်
    စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို
    အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို
    ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို
    ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို
    မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍
    ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည်
    ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌
    ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။
    မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။
    အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။
    ပန်းတိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။
    ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး
    ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍
    ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို
    ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ
    အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး
    အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား
    ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍
    ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန်
    အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ
    ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို
    ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။ ထိုအခိုက်
    ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည်
    အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း
    ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း
    မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည်
    တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော
    အကြောင်းဖြစ်သည်ကိုသိရသည်။
    ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင်
    ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။
    ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊
    မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း
    အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍
    ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။
    အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက
    တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။
    ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော
    လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံက်သောအခါလွှတ်သည်။
    ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး
    အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက်
    အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက
    ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း
    တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌
    လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။
    ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ
    ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊
    အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။
    မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။
    ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ-
    အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ
    ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား-
    လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင်
    မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့်
    ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက်
    ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။
    တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး
    ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။
    မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး
    ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့်
    သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။
    ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ
    ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော
    ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ
    ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ
    ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ
    ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့
    တရားဆုပီးတော်မူလီ၏။
    လျှောက်ထုံးအမှတ် (၃၃)
    ရဟန်းတပါး၏ ရွှေငွေအမွီမှုဖြတ်ထုံး။
    တရံရောအခါ၌ ကျောင်းနီပုဂ္ဂိုလ်ရဟန်းတဦး သီလွန်သည်။ ထိုရဟန်း၌ ငွေအသပြာနှစ်ထောင်၊ ရွှေအသပြာတရာ
    ကျန်ခသည်။ ထိုဥစ္စာကို ရဟန်းမိဘဆွီမျိုးရို့ကလည်းရလိုသည်။ ကျောင်းနီရဟန်းသာမဏေရို့ကလည်း ရလိုသည်။
    ကျောင်းတကာရို့ကလည်းရလိုသည်။ သုံးဦးသားရို့ အလုအယက်အငြင်းအခုံဖြစ်လျှက် မင်းကြီးထံ
    လျှောက်ကြသည်။ ပြည့်သျှင်မင်းက အမတ်မဟာပညာကျော်သို့အပ်လီသည်။ အမတ်ကြီးစီရင်သောထုံးမူကား-
    ရတနာသုံးပါးအ၀င်ဖြစ်သောရဟန်းသံဃာရို့၌ ဘုရားသျှင်ခွင့်ပြုသော်မူသည်မှာဆွမ်း၊ သင်္ကန်း၊ ကျောင်း၊
    စတုမဓုစသော ဆီး၊ ဤလေးပါးကိုရာ သုံးဆောင်အပ်ကြောင်း၊ ထိုမှတပါး ဂဟာပဏစသောရွှေများမှာ
    ဘိက္ခုသံဃာသံသရာကို ကြောက်တတ်သောချစ်သားရဟန်းရို့၊ နကမ္ပတိ- မအပ်ပြီ။ ပညတ်တော်မူခသော
    ကျမ်းဂန်နှင့်အညီ ကဟာပန- စသော ရွှေငွေများကို ဆည်းပူးထားခသည်မှာ ဘုရားအာဏာတော်ကိုဆန်၍
    ကျင့်သည်။ လူရို့၌ မင်းအာဏာကိုဆန်သော် မင်းဒဏ်ထိုက်ရာသည်။ ရဟန်းရို့မှာလည်း ဘုရားအာဏာတော်ကို
    ဆန်သောသူရို့သည်၊ သာသနပစ္စတ္တိက- သူယုတ်ရတနာသုံးပါးအ၀င်သံဃာမဟုတ်၊ လူဖြစ်လတ်ပြီ။ လူကဲ့သို့
    သဂြိုလ်ရမည်။
    ထိုသို့အမွီ ရွှေငွေစသောကဟာပဏရို့မှာ ထိုသူဟိစဉ် ရဟန်းသံဃာတော်အမှတ်ဖြင့်လှူမိကြသည်။ အလှူမမြောက်၊
    လူချင်းပီးသကဲ့သို့ရာဖြစ်သည်။ မိမိရို့ပီးသောဥစ္စာထင်ရှားဟိလျှင် အသီးသီးယူကြစီ။ ထိုသူအလျှောက်
    ကူးသန်းရောင်းဝယ်ရှာမှီး၍ရသည့် ကဟာပဏစသော ရွှေငွေဟိရစ်သည်များမှာ ထိုသူနှင့်အတူ
    နီရင်းစီးပွားရှာဘက်ရဟန်းရို့ အမွီကိုလိုလျှင် လူဝတ်လဲ၍ ထိုသူမိဘသားချင်းရို့နှင့် ညီမျှခွဲဝေယူကြစီ။
    ရဟန်းသုံးဆောင်ထိုက်သော ပစ္စည်းလေးပါးမှာ မြတ်စွာဘုရားပညတ်တော်မူသောသိက္ခာတော်ကို
    ကြည်ညိုစောင့်ထိန်းသော ရဟန်းသံဃာရို့က ခံယူသုံးဆောင်စီ။ ကျောင်းဒကာမှာ မလပ်စီ။
    ယင်းသို့စီရင်သောအခါ အမတ်ကြီးရှိ မင်းရင်ပြင်၌ ပန်းပေါက်ပေါက်ရို့သည် ကြဲလျှက်ကျလတ်သော်
    ပြည့်သျှင်မင်းကြီးလည်း အလွန်ကြည်ညိုလျှက် ထွက်စည်ဝင်စည်ကို အမတ်ကြီးသို့ တရားဆုပီးတော်မူသည်။
    လျှောက်ထုံးအမှတ် (၃၄)
    ငွေအိုးတွိရာ အ၀ီမညီမှုဖြတ်ထုံး။
    တရံရောအခါ လူတဦးသည် ငွေအိုးဟိသောစာညွှန်းကိုရသည်။ မိမိမလား၊ တယောက်ကိုလွှတ်လိုက်သည်။
    ထိုသူသည်လည်း လူတဦးအား ငါးသပြာပီးမည် ဆီးမြစ်တူးရန်လိုက်ခပြော၍ခေါ်လားသည်။ စာညွှန်းရာအရပ်သို့
    ရောက်သောအခါ လူငှားကိုတူးစီသည်။ ထိုအခါ ငွေသပြာသုံးထောင်ပါဟိသောငွေအိုးကိုရသည်။ ထိုသူသုံးဦးရို့
    ငွေသုံးထောင်ကိုခွဲဝေယူရန် မညီမညွတ်ဖြစ်ကြသည်။ ထိုပုစ္ဆာမှုနှင့် မင်းထံရောက်ကြလတ်သော် ပြည့်သျှင်မင်းက
    မဟာပညာကျော်သို့အပ်၍ စီရင်စီရာ အမတ်ကြီးစီရင်သော ထုံးသော်ကား-
    ရီပိုင်မြီပိုင်တွင် ရသမျှဥစ္စာ မင်းဘဏ္ဍာနှင့်မကင်း။ ဆယ်ဘို့တဘို့ မင်းနှင့်ထိုက်သည်။ ရသောသပြာ (၃၀၀၀) မှ
    (၃၀၀) အသပြာကို မင်းဘဏ္ဍာဆက်သွင်းသင့်သည်။ ထိုမှကျန်သောအသပြာရို့မှာမူကား-
    မည်သည့်အရပ်မှာဟိသည် ညွှန်သောသူသည် အမိအဘနှင့်တူသည်။ ငါးသပြာလိုချင်လိုက်သောသူမှာ
    ကျွန်နှင့်တူသည်။ ထိုသူတကိုယ်ဘိုး ငါးသပြာရသင့်သည်။ ညွှန်သောသူနှင့်လိုက်သောသူရို့မှာ ဆိုးတူကောင်းဖက်၊
    မကွဲသင့်။ အညီအမျှခွဲဝီယူကြစီ။ ဤသို့စီရင်လတ်သော် ကနက္တဒန်ထီးဖြူ အလိုလိုပွင့်သည်။ ထိုအကြောင်းကို
    ပြည့်သျှင်မင်းကြီးသိလတ်ရာ အမတ်ကြီးကို မယားအတွက် မိဖုရားလတ်အဆောင်အရွက် တရားဆု
    ပီးပြန်လီသတည်း။
    လျှောက်ထုံးအမှတ် (၃၅)
    သီဟိုဠ်မင်းက ပဟေဠိသ၀ဏ်စာပို့ရာဖြေကြားသည့်လျှောက်ထုံး။
    တရံသောအခါ သီဟိုဌ်ကောလမ္ပမင်းသည် ရခိုင်မင်းသို့ပီးပို့ရန် ရွှေပီကိုလိပ်၍ အနားတွင် “မီး၊ ရီ” ဟူသော
    အက္ခရာနှစ်လုံးကိုရွီးပြီး၊ ရွှေပီကိုဖြန့်လျှက် သေချာစွာထည့်လတ်သည်။ ၎င်းင်းရွှေပီကို သံဖြစ်သူအားအပ်နှံပြီး
    ရခိုင်မင်းထံပီးပို့ရန်စေလိုက်သည်။ သီဟိုဌ်တမန်လည်းလာလတ်ပြီး ရောက်လတ်သော်- ရခိုင်မင်းထံ
    ရွှေပီကိုဆက်သသည်။ ရခိုင်မင်းလည်း ထိုရွှေပီကိုကြည့်ရှုရာ စာတလုံးမျှမတွိမမြင်ဖြစ်သည်။ ထိုအခါ
    ပြည့်သျှင်မင်းက ရွှေပီကို အမတ်ကြီးမဟာပညာကျော်သို့ အပ်တော်မူသည်။ အမတ်ကြီးလည်း သီဟိုဌ်မင်းသည်
    ပညာစမ်းသော အမှုသာဖြစ်ချေမည်ကြံလျှက် ရွှေပီကိုလိပ်၍ပွတ်သည်။ အတန်ငယ်ပွတ်မိသောအခါ
    အညီအညာဖြစ်ပြီး စာလုံးအက္ခရာနှစ်လုံးတွိရသည်။ စာနှစ်လုံးမှာ- မီး၊ ရီ ဤမျှသာဖြစ်သည်။ အမတ်ကြီးလည်း
    ထိုရွှေပီကို မင်းကြီးထံပြန်ဆက်သည်။ ထိုအကြောင်းကို အမတ်ကြီးက အဓိပ္ပါယ်ဖွင့်ဆိုလျှောက်ထားလတ်သည်
    အသျှင်မင်းမြတ်။ ရှိပညာဟိရို့စကားပုံဆိုထုံးရှိပါသည်။ “မီး” လွန်သော်ခြစ်သည်၊ “ရီ” လွန်သော်ပျစ်သည်။
    ရာဇပျိုဏ္ဍတွင်လည်း-
    ပြည်ကြီးဝန်ကို၊ အိုးတန်ဆန်ခတ်၊ မင်းကျင့်ဝတ်နှင့်၊ လျှောက်ပတ်သင့်စွာ၊ စီရင်ရာသည် - ဟု ပါဟိပါသည်။
    ဤသို့အလားတူစွာ သီဟိုဠ်မင်းကပီးသော အက္ခရာနှစ်လုံးသည် ပြည့်သျှင်မင်းသို့အမီး။ မီးကဲ့သို့ကျင့်သည်၊
    ရီကဲ့သို့ကျင့်သည်။ ပြည့်သျှင်မင်းသည် မီးကဲ့သို့ပြင်းသောအာဏာဖြင့်ကျင့်မူ၊ ပြည်သူပင်ပန်းရာသည်။
    ရီကဲ့သို့ကျင့်မူ၊ မှူးမတ်ပြည်သူ မလေးမခန့်ပြုရာသည်။
    ရီမကြီး၊ မီးမလွန်ကျင့်ရာသောကြောင်း ပီးသောစာဖြစ်ပါသည်။ ဤသို့အမတ်လျှောက်လတ်ရာ
    သီဟိုဠ်တမန်ရို့လည်း အလွန်ကြည်ညိုခြင်းဖြစ်၍ ပြည့်သျှင်မင်းသို့ လက်စွပ်တော်ဆယ်ကွင်း၊ အမတ်ကြီးသို့ငါးကွင်း
    ဆက်သပူဇော်သည်။ သီဟိုဠ် တမန်ရို့ပြန်သောအခါ ထိုရွှေပီတွင် နီ-လ၊ ဟူသောအက္ခရာနှစ်လုံးကို အမတ်ကြီးက
    ရွီး၍ပီးလိုက်ရာ ဆောင်ယူ၍ပြန်လားကြသည်။
    လျှောက်ထုံးအမှတ် (၃၆)
    သီဟိုဠ်ကျွန်း သူဌီး၏အဘိုးလက်ထက်ကမြီဟောင်းအမှုဖြတ်ထုံး။
    တရံသောအခါ သီဟိုဠ်ကျွန်း၊ တမ္ဗူလသူဌီးမြီးဂုမ္ဘီသတ်လာရောက်၍ ဘိုးတော်တမ္ဗူလသူဌီးသည် မြောက်ဦးမြို့သို့
    ဘီးတော်စလင်္ကာသူမင်းလက်ထက် သင်္ဘောနှင့်အရောင်းအ၀ယ်ရောက်ပါသည်။ ထိုအခါ အဘိုးတမ္ဗူလနှင့်
