မကြောက်ကေ့

    Author: Unknown Genre: »
    Rating

    ပြောလိုက်ကေတော့ခါ
    ရခိုင်စကား
    ရွီးလိုက်တော့ခါ
    မျန်မာစာ...။

    သူပြောရေစကား
    နားထောင်ဖူးလား
    “အချေဘဝက
    ရခိုင်စာကို မသင်ခရလို့
    ရခိုင်စာကို
    မရွီးတတ်လတ်...။”

    ဇာချင့်လဲ “ရခိုင်စာ”
    ဇာချင့်လဲ “ရခိုင်စကား”
    ခွဲခြားလို့ရာမသိပါကေ
    ဇာပိုင်ယှင်းပြရဖို့လဲ...။

    ယကေလေ့သင့်
    ငါသိသလောက်
    ငါယှင်းပြမေ
    အိုမိတ်ဆွေ...။

    မင်းရို့ငါ့ရို့ အချေဘဝက
    “က,ကြီး၊ ခ,ခွေး”စရေဗျည်းတိ
    ရွီးခကတ်စော် ငါ့ဘိုးဘွားတိ
    သုံးလာကတ်တေ ရခိုင်စာယေ...။

    အက္ခရာတူလို့
    မျန်မာစာလို့ မင်းထင်ရေလား
    သူငယ်ချင်း...။

    ရခိုင်လီသံ အမှန်ကန့်နန့်
    ရွီးသားပါကေ
    ရခိုင်စာမဟုတ်လို့
    ဇာသူတိက ပြောဖို့လဲ....။

    ယင်းအတွက်ကြောင့်
    ကိုယ့်စာပီကို သူများဘားက
    ခိုးထားရေလို့ မထင်ဘဲနန့်
    နိန့်စဉ်သုံးနိန် လီသံဒိန်နန့်
    နိန့်စဉ်သုံးငြား ဝေဟာရများနန့်
    သတ္တိဟိဟိ ရွီးလိုက်ဖိယေ
    ငါ့ရို့ဟိရေ အားမငယ်ကေ့....။

    ..................

    မောင်ပန်းဇင်း (ပညာမြီ)
    http://www.internationalarakanesestudentmonks.blogspot.com/