မျိုးဆက်သစ်များ နိုးကြားနိုင်စီ

    Author: Unknown Genre: »
    Rating

    မတရားသိမ်းပိုက် ဖိနှိပ်မင်းမူ
    ဗမာလူရို့ စိုးသောကြောင့်….. ။
    နယ်ချဲ့လက်အောက် ၂၂၆ မှာ
    မကြောက်တရား ပြည်သူများသို့
    တွန်းအားပီးရန် စိတ်ရည်သန်လျှက်
    ယူအန်ရှိမှောက် ကိုယ်တိုင်ရောက်ကာ
    ကမ္ဘာအနှံ့ ဝါဒဖြန့်ခ။
    နယ်ချဲ့ဝါဒ တွင်းဆုံးကျအောင်
    ရှုပ်ချဝေဖန် တွေးတောကြံယင်း
    သက္ကရာဇ်နှောင်း သမိုင်းကြောင်းကို
    သွန်းလောင်းထုဆစ် အားမာန်သစ်ဖြင့်
    (ညီညာလက်တွဲ လုံးလဇွဲဖြင့်)
    အောင်ပွဲသို့တိုင် ကြံ့ကြံ့ခံပနာ
    မြဲမြံသစ္စာ ခိုင်မာစိတ်ဓာတ်
    မားမားရပ်လျှက်။
    ဆက်တိုက်ချီတက် ခရီးဆက်ရန်
    တာဝန်အသိ ငြို့မှာဟိကြောင်း
    မီးမောင်းထိုးပြ ရှိဆောင်ခသည့်
    ဆရာဟောကြား မိန့်စကားသည်
    “လွတ်လမ်းကိုထွင် တိုက်ပွဲဝင်ဖို့
    ခုံမင်ကြိုးပမ်း အရောက်လှမ်းရန်….”
    မိုးဟိန်းသံသို့ ညံစေသတည်း။
    (ဗမာပရိုပါး အထုတ်ကြီးကို ထမ်းပိုးပြီးကေ ရခိုင်ရိုးမတောင်ကို တက်နိန်ကတ်ဖို့အစား မိမိနိုင်ငံအတွက် လွတ်လပ်ကိုထွင် တိုက်ပွဲဝင်ကတ်ဖို့ လိုကြောင်း)
    (ကိုယ့်နိုင်ငံကို တည်ထောင်ခြင်းသည် စိတ်မှန်သော တရား၊ လုပ်ရပ်သာဖြစ်ကြောင်း)
    ဆရာကြီး၏ ရင်တွင်းစေတနာအား ပဲ့တင်ထပ်၍ ကြားနိုင်ကတ်ပါစီ
    ဆရာကြီး ဒေါက်တာအေးကျော်အား ဂုဏ်ပြုလျှက်
    မောင်ကျော်ဇံ
    (22-1-2012)