    ပေါင်းထွတ်သင်္ဘောဆိပ်သူဌီး အုန်းအာသန်ရို့နှင့် ချစ်ကြည်ယုံမှတ်ကြ၍ အသပြာတသိန်းအပ်နှံထားခပါသည်။
    သူဌီးအုန်းအာသန်အမွီကိုဆက်ခံစားသူ မြီးဒေါ်တလီကိုပီးသင့်ကြောင်း၊ ပြည့်သျှင်မင်းထံလျှောက်ထားသည်။
    ပြည့်သျှင်မင်းက အမှုကို အမတ်ပညာကျော်သို့လွှဲအပ်စီရင်စီသည်။ အမတ်ပညာကျော်စီရင်သောထုံးသော်ကား-
    အုန်းအာသန်မြီးသူဌီးဒေါ်တလီကိုမီးကြည့်ရာ အပ်သည်မအပ်သည်ကိုမသိ၊ မင်းဆယ်ဆက်မြောက်
    နှစ်တရာကျော်ဟိခပါပြီ။ အစဉ်အဆက်လည်းပြောသံမကြားဘူးပါဆိုသည်။ သီဟိုဠ်ဂုမ္ဘီသတ်က လူကြီးနှစ်ဦး
    ယုံမှတ်ပီးအပ်ကြသောကာလ သ၀န်သကလဟူသောတောင်ထိပ်ဟိ ညောင်ပင်ရင်းတွင် နှစ်ဦးလက်မှတ်စာကို
    ကျောက်ဖျာကြီး၌ရွီး၍ ထိုညောင်ပင်ကြီးမြောက်ဘက်နားတွင် ဉမှပ်နှံထားခကြောင်း၊ အဘိုးသူဌီးရွီးမှတ်ထားသော
    မှတ်စာပါကြောင်းတင်ပြသည်။
    ထိုညွှန်ရာသို့ လားရောက်ရှာဖွေစီရာ ကျောက်ဖျာမဟိ၊ ညောင်ပင်ကိုကား ခုတ်သည့်အငုတ်ဟိလျှက်တွိရသည်။
    ယင်းသောအခါ ပေါင်းထွတ်သင်္ဘောဆိပ်အကြီးကိုခေါ်၍ သ၀န်သကလတောင်ထိပ်၌ညောင်ပင်ကို
    မည်သည့်ကာလက မည်သူခုတ်လှဲသည်၊ ထိုတောင်က ကျောက်ခဲကျောက်ဖျာကို မည်သူယူဘူးသည်ကို မီးလတ်၍
    သင်္ဘောဆိပ်အကြီးပြန်ပြောသည်မှာ- သူဌီးဒေါ်တလီအဘရှာအလင် တိုက်တည်သောအခါ ကျောက်ဖျာကြီးတခု
    ယူဘူးပါသည်။ ညောင်ပင်မှာ သင်္ဘောသားရို့ ထင်းခုတ်ယူကြောင်းထွက်ဆိုသည်။ ကျောက်ဖျာကို
    သင်္ဘောဆိပ်တွင် ခင်းလျှက်ထားခကြောင်းထွက်ဆိုသည်။ ထိုကျောက်ဖျာကိုလားရောက်ပြီး လှန်ကြည့်ရာ
    သူဌီးနှစ်ဦးလက်မှတ်စာကို တွိရသည်။
    ယင်းသောအခါ အပ်ထားခသည်မှန်ပြီ။ မင်းဆယ်ဆက်၊ နှစ်ပေါင်း (၁၀၀) ကျော်ကြာသော်လည်း
    မင်းရိုးမင်းဆက်ရာ ဆက်တော်မူသည်၊ ထီးကျိုးစည်ပေါက်မဟုတ်၊ ကျမ်းဂန်လာသည်မှာ ကပိလ၀ှယေ-
    ကပိလ၀တ်ပြည်၌၊ စတုရာသီတိသဟဿရာဇိနော- သျှစ်သောင်းလေးထောင်သောမင်းရို့သည်၊ ဘေရိသတ္တ
    ကောနာမ- ထီးကျိုးစည်ပေါက်မည်သည်ကား၊ နတ္တိ- မဟိ၊ ရာဇဂဟ- ရာဇဂြိုဟ်ဟ်ပြည်၌လည်းကောင်း၊
    မိဓိလနဂရေ- မိဓိလာပြည်၌လည်းကောင်း၊ ဧ၀မေ၀- ထို့အတူလျှင်တည်း။ ဝေသာလိယံပန-
    ဝေသာလီပြည်၌မူကား၊ အဇာတသတ်တိုက်ခိုက်ဖျက်ဆီးသဖြင့်လည်းကောင်း၊ ပါဋလိပုတ်ပြည်၌ ပဉ္စကမင်းကို
    ခိုးမှုငနန္ဒာတိုက်ခိုက်ဖျက်ဆီးသဖြင့်လည်းကောင်း၊ ထီးကျိုးစည်ပေါက်ဟိကြောင်းလာသည်။ ဤရက္ခပူရတိုင်း၌လည်း
    ရှိမင်းရို့လက်ထက် လုယက်ဖျက်ဆီးသဖြင့် မင်းကြမ်းမျိုးခြားဆယ်ဆက်ဖြစ်ဘူးသည်။ ဘီးတော်မင်းစောမွန်
    လက်ထက်လည်း ပြည်ထမ်းပိုးကျိုးဘူးသည်။
    ယင်းသို့အကြောင်းဝကံသောကာလရို့၌ရာ အမှုရို့ကိုပလပ်စီရာသည်။ မင်းရိုးမင်းမျိုးမပျက် စိုးဆက်ရှည်ကြာ
    ကမ္ဘာပတ်လုံးကြာလျှင်လည်း၊ ထိုပြည်ထီးကျိုးစည်ပေါက်မဟိ။ သာကီဝင်မင်းမျိုးမှန်သည်။ အပ်နှံလုယက်၊
    ခိုးဝှက်သမျှအမှုပ စီမဆိုသင့်။ သို့ရာတွင် ထိန်းသူထင်ရှားဟိ၍ တောင်းကြပီးကြလျှင် သဘောတူ အပီးအယူနှင့်
    ညီစီသင့်သည်။ ထိန်းရင်းအပ်ရင်းသူချင်းမဟုတ်လီ။ သားတဆက်မြီးတတန်ထိန်းသိမ်းလျှက် နှစ်ပေါင်းတရာကျော်
    ထိုဥစ္စာပျောက်ဆုံးလျှင်လည်း ပီးလျှော်ရမည်ပင်ဖြစ်သည်။ တသောင်းသပြာကိုထိန်းသူရစီ။ ကိုးသောင်းသပြာကို
    သီဟိုဠ်ပြည် သူဌီးဂုမ္ဘီသတ်သို့ပီး၍ အထက်ကအဘိုးနှစ်ဦးထားခသော သက်သီလက်မှတ်ကျောက်စာကို
    ဖျက်သိမ်းကြ- စီရင်လတ်သော် နွီကာလပင်ဖြစ်လျှက် မိုးသည်းထန်စွာရွာလီ၏။ သူဌီးနှစ်ဦးကြည်လင်ကျေနပ်ကြ၍
    သပြာတထောင်စီကို အမတ်ကြီးသို့ပူဇော်ကြ၏။ ပြည့်သျှင်မင်းကြီးကလည်း ပတ္တမြားလက်စွပ်တကွင်း
    အမတ်ကြီးသို့ တရားဆုပီးတော်မူ၏။
    လျှောက်ထုံးအမှတ် (၃၇)
    သူဌီးတဦး မြီမျြုပ်အသပြာခိုးခံရမှုကို ဖော်ထုတ်စီရင်သောဖြတ်ထုံး။
    တရံသောအခါ သူဌီးတဦးသည် ငွေသပြာတသောင်းကို မြီ၌မြှုပ်နှံဝှက်ထားသည်။ ဤသို့ထားသည်ကို
    လူတဦးသိမြင်၍ တူးဖော်ယူသည်။ သူဌီးလည်းထားသည့်ဥစ္စာကို ကြည့်မြဲကြည့်ရှုရာ မမြင်မတွိ။ ထို့ကြောင့်
    ချောင်းတွင်ငါးရှာနီသူနှစ်ဦးကိုခေါ်၍ ရိုက်နှက်စစ်မီးသည်။ ထိုတံငါနှစ်ဦးလည်းယူသည်မှန်၏။
    မြစ်လယ်သို့ချမိပါသည်ဆို၍ ထိုသူနှစ်ဦးကို မင်းထံသို့ပို့ဆက်သည်။ မင်းကြီးသည် ထိုသူနှစ်ဦး၌ ရိုက်နှက်သော
    ဒဏ်ရာကိုမြင်လျှင် ဆင်ခြင်တော်မူသည်။ သူဌီးထံ ထိုသူရို့ဆိုသောစကားကို အမှန်မယူသာ။ ကြောက်လန့်၍
    ဆိုသည်လည်းဖြစ်နိုင်၏ဟုဆင်ခြင်ကာ အမတ်ကြီးမဟာပညာကျော်သို့အပ်တော်မူသည်။ အမတ်ကြီးစီရင်သော
    ထုံးမူကား-
    ထိုနှစ်ယောက်ထားသောနှောင်အိမ်သို့ လိမ္မာရေးခြားဟိသူတယောက်ကိုပြောဆိုမှာထားလျှက် အပြစ်ဟိဟန်ပြု၍
    သွင်းထားသည်။ ဆယ်ရက်ခန့်ဟိသော် ထိုသူကို လွှတ်စီ၍မီးလီရာ ထိုသူနှစ်ဦးရို့ယူသည်မဟုတ်ကြောင်း
    လျှောက်လတ်သည်။ အမတ်ကြီးသည် မဟုတ်ကြောင်းသိသောအခါ ထိုသူနှစ်ဦးကိုလွှတ်စီပြီး၊ ယုံလောက်သော
    သူထံ၌အပ်နှံထားသည်။ ငွေသျှင်သူဌီးနီသော အရပ်အနီးဝန်းကျင်ကျေးရွာများသို့ မင်းစေတမန်များလွှတ်လျှက်
    ထောက်လှမ်းကြည့်ရှုစီသည်။ တမန်ရို့ကြည့်ရှုလီရာ လူတဦးသည်သဘင်ခံလျှက် အလှူကြီးပီးနီသည်ကို
    တွိခရကြောင်း အမတ်ကြီးထံလျှောက်ထားသည်။ အမတ်ကြီးသည် ထိုသူကိုခေါ်စီ၍မိတ်ဆွီဖွဲ့သည်။
    မိတ်ဆွီဖြစ်လာသောအခါ အသပြာတထောင်တန်သောလက်စွပ်တကွင်းကို သပြာငါးရာနှင့်ရောင်းပီးပါဟုအပ်သည်။
    ထိုသူလည်းယူလားပြီး အခြားသူများထံပြသည်။
    အသပြာတထောင်တန်ကြောင်းပြောဆိုသည်။ ထိုသူလည်း တထောင်တန်သည်ကို ငါးရာနှင့်ရချေပြီဟူ၍
    ခိုး၍ရထားသောသူဌီးငွေသပြာငါးရာကို လက်စွပ်ရောင်းရငွေသပြာပြုလျှက် အမတ်ကြီးသို့ပီးသည်။ အမတ်ကြီးသည်
    ထိုသူပီးအပ်သောသပြာကို သူဌီးအားခေါ်၍ပြသည်။ သူဌီးက မိမိသပြာငွေများစစ်မှန်ပါကြောင်း
    လျှောက်ထားထွက်ဆိုသည်။ အမတ်ကြီးသည် မိတ်ဆွီဟန်ပြုခသောသူအားခေါ်ယူစစ်ဆီးသည်။ ထိုသူလည်း
    ယူမိသည်မှန်ပေကြောင်းထွက်ဆိုလျှောက်ထားသည်။ ထိုအခါ အမတ်ကြီးစီရင်ထုံးသော်ကား-
    ငါးရှာသူနှစ်ယောက်ကို သူဌီးက နာကြင်စွာရိုက်ပုတ်ပြီး သူခိုးဖြစ်သည်ဟု ပို့အပ်လာသောအပြစ်
    အသပြာတထောင်လျှော်ပီးစီ။ ထိုခိုးသူ အလှူပီးမည်ဟိလျှင် အရပ်အနီးအကြီးဦးကိုင်ရို့က ထိုသူ၏လက္ခဏာကို
    မကြည့်။ ရှိနှင့်မတူ။ ဤသူဥစ္စာဇာကရသည်။ ဇာကုန်ကိုရောင်း၍ နှစ်လမကြာ အမြတ်စွန်းရသည်။
    မစူးမစမ်းနီကြလတ်သည်မှာ အလိုပါရာရောက်သည်။ လှူ၍ကုန်သမျှကို လုပ်သူကိုင်သူ စားသောပရိတ်သတ်ရို့က
    ပီးယော်စီ။ ခိုးသူမှာမင်းဒဏ်ခံစီ။ ဤသို့စီရင်သောအခါ မြောက်ဦးနတ်နီသော ညောင်ပင်တရွက်မလွတ်
    ကန်တော့လတ်သည်။ ပြည့်သျှင်မင်းကြီးက တရားဆု ဆင်ပေါက်နှစ်စီး၊ အမတ်ကြီးသို့ ပီးတော်မူသည်။၁၀၄
    လျှောက်ထုံးအမှတ် (၃၈)
    သံတွဲမြို့ကို မည်သူ့အားစားစီသင့်ကြောင်းလျှောက်ထုံး။
    အခါတပါး၌ပြည့်သျှင်မင်း ဖလောင်းကြီးတွင် သမက်တော်သံတွဲစားသီလွန်သည်။ ထိုအခါပြည့်သျှင်မင်းကြီးသည်
    သံတွဲမြို့ကို အမတ်သံကိုင်နောင်အားပီးမည်ဟိသောအခါ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးမူကား-
    သံတွဲမြို့သည် အစွန်အဖျား၊ ပြူတလိုင်းရို့နှင့်အနီးအစပ်၊ အမတ်သံကိုင်နောင်မှာ လက်ရုံးရည်သာဟိသည်။
    အမြော်အမြင်နှလုံးရည်ဟိသူမဟုတ်။ ရှိသူဟောင်းစကားတွင်လည်း၊
    ပြူကိုအမြှောက်၊ တလိုင်းကိုအကောက်၊ ကုလားမှာမီးပေါက် - ဟု
    ဆိုရိုးဟိပါသည်။ တတိုင်းတပြည်သို့ သံတမန်စေသောအမတ်၊ တိုင်းစွန်ပြည်ဖျားထားသောအမတ်၊ ထိုနှစ်ဦးမှာ
    လက်ရုံးရည်ကား တန်ရုံသာလိုပါသည်။ နှလုံးရည်သော်ကား၊ လွန်တိုင်းအကျိုးဟိကြောင်း ကျမ်းဂန်ထွက်သည်မှာ-
    ရာဇူနံ- မင်းရို့၏ဓနံဥစ္စာမည်သည်ကား၊ အမစ္စောဗလံ- ပညာဟိသောအမတ်လျှင်တည်း။
    ယင်းသို့ထုံးဟောင်းနှင့်အညီ သူအကောက်အကွေ့လာခသော် ကောက်လိမ်ဆန်းကြယ်သောဥာဏ်နှင့်
    နှိမ်နှင်းချိုးဖျက်နိုင်မှ အောင်ရာသည်။ နှလုံးရည်ဟိသောသူ၌ လက်ရုံးရည်မှာ အလွန်ဟိအောင်ပြုပျင်နိုင်ကြောင်း
    အဿတမင်းအမတ် နန္ဒိသေနကဆိုသောစကား နိပါတ်တော်၌ထင်ရှားဟိပါသည်။
    သံတွဲမြို့စားထားရန် အမတ်တော်လေးမြို့စားသည် လေးထုတောင်ပေါ်သား၊ တရားမဟိ၊ သူ့စည်းစိမ်ကို
    ဖျက်ဆီးတတ်လျှက် အလွန်ဆိုးသွမ်းယုတ်မာအနိုင်ပြုကျင့်နှိပ်စက်တတ်သော အမျိုးကိုသော်လည်း၊
    ယဉ်ကျေးမှုနှလုံးရည်လက်နက်ရို့ဖြင့် ယဉ်ကျေးစီတတ်သော ပညာဗလဟိသူဖြစ်ပါသည်။ ဤသည်ကိုထောက်၍
    လေးမြို့စားဝန္ဒသူကို သံတွဲစားပီး၍ ၀န္ဒသူသားကျော်သူကို လေးမြို့စားပီးတော်မူလျှင် သင့်လှပါသည်
    အသျှင်မင်းမြတ်။ လက်ရုံးရည်မှာ သူမိုက်အတတ်၊ နှလုံး၏အစေကျွန်သာဖြစ်သည်။ နှလုံးရည်ဟိသောသူအား
    အမှုအပေါင်းပြီးကုန်ပါသည်- လျှောက်လတ်သော် မင်းကြီးလည်းကြိုက်တော်မူ၍ လေးမြို့စားဝန္ဒသူကို
    သံတွဲမြို့စားအရာပီးတော်မူသည်။ ထိုသို့ပီး၍တနှစ်ခန့်ဟိလျှင် ပုသိမ်ဟိုင်းကြီးတွင်ဟိသော တလိုင်း၊ ပြူလူဆိုး
    (၅၀၀၀) သံတွဲမြို့သို့ဝင်ရောက်ကာ ကျွန်ခံလာရသည်။
    စစ်ချီရာတိတ်နိမိတ်များအကြောင်းလျှောက်ထုံး။
    မင်းဖလောင်းကြီးလက်ထက် တရံရောအခါ၌ စစ်ချီထွက်နိမိတ်များအကြောင်း၊ အာကာသတိတ်၊ နီလ၊ နက္ခတ်၊
    တိမ်ခိုး၊ မီးခိုးရို့ကို ပြည့်သျှင်မင်းကြီးက မီးတော်မူလတ်သော် အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးမူကား-
    အသျှင်မင်းမြတ်။ တပြည်သို့စစ်ထွက်သောအခါ၌ ရှိက မီးလောင်သည်ကိုမြင်လတ်သော် အရိတ္တတိတ်၊
    ထိုစစ်ချီတက်၍ စစ်ပြိုင်လတ်မူ စစ်သူကြီးရန်သူလက်သို့ရောက်အံ့။ လက်ယာဘက်ကမ်းလောင်၍မြင်မူ-
    ဂဇအဿတိတ်၊ ဆင်ကောင်း၊ မြင်းကောင်း တဖက်ရန်သူလက်ရောက်အံ့။ လက်ဝဲဘက်ကမ်းလောင်၍မြင်မူ-
    ယက္ခ၀န္တတိတ်၊ ထိုစစ်အောင်မြင်ပြီးပြည့်စုံအံ့။ နောက်ကမီးလောင်၍မြင်မူ- သကာလာဘတိတ်
    ထိုစစ်ချီရာအလုံးစုံပြီးမြောက်၍ ထိုပြည်နှင့်တကွ သမီးကညာရတနာအပေါင်း ဆက်သ၀ပ်လျှိုးကျိုးနွံလျှက်
    စစ်ထွက်သောအခါ ရဲလံနောက်သို့လဲသော် ပြည့်သျှင်မင်းသီအံ့။ ရန်သူသော်လည်းပျက်အံ့။ ရှိသို့လဲသော်-
    ထိုပြည်မင်းသီအံ့။ ပြည်တပါးသော်လည်းစစ်ပြု၍နီလတ်မှ ချီအံ့။ အလံကျိုးသော် ရန်သူနိုင်အံ့။
    ကိုယ်ခံ၍ပြီးလာရအံ့။ စစ်ထွက်သောအခါ၌ စစ်သူကြီးစီးသောမြင်း၊ အသံပြင်းစွာမြည်မူ၊ စစ်သူကြီး
    ရန်သူ့လက်နက်ထိအံ့။
    စစ်သူကြီးစီးသောဆင်မြင်းရို့သည် ပြူ၍ အခြားကိုထိုးသော်၊ ကန်ကျောက်နင်းကျိုးသော် စစ်သူကြီး
    ကျက်သရေတိုးတက်အံ့။ ထိုစစ်ပြီးကုန်အောင်မြင်အံ့။ စစ်ထွက်သောအခါ လက်ဝဲလက်ယာချီလားလတ်သော်
    ရဲမက်တပ်အပိုင်းအနင်းပြတ်၍ချီမူ ထိုစစ်ပျက်ပြီးရအံ့။ စစ်သူကြီးဆောင်းသောထီးမှအသုံးအဆောင်ရို့ကို
    လီပွီဆောင်ယူလတ်မူ ထိုစစ်မပြိုင်ရ၊ နှစ်ပြည်ထောင် သင့်တင့်ပြောဆိုကြ၍ သာယာမှုငြိမ်းချမ်းပြေလည်ကြအံ့။
    စစ်သူကြီးအသုံးအဆောင်ကျိုးပျက်ပျောက်ဆုံးလတ်သော်၊ ထိုစစ်သူကြီးမယားသော်လည်းကောင်းသီအံ့။
    ယောက်ျားတပါးနှင့်သော်လည်းကောင်းနီအံ့။ အိမ်သော်လည်းမီလောင်အံ့။
    စစ်ထွက်သောအခါ စစ်သူကြီးသော်လည်းကောင်း၊ စီးသောဆင်မြင်းသော်လည်းကောင်း လဲသော်၊ ထိုစစ်သူကြီး
    အိမ်သို့မပြန်လာဘဲသီလတ်အံ့။ စစ်ထွက်သောအခါ၌မိုးရွာသော် ထိုစစ်ငတ်မွတ်ယှားပါး၊ သူရဲဗိုလ်ခြီ၊
    ဆင်မြင်းသီပျောက်နာဖျားများအံ့။ စစ်ထွက်ရာ လူသီလက်ဝဲကမြင်မူ စစ်မဟိ၊ တဖက်ရန်သူပြန်လီအံ့။
    လက်ယာမြင်သော် ကိုယ့်ရဲမက်သူရဲကောင်း၊ သူ့လက်သို့ရောက်အံ့။ စစ်သူကြီးညှိုးငယ်ရအံ့။ နိမ့်သောမြီကြမ်း၊
    ရီထွက်သောမြီ။ စသောအမှုကို မသိသောသူရို့အား စစ်သူကြီးမခန့်ရာ။ ဤကား စစ်ကြီးစစ်ထွက်
    တိတ်နိမိတ်ပရိယာယ်။
    တိမ်ပရိယာယ်။ စစ်ထွက်သောအခါ တိမ်သည်နီလျှက် လူရုပ်သဏ္ဍာန်လက်စွဲကိုင်ပြလတ်မူ ထိုနိ
    မရပ်မဆိုင်းရာသည်။ တိမ်သည် တမိုးလုံးမည်းပုတ်၍မြင်လတ်သော် ထိုစစ်ကြီးစွာတိုက်ရအံ့။ တိမ်သည်
    မိမ္မရုပ်ကဲ့သို့ အ၀တ်ဉခံသည့်သဏ္ဍာန်မြင်လတ်မူကား ရန်ကိုနိုင်အံ့။ တိမ်သည် လူရုပ်ကဲ့သို့ ဥက္ခောင်းမပါ
    မြင်လတ်မူကား- စစ်သူကြီးလက်နက်ထိအံ့။ တိမ်သည် ခြင်္သေ့ကဲ့သို့အရုပ်သဏ္ဍာန်မြင်သော် စစ်အောင်အံ့။
    တိမ်သည် နွားရုပ်ကဲ့သို့မြင်လတ်မူကား- စစ်မပြိုင်ခင်ပျက်အံ့။ တိမ်သည် နဂါးရုပ်သဏ္ဍာန်မြင်လတ်မူကား-
    စစ်ပြိုင်လီ အာင်အံ့။ တိမ်သည် မြွီကဲ့သို့မြင်မူကား- ထိုစစ်ရှည်ကြာအံ့၊ အစားယှားပါးအံ့။ တိမ်သည်
    သတိုးစစ်သည်တန်ဆာကဲ့သို့ဆင်လျှက် သဏ္ဍာန်လူရုပ်မြင်လတ်မူကား- ထွက်၍မလိုက်ရာ။
    သူအလာခံ၍တိုက်လျှင် အောင်အံ့။
    တိမ်သည် ကျေးရုပ်သဏ္ဍာန်မြင်လတ်မူကား- ရဲမက်ဝပြောသာယာအံ့။ တိမ်သည် ဥဒေါင်းရုပ်သဏ္ဍာန်
    မြင်လတ်မူကား- စစ်သူကြီးကျက်သရေဟိအံ့။ ဆင်မြင်းလန့်သော် စစ်မပြိုင်ရာ။ တိမ်သည် စိမ်းစိမ်းနှင့်ဝါ၀ါ
    ရောလျှက်မြင်လတ်သော် ကုန်သည်ရို့ပြန့်ပြောသာယာအံ့။ တိမ်သည် အစိမ်းအပြာတန်းလျှက်မြင်လတ်သော်
    ဆန်စပါးပွားအံ့။ အနာအဖျားနည်းအံ့။ တိမ်သည် အစိမ်းနှင့်အဖြူ ထောင်လျှက်လှိုင်းသဏ္ဍာန်မြင်လတ်သော်
    တိုင်းတပါးက တမန်ရောက်အံ့။ တိမ်သည် ပုဏ္ဏားသဏ္ဍာန်မြင်လတ်သော် မင်းဆွီမင်းမျိုးကိုပြစ်မှားအံ့။ တိမ်သည်
    မိချောင်းရုပ်သဏ္ဍာန်မြင်လတ်သော် မင်းဆွီမင်းမျိုးညှိုးငယ်မသာမယာဟိအံ့။ တိမ်သည် လဖိုင်ကဲ့သို့
    အရုပ်မြင်လတ်သော် မင်းမိဖုရားသမီးရို့ အခြားသူနှင့်နှောအံ့။ တိမ်သည် နက်နက်မဲမဲတန်းလျှက်
    ထိုအတွင်း၌ဆီးရေးသကဲ့သို့ အစင်းတပိုင်း အကွေ့အကောက်တပိုင်းမြင်လတ်သော် မိုးကောင်းအံ့၊ မြွီများအံ့။
    တိမ်သည် နည်း၍အပြောက်အပြောက်မြင်လတ်သော် ကြမ်းပိုး၊ အိမ်မျှောင်၊ ပိုးဟပ်၊ ကြွက်၊ တက်တီတူးများအံ့။
    တိမ်သည် အစိမ်းအတန့်အတန့်မြင်လတ်သော် မိုးဦးမကောင်း၊ မိုးလယ်မိုးနှောင်းကောင်းအံ့။ တိမ်သည်
    အဖြူဆီးရေးသကဲ့သို့မြင်လတ်သော် ဆင်ဖြူရအံ့။ တိမ်သည် ထီးကဲ့သို့ အမိုးအထွတ်အစုံနှင့် အဖြူတစိ
    မြင်လတ်သော် တပြည်မင်းလက်ကလက်ဆောင်အံ့။ တိမ်သည် မြူကဲ့သို့ အတက်ကျိုးလျှက်မြင်လတ်သော် နန်းက ပြည့်သျှင်မင်းဆင်း၍ပြီးရအံ့။ တိမ်သည် တံခွန်ကဲ့သို့ အပြာမြင်လတ်သော် မင်းကိုအမတ်ပုန်စား၍ အမတ်သီအံ့။
    တိမ်သည် တံခွန်ကြက်လျှာကဲ့သို့မြင်လတ်သော် ခိုးသူထူ၍ မင်းကိုပြစ်မှားအံ့။ တိမ်သည် အဖြူ၌အပြာကွက်
    လှိုင်းသဏ္ဍာန်မြင်လတ်သော် မိဖုရားကြီး ဘုန်းကျက်သရေတိုးအံ့။ တိုင်းတပါးကမိတ်ဆွီ ၀င်ရောက်ဆက်သလာအံ့။
    တိမ်သည် တမိုးလုံး သျှဥ့်မျက်နှာသွီးကဲ့သို့နီနီတွတ်တွတ် အကန့်အကန့်မြင်လတ်သော် ထိုပြည်တိုင်းလုံးသတ္တ၀ါ
    ဥပါဒ်ကြီးစွာရောက်အံ့။ စစ်ကြီးပေါ်အံ့။ အိမ်ရှိမင်းသီအံ့။ တိမ်သည် နီ၍လည်းကောင်း၊ တောင်ကဲ့သို့
    အလုံးအဆိုင်းဖြစ်လတ်သော် တပြည်ကသူလျှိုရောက်လာအံ့။ တိမ်သည် လှီသဏ္ဍာန်မှောက်လျှက်မြင်လတ်သော်
    လားသောလူရို့ပျက်စီးအံ့။ တိမ်သည် အပြာတွင်အဖြူပြောက်မြင်လတ်သော် ပြည့်သျှင်မင်းကျက်သရေတိုးအံ့၊
    မူးမတ်ညှိုးငယ်အံ့။ တိမ်သည် ဆင်ရုပ်၊ ကျားရုပ်၊ ကျွဲရုပ်၊ သမ၀ိရုပ်၊ ယုန်ရုပ်၊ လင်းတရုပ်၊ နဂါးရုပ်၊ မိချောင်းရုပ်၊
    လပိုင်ရုပ်များသဏ္ဍာန်ကဲ့သို့မြင်လတ်မူ ဇင်္ဂါးလတိတ်၊ သတ္တ၀ါအပေါင်းရို့ ပြည်အမှုများအံ့။ တိုင်းပြည်သောကဟိအံ့။
    တိမ်သည် ဆင်ချွန်းကဲ့သို့နှစ်ခုဆိုင်းလျှက်မြင်လတ်သော် ဆင်သီမြင်းပျောက်များအံ့။ တိမ်သည်
    လှီသဏ္ဍာန်ကဲ့သို့တည့်မတ်စွာမြင်လတ်သော် ပြည်သူသာယာဝပြောအံ့။ တိမ်သည် အနက်အပြာ အတန့်အတန့်
    ထောင်လျှက်မြင်လတ်သော် မီးလောင်အံ့။ တိမ်သည် အဖြူတွင် အလယ်နိမ့်၍ အနားနှစ်ဘက်ထောင်လျှက်၊
    အဖျားအစိမ်းရောင်မြင်လတ်သော် မင်း (--)။ တိမ်သည် သက်တန့်ပမာကိုင်းညွတ်လျှက် နှစ်ခုအလယ်၌
    အဖြူအနားနှစ်ဖက် အဖျားခြင်းဆက်၍မြင်လတ်သော် မင်းယာယီလားသော် ဥပါဒ်ရောက်အံ့။ တိမ်သည်
    ခရမ်းသီးသဏ္ဍာန် နှစ်လုံးပြိုင်လျှက် အနီတစိမြင်လတ်သော၊ မူးမတ်ပြည်သူရို့ အချင်းချင်းအမျက်လို၍
    ရန်ရှက်တင်အံ့။ တိမ်သည် ပန်းပွင့်ကဲ့သို့မြင်လတ်သော် မရဘူးသောလာဘ်လာဘရအံ့။ တိမ်သည်
    ဥဒေါင်းရုပ်ကဲ့သို့မြင်လတ်သော် မင်းမှာသားရအံ့။ မင်း၌ရောဂါရအံ့။ တိမ်သည် တိမ်ဖြူလ၀န်းကဲ့သို့
    သဏ္ဍာန်အတွင်း၌ရပ်လျှက်မြင်လတ်သော် ပြည့်သျှင်မင်းအသက်ရှည်အံ့။ တိမ်သည် ကျွဲကောင်ကဲ့သို့
    မြင်လတ်သော် မရဘူးသောလာဘ်လာဘရအံ့။ တိမ်သည် မြီကအနက်သပိတ်လုံးပမာ သုံးလုံးထွက်က
    ထိုသုံးလုံးအတွင်း၌ ကျိတ်ခိုးအပြာထွက်သည်ကို မြင်လတ်သော် မြီ၌ဟိသမျှ အပင်အသီးပျက်အံ့။ ဝ
    တိမ်သည် တောင်ကဲ့သို့နီ၍ ထိုတိမ်ထက်လျှပ်တ၀င်းဝင်းမြင်သော် မစ္ဆိမာကျိတ်မည်၏။ မင်းနှင့်ပြည်သူ
    သတ္တရုဖြစ်အံ့။ တိမ်သည် အပြာနှင့်အ၀ါရောလျှက် အကျားအကျားနီသည်ကိုမြင်လတ်သော် ထိုနိ၌
    လျှပ်တ၀င်းဝင်းစွပ်သော် အာကာသကျိတ်မည်၏။ ပြည့်သျှင်မင်းယာယီလားရအံ့။ ပြည်သူပြည်သား
    ဥပါဒ်ကြီးစွာရောက်အံ့။ ဤကား တိမ်ပရိယာယ်တည်း။
    နီပရိယာယ်။ နီတွင် အနီသန်း၍မြင်လတ်သော် ပြည်သူဥပါဒ်ဖြစ်အံ့။ နီတွင် အ၀ါတန်း၍မြင်လတ်သော်
    သူဌီးသူကြွယ်သီပျောက်ပျက်စီးအံ့။ နီတွင်အဖြူလွှမ်း၍ နီရယ်ပြုသည်ကိုမြင်လတ်သော် သူရဲကောင်းသီအံ့။
    နီတွင်အထက်ကား အနီ၊ အောက်ကားအ၀ါ၊ အလယ်မှာ အမဲသန်းလျှက်နီသည်ကိုမြင်လတ်သော် စစ်ချီလွန်၍
    ထိုစစ်ပျက်အံ့။ နီတွင် လူခြီကဲ့သို့မြင်မူကား စစ်မအောင်ရာ။ နီတွင် ၀က်ရုပ်သဏ္ဍာန်မြင်လတ်သော် ခိုးသူများအံ့။
    နီတွင် အထက်အောက်အနီ၊ အလယ်အမည်းသန်းသည်ကိုမြင်လတ်သော် မင်းသားမင်းသမီးသီအံ့။ နီမှာ
    အလယ်အမည်း၊ အနားနှစ်ဖက် အဖြူသန်းသည်ကိုမြင်သော် ပြည့်သျှင်မင်းခရီးမလားရာ။ လားလျှင်
    ဥပါဒ်ရောက်အံ့။ နီသည် မင်ကဲ့သို့ခဲ၍ ပတ်လည်အနီအ၀ါမီးရောင်ကဲ့သို့ဖြစ်သော် မင်းကိုအမတ်ပုန်စားအံ့။ နီတွင်
    ကြက်ခြီခတ်မြင်သော် မင်းအနာရောက်အံ့။ နီ၌ တံခွန်ကြက်လွှာကဲ့သို့မြင်သော် မိဖုရား၊ မင်းသား၊
    မင်းသမီးရို့သီအံ့။ နီတွင် ရဲလံကဲ့သို့မြင်သော်စစ်ရောက်အံ့။ နီသည်ဖြူ၍ နီအထက် အ၀ါရောင်ထွက်သော်
    အစာယှားပါးငတ်မွတ်အံ့။ နီသည် အထက်အနီ၊ အောက်အမဲမြင်လတ်သော် မိုးခေါင်အံ့။ နီသည် အလယ်တွင်ဖြူ၍
    အနားပတ်လည်နီလျှက်မီးလျှံရောင်ကဲ့သို့မြင်သော် မိုးသည်းအံ့။ နီတွင် အလယ်တွင်အနီ၊ အနီးအနားလေးချက်
    အဖျားထွက်၍မြင်သော် မိုးသီးများစွာကျအံ့။ နီသည် အလယ်တွင်အပြာ၊ အနားလေးချက် အနီအကွက်၍မြင်သော်
    မိဖုရားကြီး ယောက်ျားတပါးနှင့်ရောနှောအံ့။ ဂိမန္တဥတု၌ နီဝါ၍ထွက်သော် ပထ၀ီဓါတ် ထိုရာသီ၌မင်းမူသည်။
    ပူပြင်း၏။ ကမ္ဘာနာကျောက်၊ ၀က်သက်ထူအံ့။ ဦးခေါင်းနှင့်ဝမ်း သတ္တ၀ါရို့၌အနာရောက်အံ့။ ၀သန္တဥတု၌
    နီဖြူ၍ထွက်သော် ထိုရာသီ၌အာပေါဓါတ်အဓိက မင်းမူသည်။ လူနာဖျားနည်းအံ့။ မိုးကောင်းအံ့။ ဟေမန္တဥတု၌
    နီတွင်ထွက်သော တေဇောဓါတ် ထိုရာသီ၌မင်းမူသည်။ အချမ်းနည်းအံ့။ သတ္တ၀ါရို့ ခြီနှင့်ဦးဂေါင်းအနာရောက်အံ့။
    အပွင့်အသီးနည်းအံ့။ အတောင်ဟိသော သတ္တ၀ါဥပါဒ်များအံ့။ ထိုရာသီသုံးပါး၌ နီသည် အပြာနှင့်အနက်
    ရောင်ရောလျှက်ထွက်သော် ထိုရာသီသုံးခု၌ ပင်ဝါယောဓါတ် အဓိကမင်းမူသည်။ ပြည့်သျှင်မင်းယာယီ မလားရာ။
    ပိုးမွှားထူအံ့။ ဆင်မြင်းကျွဲနွားဥပါဒ်ရောက်အံ့။ မိုးရီခါးအံ့။ သစ်ပင်တကာအနာများအံ့။ ထိုဥတုသုံးပါးတွင်
    နီဝန်းတခြမ်းဖြူ၊ တခြမ်းစိမ်းမြင်လတ်သော် ထိုနိ မိုးသည်းထန်စွာရွာအံ့။ နီနီရုံ အ၀န်းနီလတ်မူလည်း
    ထိုနိမိုးသည်တခဏရွာအံ့။ နီသည် လရောင်ကဲ့သို့ဖြူ၍၀န်းလျှက် အစိမ်းအနီအရောင်များစွာမြင်လတ်သော် မင်းကို
    ပြည်သူရို့ပူဇော်အံ့။ နီထွက်ရာ ကြယ်တလုံးအပါး၌နီလျှက်ပါလာသော် ပြည့်သျှင်မင်းသီအံ့။
    နီသည်အစိမ်းအပြာအိမ်ဖွဲ့လတ်သော် အမတ်ကြီးသီအံ့။ နီသည် တွတ်တွတ်နီ၍၀င်လတ်သော် အနာရောက်အံ့။
    နီသည် ဖြူ၍ အနက်ကျက်သရေမြင်လတ်သော် မင်းယာယီနီမကောင်းအံ့။ နီသည်
    အခိုးသုံးသွယ်ဖြာထွက်သည်ကိုမြင်လတ်သော် တပြည်ကစစ်ရောက်အံ့။ နီဝန်းတွင် အပြာရောင်နှစ်ထပ်
    မြင်လတ်သော် ထိုမြို့ထိုရွာပျက်အံ့။ မင်းတပါးသို့ပြီးရလီအံ့။ နီဝန်းတွင် လကဲ့သို့မြင်လတ်သော်
    အချင်းချင်းစစ်ဖြစ်အံ့။ နီတွင် ခင်ပုတ်ငှက်သဏ္ဍာန်မြင်လတ်သော် ခိုးသားဓါးပြထ၍ သွီးချောင်းစီးအံ့။ နီသည်
    တိမ်ပြာတခြမ်းအုပ်လျှက်ထွက်လတ်သော် မိဖုရားကိုပြစ်မှားလီအံ့။ နီနှစ်စင်းထွက်သည်ကိုမြင်လတ်သော်
    မုန်တိုင်းကြီးစွာလာအံ့။ မိဖုရားသီအံ့။ နီသည် အမဲရောင်မြင်လတ်သော် မီးလောင်အံ့။ နီသည် အလယ်ဖြူ၍
    အနားနီသည်ကိုမြင်လတ်သော် သန္ဓေမိမ္မရို့ပျက်အံ့။ နီထွက်သောအခါ ခြင်္သေ့ရုပ်၊ ကျွဲရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊
    လပရိယာယ်။ ကြာသပတီးကြယ် လသို့မြင်လတ်သော် တိုင်းပြည်ချောက်ချား၍ စပါးပြောင်းပဲပျက်အံ့။ လ၌
    အစိမ်းတ၀က်ဟိ၍မြင်လတ်သော် မင်း၌အနာရောက်အံ့။ လဆန်း၌ တောင်သို့စောင်းမူ မိုးခေါင်အံ့။
    အနာအဖျားထူအံ့။ မြောက်သို့စောင်းသော် မီးလောင်အံ့။ မိုးနှောင်းကောင်းအံ့။ လပြည့်နိ၌ တခြမ်းမြင်လတ်သော်
    သူပုန်သူကန်များအံ့။ လမှောက်၍မြင်လတ်သော် မင်းသီအံ့။ လဆန်းကို လပြည့်ကဲ့သို့ အရစ်ကုန်ဝင်လျှက်
    မြင်လတ်သော် ပြည်သတ္တ၀ါဥပါဒ်ရောက်အံ့။ လပြည့်၌ လငယ်၍မြင်လတ်သော် ငတ်မွတ်ကြအံ့။ လကြီး၍
    မြင်လတ်သော် ပြည်သူဝပြောသာယာအံ့။ လအလယ်မည်း၍မြင်လတ်သော် ငတ်မွတ်ယှားပါး မြို့ရွာပျက်အံ့။
    လသည် မူယောစည်ကဲ့သို့ အလယ်ကြီးသည်ကိုမြင်လတ်သော် ထိုပြည်သာယာအံ့။ လတွင် အလယ်၌
    အပေါက်နှင့်မြင်လတ်သော် မင်းကိုသူတပါးလက်ဆောင်ဆက်ရောက်အံ့။ လထူသည်ကိုမြင်လတ်သော် မိဖုရား၌
    သားကောင်းရအံ့။ လဆန်းကြီး၍ပေါ်လာသော် ပုဏ္ဏားရို့ဥပါဒ်ဖြစ်အံ့။ လဆန်းငယ်၍ပေါ်ပေါက်လာသော်
    မှူးမတ်ဥပါဒ်ရောက်အံ့။ လဆန်းအမြင်၌ လရှည်၍ပေါ်လာသော် သူဌီးသူကြွယ်၊ ကုန်သည်ရို့ ဥပါဒ်ရောက်အံ့။
    လသည် မှန်ကဲ့သို့မြင်လတ်သော် ရဟန်းရို့ဥပါဒ်ဖြစ်အံ့။ လအနားကိုလည်း ငါးကြင်းကဲ့သို့ အခိုးထွက်သည်ကို
    မြင်လတ်သော် ပြည်ထဲချမ်းသာအံ့။ လဆန်းလကွယ် လနှစ်ခုထပ်လျှက်မြင်လတ်သော် ပြည့်သျှင်မင်းကြီး
    အနာကြီးစွာရောက်၍သီအံ့။ လထွက်သောအခါ တိမ်နီလရှိနီသည်ကိုမြင်လတ်သော် ကုန်းရီလားသမျှခရီးသည်ရို့
    ချမ်းသာအံ့။ လအခိုးထွက်သည်ကိုမြင်လတ်သော် မင်းနှင့်ပြည် သူရို့စစ်ဖြစ်အံ့။ သောက်ကြာကြယ် လနှင့်တွိသော်
    မင်းရို့မိဖုရား တခြားသူနှင့်ရောနှောအံ့။ လမွန်းတည့်တွင်မြင်လတ်သော် ပြည်သတ္တ၀ါချမ်းသာ၍ အလှူဒါနများအံ့။
    လမွန်းလွဲမှ တွိလတ်သော် ပြည့်သျှင်မင်းမှာ သမီးကညာရောက်အံ့။ လ၀င်ခါနီးတွိလတ်သော် တိုင်းပြည်သတ္တ၀ါ
    ပူဆာညှိုးနွမ်းအံ့။ လ နှစ်စင်းကြယ်တွိလတ်သော် မင်းဥပါဒ်ရောက်အံ့။ လနှင့်အင်္ဂါကြယ်တွိလတ်သော် မင်းကို
    တိုင်းပြည်စွန်ဖျားသူပြစ်မှားအံ့။ ဗုဒ္ဓူးကြယ် လနှင့်တွိလတ်သော် ငတ်မွတ်ယှားပါးမိုးခေါင်အံ့။ လ၌ကျိပ်ခိုးထွက်သော်
    ပြည်ပျက်အံ့။ လကို ရောတိဏိကြက်တိုက်နှင့်တွိလတ်သော် တရားဟိသောမင်းကောင်းပေါ်အံ့။ ဆိုင်းတန်းနှင့်
    ကြက်တိုက်လကိုတွန်း၍လားမူ ပြည်ပျက်အံ့။ တြတ္တိတာကြယ်နှင့်လတွိသော် ငလျှင်လဆက်လှုပ်အံ့။ ရေ၀တီနက္ခတ်
    လနှင့်တွိလတ်သော် မင်းမိဖုရားသီအံ့။ သင်္ဘောကြယ် လနှင့်တွိသော် စကြာဝတေးမင်းသော်လည်း ခန္ဓာကင်းအံ့။
    ဖျောက်ဆိတ်ကြယ်နှင့် ကြက်တိုက်အကြား လလားသော် ငလျှင်ကြီးစွာလှုပ်အံ့။ သင်္ဘောနှင့် ပုန္နဖုသျှအကြား
    လလားသော် ဆင်မြင်းကျွဲနွားသီပျောက်များအံ့။
    ရေ၀တီ၊ ဟသတ၊ သတဘိသျှ၊ အသလီဿ၊ ပြုဗ္ဗာသဠ် ထိုနက္ခတ်ရို့ လနှင့်လက်ယာလှည့်လားကြ၍
    တွိကြလတ်သော် စစ်ကြီးရောက်အံ့။ လမင်းလက်ယာ ၀ိသာခါ၊ အနုရာဓလား၍တွိကြလတ်သော် ပြည်ရွာပျက်အံ့။
    လမင်း လက်ယာသွာတိ မာသနက္ခတ်လား၍တွိကြလတ်သော် မင်းကြီးဥက္ခောင်းဆီးရအံ့။ မာဃ၊ မူလနက္ခတ်နှင့်
    တွိကြသော် ရီနီသတ္တ၀ါဥပါဒ်ရောက်အံ့။ ၀ိသာခါနှင့်နဂါးတွိကြသော် ငတ်မွတ်ယှားပါးလီအံ့။ စနီကြယ်၊
    အင်္ဂါကြယ်တွိကြမူကား မြင်သောပြည်အပြစ်၊ ထိုမင်း ငါးလနှင့်ပျက်စီးအံ့။ စနီအင်္ဂါပြန်၍ ဟသတ မူလရေ၀တီရို့
    နက္ခတ် (၇) ခုနှင့်ယှဉ်သော် မိုးခေါင်အံ့။ စစ်ရောက်အံ့။ ဤကားလပရိယာယ်။
    နက္ခတ်ပရိယာယ်။ စိတြနက္ခတ်အရောင်ညှိုးသော် စမ္ပာနဂိုရ်ပြည် မငြိမ်မ၀ပ်ဟိအံ့။ သွာတိနက္ခတ်အရောင်ညှိုးသော်
    ဓည၀တီပြည်မငြိမ်မ၀ပ်ဟိအံ့။ အနူရာဓနက္ခတ်အရောင်ညှိုးသော် သင်းတွဲပြည်မငြိမ်မ၀ပ်ဟိအံ့။ ဇေဌနက္ခတ်
    အရောင်ညှိုးသော် ကမ္ဘောဇပြည်မငြိမ်မ၀ပ်ဟိအံ့။ မူလနက္ခတ်အရောင်ညှိုးသော် တက္ကသိုလ်ပြည် မငြိမ်မ၀ပ်ဟိအံ့။
    ပြုဗ္ဗာသဋ်နက္ခတ်အရောင်ညှိုးသော် ပဉ္စလရာဇ်ပြည်မငြိမ်မ၀ပ်ဟိအံ့။ ဥတ္တရာသဋ်နက္ခတ်အရောင်ညှိုးသော်
    ဓမ္ပာပြည်မငြိမ်မ၀ပ်ဟိအံ့။ ၀ိသာခါနက္ခတ်အရောင်ညှိုးသော် ဝေသာလီပြည်မငြိမ်မ၀ပ်ဟိအံ့။ သတဘိသျှနက္ခတ်
    အရောင်ညှိုးသော် ကောသမ္ဘီပြည်မငြိမ်မ၀ပ်ဟိအံ့။ ပြုဗ္ဗဘဒြပိုဒ်နက္ခတ်အရောင်ညှိုးသော် ရာဇဂြိုဟ်ပြည်
    မငြိမ်မ၀ပ်ဟိအံ့။ သရ၀ဏ်နက္ခတ်အရောင်ညှိုးသော် မောရပြည်မငြိမ်မ၀ပ်ဟိအံ့။ မနသိဌနက္ခတ်အရောင်ညှိုးသော်
    သီဟိုဠ်ပြည်၊ သျှမ်းပြည်မငြိမ်မ၀ပ်ဟိအံ့။ ရေ၀တီနက္ခတ်အရောင်ညှိုးသော် ဣန္ဒပတ္တနဂိုရ်ပြည် ကုသီနာရုံပြည်
    မငြိမ်မ၀ပ်ဟိအံ့။ အသ၀နီနက္ခတ်အရောင်ညှိုးသော် ပုဂံပြည်မငြိမ်မ၀ပ်ဟိအံ့။ ဘရဏီနက္ခတ်အရောင်ညှိုးသော်
    ကပိလ၀တ်ပြည်မငြိမ်မ၀ပ်ဟိအံ့။ တြတ္တိကာနက္ခတ်အရောင်ညှိုးသော် ရုံပြည်မငြိမ်မ၀ပ်ဟိအံ့။ မိဂသိနက္ခတ်
    အရောင်ညှိုးသော် ယွန်းပြည်မငြိမ်မ၀ပ်ဟိအံ့။ ပုန္နဖုသျှနက္ခတ်အရောင်ညှိုးသော် ကလိဂရာဇ်ပြည် မငြိမ်မ၀ပ်ဟိအံ့။
    အသလီဿနက္ခတ်အရောင်ညှိုးသော် ဇင်းမယ်သထုံမငြိမ်မ၀ပ်ဟိအံ့။ မာဃနက္ခတ်အရောင်ညှိုးသော် အမြ၀တီပြည်
    မငြိမ်မ၀ပ်ဟိအံ့။ ပြုဗ္ဗဖလဂုနိနက္ခတ်အရောင်ညှိုးသော် ဗာရာဏသီမငြိမ်မ၀ပ်ဟိအံ့။ ဥတ္တရဖလ၀ုနိနက္ခတ်
    အရောင်ညှိုးသော် မိထီလာပြည်မငြိမ်မ၀ပ်ဟိအံ့။ အသ၀နီနက္ခတ်အရောင်ညှိုးသော် ပြုဗ္ဗာဝတီပြည် မငြိမ်မ၀ပ်ဟိအံ့။
    ဖုသျှနက္ခတ်အရောင်ညှိုးသော် ပဲခူးပြည်မငြိမ်မ၀ပ်ဟိအံ့။ ဤကားနက္ခတ်ပရိယာယ်။
    ကြယ်ပရိယာယ်။ ၀ိသာခါနက္ခတ် အင်္ဂါကြယ်ထိလတ်သော် လူနာလူဖျားများအံ့။ အင်္ဂါကြယ်
    အရောင်ထိုး၍ထွန်းသော် မင်း၏သားကြီးသမီးကြီးရို့သီကြီပျက်စီးအံ့။ ရောဟဏီနှင့်ဖျောက်ဆိပ်ထိကြသော်
    လီပြင်းစွာလာအံ့။ သွာတိနှင့်မိတြထိကြသော် ရာဟုဂြိုဟ်စီးမူ နံရောက်တိုင်းပြည်မီးသို့ပူရအံ့။ ငတ်မွတ်ယှားပါးအံ့။
    ယောက်ျားတယောက်ကို မိမ္မတကျိတ်ရှာလတ္တံ့။ ကြယ်တံခွန် အရှိမျက်နှာကထွက်သော် ထိုအရပ်ပျက်အံ့။
    တောင်ဘက်ကထွက်သော် တောင်ဘက်မျက်နှာဟိ တိုင်းပြည်မြို့ရွာစည်ကားအံ့။ အနောက်က
    ကြယ်တံခွန်ထွက်သော် အနောက်မျက်နှာတိုင်းပြည်မြို့ရွာ မသာဟိအံ့။ အနောက်မျက်နှာကသူပုန်ပေါ်အံ့။
    မြောက်ဘက်မျက်နှာကကြယ်တံခွန်မြင်မူ ပြည့်သျှင်မင်းဥပါဒ်ကင်းအံ့။ တိုင်းပြည်ဝပြောစည်ပင်အံ့။
    ရက်စဉ်ကြယ်ကိုနိမှတ်၍ ကြယ်ထွန်းသည့်ကြယ်နံရောက်ရာ တိုင်းပြည်မြို့ရွာစည်ပင်အံ့။ ဤကား
    ကြယ်ပရိယာယ်တည်း။
    မြီပရိယာယ်။ ထိုမှတပါးလည်းမြီအင်္ဂါမူ- ဖြူသောမြီပုဏ္ဏား နွားနို့အစာလိုအံ့။ အနံ့သော်ကားကြာတံဆိပ်
    အနံ့ဟိအံ့။ ထိုမြီတွင်နီသော်ဘုန်းကြီးအံ့။ ကျေးကျွန်များအံ့။ နီသောမြီကားမြီမင်းတည်း၊ ပိတောက်ပန်းသင်းသော
    အနံ့ဟိ၏။ ထမင်းအရသာစားလိုအံ့။ ထိုမြီထက်နီသော်မင်းဖြစ်အံ့။ အဆင်းမဲသောမြီကား မြီကျွန်တည်း၊
    သီရည်သီရက်ကိုအစာလို၏။ အနံ့ညှီနံ့ရ၏။ ထိုမြီထက်မနီရာ။ ဥယျာဉ်လယ်ယာသာလုပ်ရအံ့။
    အဆင်းဝါရောင်ဟိသောမြီကား အနံ့သော် ပူပုပ်နံ့ဟိအံ့။ အစာသော်ကား ဆင်သားလိုအံ့။ ရဟန်းနီအပ်၏။
    အရောင်များယောင်ဟိသောမြီကား ကေသပံသုသေလောဒကမြီမည်၏။ အစာသော်ကား သားတလိုအံ့။ မြို့တည်၍
    မနီရသောမြီ။ အနံ့သော်ကား ပဒုမာကြာအနံ့ဟိ၏။ ထိုမြီ၌ လပြည့်ဝန်းပမာ မျက်နှာကဲ့သို့ဟိ၏။ ညီညွတ်သော
    မြီဒူးလေးကိုင်းကဲ့သို့ဟိသောမြီ၊ နွားခေါင်းပမာဟိသောမြီ၊ လတခြမ်းကဲ့သို့ဟိသောမြီ၊ ထိုမြီသုံးရပ်သည်
    စီးပွားချမ်းသာ၊ ဥစ္စာတိုးတက်ကျက်သရေဟိအံ့။ လိပ်ကုန်းကဲ့သို့ဟိသောမြီ၊ အိုးကင်းမှောက်ထားသော
    ပမာဏဟိသောမြီ။ မြင်းခေါင်းပမာဏဟိသောမြီ၊ လျှလျှလုံးလုံးဟိသောမြီ။ ကြက်ပမာဟိသောမြီ။
    ဘီလူးရုပ်ပမာဟိသောမြီ၊ နဂါးကျစ်ကဲ့သို့ဟိသောမြီ။ ထိုမြီ (၇) ရပ်၌မနီအပ်။ စီးပွားချမ်းသာမဟိ။
    အနာအဖျားထူအံ့။ ဖြူသောမြီ၊ နီသောမြီ၊ ပြာသောမြီ၊ ထိုမြီသုံးရပ်၌လည်း လက်ယာနိမ့်၍ လက်ဝဲမြင့်သောမြီ၊
    မှူးမတ်နီသော် မင်းဖြစ်အံ့။ သူဆင်းရဲနီသော် စီးပွားတိုးတက်အံ့။ အရှိမြင့်၍ အနောက်နိမ့်သောမြီ၌နီသော်လည်း
    စဉ်းလဲဝန်တို ဂုံးချောကောက်ကျစ်တတ်အံ့။ အထက်မြင့်၍ အနားနိမ့်သောမြီ၌နီသော် ရန်များအံ့။ ထိုမြီ၌
    ကျောက်ခါးကဲ့သို့ဟိအံ့။ တောင်ကမြင့်၍မြောက်ကနိမ့်သော မြီ၌နီသော် ထိုအောက်ပလ္လင်ကဲ့သို့ဟိ၏။
    တောင်ကအင်းဟိအံ့၊ မြောက်ကရေစီးအံ့။ အရှိကအိုင်ဟိအံ့။ မြီမင်္ဂလာ ရွှေငွေများအံ့။ အမှုတကာကိုနိုင်အံ့။
    အနားပတ်လည်ပြန့်၍ အလယ်နိမ့်သောမြီ၌နီသော် ထိုမြီအောက်ကျောက်ဟိ၏။ အကောင်းအဆိုးများအံ့။
    ဤကားမြီပရိယာယ်။ ယင်းသို့အကြောင်း ရှိပညာဟိရို့ဆိုခသည်လောကီမှု၌ ယတြာရသ၀တီ
    ကျမ်းထွက်ဟိပါသည်။ ယင်းသို့အကြောင်း တိနိမိတ်ရို့ကိုလည်း အကြောင်းဆိုက်အံ့သော တိုင်းပြည်ရို့ကသာ
    ဆင်ခြင်ခြင်းဟိကြောင်း စာဟောင်းညွှန်လျှက်ဟိပါသည်။ ထိုအကြောင်းထင်လတ်သော် မင်းကိုပြခြင်း၊ မိဖုရား၊
    မင်းသား၊ မှူးမတ်၊ ရဟန်း၊ ပုဏ္ဏား၊ ပြည်သူစသော၊ ကျွဲနွားဆင်မြင်းစသော သတ္တ၀ါရို့ဖြစ်ရာအကြောင်း
    ခွဲဝေစိတ်ဖြာသိတတ်မှ အဖြစ်အပျက်ညှိနှိုင်းပါသည်။ လောကီမှာ မှန်တိုင်းသိချင်သော၊ လောကုတ္တရာမှုမှာလည်း
    မြတ်စွာဘုရားဆုံးမတော်မူသောတရားကို အမှန်သိ၍ကျင့်ဆောက်တည်ခြင်း။ ယင်းသို့စုံမှ လောကီလောကုတ္တရာ
    နှစ်ဖြာတတ်ပွန်၊ သူတော်မွန်ဟူ၍ ကျမ်းဂန်ထွက်ပါသည်။ တကြောင်းတုံလည်း ရန်သူကိုအောင်နိုင်သော
    အမတ်အင်္ဂါကိုဆိုခသော သေနင်္ဂပျို့အလာသော်ကား-
    ဆဒ္ဒန်ပြောင်မုန်၊ ရဲဟုန်နှင့်ချိုး၊ ချွန်ချွန်ထိုးသို့၊ အကျိုးဟိသင့်၊ ရို့ခွင့်မသာ၊ မင်္ဂလာအောင်မြီ၊ အနီသင့်ရာ၊
    ဗိုလ်ပါဆင်မြင်း၊ သိမ်းသွင်းမပျက်၊ ရဲမက်မပြိုင်၊ ရန်ကိုနှိပ်နွံ၊ အကြံပညာ၊ သည်ရာဖြစ်ခ၊ လူရဲမယှား၊
    လက်ရုံးအားမှာ၊ အမှားအမှန်၊ အလွန်အကြူး၊ အရူးအင်္ဂါ၊ မိစ္ဆာအကျင့်၊ နိမ့်မြင့်ရုံးနိုင်၊ အပိုင်ခဲခက်၊
    လက်နက်ဗိုလ်ခြီ၊ အသီအဆုံး၊ ထုံးမပြုလောက်၊ ထွင်းဖောက်မြောက်မြား၊ ဂုဏ်ကိုးပါးစုံ၊ ပညာလုံမှ၊ ဗိုလ်ပုံမပန်း၊
    ဥာဏ်စွမ်းနဂ္ဃိ၊ တွင်းပြင်ဟိက၊ ကြီးဘိသခင်၊ ဆင်မြင်းရထား၊ ခြီသည်အားနှင့်၊ လေးပါးအစုံ၊ ရောက်လာတုံသည်။
    ပိုက်ဉခံပြီးစီး၊ စစ်သူကြီးသို့၊ ထုံးမှီးလိမ္မာ၊ သို့ကိုရာလျှင်၊ စစ်အင်လေးမည်၊ အပ်သည်ရှိရိုး၊ ရန်ချိုးနိုင်သည်၊
    ပညာရည်ကြောင့်၊ ရွှေပြည်သာယာ၊ ၀တိံသာသို့၊ ပမာတူမျှ၊ အဿကမင်း၊ စစ်တွင်းရှုံးမည်၊ သို့သည်စကား၊
    သိကြားစင်လျှက်၊ ပျက်သည့်ထုံးမှန်၊ နန္ဒိသေန၊ အဿကမတ်၊ ညီညွတ်ပြည့်စုံ၊ ပညာလုံ၍၊ ဗိုလ်ပုံရန်ငြိမ်၊
    ကလိင်္ဂရာဇ်၊ သူ့စစ်နွမ်းညှိုး၊ အကျိုးမဟိ၊ ပန်းနှယ်ရိ၍၊ ကဓိကစက်၊ ကြေညက်ဘရမ်း၊ အမတ်သွမ်းနှင့်၊
    မင်းကြမ်းတသွန်း၊ မာန်တံခွန်ကို၊ ကဲလွန်စတင်၊ ကိုယ်သျှင်ကိုယ်ဝယ်၊ အလမ္ပါယ်သို့၊ အန္တရာယ်ရောက်၊
    ပြီးပေါက်လမ်းမှား၊ သီပျောက်ငြားလည်း၊ တရားမရ၊ မင်းပါပ။
    ထိုသို့ဆိုခပြီးသော ရှိပညာဟိရို့စကားလည်းဟိပါသည်။ ယင်းသို့ ထုံးဟောင်းသက်သီနှင့် အမတ်ကြီးလျှောက်လီရာ
    ပြည့်သျှင်မင်းကြီး အမိန့်တော်ဟိသည်ကား-
    မင်း၊ မိဖုရား၊ မင်းသား၊ မင်းသမီး၊ ဆွီတော်၊ မျိုးတော်မှစ၍ အမတ်မြို့စား၊ ကျေးစားအတွင်း
    သုံးအပြင်သုံးသမျှရို့သည် အမတ်ကြီး မဟာပညာကျော်စကားကိုနာခံပြီးမှ လျှောက်တင်ခွင့်ဟိသည်များကို
    လျှောက်ထားစီ- ပညတ်တော်မူသည်။ အမတ်ကြီးသည်လည်း မင်း၊ မိဖုရား၊ မင်းသား၊ မှူးမတ်၊
    ပြည်သူဟူလျှက်မခြား၊ အမှုလားကိုရာ ရှိနောက်တိုင်းထွာပြသဆုံးမ၍ မင်းထံလျှောက်ခွင့်များကို
    လျှောက်လတ်သော် မည်သူတယောက်ညှိုးခြင်းမဟိ၊ အမတ်ကြီးစကားကိုနားထောင်ကြလီ၍
    ထိုပြည်သာယာငြိမ်းအီးသည်။
    မှတ်ချက်။ ။ ဤစစ်ချီရာ တိတ်နိမိတ်များလျှောက်ထုံးသည် ရှိအထက်ကာလများကပင် ရခိုင်စဉ်လာ
    သုံးစွဲလာကြသော လောကီမှုဆိုင်ရာ ယတြာဃ၀တီကျမ်းမှထုတ်နှုတ်ပြီး မင်းဖလောင်းကြီးလက်ထက်အခါ
    မင်းမီးသောကြောင့် အမတ်ကြီးမဟာပညာကျော်လျှောက်ထားခြင်းပြုခသည်။
    လျှောက်ထုံးအမှတ် (၃၉)
    သားတော်သံတောင်စားငစုန် အပြစ်ကျူးလွန်ရာတွင်လျှောက်ထုံး။
    အခါတပါး၌ မင်းဖလောင်းကြီး၏သားတော် သံတောင်စားငစုန်သည် မြုံရို့အရပ်က လင်းကဲ၊ မြုံ၊ သက်ရို့နှင့်
    ပူးပေါင်း၍ခြားနားပြီးသော် ဒါဂါမြို့စားကောင်းညွန့်သူကို အလိုသို့ပြည့်လျှင် ပြည်ပိုင်အမတ်ကြီးခန့်မည်။
    ဤသို့အကြောင်းကို ဒါဂါမြို့သို့ လူစေလွှတ်ပြောဆိုစီသည်။ ထိုအခါ ကောင်းညွန့်သူကြံသည်ကား-
    တောသတ္တ၀ါကိုလိုလျှင် အိမ်သတ္တ၀ါနှင့်ရင်းနှီးဖမ်းရသည်။ သားတော်ငစုန်သည် ဆိုးသွမ်းသောအကြံဖြင့်
    မသင့်ရာကို ကြံဘိသည်။ သို့သော် ဆိုလာသောစကားကို အလိုတူမပြုက အကျိုးမဲ့အကျိုးယုတ်ရာ ဖြစ်ချေမည်။
    သို့ကြောင့် အလိုသို့ပါဟန်ပြုပြီး ဖမ်းမည်ကြံသည်။ သို့နှင့် သံတောင်စားငစုန်က စေသောသူအား သင့်လှပါသည်။
    ရဲမက်လက်နက်များလည်း အသင့်ပင်ဖြစ်ပါသည်။ မည်သည်ကိုမျှ စိုးတော်မမူပါနှင့်။ လက်ဆောင်ပဏ္ဍာ
    လျှောက်စာနှင့် လူထည့်လိုက်သည်။ ထိုအကြောင်းကို ပြည့်သျှင်မင်းကြီး ကြားသိတော်မူ၍
    အမတ်မဟာပညာကျော်ကိုမီးတော်မူသည်။ ထိုအခါအမတ်ကြီး လျှောက်ထုံးသော်ကား-
    အသျှင်မင်းမြတ်။ ။ ဒါကာမြို့စားကောင်းညွန့်သူ ဘီဘိုးအစဉ်အမျိုး မှူးရိုးမတ်မျိုးဖြစ်ပါသည်။ ထီးနန်းမင်းဆက်
    အ၀ီးအနီးထားသမျှ မည်သည့်ကာလတွင်မျှ သူပုန်သူကန်လူဆိုးလူသွမ်းရို့နှင့်ပေါင်းဖက်၍ အသျှင်မင်းအား
    မိုက်မှားဘူးသည်မဟိပါ။ ခမည်းတော်ဘုရားလက်ထက် ကုလားပြည်ကို သိမ်းယူပြီးသောကာလပြန်ကြသောအခါ
    ဒါကာမြို့စားကောင်းညွန့်သူ အဘသတိုးဖြူအမတ်သည် စီးသောလှီ၌ စစ်ချီစဉ်က ပီးသနားတော်မူသော
    ပေါင်းဖြူကိုဆင်လျှက်စီးသည်။ ထိုအခါ ခမည်းတော်ဘုရားက စစ်ချီသာ ငါပီးတော်မူသည်။ စစ်ပြန်လျှင်
    သိမ်းသင့်လျှက်မသိမ်း။ သတိုးဖြူသည် မာန်မြောက်၍လွန်သူဖြစ်သည်။ မျက်တော်မူလျှက် အပြစ်နှင့်
    မာန်အောင်သို့ ပို့ထားတော်မူသည်။ တနှစ်ကျော်နီရသောအခါ အရှိပြူတလိုင်းမင်းရို့က စေလွှတ်ခေါ်စီရာ
    မှူးကောင်းမတ်ကောင်းရို့အင်္ဂါနှင့် စုံညီစွာပီးလိုက်သောစာမူလည်း၊ မတ်ကောင်းရို့အင်္ဂါနှင့် စုံညီစွာ
    ပီးလိုက်သောစာမူလည်း၊ ၀ိဒေဟရာဇ်အမတ်- မဟောသဓာကို ပဉ္စာလရာဇ်မင်းကခေါ်သော်
    ကျေးဇူးသစ္စာသျှင်မှစ၍ သားမြီးဆက်ကာမှန်သမျှစိုးမိုးလျှင် ကျေးဇူးသစ္စာစောင့်အပ်ကြောင်း
    ထုံးဟောင်းနှင့်လျှော်စွာ စာပီးလိုက်ပါသည်။ အမျိုးအရိုးကို ဒါဂါမြို့စားကောင်းညွန့်သူ ဖျက်မည်မဟုတ်ပါ။
    အကြောင်းဆိုက်ရာတွင် ဥာဏ်ဆင်၍ ဒါကာစားကြံသည့်အမှုသာ ဖြစ်ပါသည်။ အပြစ်ပီးထားသောသားတော်
    သံတောင်စားသည် လင်းကဲ၊ မြုံ၊ သက်ရို့နှင့် ပူးပေါင်းဆိုးသွမ်းသည့်အရာမှာလည်း အရေးမဆိုလောက်ပါ။
    အမတ်တော် ဒါကာစားကောင်းညွန့်သူတယောက်နှင့် ပြီးကုန်ပါလိမ့်မည်လျှောက်လတ်ရာ ပြည့်သျှင်မင်းကြီးလည်း
    မင်းသို့မဆို နီတော်မူသည်။
    ယင်းသို့အမတ်ကြီးလျှောက်သည်ကို ဒါဂါမြို့စားကောင်းညွန့်သူကြားသိလီရာ ငါ၌အရေးရောက်ပြီးကြံလျှက်
    သံတောင်စားမှာသောနိရောက်လတ်သော် ရဲမက်လက်နက်ဗိုလ်ခြီစည်းကြပ်လျှက် သံတောင်စားဟိရာသို့
    ချီလားသည်။ တွိသောအခါ ဒါကာစားဆိုသည်ကား အသျှင်မင်းသား တပ်ဦးချီတော်မူပါ။
    ကျွန်တော့်နောက်ကကွပ်၍ စစ်အားပီးပါမည်။ ဆိုလတ်သော် သံတောင်စားလည်း အားရ၍ချီလားလီသည်။ သက်၊
    မြို၊ လင်းကဲရို့မှာ တောင်ခြီသာကျွမ်း၍ လှီမှုရီမှု မကျွမ်းကြချေ။ မယူမြစ်ဝသို့ရောက်သော အခါကာလ ဒါဂါစားက
    မိမိလူရို့ကို အသင့်ထားပြီးသော် မြို့နှင့်လည်းနီးပြီ၊ သံတောင်စားနှင့်တိုင်ပင်ရန်ဟိသည်ဆိုလျှက်၊
    တပ်ဦးသို့လာခသည်။ ရောက်လျှင် ဒါဂါစားက သံတောင်စားသို့ပြောသည်။ “အသျှင့်သားတိုင်ပင်ရန်
    ကျွန်တော့်လှီသို့တက်ပါ” ဆိုသည်။ သံတောင်စားလည်း ယုံမှတ်သောနှလုံးဖြင့် နောက်ပါလူအတန်သာခေါ်၍
    ဒါဂါစားလှီသို့တက်သည်။ ထိုသောအခါ ဒါဂါစားက မိမိလှီများကို ရှိနောက်ထား၍ ပိတ်ဆို့ထားစီသည်။
    ထိုသို့စီစဉ်ပြီးသော် သောင်းသောင်းငြာဝိုင်းလျှက် သံတောင်စားကို ဖမ်းဆီးလိုက်သည်။ မြစ်ရီလည်းတက်ပြီဖြစ်၍
    မြို့တော်သို့ ထွက်ချီလားကြရာ နံနက်အချိန်ဆိုက်ရောက်ကြသည်။ ဒါဂါစားသည် နန်းတော်သို့ဝင်ပြီး
    သံတောင်စားကို မင်းကြီးထံဆက်သသည်။ သံတောင်စားလူများဖြစ်သော သက်ခေါင်းအကြီး၊
    မြိုလင်းကဲခေါင်အကြီးနှင့် နောက်ပါလူအများကိုလည်း ဒါဂါစားသမက်သောင်းတီးစားက
    ဖမ်းဆီးဆက်သလာပြန်သည်။ ယင်းသောအခါ အမတ်ကြီးမဟာပညာကျော်လျှောက်သည့်ထုံးကား-
    အသျှင်မင်းမြတ်။ ဘုရားသျှင်တကာဖြစ်တော်မူသောဗိမ္မိသာရမင်းကြီး မိဖုရား၌ အဇာတသတ်မင်းကို
    ပဋိသန္ဓေစွဲယူသောကာလ မကောင်းသော တိနိမိတ်ထင်သဖြင့် အကြိမ်ကြိမ် သန္ဓေကိုဖျက်ကြောင်း
    မင်းကြီးသိတော်မူသည်။ ထိုရောအခါ အမိန့်တော်ဟိသည်ကား- “သျှင်မိဖုရား သံသရာဝဋ်ဒုက္ခဟိသော
    လူသတ္တ၀ါရို့သည် မိကြီးဘကြီးဆွီမျိုးစသောသူအား အပြစ်ထိုက်ငြားသော်လည်း အမျိုးစောင့်သောတရားကို
    သူတော်ကောင်းရို့မဖျက်ရာချေ။ မိဖုရားကမွီးဖွားသောသားသည် တရားမစောင့် အ၀ဇာတသားဖြစ်ခ၍
    ငါ့အားမှားလိုသော်လည်း ငါသာသီစီရာသည်။ သူ့အားမှားသောအသိဖြင့် တရားမလွတ် ကောင်းလီရာ”
    ဤသို့မိန့်တော်မူကြောင်း ကျမ်းဂန်ထင်ရှားထွက်ဟိပါသည်။ ထိုမှတပါးလည်း မင်းရို့ဘုန်း
    လက်ရုံးကျက်သရေတော်ခုနှစ်ပါး၊ လူရို့အားမည်သည်ကို ကျမ်းဂန်ဆိုသည်မှာ-
    ရာဇူနံ- မင်းရို့၏၊ ဓနံ- ဥစ္စာမည်သည်ကား၊ အမစ္စောဗလံ- ပညာဟိသော အမတ်အားလျှင်တည်း။ ပုရိသာနံ-
    ယောက်ျားရို့၏၊ ဓနံ- ဥစ္စာ မည်သည်ကား၊ အတိဂုဏော- ပညာဂုဏ်လျှင်တည်း။ ဣတ္တိနံ- မိမ္မရို့၏၊ ဓနံ-
    ဥစ္စာမည်သည်ကား၊ ရူပဇာဂံအဆင်းအကျင့်တည်း။ သပ္ပါနံ- မြွီရို့၏၊ဓနံ- ဥစ္စာမည်သည်ကား၊ ၀ိသံ-
    အဆိပ်လျှင်တည်း။ ဘိက္ခူနံ- ရဟန်းရသေ့ရို့၏၊ ဓနံ- ဥစ္စာမည်သည်ကား၊ သီလံ- သီလအစဟိသောကိုယ်ကျင့်
    တရားလျှင်တည်း။ မင်္ဂလာတရားဦးတွင်လည်း မာတာပိတာ- မိဘရို့သည်၊ ပုတ္တဒါရသ-
    သားသမီးရို့၌လည်းကောင်း၊ ပုတ္တဒါရသ- သားသမီးရို့သည်၊ မာတာပိတာ- မိဘရို့၌လည်းကောင်း၊
    ဥာတကာနဉ္စ- ဆွီမျိုးသားချင်းရို့၌လည်းကောင်း၊ သင်္ဂဟ- ကျွေးမွီးပီးကမ်းမစသင့်သည်။
    တကြောင်းမူလည်း မဟာရာဇာ- အသျှင်မင်းမြတ်၊ မာတာပိတာစ- မိဘရို့ကိုလည်းကောင်း၊ ဂုရုစ- ဆရာသခင်
    ကျေးဇူးသျှင်ရို့ကိုလည်းကောင်း၊ ညာတကာနဉ္စ- ဆွီမျိုးသားချင်းရို့ကိုလည်းကောင်း၊ အမစ္စေစ-
    မင်းအကျိုးကိုလို၍ဆောင်တတ်သော အမတ်ကိုလည်းကောင်း၊ ဥမ္မတ္တကောစ- အရူးကိုလည်းကောင်း၊ ဘိက္ခုစ-
    သံသရာဖီးကိုရှုလေ့ဟိသော ရသေ့ရဟန်းကိုလည်းကောင်း၊ ပဏ္ဍိတောစ- ပညာဟိသူတော်ကောင်းကို
    လည်းကောင်း၊ သတ္တန္နမေ၀- ထိုခုနှစ်ပါးသောသူရို့အား၊ ရာဇာ- မင်းသည်၊ ဒေါသိ- အမျက်ဟိသဖြင့်၊
    ဇီဝိတိနြေ္ဒ- သီစီသောပျက်စီးခြင်းကို၊ နပေဿယျ- မပြုအပ်။ ထိုသို့အကြောင်း ထုံးဟောင်းသက်သီ
    ကျမ်းဂန်ဟိသည်။
    သားတော်သံတောင်စားမှာ- ဇမ္ဗုပတီမင်းနှင့်တူပါသည်။ သားတော်ကိုပါအောင် ခေါ်ဆောင်ယူနိုင်သော
    ဒါကာစားမှာ သကြားတမန်နှင့်တူပါသည်။ အသျှင်မင်းမြတ်တုံသော်ကား ဘုရားသျှင်နှင့်ဥပမာတူပါသည်။
    ယင်းသို့အကြောင်း ထုံးဟောင်းဟိသည့်အတိုင်း ပြည့်သျှင်မင်းကြီး မတိမ်းမစောင်းရချေ။ လောကီလောကုတ္တရာ
    နှစ်ဖြာသောအကျိုးဟိလှ၍ ဘုရားစသောသူတော်ကောင်း ပညာဟိချီမွမ်းစီရာ မှူးကောင်းမတ်ကောင်း ပညာဟိစုံစွာ
    ပညာဗလအားကြီးသော အမတ်ကြီးလျှောက်လတ်သော်ပြည့်သျှင်မင်းကြီးက “ငစုန်ငယ်သည်
    အလိမ္မာမဟိသူဖြစ်သည်။ လိမ္မာအောင်သွန်သင်ပြသဆုံးမ စီခိုင်းသိမ်းထားလီလော့” အမိန့်တော်ဟိ၍
    အမတ်ကြီးမဟာပညာကျော်သို့ အပ်တော်မူလိုက်သည်။
    ဒါဂါစားကောင်းညွန့်သူကိုမူကား သားတော်သံတောင်စားအဆောင်အရွက် အ၀တ်တန်ဆာပီးတော်မူသည်။
    ဒါဂါစားသည် သနားတော်မြတ်ကိုရာ ခံယူသည်။ မဆောင်မသုံး၊ ပြည့်သျှင်မင်းကြီးသို့ ပြန်လည်ဆက်သပြီး
    လျှောက်ထားသည်ကား-
    အသျှင်မင်းမြတ်။ မူးမတ်ကျေးကျွန်ကို သဒ္ဓါတော်မူ၍ သားတော်သမီးတော်ရို့နည်း ပီးသနားတော်မူသော်လည်း၊
    အသျှင့်သားတော်အဆောင်နှင့်တူအောင် မသုံးဆောင်အပ်ပါ။ မူးမတ်အသုံးအဆောင်မျှကိုသာ
    သုံးဆောင်ထိုက်ပါသည်။ လွန်၍ပြုချေသော် အလိမ္မာမဟိသောသူရို့ကို တန်ဆာဆောင်၍ မာန်မြင့်တတ်ပါသည်။
    သနားတော်ကိုခံရလျှင် သုံးဆောင်ရသကဲ့သို့ တထေ၀တူဖြစ်ပါသည်။ ရှိပညာဟိထားခသောထုံးလည်းဖြစ်ပါသည်။
    ဤသို့လျှောက်လတ်သော် မင်းသားအဆောင်အရွက်ကို ပြန်သိမ်းတော်မူသည်။ အမတ်ကြီးရို့နည်း
    အဆောင်အရွယ် ပီးသနားတော်မူသည်။ သားတော်သံတောင်စား သက်၊ လင်းကဲ၊ မြို၊ အကြီးခေါင်းများကိုလည်း
    အသက်မသတ်။ ကုသိုလ်တော်ရတနာပုံဘုရားမှာ လှူတော်မူသည်။
    လျှောက်ထုံးအမှတ် (၄၀)
    ရုံပြည် ပသီကုလားမင်းအား မင်းကြီး၏ဘုန်းတော်ကိုသိစီသော အစီရင်လျှောက်ထုံး။
    တရံသောအခါ ရုံပြည်ပသီ ကုလားမင်းက ရက္ခပူရတိုင်း၌ သာကီဝင်မင်းဖလောင်းကြီးသည်
    ဘုန်းကျက်သရေပညာနှင့်ပြည့်စုံသည်။ အမတ်ပညာဟိများသည်။ ဤသို့ကြားသိရသည့်အတိုင်း
    မှန်သည်မမှန်သည်ကိုသိလိုပေသည်။ သို့နှင့် အရေး၌လိမ္မာသော ကုလားအမတ်တယောက်ကို
    စုံစမ်းစီရန်စေလွှတ်သည်။ ကုလားအမတ်ဒါကုစီသည် စုံစမ်းရန်ရောက်လာသည်။ ထိုကုလားအမတ်သည်
    ဆက်သရန် လက်ဆောင်တော်ပတ္တမြားခုနှစ်လုံးပါဟိကြောင်း ပတ္တမြားအထုပ်ကိုပြသည်။ ထိုသောအခါ
    မဟာပညာကျော်အမတ်က ငါရို့အသျှင်ကို အတိုင်းတိုင်းအပြည်ပြည်က ဆက်ရောက်သမျှ သဘင်ကြီးစွာခံပြီးမှ
    သွင်းမြဲဖြစ်သည်။ ထိုသို့ပြောပြီး ပတ္တမြားထုပ်ကို သံတဲတွင်အစောင့်အနီနှင့်ထားလျှက်နီစီသည်။ ပြီးသော်မှ
    အမတ်ကြီးမဟာပညာကျော်သည် မင်းထံဝင်၍လျှောက်ထားသည်။
    အသျှင်မင်းမြတ်။ ကုလားမျိုးရို့တွင် ပသီကုလားသည် အကောက်အလိမ်အညစ်ထူလှပါသည်။ ယခုလာသူ
    ဒါကုစီသည် ပသီကုလား၊ သင်းရို့အသျှင်လည်း ပသီလူမျိုးဖြစ်ပါသည်။ မည်သို့စေကြောင်းဆက်ရန်
    လက်ဆောင်လည်း မည်သို့ပါကြောင်းများကို သိအောင်ပြုပြီးမှ ရှိတော်သို့ဝင်စီပါမည်- လျှောက်လတ်သော်
    မင်းကြီးလည်း သဘောကြိုက်တော်မူသည်။ ယင်းသောအခါ အမတ်ကြီးသည် အထုပ်ကိုကြည့်ရှုသည်။
    ရွှေချည်ဖြင့် ယက်သည့်ပမာ လုံခြုံစွာထုပ်ထားသည်ကို မြင်တွိသည်။ အမတ်ကြီးတွေးကြံသည်ကား-
    ဤကဲ့သို့ ထည့်ရိုးမဟိသည်ကို ထည့်ခသည်။ ထိုအထုပ်၌ အကြောင်းထူးပါသည်။ ဤသို့ဆင်ခြင်လျှက်
    အကြံပြုသည် အဘိုးတထောင်တန်သော ပရိကပါရာဟူသောပိတ်အုပ်ကို ခ၀ါသည်သို့ အစုတ်အပြတ်မပါပြပြီးသော်
    ခ၀ါသည်မမြင်မီ ကတ်ကျေးနှင့် ခုံညှင်းခန့်ကိုက်ဖြတ်လိုက်သည်။ ပိတ်အုပ်ကိုခေါက်သိမ်းပြီး ခ၀ါသည်သို့
    ပီးအပ်လိုက်သည်။ ခ၀ါသည်လည်း ပိတ်အုပ်ကိုယူခပြီး အိမ်သို့ရောက်လျှင် ဖွတ်လျှော်၍လှန်းသည်။
    ပိတ်အုပ်တွင်ပါဟိသောအပေါက်ကို တွိမြင်သောအခါ အလွန်ကြောက်လန့်လားသည်။ သင်္ဘောဆိပ်သို့လားပြီး
    အပေါက်ဖာတတ်သောသူကိုရှာရာ သင်္ဘောမှ အပ်လျှိုသမားတယောက်ရ၍ ဖာစီသည်။ မူလအထည်
    သားနှင့်တူအောင်ဖာပြီးမှ အမတ်ကြီးသို့အပ်သည်။ ထိုအခါအမတ်ကြီးသည် ကိုက်ယူထားသောပိတ်စကိုပြပြီး
    မီးသည်။ မည်သူဖာသည်ကို အမတ်ကြီးမီးရာ ခ၀ါသည်က ဖာသူကိုပြသည်။ အမတ်ကြီးကြံပြန်သည်ကား
    “မရမာကိုပြာဒါ၊ကုလားမှာမဲနာ” ရှိသူဟောင်းရို့ဆိုရိုးဟိသည်။ ထိုကုလားကိုခေါ်၍မီးရမည်။ ခ၀ါသည်ကိုပြောလျှင်
    ခ၀ါသည်လည်း ကုလားကိုခေါ်၍ပီးသည်။ အမတ်ကြီးသည် ကုလားကိုမီးသည်။ ကုလားကအမတ်
    ဒါကုစီယူလာသောအထုပ်ကို သူဉခပ်ပီးရကြောင်း၊ ၎င်းင်းအထုပ်တွင် အဘိုးမထိုက်သော ပတ္တမြားအပျက်
    ခုနှစ်လုံးပါကြောင်းပြောပြသည်။ ထိုအခါ အမတ်ကြီးက သင်္ဘောကုလားအား ဤသို့မီးကြောင်းကို
    တပါးသောသူကိုမျှ မသိစီနှင့်ပြောပြီး အသပြာတရာပီး၍ သံတဲမှ ကျောက်ထုပ်ကို တိတ်တဆိတ်ယူစီသည်။
    အမတ်ကြီးသည် ကျောက်ထုပ်နှင့်ပြည့်သျှင်မင်းကြီးထံဝင်သည်။ ကျောက်ထုပ်ကိုဖွင့်ရာ
    ချက်ကျောက်ပတ္တမြားခုနှစ်လုံးကို တွိသည်။ အမတ်ကြီးသည် ထိုချက်ကျောက်ပတ္တမြားခုနှစ်လုံးကို ဖယ်ထုတ်ပြီး၊
    သပြာတထောင်စီတန်သော ပြည့်သျှင်မင်းပတ္တမြားခုနှစ်လုံးကို ထည့်သည်။ ထိုသို့ထည့်ပြီး ကုလားအား အထုပ်ကို
    မူလအတိုင်းခြုပ်စီသည်။ ထို့နောက် ၎င်းင်းအထုပ်ကို ထားမြဲအတိုင်း သံတဲတွင်ပြန်၍ထားစီသည်။ ထိုသို့
    အကောက်ဥာဏ်ပြုလာသောအမှုကို အကောက်ဥာဏ်ဖြင့်ပြု၍ဆောင်စီပြီးမှ ကုလားအမတ်ဒါကုစီကို
    အတွင်းတော်သို့သွင်း၍ အထုပ်ကိုဖွင့်စီသည်။ အထုပ်တွင် အဘိုးများစွာထိုက်သော ကျောက်ကောင်းခုနှစ်လုံးကို
    ကုလားအမတ်မြင်တွိသည်။ အလွန်လည်း အံ့သြခြင်းဖြစ်သည်။ ခိုဒါအသျှင်အမှန်ဖြစ်ပေသည်ဟူ၍ ကုလားအမတ်
    ကြောက်လန့်ရိုသေစွာနှင့် မကာဘုရား၊ ကုလားရို့ အထွတ်အထိပ်မှန်ပေသည်ဆိုလျှက် အကြိမ်များစွာ
    ဘာသာရှိခိုးခြင်းဖြင့်ရှိခိုးသည်။ ထိုကုလားအမတ်ဒါကုစီပြန်သောအခါ မင်းကြီးက အစ်ကိုရို့ အသျှင်ရုံမင်းသို့လည်း
    ပတ္တမြားခုနှစ်လုံး ပီးလိုက်မည်။ ကျောက်ကောင်းခုနှစ်လုံးကို ကုလားသို့ပြပြီးသော် အမတ်ကြီးသို့ ထိုကျောက်ကို
    အပ်တော်မူသည်။ အမတ်ကြီးလည်း မင်းအပ်သောပတ္တမြားခုနှစ်လုံးကို ကုလားအမတ်ကြီးဒါကုစီရှိတွင်
    ကောင်းမွန်စွာထုပ်သည်။ ကုလားမဟိသည့်နောက်အခါ ကုလားတွင်ပါရင်း ချက်ကျောက်ခုနှစ်လုံးကို
    ထိုအထုပ်နှင့်တူအောင်ထုပ်စီပြီးမှ ထိုအထုပ်ကို ကုလားအမတ်သို့အပ်သည်။ ကုလားအမတ်လည်း အထုပ်ကို
    ကောင်းမွန်စွာဆောင်ယူ၍ပြန်သည်။ ရုံပြည်သို့ရောက်၍ ရုံမင်းထံအထုပ်ကိုဆက်သသည်။ ထိုအထုပ်ကိုဖွင့်ကြည့်ရာ
    ပီးလိုက်ရင်း ချက်ကျောက်ခုနှစ်လုံးကိုတွိရသည်။ ရုံမင်းက အမတ်ဒါကုစီအား အကြောင်းကိုမီးသည်။ ထိုအခါ
    ကုလားဒါကုစီက သိမြင်ခရသည့်အတိုင်း စုံလင်စွာလျှောက်ထားသည်။ ကုလားမင်းက မကာဘုရား
    ခိုဒါအသျှင်အမှန်ပင်ဖြစ်သည်။ ဖူးမြော်သင့်သည်။ ထိုသို့ပြီးလျှင် ရုံမင်းကိုယ်တိုင် လက်ဆောင်ပဏ္ဍာအများ
    သင်္ဘောအစင်းတရာနှင့် လာရောက်ဖူးမြော်သည်၊
    လျှောက်ထုံးအမှတ် (၄၁)
    ရိုးကျွန်းမှ သျှင်ယောင်စေတီဖျက်မှုတွင်လျှောက်ထုံး။
    တရံရောအခါ ပုဂံမြို့နီဆိုသူ ရဟန်းတဦးရောက်လာသည်။ ရိုးကျွန်းအမရာတောင်တွင်နီသည်။ ထိုရဟန်းအား
    ရိုးကျွန်းသားရို့ ကြည်ညိုလျှက် ကိုးကွယ်နီကြသည်။ စည်းချောင်းစားသတိုးအောင်သည် ထိုအမရာတောင်သို့
    သမင်လိုက်မည်လားသည်။ ထိုရဟန်းနှင့်တွိပြီး နှီးနှောပြောဆိုရင်းနှီးကြသည်။ သတိုးအောင်သည်
    ထိုမှပြန်လာပြီးသောအခါ အမတ်ကြီးထံဝင်ရောက်ခစားပြီးလျှောက်ထားသည်။ ပုဂံသားရဟန်းတပါး
    ယိုးကျွန်းအမရာတောင်မှာ တွိခရကြောင်း၊ တရားဓမ္မနှင့် သူတော်ကောင်းလက္ခဏာ ကြည်ညိုဘွယ်ရာ
    ဟိပါကြောင်းနှင့်လျှောက်သည်ကို မင်းကြီးက အမတ်မဟာပညာကျော်သို့မီးသည်။ ထိုအခါ မဟာပညာကျော်
    လျှောက်ထားသည်ကား-
    အသျှင်မင်းမြတ်။ စည်းချောင်းစားသတိုးအောင်သည် သူတော်ကောင်းကိုသိနိုင်မည့် ပညာဟိအံ့မထင်ပါ။
    ရှိသူတော်ကောင်းရို့စကားတွင် အမှုတကာကို ယုတ္တိယုတ္တာနှိုင်းညှိမသိတတ်သူအား မနူဿဗာလသူမိုက်၊
    သူမိုက်အင်္ဂါလေးပါးဟိကြောင်း၊ လေးပါးဟူရာ၌- မေထုန်မှီဝဲခြင်း၊ အိပ်စက်ခြင်း၊ ၀စ္စာစားခြင်း၊
    သက်မွီးဥစ္စာရှာဖွေခြင်း။ ထိုအကြောင်းမျှနှင့်ရာ နီလေ့ဟိသူသည်သူမိုက်။ ထိုသူမိုက်ရို့သည် အစားမတတ် အ၀စား၊
    ခရီးမသိ အရောက်လား၊ စကားမတတ် စရိုက်ပြော၊ ကျိုးပြစ်မသိ ဆိုမိဆိုရာဆိုတတ်ပါသည်။ ယင်းသို့
    ထုံးဟောင်းစကားဟိပါသည်။ စည်းချောင်းစားအမတ်သတိုးအောင်သည်လည်း၊ ပညာဟိထံ ဆည်းကပ်သည်မဟိ။
    သူယုတ်ရို့နှင့်ရောနှောပေါင်းသင်း၊ သားငါးထိုးသတ် သောက်စားမူးယစ်၊ ပျော်ရွှင်မှုများပြုလျှက် နီလေ့ဟိသူရာ
    ဖြစ်ပါသည်။
    စည်းချောင်းစားတွိခသောသူသည် စည်းချောင်းစားနှင့်တူသောသူရာ ဖြစ်တန်ရာပါသည်။ လျှောက်လတ်သော်
    မင်းကြီးမည်သို့မဆိုနီတော်မူသည်။ ထိုမှများမကြာမီ ၎င်းင်းသူသည် အမရာတောင်ထိပ်၌ဟိသော ဓါတ်တော်ဇာတီကို
    တူးဖြိုသည်။ ထို၌ ရှိမင်းရို့ဌာပနာခသော ရွှေငွေရို့ကိုအကုန်ယူ၍ ထွက်ပြီးကြောင်းသိ၍ ရိုးကျွန်းသားရို့လည်း
    ထိုသူကိုဆောင်ယူခပြီး ရွှေငွေများနှင့်အတူ မင်းကြီးထံပီးဆက်ကြသည်။ ထိုအခါ အမတ်ကြီးက
    မင်းထံလျှောက်လျှောက်ထားပြန်သည်ကား-
    အသျှင်မင်းမြတ်။ တရားကျမ်းဂန်လာသည်မှာ ဗုဒ္ဓါ ကုစ္ဆေန၊ ဓမ္ဓာ ကုစ္ဆန၊ သံဃာ ကုစ္ဆန။ ထိုသုံးပါးသော
    ရတနာမြတ်ရို့အား ပြစ်မှားသောသူသည် အပြစ်သံသရာဝဋ် လေးစွာခံရမည့်သူဖြစ်ပါသည်။ ထိုသူယုတ်မာအား
    သူတော်ကောင်းရို့ ယှောင်ယှားအပ်ကြောင်း ကျမ်းဂန်လာပါသည်။ ယခုအမှု၌ သူယုတ်မာ
    သူတော်ကောင်းထင်မှတ်ပြီး ရိုးကျွန်းသားရို့ ဆည်းကပ်ပေါင်းဖက်ကြသည်ကြောင့် ရှိမင်းရို့ကောင်းမှုပျက်စီးခြင်း
    ဖြစ်ရပါသည်။ သျှင်ယောင်ပြုသူနှင့် ရိုးကျွန်းသားရို့မှာ သူခိုးနှင့်လက်ခံသူအလား လောကပမာတူဖြစ်ပါသည်။
    သင်းရို့နှစ်ဦးလုံးပင် သံသရာ၌အပြစ်ထိုက်ရာသည်။ ဤအရာတွင် ဆရာပြုသူဖျက်ဆီး၍ ပျက်လီသော
    ဓါတ်တော်ဇာတီကို အထက်နည်းတူ ကောင်းမွန်သပ္ပါယ်လီအောင် ထိုသျှင်ယောင်ယူလာသော ရွှေငွေဌာပနာများကို
    ထည့်မြဲထည့်၍ ရိုးကျွန်းသားရို့ကို တည်လုပ်စီရပါမည်။ ထိုဓါတ်တော်ဇာတီ ပြီးစီးမြောက်လတ်အောင်လည်း
    အမတ်စည်းချောင်းစားက ကြီးကြပ်ရပါမည်။ ထိုပုဂံသားသျှင်ယောင်ကို အများသိစိမ့်သောငှာစာထိုး၍ မိမိနီရပ်သို့
    နှင်ထုတ်လိုက်ရပါမည်- လျှောက်လတ်သော် ပြည့်သျှင်မင်ကြီးလည်းကြိုက်တော်မူ၍ အမတ်ကြီး
    လျှောက်တင်သည့်အတိုင်း အသီးသီးစီရင်သည်။ စည်းချောင်းစားသတိုးအောင်လည်း နောက်နောင်မတော်သမျှ
    အမတ်ကြီးဆုံးမတော်မူပါ ၀န်ချပြီး ၀တ်စုံတန်ဆာနှင့် ကန်တော့သည်။
    လျှောက်ထုံးအမှတ် (၄၂)
    ကုလားမျာလီ မီးချောင်းစားအရာတောင်းခြင်းနှင့် မိဖုရားကြီးလာဘ်စားမှုလျှောက်ထုံး။
    တရံရောအခါ၌ မီးချောင်းစားသီလွန်သည်။ ထိုမီးချောင်းစားအရာကို ခေါင်းထုပ်ကျွန်းနီ ကုလားမျာလီက
    သပြာတထောင်ပီးပြီး၊ မိဖုရားကြီးထံတောင်းခံသည်။ မိဖုရားကြီးလည်း သပြာတထောင်ယူပြီး၊
    မင်းကြီးထံလျှောက်သည်။ ထိုအခါမင်းကြီး အမိန့်တော်ဟိသည်ကား- “နံက်မင်းပွဲခံရာ၌ ကုလားမျာလီကို
    လျှောက်စီလော့” ထိုသို့အမိန့်တော်ဟိသည်ကြောင့် ကုလားမျာလီသည် နံနက်မင်းပွဲခံရာ
    အသျှင်မင်းမြတ်။ ရခိုင်နှင့်ကုလားသည် လူချင်းသာတူသည်။ စိတ်ချင်းမတူပါ။ ရခိုင်ရို့ မိရိုးဖလာအယူအကျင့်မှာ
    ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြတ်ပြု၍ ကိုးကွယ်ဆည်းကပ်ကြပါသည်။ သို့ဖြင့် သာသနာတော်
    အရှည်ဆက်ပြီး မပျက်မစီးတည်တံ့လာခပါသည်။ ယင်းသို့ ရခိုင်နှင်ကုလား အယူမတူချေ။ ကုလားရို့သည်
    ရုပ်ပွားဆင်းတု၊ ဓါတ်တော်မွီတော်များကို အဉ္စလီ-လက်အုပ်ချီမိအံ့၊ လက်ကိုဖြတ်၍ပစ်စီ၊ ယင်းသို့
    ကုလားဘုရားအမှာ ကျမ်းဂန်ဟိသည်ဆိုသောအယူနှင့် နီသူများဖြစ်ပါသည်။ ရခိုင်ရို့ မင်းကျင့်ဝတ်
    သင်္ဂဟတရားလေးပါး၌လည်း မြတ်စွာဘုရားအယူတော်ကို ပြည်သူရို့အားညွှန်ပြဆုံးမတတ်မှ
    မင်းကောင်းမင်းမြတ်ဟူ၍ ရခိုင်ရို့ဘုရားဗုဒ္ဓဘာသာကျမ်းဂန်လာပါသည်။ ကုလားနီရပ်ကျေးရွာမှာ
    ရခိုင်ကိုမှူးမတ်တင်လျှင် ကုလားအယူကွယ်၍ ရခိုင်အယူသို့ရောက်အောင် သွေးဆောင်ပါသမျှသည်
    မင်းမှူးမင်းမတ်၌ အကျိုးလိုရာရောက်ပါသည်။ မင်း၌လည်း သင်္ဂဟတရားတည်ပါသည်။ ယင်းသို့မဟုတ်
    ရခိုင်ရို့မြို့ကျေးရွာများမှာ ကုလားကိုမှူးမတ်ထားလတ်သော် ကုလားအယူသို့ပါအောင် သွေးဆောင်ပြုလီရာ ရခိုင်မှာ
    ဗုဒ္ဓဘာသာတရားကွယ်လွတ်၍ ကုလားအကျင့်အယူသို့ပါလတ်သော် ပြည်သူအားသနားခြင်းမဟိ၊
    ထိုမင်းအစိုးရသောတိုင်းနိုင်ငံ၌ မိုးမမှန်၊ အသီးအပွင့်မညီ၊ အရသာမဟိ၊ ဥတုရာသီမဖြောင့်၊
    ဓါတ်လေးပါးခြောက်ခြားကြောင်း ရှိပညာဟိရို့ အမှာဟိပါသည်။ မျာလီကို ကျေးစားရွာစားပီးတော်မူလိုလျှင်
    တိုင်းပြည်တော်အတွင်း ကုလားမြို့ရွာအများဟိပါသည်။ မိမိရို့အကျင့်အမူ တူရာသဘာဝချင်းညီသော
    ကျေးရွာများကိုရာ ကျေးစားရွာစားပီးရပါမည်။ အသျှင်မိဖုရားလည်း သိက္ခာတော်ခုနှစ်ပါးစသော သာဓုနရတရားကို
    လွှတ်တော်မမူသင့်ပါ။ လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးကလည်း မိဖုရားကြီးသည် တခါတရားလွတ်ချေသည်။
    အမတ်ကြီးက အကျိုးအကြောင်းပြသ၍ဆုံးမလျှောက်ထားရမည်။ အမိန့်တော်ဟိသည်။ မိဖုရားကြီးလည်း
    ရှက်ခြင်းကြီးစွာဖြင့် ကုလားမျာလီသို့ ငွေသပြာတထောင်ပြန်ပီးပြီးလျှင် အမတ်ကြီးကိုခေါ်စီသည်။
    အမတ်ကြီးရောက်လတ်သော် နောက်နောင်မလျှော်သမျှ သမီးအမှတ်ထား၍ဆုံးမပါ။ အမိန့်တော်ဟိပြီးသော်
    အမတ်ကြီးသို့ ၀တ်စုံတန်ဆာ ဆုပီးတော်မူသည်။
    လျှောက်ထုံးအမှတ် (၄၃)
    မိမ္မတဦး၏သန္မေသျှင်ယိုးစွပ်မှုဖြတ်ထုံး။
    တရံသောအခါ၌ တောနီရဟန်းတဦးကို မိမ္မတယောက်သည် နိစဉ်မပျက်ဆွမ်းပို့လှူသည်။ ထိုမိမ္မသည်
    ဆွမ်းပို့ထားပြီး၊ ကျောင်းခြံစည်းရိုးပြင်ဘက်ဟိ သစ်ပင်အောက်တွင် အမြဲအိပ်လျှက်နီပြီးမှ အိမ်သို့ ပြန်လာလေ့
    ဟိသည်။ ကာလအတန်ကြာလတ်သောအခါ ထိုမိမ္မ၌ပဋိသန္ဓေဟိသည်။ ထိုမိမ္မလည်း အရှက်ရအခက်ဝကံလီရကား၊
    နီးရာဖမ်းဆွဲရလီတော့သည်။ သန္ဓေသျှင်အဖြစ် ရဟန်းကိုပင် စွဲစွပ်သည်။ တောန်ီရဟန်းကလည်း မဟုတ်မမှန်
    မှားယွင်းကြောင်းငြင်းဆိုသည်။ သို့နှင့် အမှုမှာ အောက်ခြီတွင်မပြီးနိုင်ဘဲ ပြည့်သျှင်မင်းကြီးသို့တိုင်
    ရောက်လာသည်။ မင်းကြီးလည်း အမှုကို အမတ်မဟာပညာကျော်သို့အပ်သည်။ ထိုအခါ
    အမတ်ကြီးစီရင်သောထုံးမူကား-
    မိမ္မရို့တွင် ပဒုမနီ၊ စိတ္တရနီ၊ သင်္ခါရနီ၊ ဟတ္တရနီဟူ၍ လေးမျိုးဟိသည်။ ထိုလေးမျိုး၌ ဟတ္တရနီ၊ စိတ္တရနီ၊
    မိမ္မနှစ်မျိုးသည် ဒွေဣတ္တိဇဂကုလဲ- ယုတ်သောမိမ္မမျိုးဖြစ်သည်။ ဟတ္တရနီ ကုလယက္ခဇာတကံ၊ စိတ္တရနီ
    ကုလဗျဂ္ဃဟီနံဟူ၍ ရှိပညာဟိရို့ အမှာဟိသည်။ ဟတ္တရနီမိမ္မသော်ကား- ယက္ခာ- ဘီလူးစိတ်နှင့်တူ၍
    အစားလွန်၏။ စိတ္တနီမိမ္မသော်ကား ဗျဂ္ဃာကျားစိတ်နှင့်တူ၍ အအိပ်လွန်၏။ ယင်းသို့လောကီ ကျမ်းဂန်လာသည်။
    ဤမိမ္မသော်ကား စိတ္တရနီလက္ခဏာပင်ရှိချေသည်။ အအိပ်လွန်ရာသောအကြောင်းဟိမည်။ ဥာဏ်ဖြင့်
    အမတ်ကြီးဆင်ခြင်သည်။ အမှုကိုလည်း ပြီးအောင်စီရင်မည်။ ဆွမ်းကိုလည်း ပို့မြဲပို့စီဆို၍ မိမ္မဆွမ်းမပြတ်ပို့သည်။
    ဆွမ်းပို့ပြီးသော် ယခင်နီရာ၌ပင် အိပ်မြဲအိပ်၍ နီပြန်သည်။
    အမတ်ကြီးသည် ထိုမိမ္မဆွမ်းပို့ရာနောက်သို့လိုက်ပြီး အထောက်တော်များကို လျှို့ဝှက်ထောက်လှမ်းစီသည်။
    အထောက်တော်ဖြစ်သူလည်း ထိုမိမ္မနောက်မှလိုက်၍ လျှို့ဝှက်ကြည့်ရှုသည်။ ထိုအခါ ဆွမ်းပို့အပြီး
    သစ်ပင်အောက်၌ အိပ်လျှက်ဟိသောမိမ္မအား ထိုသစ်ပင်ပေါ်၌နီသော မျောက်ထီးကြီးသည် ဆင်းလာခပြီး၊
    စပ်ရှက်မှုပြုသည်ကို မျက်ဝါးထင်ထင်တွိမြင်ရသည်။ ထိုအထောက်တော်သည် မိမိတွိမြင်ခရသည့်အဖြစ်ကို
    အမတ်ကြီးသို့ တင်ပြလျှောက်ထားသည်။ အမတ်ကြီးသည် ထိုမိမ္မအားခေါ်စီပြီး ရောက်လာသောအခါ
    အမတ်ကြီးက “ဟဲ့ မိမ္မ ကျောင်းကဆွမ်းပို့၍အပြန် နင်အိပ်နီသောသစ်ပင်ထက်၌ နင့်လင်ဟိသည်။ မွီးသောအခါ
    မျက်နှာတွင်အမွီးပေါက်၍ မျောက်ခေါင်းကဲ့သို့ပါလိမ့်မည်ဆို၍ ထိုမိမ္မကိုပြန်စီသည်။ သန္ဓေလစိ၍ဖွားသော်
    သူငယ်မှာခေါင်းမှာ မျောက်ခေါင်း၊ ခြီလက်မှာ လူ့ခြီလူ့လက်၊ ဖွားမြင်သည်။ ထိုအကြောင်းကို
    ပြည့်သျှင်မင်းကြီးကြားသိတော်မူလတ်သော် အမတ်ကြီးသို့ တရားဆု သပြာတထောင်ပီးတော်မူသည်။
    ထိုတောနီရဟန်းအားလည်း ပစ္စည်းလေးပါးဒါယကာ ပြည့်သျှင်မင်းကြီးခံတော်မူသည်။
    လျှောက်ထုံးအမှတ် (၄၄)
    ယိုးဒယားအမတ်ဟောင်း ကံသာမြို့စားအား ချီမျြောက်ကယ်မသည့်လျှောက်ထုံး။
    တရံရောအခါ ပဲခူးမင်းကျော်ထင်နော်ရထာသည် ယိုးဒယားမြို့ကို လားရောက်တိုက်ခိုက်သည်။ ယိုးဒယားမင်း
    ဗျာသာတိရာဇာ၏အမတ် ဘွန်စောမှိုင်းသည် လက်လွတ်ထွက်ပြီးရသည်။ အမတ်ဘွန်စောမှိုင်းသည် မြောက်ဦးမြို့
    မင်းဖလောင်းကြီးခြီတော်ရင်းသို့ ရောက်ဟိခိုလှုံသည်။ ပြည့်သျှင်မင်းကြီးသည် အမတ်ဘွန်စောမှိုင်းအား
    အ၀တ်အစားနီအိမ်များပီးပြီး၊ အမတ်မဟာပညာတော်နှင့်အတူ ထွက်ဝင်ခစားစီ။ အမိန့်ဟိသည်။ ထိုမှ
    နောက်ငါးလခန့်ကြာလတ်သော် ယိုးဒယားအမတ် ဘွန်စောမှိုင်းအရည်အချင်းကို အမတ်ကြီးသိဟိလီရာ-
    လျှောက်ထားသောထုံးမူကား-
    အသျှင်မင်းမြတ်။ ယိုးဒယားအမတ်ဘွန်စောမှိုင်းသည် လက်ရုံးရည်ထက် နှလုံးရည်ကောင်းဟိသူဖြစ်သည်။
    မောဟတရားအားကြီးသူ မဟုတ်ပါ။ မူးမတ်ကောင်းရို့ လက္ခဏာဟိအင်္ဂါစုံသော မင်းသုံးရန်လိမ္မာသောဥာဏ်ဟိသူ
    ဖြစ်ပါသည်။ လျှောက်လတ်သော် ပြည့်သျှင်မင်းကလည်း ထိုသူ့နှလုံးရည်ကို ငါလည်းသိတော်မူပြီးဖြစ်သည်။
    အမိန့်တော်ဟိ၍ အမတ်ဒါကာစားသမီးကိုယ်လုပ်တော်မင်းညိုကိုထုတ်၍ ပီးမြားတော်မူပြီး၊ ကံသာမြို့ကိုလည်း
    စားစီတော်မူသည်။ တနှစ်ခန့်ဟိသောအခါတွင် ကံသာမြို့မြောက်ဘက် တလခရီးတွင်ဟိသော ကပ္ပိရုပီမြို့မင်းကို
    ယဉ်ကျေးအောင် နှလုံးရည်ဖြင့်ဖြည်ဖြောင်း၍ ကံသာမြို့စားဘွန်စောမှိုင်းနှင့် မိတ်ဆွီဖြစ်ကြသည်။
    ကပ္ပိရုပီမင်းမာရသွန်သည် သမီးနာလိမလ္လာကိုဆက်သွင်း၍ ဒါးမကျိုး၊ လှံမကျိုးပဲ ကပ္ပိရုပီမင်းခြီသော်ရင်းသို့
    တနိသောအခါ ပဲခူးမင်းကျော်ထင်နော်ရထာကစေဟန်နှင့် လူနှစ်ယောက်သည် ကျိမ်တလီလမ်းကလာကြသည်။
    တောင်ခွင်စားကခေါ်ချေသော်- အတွိမခံ၊ စာကိုပစ်ချခပြီး ထွက်ပြီးသည်။ တောင်ခွင်စားသည် ထိုစာကိုယူခပြီး
    ပြည့်သျှင်မင်းထံဆက်သသည်။ ထိုစာကိုထည့်သော စာထုပ်တံဆိပ်လက်မှတ်ကိုကြည့်ပြီး ဖွင့်ဖြီ၍ကြည့်ရှုရာ
    စာတွင်ပါသည်ကား-
    အမတ်ဘွန်စောမှိုင်းသည် ကျေးဇူးသစ္စာကိုစောင့်သိရိုသေစွာ အမှုတော်ထမ်းဆောင်၍ ရက္ခပူရတိုင်းကို
    အလိုတော်ပြည့်လျှင် ပိတ်ခလုံမြို့စားသနားတော်ခံစိမ့်မည်။ မင်းရို့စကား ဆင်စွယ်ပမာဖောက်ပြန်ခြင်းမဟိ
    ပကတိထားတော်မူ၍ ရက္ခပူရတိုင်းသို့ စေတော်မူလိုက်သည်။ သုံးနှစ်ကျော်ဟိပြီ၊ မည်သို့အကြောင်းအရာ
    မည်သည့်ရက်လချီသော်မူကား အရေးတော်ကုန်မည်။ ထိုပြည်၌ မူးမတ်မြို့စား မည်သူရို့နှင့်
    ပေါင်းဖက်ညီညွတ်မိသည်များကို နှလုံးရည်ပြည့်ဝသည့်အတိုင်း စေလူရောက်ချိန်သင့်လျှက် မရောက်မလာသည်မှာ
    မပေါက်မရောက်မစေသာ၍ရာ ကြာသည်။ ယိုးဒယားမင်းအမတ်ဖြစ်သော်လည်း၊ မှူးကောင်းမတ်ကောင်းရို့
    အင်္ဂါပည့်စုံသူဖြစ်၍ ပညာအလျှောက် ယုံကြည်စေသုံးတော်မူသည်။ အမှုကိုဥာဏ်ဖြင့်ကြံပြီးသော်
    မှာတော်မူရင်းအမှုစကားရောက်အောင်လျှောက်တင်စေလွှတ်မှ ပညာဟိအင်္ဂါမြောက်မည်။ ယင်းသို့
    စာတွင်ပါလာသည်ကို ကြားတော်မူလီရာ အမတ်ကြီ မဟာပညာကျော်ပြည့်သျှင်မင်းထံလျှောက်ထုံးမူကား-
    အသျှင်မင်းမြတ်။ မင်းနှင့်အမတ်ရို့၌ ၀င်္ကတရိတေဒ- ကြံနည်းဖြင့် ကြံရာသောအကြောင်းသည်လည်း
    ဥပ္ပကပ်ဥာဏ်- ဥပါယ်တမည်ဖြင့်စဉ်းလဲ၍ အမှာအတာ စကားရောက်ပေါက်ဟိသည်ဟူလျှက် တိုင်းပြည်၌ဟိသော
    မလိုသူရို့ကိုသီစီကြောင်း စကားအမှာအထားစာပီးချ၍ကြံခြင်း။ ပယောဂဥာဏ်ဖြင့် အင်းမန္တာန်၊ ဆီးဝါး၊ ယတြာပြု၍
    ထိုသူအား သီစီမှုကြံခြင်း ထိုသို့နှစ်မျိုးဟိပါသည်။ တကြောင်းမူလည်း- အကြည်တော်
    ကျော်ထင်နော်ရထာမင်းသည် တပါးနိုင်ငံ၌ မင်းပြုလျှက် စစ်မက်အလိုကြီးစွာ သတ္တ၀ါအပေါင်း သီကြီပျောက်ဆုံး
    လက်ရုံးမာနထောင်လွှား၊ မတရားအကျင့်အကြံ၊ ဘုရားစသောသူတော်ကောင်းရို့ မနှစ်လိုသော
    အယူနှင့်နီလတ်သော် ထိုမင်းအား မိမိတိုင်းသူပြည်သားရို့ကလည်းကောင်း အခြားတိုင်းတပါးသားရို့ကသော်
    လည်းကောင်း၊ ငြိုငြင်ကြ၍ပျက်ဆီးစီလိုခြင်းဟိ၍ နှလုံးဖြင့်ဖန်လီသောဥာဏ်။ “ဉခံထဲခဲပစ်” ပြုသော
    အကြောင်းလည်း ဟိရာပါသည်။ ယင်းသို့သော အကြောင်းတခုနှင့် စာသာဖြစ်ပါသည်။ ကံသာမြို့စားဘွန်စောမှိုင်း
    ကျေးဇူးသစ္စာတော်ကို ဖောက်ပြန်စဉ်းလဲသဖြင့် ထိုစာတွင်ပါသည့်အတိုင်း ကျင့်ကြံဝင်ရောက်လာသူမဟုတ်ပါ။
    လျှောက်လတ်သော်- ပြည့်သျှင်မင်းကြီးလည်းကြိုက်တော်မူ၍ ကန်သာမြို့စားအမတ်ဘွန်စောမှိုင်းကိုခေါ်၍မျှပင်
    မီးတော်မမူ “သ္မိသံ” ဟူသော အမည်ကိုထပ်၍ ပီးပို့သနားတော်မူသည်။
    လျှောက်ထုံးအမှတ် (၄၅)
    ငယ်ကျွန်ငလုံးတင် အမ်းမြို့စားတောင်းရာလျှောက်ထုံး။
    တရံရောအခါ အမ်းစားချစ်သူသီလွန်၍ ပြည့်သျှင်မင်းငယ်ကျွန်ငလုံးတင်က အမ်းစားအရာကို
    မင်းထံလျှောက်တောင်းသည်။ ပြည့်သျှင်မင်းက အမတ်ကြီးမဟာပညာကျော်ကိုဆိုချေတော့ အမိန့်တော်ဟိလီရာ
    ငလုံးတင်လည်း အမတ်ကြီးထံလာ၍ အကြောင်းကိုဆိုလာသည်။ အမတ်ကြီးက ယခုစားနီသော
    ခွန်သေရသင်္ဘောကင်းသာကောင်းသည်။ အမ်းစားအရာနှင့်မတော်- ယင်းသို့ဆိုလိုက်သည်ကို ငလုံးတင်မနီ၊
    ငယ်ကျွန်ဖြစ်သောဂုဏ်ကိုကိုးစားလျှက် နံနက်မင်းပွဲခံသောအခါ လျှောက်ပြန်သည်။ ပြည့်သျှင်မင်းက အမတ်ကြီးကို
    မီးတော်မူရာ အမတ်ကြီးလျှောက်သည်ကား-
    အသျှင်မင်းမြတ်။ ရီမြီကိုအစိုးရသောမင်းရို့၌ အနီးအ၀ီးမရွီးသာ၊ ပြည်ကျိုးမင်းကျိုး နှစ်မျိုးသိတတ်သူအား
    မင်းနီးပါး၌လည်းကောင်း၊ အ၀ီးကျေးရွာစားပီးရာ၌ လည်းကောင်း၊ ပြည်ကျက်သရေဟိ၍ ပြည့်သျှင်မင်း၌ ပစ္စုပ္ပန်
    သံသရာနှစ်ဖြာသော အကျိုးဟိလှသည်ပင်ဖြစ်သည်။ မလိမ္မာသောသူရို့ ကျိုးပြစ်မသိ၊ မိမိစိတ်ကြိုက်
    မင်းလိုလိုက်သည်ဟူလျှက် ပြည်သူရို့ထံ၊ ထုပ်ခွန်ဘဏ္ဍာများစွာယူငင်၊ ပြည့်သျှင်နှလုံးသင့်စီရန် ချီမြှင့်ပီးကမ်းခြင်း
    ပြုလီက ပြည်ရွာမသာယာ၊ သတ္တ၀ါပင်ပန်းချေက ထိုသူကြောင့် မင်းအပါယ်လားရာသည်။ တကြောင်းမူလည်း
    သူတယောက်ကိုသဒ္ဒါတော်မူ၍ တိုင်းပြည်မြို့ရွာ၊ ပြည်သူရွာသားအပျက်မခံကောင်းပါ။ ငယ်ကျွန်တော်
    ငလုံးတင်သည် ပညာဟိနှင့်ပေါင်းဖက်ခြင်းမဟိ၊ ကြက်တိုက်အန်ခတ်၊ စောင်းငြင်းပတ္တလား၊
    သောက်စားပျော်ရွှင်မှုနှင့်သာ နီမိနီရာ၊ ဆိုမိဆိုရာ ပညာမဟိပါ။ ထိုသူအား တမြို့တရွာစားချေသော် မြို့ရွာပျက်၍
    သတ္တ၀ါပင်ပန်းခြင်းသို့ ရောက်မည်အမှန်ဖြစ်ပါသည်။ အပါးတော်တွင်ရာ ၀မ်းစာဝရုံပီးလျှက် ထားသင့်ပါသည်။
    လျှောက်လတ်သော် ပြည့်သျှင်မင်းလည်းကြိုက်တော်မူ၍ ငလုံးတင်ကို စားမြဲသင်္ဘောကင်းနှင့်သာ
    ထားတော်မူသည်။ အမ်းစားနီရာကိုမူကား ကံသာမြို့စားသ္မီသံ၏ညီ ဗြဲကွန်ဆိုင်ကို ဗြသမွန်အမည်နှင့်
    မြို့စားပီးတော်မူသည်။
    လျှောက်ထုံးအမှတ် (၄၆)
    ထားဝယ်သား တထောင်ခန့်ခိုဝင်လာရာလျှောက်ထုံး။
    တရံရောအခါ ထားဝယ်စား အလောမှုတတ်ညွန့်သည်ယောက်ျား၊ မိမ္မလူပေါင်းတထောင်မျှနှင့် ၀င်ရောက်လာသည်။
    ထိုသောအခါအမတ်ကြီး မဟာပညာကျော်လျှောက်ထားသည်ကား-
    အသျှင်မင်းမြတ်။ တတ်ညွန့်ရို့သည် ရှိဘီးတော်များလက်ထက် မရိမ်ချောင်းနီ မြုံကိုးခေါင်းအမျိုးသားရို့
    ငြိမ်သက်စွာမနီ၊ မြို့ရွာကိုတိုက်ဖျက်၊ လုယက်ဆိုးသွမ်းယုတ်ကြမ်းသောအကျင့်ကြောင့် ထိုအရပ်က
    သင်းရို့ကိုခေါ်၍ ဘီတော်ဒသရာဇာမင်းက မာန်အောင်ကျွန်းတွင် ချထားတော်မူရာ တနှစ်ခန့်ဟိသောအခါတွင်
    ထွက်လားလီ၍ ယိုးဒယားနှင့် ပဲခူးနှစ်ပြည်အကြားတွင်နီလီရာ မြုံကိုထားဝယ်တွင်သည်။ ယင်းရို့နှင့်တူသော
    ဇာတိရင်းဥပမာသော်ကား- တော၌ကြီးပြင်းသောသတ္တ၀ါကို၊ လူယူ၍မွီးထားလတ်သော်
    တပါးသောအကောင်ဖြစ်လျှင် ယဉ်ကျေးပျော်ပိုက်ကြသည်ပင်၊ တောကြက်အမျိုးသည်ကား လုံစွာထားမှနီပါသည်။
    မလုံလွတ်ချေမူ တောသို့သာလားသည်။
    ထို့အတူ မြုံ၊ ထားဝယ်၊ ပသျှုး၊ လေးတူး၊ ချင်း၊ လင်းကဲ၊ ကချင် အမျိုးသားရို့သည် တောကြက်နှင့်တူပါသည်။
    တိုက်ယူလုယက်စားသောက်မပြုရသော် အရှည်နီမည့်လူမျိုးမဟုတ်ပါ။ လူနီမြို့ရွာအနီးအပါးထားချေမူ
    သင်းရို့သွေးဆောင်ရာပါ၍ လူဆိုးကြောင့် လူကောင်းပျက်တတ်ပါသည်။ သင်းရို့ချည်းတစုတည်း
    အုန်းကျွန်းမှာချထား၍ အုန်းသီးဘဏ္ဍာကိုရာ သင်းရို့က နှစ်စဉ်ဆက်သွင်းစီရမည်။ လျှောက်လတ်သော်
    ပြည့်သျှင်မင်းကြီးလည်း ကြိုက်တော်မူသည်။ မြုံ၊ ထားဝယ်ရို့ကို အုန်းကျွန်းမှာချထားသည်။
    လျှောက်ထုံးအမှတ် (၄၇)
    ခမည်းတော်နန်းဟောင်းရာ ဖျက်သင့်မဖျက်သင့်လျှောက်ထုံး။
    အခါတပါး၌ ဒါဂါမြို့စားထံသို့ ကုလားသူဌီးအစလင်ဆိုသူ ရောက်လာသည်။ ထိုသူဌီးသည် အထက်မင်းပါကြီးသည်
    ကုလားဘင်္ဂါတဆယ့် နှစ်မြို့ရို့ကိုသိမ်းယူစဉ် ဒါဂါမြို့၌ နန်းတော်ဆောက်လုပ်စံတော်မူခသော မြီနီရာဟောင်းတွင်
    တိုက်ဆောက်လိုသည်။ သို့ကြောင့် ဒါဂါစားသို့ ရွှေသပြာတထောင်ပီးပြီး ထိုမြီကို ရလိုကြောင်းပြောသည်။
    ဒါဂါစားက ဘုရားခမည်းတော်စံခသော နန်းတော်နီရာဖြစ်သည်။ နီတော်မဆိုဝံ့သိမ့်၊ သူဌီးရွှေသပြာတထောင်ကို
    မင်းကြီးထံဆက်သ၍ လျှောက်တင်ဦးမည်။ ယင်းသို့ဆိုပြီး ပြည့်သျှင်မင်းကြီးထံလျှောက်ထားလာသည်။
    မင်းကြီးကားမည်သို့မျှမဆို၊ မဟာပညာကျော်သို့ရာ ကြည့်တော်မူသည်။ ထိုသောအခါအမတ်ကြီး
    လျှောက်ထုံးသော်ကား-
    အသျှင်မင်းမြတ်။ ရှိကာလ၌ ၀ါသုဒေ၀မင်းသည် အယုဇ္ဈပူရတိုင်း ဒွါရာပတိမြို့တွင်မင်းပြုသည်။ ဇဗ္ဗူဒီပါ
    တကျွန်းလုံးကိုလည်း အုပ်စိုးတော်မူရသည်။ သို့ဖြစ်လျှက် ထိုမင်းပျက်ချိန်နီးလတ်သော် အမျိုးမစောင့်၊
    မင်္ဂလာတရား လွတ်လီသောကြောင့် ထိုမင်း သီခြင်းမလှသီရသည်။ ဝေသာလီမြို့တွင်လည်း ဗြဟ္မဏရာဇာမင်း၏
    အနွယ်တော်ခြောက်ဆက် နောက်သရဘန်မင်း၏အနွယ် တဆယ့်ခြောက်ဆက်အဆုံး ဗြဟ္မသိဒ္ဓိမင်းသည်
    ပျက်ချိန်နီးလတ်သော် မိဘဘိုးဘီးအသုံးအဆောင်ကိုဖျက်၍ ရှိမင်းရို့ အလားအနီအစား အပြောမတူ၊
    ရှိထုံးလွတ်သောကြောင့် ကပ်ဥပါဒ်ဆိုက်ရောက်ပျက်စီးဘူးပါသည်။
    ဓည၀တီမြို့တည် မာရယူမင်းအနွယ် ငါးဆယ့်လေးဆက်အဆုံး၊ မင်းငယ်ပျော်လှစည်သူသည်
    ကျိုးပြစ်မသိတတ်သော သူယုတ်မာရို့စကားကိုနာ၍ ဘီးတော်ဘိုးတော် ခမည်းတော်ရို့အားပြစ်မှားလျှက်
    ကန်သုံးဆင့်မြို့ဟူ၍ တည်ပြီးသော် ရှိမင်းရို့လုပ်ခသော အခမ်းအနား၊ ဘုရား၊ ပုထိုး၊ ဂူကျောင်း၊
    ဇရပ်များကိုဖျက်ဆီး၍ အမတ်မိုက်ရို့နှင့် ပေါင်းဖက်ပျော်ပါးနီသည်။ အမျိုးမစောင့် တရားမဟိလီခြင်းကြောင့်
    ပြည်သူရို့ငြိုငြင်ခြင်းဟိလတ်သောအခါ အမတ်သုံးယောက်ပုန်စား၍ ထိုမင်းလွန်ရသည်။ တိုင်းပြည်ကို ပုန်စားသူ
    အမတ်သုံးယောက်ရို့ အုပ်စိုးကြသည်။
    လူရို့၌ မိကြီးဘကြီးရို့လုပ်ဆောင်ထားခသော အခမ်းအနား၊ အဆောက်အဦးရို့ကို မဖျက်ကောင်းလှပါ။
    ဖျက်ဆီးချေသော် အကျိုးမဟိ။ အပြစ်သာရောက်ပါကြောင်း ထုံးဟောင်းသက်သီဟိပါသည်။ ထိုသို့ အမတ်ကြီး
    လျှောက်လတ်သော် ပြည့်သျှင်မင်းကြီး အမိန့်တော်ဟိသည်ကား-
    ခမည်းတော်ဘုရား ကုလားပြည်ကိုချီတော်မူသောကာလ စံတော်မူခသောစခန်း၊ နန်းတော်ရာများတွင်
    ကျေးရွာချထားတော်မူခသည့်အတိုင်း မပျက်စီရ။ ကြီးကျယ်အောင်ကိုရာပြုစီ။ စစ်တကောင်း၊ ဒါဂါမြို့များတွင်
    တည်ထားခသည့် မြို့နန်းများကိုလည်းမပျက်မစီးစီရ။ ကောင်းမွန်စွာ အစောင့်အနီနှင့်ထားစီ။ ယင်းသို့
    အမိန့်တော်ထားပညတ်တော်မူပြီး၊ ဒါဂါစားဆက်သောရွှေသပြာတထောင်ကိုလည်း ပြန်ပီးတော်မူသည်။
    ဒါဂါစားကလည်း ထိုရွှေကို သူဌီးကြီးသို့ပြန်ပီးပြီး၊ အဓွန့်ရှည်တည်တန့်အောင် နန်းတော်ရာတွင်
    ကျောက်မော်ကွန်းတိုင် စိုက်ထားသည်။
    လျှောက်ထုံးအမှတ် (၄၈)
    ပြင်မြို့ဟောင်း ဖျက်သင့်မဖျက်သင့်လျှောက်ထုံး။
    တရံရောအခါ ပဲခူးမင်းကျော်ထင်နော်ရထာချီလာသည်ဟု ကြားလတ်သော် ပြည့်သျှင်မင်းဖလောင်းကြီးသည်
    ပြင်မြို့ကြီးကို ကောင်းမွန်ခိုင်ခန့်အောင်ပြုလုပ်စီသည်။ တန်းခါး၊ ပြအိုး၊ ကျုံး၊ မြောင်းများကိုလည်းပြုလုပ်ရမည်ဟု
    အမိန့်တော်ဟိသည်။ လုပ်ဆောင်ကြသောအခါ၌ လက်ဆီးကန်နှင့်အိုင်ရို့အကြား မြို့တထပ်ဆီးကာလျှက်
    လုပ်ရသည်။ ကျောက်အုတ်မလုံမလောက်ဟိသည်။ ပြည့်သျှင်မင်းကြီးက ပန်းဈီးမြောင်းဖျား တောင်ဘက်၌
    မြို့နှစ်ထပ်ဟိသည်မှာ ပြင်မြို့သည် ရီကာလုပ်ဆောင်ထားခသော အရာသာဖြစ်သည်။ မြို့တံတိုင်း အ၀င်မဟုတ်။
    ပြင်မြို့ကိုဖျက်၍ယူစီ။ အမိန့်တော်ဟိလတ်သည်။ ထိုအခါအမတ်ကြီး မဟာကျော်လျှောက်ထုံးမူကား-
    အသျှင်မင်းမြတ်။ ဘီးတော်၊ ဘိုးတော်၊ ခမည်းတော်ရို့ သင့်လျှော်တင့်အပ်သော အမှု၊ လုပ်ဆောင်ထားခသမျှကို
    မဖျက်ဆီးကောင်းပါ။ တကြောင်းတုံလည်း လူရို့၌ အသျှင်အထွတ်အထိပ်ဖြစ်သော မင်းဧကရာဇ်ရို့စံတော်မူရာ မြို့၊
    နန်း၊ ထီး၊ ဗဟိုရ်စည်၊ နာရီ၊ ထိုလေးပါးရို့သည် စတုစက်ထွန်းရာမင်္ဂလာချည်းဖြစ်၍ အဟောင်းအနွမ်းဟူသမျှကို
    ရှိမင်းရို့သုံးဆောင်ဘူးသည့်ထုံးမဟိ၊ မသုံးဆောင်သင့်ပါ။ ဥပမာသော်ကား- အပင်ထက်၌ ပွင့်သောပန်းသည်
    ထိုအပင်က ကြွီလီမူ တဖန်ထိုအပင်သို့ ထိုပန်းပွင့်မရောက်နိုင်ပြီကဲ့သို့ ရှိသူရို့လုပ်ဆောင်ထားသမျှကို
    မိမိနီရာတွင်သာ ဟောင်းနွမ်းဆွီးမြိစီရာသည်။ နောက်သားယူ၍ မင်္ဂလာမပြုအပ်။ တကြောင်းမူလည်း ရီမြင်းသနင်း
    မင်းရို့ကျင့်ရာ အဓိပတိသုံးရပ်ဟိပါသည်။
    မင်းစက်တော်မူသော ကျက်သရီ နန်းတော်ဆောင်။
    သဘင်ခံရာ ရာဇပလ္လင်ဟိသော နန်းဆောင်။
    ဘေရီစည်ကြီး ဗဟိုရ်ဟိသော နန်းဆောင်။
    ထိုသုံးရပ် အဓိပတိရို့သည်လည်း ပြည့်သျှင်မင်းဟိလျှက် မဆိတ်မညံအပ်ပါ။ ယင်းသို့ ထုံးဟောင်းသက်သီနှင့်
    အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းလည်း ကြိုက်တော်မူ၍ ထင်းမီးသမား ကုလားတသောင်းရို့ကို
    အဉ္စနနဒီမြစ်ဖျား၌ဟိသော ကျောက်ရို့ကို ဆောင်ယူစီပြီးမှ လက်ဆီးကန်နှင့်အိုင်နှစ်ခုအကြား၊ မြို့ရိုး၊ သူရဲပြီး၊
    သူရဲခို၊ ပြအိုး၊ တန်းခါးဟိသမျှမကောင်း ဟောင်းနွမ်းပျက်ဆီးသည်များကိုလုပ်ဆောင်၍ သူရဲလက်နက်အစုံ၊
    ကြည်းရီအပြည့်စည်းကြပ်ပြီး မော်တင်ကြောင်း၌လည်း ဒါဂါစားကို သင်္ဘောနှစ်ဆယ့်ငါးစင်းနှင့်စောင့်ကြပ်နီစီသည်။
    ညီတော်ကုလားတန်စားကိုလည်း ကိုယ်ရံတော်သူရဲငါးသောင်းပီးတော်မူ၍ အမတ်ကိုယ်ရံတော်ကြီးနှင့်
    တောင်စဉ်ချောင်းပေါက်တိုင်း၌ ပိတ်ဆို့နီစီသည်။
    လျှောက်ထုံးအမှတ် (၄၉)
    ဒီလီမြို့ကို တိုက်ယူသင့်မသင့်လျှောက်ထုံး။
    တရံရောအခါ မောက်သူဇာမြို့စားဥတ္တမကျော်ခေါင်က ဒီလီမြို့ကုလားပသီမင်းသည် ပြည်သူရို့ကို
    နှိပ်စက်ပြုကျင့်လေ့ဟိသည်။ တိုင်းပြည်မြို့ရွာ မသာမယာ၊ မြို့ရွာပျက်ပြားလျှက် ဆူပူသောင်းကျန်းဟိပါသည်။
    ဒီလီမြို့ကို တိုက်ယူတော်မူလျှင် အလွယ်နှင့်ရပါမည်ဟူ၍ ပြည့်သျှင်မင်းဖလောင်းကြီးထံ လျှောက်ထားလာသည်။
    ထိုရောအခါ အမတ်ပညာဟိ မဟာပညာကျော်လျှောက် ထုံးသော်ကား-
    အသျှင်မင်းမြတ်။ ရှိဘီးတော်ဘိုးတော်မင်းများလက်ထက် ကုလားနိုင်ငံ ဒီလီမြို့သည်ရက္ခပူရ တိုင်းအပိုင်မဟုတ်ချေ။
    အနောက်မျက်နှာ မောက်သူဇာမြို့။ အနောက်မြောက်ဘက် ဘိလတ်မြို့တွင်အဆုံး။ ယင်းသို့ ကျောက်စာသမိုင်း
    ရာဇ၀င်အထင်အရှားဟိပါသည်။ ဘီးတော်မင်းစောမွန်လက်ထက် အရှိဘက်မင်းစော်ကဲကြီးသား မင်းဆွီသည်
    မြတ်စွာဘုရား သာသနာတော်မှအပဖြစ်သော အကျင့်အယူကိုရာနှစ်လိုသောမင်းဖြစ်၍ သူတော်ကောင်းပညာဟိရို့
    စကားကိုမနာမယူ၊ သူယုတ်မာရို့စကားကိုရာနာယူသောကြောင့် တရားလွတ်လျှက် ရှိကအငြိုးမပြေမကုန်သည်ဖြစ်၍
    မင်းဆွီသား မင်းရဲကျော်စွာ လာရောက်ဖျက်ဆီးသောအခါ ဘီးတော်မင်းစောမွန်သည် ထွက်ပြီးယှောင်နီရသော
    ကာလ အနောက်ဘင်္ဂါတဆယ့်နှစ်မြို့ကိုရာရလျှက် အုပ်ချုပ်နီရသည်။ ထိုသောကာလ ဒီလီမင်းကပင် အရှိဘက်
    ပြူ၊ တလိုင်းရို့ကိုတိုက်ခိုက်စီ၍ မင်းစောမွန်ကို နန်းတင်သည်။ ယင်းသို့ကျေးဇူးကြောင့် ဘင်္ဂါတဆယ့်နှစ်မြို့ကို
    ဒီလီမင်းအပိုင်ပီးအပ်ခသည်။ သို့ကြောင့် မင်းတဆယ့်နှစ်ဆက်၊ နှစ်ပေါင်းတရာကျော် ဘင်္ဂါတဆယ့်နှစ်မြို့ရို့ကို
    ကုလားမင်းပိုင်ဖြစ်ဟိခပါသည်။
    ဘုရားခမည်းတော် မင်းပါကြီးလက်ထက်ရောက်မှသာ ရှိရိုးအတိုင်း ဘင်္ဂါတဆယ့်နှစ်မြို့ရို့ကို သိမ်းယူတော်မူသည်။
    ထိုသည့်အခါ တရားမဟိသောမင်းကဲ့သို့အလွန်ပြုသော် ဒီလီမြို့တိုင်အောင် အလွယ်နှင့်ရမည်ကိုသိတော်မူလျှက်
    မသိမ်းမယူ။ ၀ိလုပ္ပန္နနိ ဇင်္ဂလမင်းကဲ့သို့မပြုသင့်၊ အမိန့်တော်ဟိ၍ ရှိအစဉ် နိုင်ငံတော်ကိုရာ သိမ်းယူပြန်ခဲ့ပါသည်။
    အသျှင်မင်းမြတ်။ လုယူတိုက်ဖျက်၊ သတ်ဖြတ်ညှင်းဆဲ၊ လက်နိုင်သမျှပြုသောအမှုရို့သည် သူတော်ကောင်း၊
    မင်းကောင်း၊ အမတ်ကောင်းရို့ အလေ့မဟုတ်ပါ။ သူယုတ်မိစ္ဆာ၊ ပညာကင်းသောသူရို့အလေ့ရာဖြစ်ပါသည်။
    ဥပမာထုံးသော်ကား- သူယုတ်ရို့အကျင့်အကြံသည် ခွီးနှင့်တူသည်။ ခွီးရို့သည် မိမိတပ်စွမ်းသော
    အမှုကိုမြင်လျှက်မူ ရှက်ခြင်းမဟိ။ ဒေါသပြင်းစွာ နိုင်တတ်နှိပ်စက်တတ်သောအကျင့်ဟိခြင်း၊ ခင်မင်သောကြောင့်
    အမျိုးစောင့်ခြင်းမဟိ၊ ကျီးရို့မှာမူကား- အကြောင်းဆိုက်ရောက်လတ်ဟိမူ၊ မိမိရို့အမျိုးဝိုင်းအုံစုရုံးလျှက်၊
    အမျိုးသားချင်း နှိက်စက်လေ့မဟိ။ ကောင်းလည်းအတူ၊ ဆိုးမူအမျှ ပြုလေ့ဟိခြင်း၊ ယင်းသို့ပမာ
    လူမိစ္ဆာမျိုးရို့သည်လည်း၊ ခွီးကဲ့သို့ နိုင်ထက်ပြုလေ့ဟိပါသည်။ ရှိပညာဟိရို့ဆိုခသောအကြောင်းမှာလည်း-
    ရီမဟိသောကန်၊ ဆန်မဟိသောစပါး၊ တရားမဟိသောမင်းမျိုး၊ အခိုးမဟိသောမီး၊ ထိုလေးခုသည်
    အလားတူကြောင်း ထုံးဟောင်းဟိရာ၌ ရီမဟိသောကန်သည် သတ္တ၀ါရို့ မှီခိုရာမဟိခြင်းကြောင့် မစည်ကားရာ။
    ဆန်မဟိသော စပါးဖျင်းရို့သည်လည်း အသုံးမဟိစွန့်ရသည်။ တရားမဟိသောမင်းမူလည်း ဆိုမိဆိုရာနှင့်
    တိုင်းပြည်မစည်ကားရာ၊ အခိုးမဟိသော မီးဟူသည်ကား တန်ဘိုးဟိသည်မဟိသည်မသိ၊ အဆိုးအကောင်းမခွဲခြား၊
    လောင်မိလောင်ရာလောင်တတ်ခြင်း။ ယင်းသို့ အနိဌလေးပါးတူကြောင်း ထုံးဟောင်းဟိပါသည်။
    တကြောင်းမူလည်း ဥတ္တမကျော်ခေါင်နီရပ် မောက်သူဇာ၊ ကုလားမင်းနီရပ် ဒေလီနှင့် အနီးအစပ် ဖြစ်ကြ၍
    သော်လည်းကောင်း၊ ကျေးကျွန်အမှုထမ်းချင်းသော်လည်းကောင်း၊ ရန်ရှက်တင်ကြရာ ဒေါသအလျှောက်
    ပျက်စီးစီလိုလျှက် လျှောက်လာသည့်အကြောင်းလည်း ဖြစ်ရာပါသည်။ မောက်သူဇာမြို့စား မတရားသောစကားကို
    လျှောက်လာသူအား ထိုအရပ်၌ထား၍ သင့်မည်မဟုတ်ပါ။ အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းကြီးလည်း
    ကြိုက်တော်မူ၍ တောင်ခွင်စားဇော်တသူကို တောင်ခွင်ကနှုတ်၍ မောက်သူဇာမြို့စားပီးတော်မူသည်။
    ကင်းစားချင်းဖိုကိုလည်း ကင်းကျေးကနှုတ်၍ တောင်ခွင်စားအရာပီးတော်မူသည်။ ကင်းချောင်းသားရို့သော်ကား
    တိန်းနီဆိုတိုင်းနာသောသူများဖြစ်၍ မောက်သူဇာမြို့စားဥတ္တမကျော်ခေါင်ကို ကင်းစားအရာ၌ထားတော်မူသည်။
    လျှောက်ထုံးအမှတ် (၅၀)
    ဆင်ကဲကြီးသီလွန်ရာတွင်လျှောက်ထုံး။
    တရံရောအခါ အမတ်တော်ဆင်ကဲကြီး ဇေယျဗိုလ်ကွယ်လွန်သည်။ မှူးမတ်ရို့အကြောင်းကို ပြည့်သျှင်မင်း
    သိတော်မူလို၍ အမတ်တွင် သက်ဟိသက်မဲ့ဟိသမျှ ပစ္စည်းစာရင်းယူရမည်။ အမိန့်တော်ဟိလတ်သည်။ သို့နှင့်
    စာရင်းယူကြသည်။ စာရင်းယူသောအခါ ကျေးကျွန်၊ ကျွဲနွား၊ လယ်ယာဥယျာဉ်နှင့် မူးမတ်အဆောင်အရွက်များ
    စာရင်း။ ၎င်းင်းပြင် ရွှေသပြာခုနှစ်ဆယ်၊ ငွေသပြာတထောင်ရကြောင်း ပြည့်သျှင်မင်းကြီးထံလျှောက်လတ်သော်
    အမိန့်တော်ဟိသည်ကား “ဆင်ကဲကြီးဇေယျဗိုလ်သည် ဘီဘိုးဆင်းသက်၍ ဆင်ကဲအမတ်ကြီးအရာနှင့်လာသူ၊
    ခမည်းတော်ဘုရား လက်ထက်တော်ကသည် ယခုတိုင်အထိအသက်သျှစ်ဆယ်ကျော်မှ သီလွန်သည်။
    သပြာဥစ္စာမဟိသည့်အရာမှာ မည်သို့အကြောင်းအရာဟိသည်ကိုလျှောက်ထားရမည်” အမိန့်တော်ဟိလတ်သည်။
    ထိုအကြောင်းကို အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးမူကား-
    အသျှင်မင်းမြတ်။ သာကီဝင်မင်း မင်းသုဓမ္မရာဇာ၊ ပညာပဏ္ဍိတောစသောမင်းကောင်းရို့၌၊ လာဘောဓနံ-
    ရွှေငွေသပြာများကို မတရားသဖြင့်မယူခြင်း။ နသဘာသဘင်မဟုတ် သွမ်းသောအလေ့ကိုမပြုခြင်း။
    မုသာဝါဒစသောအမှုရို့ကို မဆိုခြင်း၊ တထာဂတာ- အလာအလား၊ အစားအအိပ် အပြောအဆိုအနီတတ်သော
    ရာဇညော- မင်းရို့စိုးသောနိုင်ငံသည် အလွန်သာယာဘွယ်ဟိ၏။ သူတော်ကောင်းရို့၌လည်း အပေါင်းသင့်ရာ
    သူတော်ချင်းချင်း၊ သူယုတ်ရို့၌လည်း သင်းပင်းသင့်စွာ သူယုတ်မာချင်း။
    ယင်းဆိုခပြီးသော ရှိပညာဟိစကား။ မင်းချစ်အပ်သောသူ တကျိပ်လေးယောက်သောအမတ်ကောင်းသည်-
    ၁။ မင်းအပါယ်မှလွတ်အောင် ပြောဆိုတတ်သောသူ
    ၂။ အကျင့်သီလပညာဟိသောသူ
    ၃။ မင်း၏အသက်ကိုစောင့်သောသူ
    ၄။ မင်း၏အကျိုးကိုဆောင်ရွက်တတ်သူ
    ၅။ မင်း၌အမှုဟိသောအခါ အဖော်ရသောသူ
    ၆။ မင်း၏ရန်သူကို အောင်တတ်သောသူ
    ၇။ မြို့ရွာကို စည်ပင်အောင်ပြုတတ်သောသူ
    ၈။ မင်းအကုသိုလ်၌ပျော်ပိုက်၍ ကောင်းကျိုးမမိလျှော့ရာ ကောင်းစွာလျှောက်တတ်သောသူ
    ၉။ တည်ကြည်သိမ်မွိသောသူ
    ၁၀။ အမှုကြီးငယ်ကို ပြီးအောင်စီရင်နိုင်သောသူ
    ၁၁။ သူတပါးမလားဝံ့သောခရီးကို လားနိုင်သောသူ
    ၁၂။ သူရဲကောင်းသောသူ
    ၁၃။ အမြိန်အရသာကို ကောင်းစွာချက်တတ်သောသူ
    ၁၄။ တိုင်းတပါးမှာဟိသောသူရို့အား၊ ရောက်အောင်သွေးဆောင်ယူနိုင်သောသူ
    ထိုသူရို့အား မင်းပြစ်မရောက်ရာ။
    ရန်အောင်သော အကြောင်းလေးပါးမူကား
    ၁။ သစ္စံ- မှန်သောစကားကိုဆိုခြင်း
    ၂။ ဓမ္မံ- တရားသဖြင့်ကျင့်ကြံခြင်း
    ၃။ ၀ီရိယံ- ပညာဝီရိယဟိခြင်း
    ၄။ လုံ့လခေမံ- ပညာလုံ့လဟိခြင်း။
    မပေါင်းအပ်သောသူ ငါးယောက်မှာကား
    ၁။ အအိပ်ကြူးသောသူ
    ၂။ ယစ်မျိုးဝကိက်သောသူ
    ၃။ မိုက်သောသူ
    ၄။ အမျိုးမစောင့်သောသူ
    ၅။ စဉ်းလဲကောက်ကျစ်သောသူ
    စကားအရာ အင်္ဂါလေးချက်မူကား-၁၄၄
    ၁။ သူဘာသိတ၀ါစာ- ကောင်းသောစကားကိုဆိုတတ်ခြင်း
    ၂။ ပီယ၀ါစာ- တရားနှင့်ညီသောစကားကို နာဘွယ်ချစ်ဘွယ်ဖြစ်အောင်ဆိုတတ်ခြင်း
    ၃။ သစ္စ၀ါစာ- မှန်သောစကားကိုရာဆိုတတ်ခြင်း
    ၄။ ဓမ္မ၀ါစာ- တရားနှင့်လျှော်သောစကားကိုရာ ဆိုတတ်ခြင်း။
    ဂတိလေးပါးမူကား
    ၁။ ဆန္ဒာဂတိ- အမှားအမှန်မရွီးမူလျှက် ထိုသူအလိုသို့လိုက်တတ်ခြင်း
    ၂။ ဒေါသာဂတိ- အမျက်ဒေါသနောက်သို့လိုက်တတ်ခြင်း
    ၃။ မောဟာဂတိ- မိမိမိုက်၍မှားခြင်း
    ၄။ ဘယာဂတိ- ဖီးကိုကြောက်၍လိုက်နာခြင်း
    စသော နည်းနာရို့နှင့်အညီ အမတ်တော်ဆင်ကဲကြီးသည် မူးကောင်းမတ်ကောင်းအင်္ဂါနှင့် ပြည့်စုံသောသူ
    ဖြစ်ပါသည်။ မတရားနည်းဖြင့် ရွှေငွေကိုမရှာမှီးသည်ကြောင့် ပစ္စည်းဥစ္စာနည်းပါးရသည်ဖြစ်ပါကြောင်းနှင့်
    လျှောက်လတ်သော်- ပြည့်သျှင်မင်းလည်းကြိုက်တော်မူ၍ အမတ်တော်ဆင်ကဲကြီးကို တိုက်တော်ကငွေထုတ်၍
    သဂြိုဟ်တော်မူသည်။
    http://minhtee.blogspot.com/2010_06_01_archive.html